အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 20, 2019
“သြကာသ ကန်တော့ချိုး ရှင်းတမ်း တရား” ဗုဒ္ဓဘာသာဝင် မှန်သမျှ “သြကာသ” ကန်တော့ချိုး နဲ့ ကန်တော့ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် ကန်တော့ချိုးမှာပါတဲ့ စကားလုံး အဓိပ္ပါယ်တွေကို လုံးစေ့ ပတ်စေ့ သိတဲ့သူတော့ ရှားတယ်။။ ဒါကြောင့် ဗုဒ္ဓဘာသာတွေရဲ့ အခြေခံ ယဉ်ကျေးမှု ဖြစ်တဲ့ “သြကာသ” ကန်တော့ချိုးအကြောင်း ပြောပြပေးပါမယ်။ ကန်တော့ချိုးမှာ ရှိခိုးခြင်း နဲ့ ဆုတောင်းခြင်း နှစ်ပိုင်း ပါတယ်။ ရှိခိုးတာက အပြစ်ရှိနေရင် အပြစ်တွေ ကျေပါစေလို့ ရှိခိုးတောင်းပန်တာရှိသလို၊ ကုသိုလ်လိုချင်လို့ ရှိခိ်ုးတာလည်း ရှိတယ်။ ရှိခိုးခြင်း…။ "သြကာသ…သြကာသ….သြကာသ၊ ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မြတ်သုံးပါးတို့ကို ၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ ရှင်ဘုရား” ဆုတောင်းခြင်း… ကန်တော့ ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊ ဝိပတ္တိတရားလေးပါး၊ ဗျသန တရားငါးပါး တို့မှ အခါ ခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရားနိဗ္ဗာန် ချမ်းသာတရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား” (၁) သြကာသ သြကာသ ဆိုတာ ခွင့်တောင်းတာ။ ခွင့်ပြုတော်မူပါ လို့ခွင့်တောင်းတာဖြစ်တယ်။ လေးစားရတဲ့ ဆရာသမား လူကြီးမိဘများနဲ့ တွေ့တဲ့အခါ၊ သူတို့အခန်းထဲ ဝင်တဲ့အခါ၊ ပြန်တဲ့အခါ၊ တစ်ခုခု ပြောချင်တာ ရှိတဲ့ အခါမျိုးမှာ ရိုသေတဲ့အနေနဲ့ “ခွင့်ပြုပါခင်ဗျာ” လို့ ခွင့်တောင်းကြသလိုပဲ အခုလဲ ရိုသေလေးစားရတဲ့ ရဟန်းသံဃာ ၊ မိဘ၊ ဆရာသမား၊ တို့ကို ရှိခိုးတဲ့အခါမျိုးမှာ ဖြစ်စေ၊ ရဟန်းသံဃာဆီက သီလ စသည် တောင်းဖို့ ရှေးဦး ရှိခိုးတဲ့အခါမှာဖြစ်စေ သြကာသ ရွတ်ဆိုပြီး ခွင့်ပြုပါလို့ တောင်းပန်တာဖြစ်တယ်။ အလေး အမြတ်ပြုတဲ့အနေနဲ့ သုံးကြိမ်ရွတ်ဆို ခွင့်တောင်း တာဖြစ်တယ်။ (၂) ကာယကံ ဝစီကံ မနောကံ ကာယကံ ဆိုတာ ကိုယ်ဖြင့်ပြုလုပ်တဲ့အမှု၊ ဝီစီကံဆိုတာက စကားဖြင့် ပြောဆိုတဲ့အမှု၊ မနောကံဆိုတာ က စိတ်နဲ့ တွေးတောတဲ့ အမှု သုံးခုဖြစ်တယ်။ (၃) သဗ္ဗဒေါသ အလုံးစုံသော အပြစ်ဟူသမျှ လို့ ပြောတာ။ (၄) ရတနာ မြတ်သုံးပါး ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ လို့ဆိုတာမှာ ရတနာ ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘာလို့ ရတနာ လို့ သုံးရတာလဲ။ လောကမှာ တန်ဖိုးရှိပြီး ရှားပါးတဲ့ ပစ္စည်းမျိုးကို ရတနာ လို့ ပြောကြတယ်မလား။ စိန် ရွှေ ငွေ ပတ္တမြား စတဲ့ ကျောက်မျက်ရတနာ တွေကို ရတနာ လို့ ပြောကြတာက လှပတယ်၊ လူတွေစိတ်မှာ နှစ်သက်တယ်၊ ရှားပါးတယ်၊ လူတိုင်းလည်း မပိုင်ဆိုင်နိုင်ဘူး၊ ဒါကြောင့့် လူတွေက တန်ဖိုးထားပြီး ရတနာ လို့ ပြောကြတယ်။ “လေးစားမြတ်နိုး၊ အဖိုးထိုက်တန်၊ တုမဲ့ဟန်နှင့်၊ မြင်ရန်ခဲကပ်၊ သူမြတ်တို့သာ၊ သုံးဆောင်ရာ၊ ရတနာ ဟုခေါ်” တဲ့။ " စိတ္တီကတံ မဟဂ္ဃဉ္စ ၊ အတုလံ ဒုလ္လဘဒဿနံ ၊ အနောမသတ္တ ပရိဘောဂံ၊ ရတနံ တေန ဝုစ္စတိ " စိတ္တီကတံ - စိတ်၌စွဲကပ် အလေးလည်း ပြုအပ်သည်၊ မဟဂ္ဃဉ္စ - အဖိုးများစွာလည်း ထိုက်တန်သည် ၊ အတုလဉ္စ - ပြိုင်ဘက်မပြု အတုလည်း မရှိ ၊ ဒုလ္လဘဒဿနံ - မြင်ခဲတဲ့ အရာလည်းဖြစ်၊ အနောမသတ္တ ပရိဘောဂဉ္စ - မယုတ်ညံ့သူ လူမွန်လူမြတ်တို့သာ သုံးဆောင်ရာလည်းဖြစ် ၊ တေန - ထိုအကြောင်းများကြောင့် ၊ ရတနံ - ရတနာဟု ၊ ဝုစ္စတိ - ဆိုအပ်၏ ။ ( ခုဒ္ဒက - ဋ္ဌ ) ဘာကြောင့် ဘုရား တရား သံဃာ ကို ရတနာ ခေါ်ရသလဲ ဆိုတော့..။ ဘုရားရှင်ပွင့်တော်မူသော ကမ္ဘာများကို ဘုရားတစ်ဆူပွင့်သောကမ္ဘာကို သာရကမ္ဘာ၊ နှစ်ဆူပွင့်သော ကမ္ဘာကို မဏ္ဍကမ္ဘာ၊ သုံးဆူပွင့်သော ကမ္ဘာကို သာရမဏ္ဍကမ္ဘာ၊ လေးဆူပွင့်သော ကမ္ဘာကို ဝရကမ္ဘာ၊ ငါးဆူပွင့်သော ကမ္ဘာကို ဘဒ္ဒကမ္ဘာ၊ ဟုခေါ်တယ်။ ဘုရားတစ်ဆူမှ မပွင့်သောကမ္ဘာကို သုညကမ္ဘာ လို့ခေါ်တယ်။ အခု ဦးဇင်းတို့ နေထိုင်တဲ့ ကမ္ဘာက ဘုရားရှင်ငါးဆူ ပွင့်တော်မူမယ့့် ဘဒ္ဒကမ္ဘာဖြစ်တယ်။ အခု လေးဆူတော့ ပွင့်တော် မူပြီးသွားပြီ။ နောက် အရိမေတ္တယျ မြတ်စွာဘုရားတစ်ဆူပဲ ပွင့်ဖို့ ကျန်တော့တယ်။ ဒါပြီးရင် ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေ ပြန်ဖြစ်အုံးမှာ။ လက်ရှိကိုးကွယ်နေတဲ့ ဂေါတမမြတ်စွာဘုရားရှင်က ဒီပင်္ကရာမြတ်စွာဘုရားထံမှာ သုမေဓာ ရှင်ရ သေ့ဘဝနဲ့ ဘုရားဖြစ်ဖို့ ဗျာဒိတ်ခံခဲ့တယ်။ သုမေဓာ ရှင်ရသေ့ ဘုရားဆုပန်ပြီး ဗျာဓိတ်ခံတဲ့က ကမ္ဘာက ဘုရားလေးဆူပွင့်တဲ့ ဝရကမ္ဘာ လို့ခေါ်တယ်။ အဲဒီကမ္ဘာမှာ (၁) တဏှင်္ကရာ (၂)မေဓင်္ကရာ (၃) သရဏင်္ကရာ ဘုရားသုံးဆူ ပွင့်ပြီးသွားပြီ။ နောက်ဆုံပွင့်ကတာ (၄) ဒီပင်္ကရာဖြစ်တယ်။ အဲဒီကမ္ဘာ မှာ နောက်ဆုံးပွင့်တဲ့ ဒီပင်္ကရာမြတ်စွာဘုရားထံမှာ သုမေဓာ ရှင်ရသေ့က ဗျာဒိတ်ခဲ့တာပဲ။ သုမေဓာ ရှင်ရသေ့ဘဝက စလို့ ဘုရားဖြစ်ဖို့ ပါရမီဖြည့်တဲ့ ကမ္ဘာပေါင်း လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကာလအတွင်း ဘုရားပွင့်ရာကမ္ဘာက ၁၁ ကမ္ဘာပဲ ရှိခဲ့တယ်။ အသင်္ချေ ဆိုတာ မရေမတွက်နိုင် သော သင်္ချာအရေအတွက်လို့ ဆိုလိုတာ။ သုညအလုံး ၁၄၀ ရှိသော အရေအတွက်လို့ သတ်မှတ် ကြတာလည်း ရှိတယ်။ ကမ္ဘာတစ်ခုရဲ့ သက်တန်းကို နှစ်အရေအတွက် နဲ့ သတ်မှတ်လို့ မရဘူး။ ကပ် အပိုင်းအခြားနဲ့ပဲ သတ်မှတ်တယ်။ ကပ် ဆိုတာက ဘုံအလိုက် သတ်မှတ်ထားတဲ့ သက်တန်းအပိုင်း အခြားကိုခေါ်တယ်။ လူ့သက်တန်းဟာ မရေမတွက်နိုင်လောက်အောင် ရှည်လျားတဲ့ အသေင်္ချေယျ တမ်းကနေ တစ်ဖြည်းဖြည်း သက်တမ်းဆုတ်လာကာ ဆယ်နှစ်တမ်းအထိ ရောက်လာတယ်။ ဆယ်နှစ်ထက်တော့ ပိုမဆုတ်တော့ဘူး။ ဆယ်နှစ်တမ်းကနေ တစ်ဖန်ပြန်ပြီးတက်သွားလိုက်တာ မရေမတွက်နိုင်လောက်တဲ့ အသေင်္ချေယျတမ်းကို ပြန် ရောက်သွားတယ်။ အဲဒီလို သက်တန်းအတက်အကျ တစ်စုံကို အန္တရကပ် တစ်ကပ်လို့ ခေါ်တယ်။ အဲလို ဆင်း လိုက် တက်လိုက်နဲ့ အန္တရကပ် ၆၄ ကပ်ကို အသေင်္ချေယျ တစ်ကပ်လို့ ခေါ်တယ်။ အသေင်္ချေယျကပ် ၄ ကပ်ကိုမှ တစ်ကမ္ဘာလို့ ခေါ်ရတာ။ ဒါကြောင့် ကမ္ဘာ့သက်တန်းကို နှစ်အရေတွက်နဲ့ တွက်လို့မရဘဲ ကပ် အရေ အတွက်နဲ့ပဲ သတ်မှတ်ကြတယ်။ အဲဒီ ၁၁ ကမ္ဘာတွင်မှာ ဘုရား ရှင်ပေါင်း ၂၇ ဆူသာပွင့်တော်မူတယ်။ ပါရမီရင့်လို့ ဘုရားဖြစ်ဖို့ ဗျာဒိတ်ခံပြီးဖြစ်တဲ့ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည်ပင် ပွင့်တော်မူခဲ့သော ဘုရားရှင်ပေါင်း ၂၇ ဆူတွင်မှ သာသနာနဲ့ ၂၄ ကြိမ်ပဲ ကြုံခဲ့ရပြီး အဲဒီ၂၄ ကြိမ်မှာမှ ရဟန်းဘဝ ၉ ဘဝသာ ရရှိခဲ့ပါတယ်။ အခုခေတ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ကျင်းပကြတာဟာ မြတ်စွာဘုရားရှင် ဗျာဒိတ်ခံတဲ့ ကမ္ဘာကစပြီး ၁၁ ကမ္ဘာအတွင်း ပွင့်ခဲ့တဲ့ ဘုရားရှင် ၂၇ ဆူရယ်၊ အခု ဦးဇင်းတို့ ကိုးကွယ်နေတဲ့ ဂေါတမ ဘုရားရှင်ရယ်ပေါင်းတော့ ၂၈ ဆူ ပေါ့။ ဒီဘုရားတွေကို ပူဇော်တဲ့ အနေနဲ့ နှစ်ကျိပ်ရှစ်ဆူ( ၂၈ဆူ) လို့ ပူဇော်ကြတာပဲ။ သုမေဓာ သူဋ္ဌေးသားဟာ သူ့မိဘတွေ သေလွန်တော့ ဘဏ္ဌာထိန်းက ပစ္စည်းတွေ စုစောင်းထားတဲ့ ဂိုထောင်တွေဖွင့်ပြပြီး “ဒါက အရှင့်အမေဘက်ပါတာ၊ ဒါက အရှင့်အဖေဘက်ကပါတာ၊ ဒါကနောက်တိုးပွားတာ” ဆိုပြီး ရွှေငွေဥစ္စာရတနာတွေကို ပြတော့ သူမေဓာ သူဋ္ဌေးသားက အံ့တွေသြတာပေါ့။ ငါ့မိဘတွေဟာ ရှာတော့ ရှာတတ်ကြတယ်။ မသုံးတတ်ခဲ့ကြဘူး။ ငါတော့ သုံးတတ်အောင်သုံးမယ် ဆိုပြီး ရှိသမျှ ဥစ္စာတွေကို ဂိုထောင်ဖွင့်ပြီး ယူချင်တဲ့သူယူဆိုပြီး ဖွင့်ပေးလိုက်တယ်။ သူကတော့ သစ်ခေါက်ဆိုး သင်္ကန်းဝတ်ပြီး တော ထွက်သွားတယ်။ တရားကျင့်တော့ စျာန်အဘိညာဉ်တန်ခိုးတွေ ရတယ်။ အဲဒီမြို့ကို ဒီပင်္ကရာမြတ်စွာဘုရား ကြွတော်မူ လာတော့ မြို့သူမြို့သားတွေက လမ်းတွေကိုပြင်ကြတယ်။ သူမေဓာရှင်ရသေ့ကလည်း သူ့အတွက် တစ်နေရာ တောင်းပြီး ပြင်တယ်။ သုမေဓာရှင်ရသေ့ဟာ တန်ခိုးကြီုးသူဖြစ်တော့ ပြင်ရခက်နေတဲ့ ချိုင့်ခွက်ကြီးကို မြို့သူမြို့ သားတွေက ပြင်စေတယ်။ ဒီပင်္ကရာဘုရားကြွလာတော့ ချိုင့်ခွက်က မြေဖို့လို့့ မပြီးသေးဘူး။ ဘာကြောင့်လဲ ဆို တော့ ရသေ့က တန်ခိုးအစွမ်းနဲ့ မဖို့ချင်ဘူး။ သူ့ရဲ့ချွေးနဲ့ရင်းရတဲ့ ပကတိလုပ်အားနဲ့ပဲ လုပ်ခဲ့တာကြောင့် အချိန် မီ လမ်းကမပြီးဘဲ ဖြစ်နေတာ။ ဒါကြောင့် မြေဖို့လို့ မပြီးသေးလို့ မညီမညာ ဖြစ်နေတဲ့ နေရာမှာ သူ့ကိုယ်ကို တံတားလိုခင်းပြီး ဘုရားရှင်ကို နင်းဖြတ်စေတယ်။ အဲဒီအချိန်မှာ သုမေဓာရသေ့ရဲ့စိတ်မှာ ဘုရားဖြစ်ချင်တဲ့ ဆန္ဒတွေဟာလည်း ပြင်းပြနေပြီ။ သူ့တစ် ယောက်တည်းအတွက်ဆို အခုဘဝနဲ့တင် နိဗ္ဗာန်ကိုယူလို့ရနေပြီ။ သူသာဝိပဿနာ ရှုလိုက်မယ်ဆိုရင် ရဟန္တာ ဖြစ်နေပြီ။ ဒါပေမယ့် သူမရှုဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဘုရားဖြစ်ချင်တာကိုး။ ဘုရားဖြစ်ချင်တာကလည်း သူ့ကိုယ်ကျိုးအတွက် မဟုတ်ပြန်ဘူး။ ဘုရားအလောင်းသုမေဓာ ရှင်ရသေ့ ပြောတာ နားထောင်ကြည့်။ “ပညာစွမ်းအား၊ သဒ္ဓါစွမ်းအား၊ ဝီရိယစွမ်းအား ရှိသည်ကို သိမြင်သော ယောင်္ကျားကောင်းတစ်ယောက် ဖြစ်ပါလျက် သံသရာဝဋ်အတွင်းမှ တစ်ကိုယ်ကောင်းကြံကာ တစ်ယောက်တည်း ကူးမြောက်သဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း။ သဗ္ဗညုတဘုရားအဖြစ်ကိုရောက်အောင် ကြိုးစားအားထုတ်ပြီး နတ်နှင့်တကွ သတ္တဝါ ပေါင်းကို သံသရာဝဋ်ဆင်းရဲ ဒုက္ခပင်လယ်တွင်းမှ ကယ်တင်ပေအံ့” တဲ့။ စဉ်းစားကြည့်နော် ကိုယ်ရရှိမဲ့ လက်တစ်ကမ်းက နိဗ္ဗာန်ချမ်းသာကို စွန့်ပြီး သတ္တဝါတွေကို ကယ် တင်ချင်လွန်းလို့ သံသရာထဲ ပြန်အလည်ခံတယ်။ သံသရာထဲမှာ လည်ပြီဆိုရင် ဘုရားရှင်ဟာ လူသားဖြစ်တဲ့အ တွက် လူမှုဒုက္ခတွေ ကြုံရတော့တာပဲ။ ဆင်းဆင်းရဲရဲ နေခဲ့ရတဲ့ဘဝတွေရှိခဲ့တယ်။ အသတ်ခံရတဲ့ ဘဝတွေ ရှိခဲ့တယ်။ ထောင်တန်းကျခဲ့တဲ့့ ဘဝတွေရှိတယ်။ တိရစ္ဆာန် ဖြစ်ခဲ့တဲ့ ဘဝတွေရှိခဲ့တယ်။ ဘယ်ဘဝရောက် ရောက် ဘုရားရှင်ဟာ ပါရမီကိုဒုက္ခခံပြီး ရအောင်ဖြည့်တာပဲ။ သူက သတ္တဝါတွေကို ကယ်တင်ချင်တာကိုး။ အားလုံးကြားဖူးနေတဲ့ မျောက်မင်းဘဝတစ်ခုကိုပဲကြည့်။ သူ့အမျိုးနွယ်မျောက်တွေကို ကယ်ချင်လို့ မြစ်တစ်ဘက်ကမ်းကို ကူးဖို့ နွယ်ကြိုးရှာတော့ ကြိုးကတိုနေတယ်။ ဒါနဲ့ တိုနေတဲ့ ကြိုးနေရာမှာ သူအစားဝင်ပြီး သူ့ခါးမှာ နွယ်ကြိုးချီလို့ ကြိုးကို ရှည်အောင်ဆက်ပေးလိုက်တယ်။ လေထဲမှာ တွဲလောင်းဖြစ်နေတဲ့ သူ့ကိုနင်းပြီး သူ့ဆွေ မျိုးမျောက်တွေ ကူးကြတာပေါ့။ အဲမှာ ဒေဝတ်မျောက်ကတော့ ရိုးရိုးနင်းပြီး မကူးဘဲ သူ့ခါးပေါ်ကို အမြင့်က ခုံချပြီးမှ ကူးတယ်။ ဒီတော့ ဘုရားအလောင်းမျောက်မင်း ခါးကျိုးပြီး သေတော့ တာပေါ့။ (မဟာကပိဇာတ် - ဋ္ဌ - တတိယ) နောက်ဇာတ်တော်တစ်ခုမှာဆို ပုဏ္ဏားတစ်ယောက်ဟာ နွားပျောက်ကို ရှာရင်း တောထဲမှာ မျက်စိလည် လမ်းမှားပြီး ချောက်ထဲ ကျသွားတယ်။ ပြန်လည်း မတက်တတ်တော့ဘူး။ ဒါကို ဘုရားအလောင်းမျောက်မင်း ကတွေ့တော့့ သနားတာနဲ့ ပုဏ္ဏားရဲ့ အသက်ကို ကယ်ဖို့လုပ်တယ်။ ချောက်က အတော်မြင့်တယ်။ ဒီတော့ မျောက်မင်းက ပုဏ္ဏားကို ကျောပိုးပြီး ခဲရာခဲဆစ် ခုန်ပြီး ကုန်းပေါ် ရောက်အောင်တက်တယ်။ ကုန်းပေါ်ရောက်တော့ မျောက်မင်းမောပန်းနေပြီ။ လူတစ်ယောက်လုံးထမ်းပြီး တက်လာရတာကိုး။ ဒါနဲ့ ပုဏ္ဏားပေါင်ပေါ်မှာ ခဏမှေးနေလိုက်တယ်။ ဒါကိုပဲ ပုဏ္ဏားက သူ့အသက်ကို ကယ်လာတဲ့ ကျေးဇူးကို မ ထောက်ဘဲ အိမ်ပြန်ရင်မိန်းမဆီမှာ မျက်နှာပန်းလှအောင်ဆိုပြီး သူ့ပေါင်ပေါ် မှိန်းနေတဲ့ မျောက်မင်းရဲ့ ဦးခေါင်း ကို ကျောက်ခဲနဲ့ ထုသတ်တော့တယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်သလဲနော်။ ခေါင်းရိုက်ခွဲခံလိုက်ရမှ မျောက်မင်းလန့်ဖြန့်ပြီး သစ်ပင်ပေါ် တက်ပြေးရတော့တာပေါ့။ ချက်ချင်းတော့ မသေသေးဘူးလေ။ ဒီလောက်ထိ ကိုယ့်ကို သေကြောင်းကြံတဲ့ သူကို စိတ်မနာသေးဘူး။ ပုဏ္ဏားအနေနဲ့ တောထဲက ဘယ်လိုမှ ပြန်မထွက်နိုင်လောက်ဘူး။ ဒါကြောင့် သူလမ်းဆက်ပြပေးမယ်။ ဒါပေမယ့် ပုဏ္ဏားဟာ မယုံရတဲ့အတွက် သူကသစ်ပင်ပေါ်ကသွားမယ်။ သူ့ခေါင်းက ကျတဲ့ သွေးစက်တွေကို ကြည့်ပြီး လိုက် ခိုင်းတယ်။ ဒီလိုနဲ့ တောစပ်အထိ လိုက်ပို့ခဲ့သေးတယ်။ ဒီဒဏ်ရာနဲ့ မျောက်မင်း သေဆုံးခဲ့တယ်။ ပုဏ္ဏားလည်း ကြာကြာမခံပါဘူး။ တောစပ်ရောက်လို့ မျောက်မင်းမျက်ကွယ်ပြုတာနဲ့ သူ့ကို မြေမြိုတော့တာပဲ။ (မဟာက ပိဇာတ် - ဋ္ဌ - ပဉ္စမ) မြတ်စွာဘုရားအလောင်း ဖြစ်တော်စဉ်တွေထဲမှာ ရင်နာစရာ အဖြစ်ပျက်တွေ အများကြီးပဲ။ အခုလို ဒုက္ခခံနေတာဟာ သူ့ကိုယ်ကျိုးအတွက် မဟုတ်ပြန်ဘူး။ သတ္တဝါအများကို ကယ်တင်ချင်တယ်။ ဒီလိုကယ်တင် နိုင်ဖို့ကလည်း သူကိုယ်တိုင် ဘုရားဖြစ်မှ ဖြစ်မယ်လေ။ ဒါကြောင့် ဘုရားဖြစ်အောင် ပါရမီဖြည့်ရင်း ဒုက္ခခံနေ တာပေါ့။ ပါရမီ ဖြည့်တဲ့ ရည်ရွယ်ချကိုက “ပရေသံ သင်္ဂဟတ္တမေဝ မယာ ပါရမိယော ပူရိတာ- သူတစ်ပါးတွေကို ချီးမြောက်လို၍ ပါရမီ ဖြည့်ခဲ့တာပါတဲ့။ ဟော ဘဝပေါင်းများစွာ ဒုက္ခခံပါရမီဖြည့်ပြီးမှ ဘုရားဖြစ်မယ့် ဘဝမှာ ကပ္ပိလဝတ်နန်းတော်မှာ မင်းသား လာဖြစ်ပြီ။ သူတောထွက် တရားရှာခါနီး ဘာဖြစ်လာလဲ။ သူ့သားတော်လေး ရာဟုလာ မွေးလာတယ်။ ကိုယ်ချင်း စာကြည့် စမ်း။ ကိုယ့်သွေးသားက ဖြစ်တဲ့ တစ်ဦးတည်းသော သားဦးလေး မွေးတော့ ဖခင်တစ် ယောက်အနေနဲ့ ဘယ် လောက်ချစ်ရှာလိုက်မလဲ။ သူ့စိတ်ထဲ ခံစားချက်ဟာ သူ့သားလေးရဲ့ နာမည်မှာ လာထင် ဟပ်နေတယ်။ “င့ါကို ဖမ်းစားခြင်းပြုမည့် ရာဟုအသူရိန်က ဖြစ်ပွားခဲ့လေပြီ။ အနှောင်အဖွဲ့ကြီး ဖြစ်ခဲ့လေပြီ” တဲ့။ ရာဟုဆိုတာက နေကြတ်တဲ့ အခါ လကြတ်တဲ့အခါမှာ နေလုံးပျောက်သွားအောင်၊ လဝန်းပျောက်သွားအောင် ကာကွယ်ထားတဲ့ အရာကို ဆိုလိုတယ်။ အဲဒါကိုပဲ နေမထွက်၊ လမထွက်အောင် ဖမ်းထားတယ်လို့ တင်စား ပြောတာပေါ့။ အဲဒီလိုပဲ သူ့ရဲ့သားတော်လေးက သူ့ကိုဖမ်းစားတော့မယ် ဆိုပြီး ရာဟုအသူရိန်လို့ ပြောတာ။ ဘုရားအလောင်း နှုတ်ကထွက်တဲ့အတိုင်း အဘိုးဖြစ်သူ သုဒ္ဓေါဒနမင်းကြီးက မြေးဖြစ်သူကို ရာဟုလာ လို့ နာ မည် မှည့်လိုက်တာ ဖြစ်တယ်။ ဘုရားဖြစ်လာတော့လဲ တစ်ရက် ၂၄ နာရီရှိတာမှာ မြတ်စွာဘုရားရှင်ဟာ မိုးသောက်ယံမှာ ခဏပဲ အနားယူတော်မူတယ်။ ညနေ ၆နာရီကနေ ၁၀နာရီအထိကို ညည့်ဦးယံ၊ ၁၀ နာရီကနေ ၂ နာရီအထိကို ညည့်လယ်ယံ။ ၂ နာရီကနေ ၆ နာရီအထိကို မိုးသောက်ယံ ဆိုပါတော့။ အဲဒီမိုးသောက်ယံကို သုံးပိုင်း ပိုင်းရင် တစ်ပိုင်းကို ၁နာရီနဲ့ ၂၀ မိနစ်ရှိမယ်။ အဲဒီမှာ အလယ်တစ်ပိုင်းမှာပဲ ဘုရားရှင် သတိနဲ့လျောင်းစက်တော်မူတယ် တဲ့။ စာထဲမှာတော့ နာရီနဲ့ အတိအကျ တွက်ပြတာမျိုး မဟုတ်ဘူးပေါ့။ ဦးဇင်းတို့က ခန့်မှန်းကြည့်ရတာပေါ့။ ဘုရားဟာ လောကသားတို့အတွက် အဲလောက် အလုပ်လုပ်ပါတယ်။ ကမ္ဘာမှာ အလုပ်လုပ်ဆုံးပုဂ္ဂိုလ် ပေါ့။ ဒါဟာ နေ့စဉ်ပြုနေကျ ဗုဒ္ဓကိစ္စလို့ ခေါ်တယ်။ တစ်ရက်တလေမှ ဒီလိုလုပ်တာမဟုတ်ဘူး။ ပရိနိဗ္ဗာန်စံ သည်အထိကို အလုပ်လုပ်သွားတာ။ နောက်ဆုံး ပရိနိဗ္ဗာန် စံတယ်ဆိုတာကိုလည်း ကြည့်ပါအုံး။ မြတ်စွာဘုရားရှင်ဟာ ပါဝါပြည်ကနေ ပရိနိဗ္ဗုပြုဖို့ ကုသိုနာရုံက မလ္လာမင်းတို့ရဲ့ အင်ကြင်းတောကို ကြွတယ်။ ပါဝါပြည်နဲ့ ကုသိနာရုံဟာ သုံးဝါဝုတ် ပဲဝေးတယ်။ တစ်ဂါဝုတ်မှာ ပျမ်းမှ ၂ မိုင်ဆိုတော့ ၆ မိုင်ခရီးဖြစ်တယ်။ သာမန် ယောက်ျားတစ်ယောက်ရဲ့ ပုံမှန်ခြေလှမ်းဟာ တစ်နာရီမှာ ပျမ်းမျှလမ်းလျှောက်နှုန်းဟာ ၄ မိုင်ရှိတယ်။ ၆ မိုင်ခရီးဆိုတော့ ၁ နာရီ ကျော်လောက် လျောက်ရင် ရတယ်ပေါ့။ ခါတိုင်းဆို ဘုရားရှင်လို ခွန်အားဗလနဲ့ ပြည့်စုံတဲ့ မဟာပုရိသအတွက် ဒီခရီးက အနီးကလေးရယ်။ အခုကျတော့ သိပ်အဝေးကြီးမဟုတ်တဲ့ အဲဒီခရီးကို ၂၅ ကြိမ်နားပြီး ကြွရတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က ဝမ်းတော်လားပြီး အင်အားချည့်နဲ့နေတယ်လေ။ “ချစ်သားအာနန္ဒာ ငါဘု ရားပင်ပန်း၏၊ လျောင်းတော်မူမည်၊ နှစ်ထပ်သင်္ကန်းကို ခင်လော့” အကြိမ်ကြိမ် မိန့်ပြီး နားရှာတယ်။ ဒါကြောင့် ၂၅ ကြိမ်လောက် နားပြီး ကြွနေရတာ ဖြစ်တယ်။ ( လေးဝါဝုတ် တစ်ယူဇနာ ၊ တစ်ယူဇနာ ရှစ်မိုင်) အခုလို အားနည်းပြီး သွေးဝမ်းသွားတာဟာ စုန္ဒရဲ့ ဝက်ပျိုသားဟင်းကို စားလို့ ဝမ်းတော်သွားတာ မဟုတ်ဘူး။ ဘုရားရှင်က အကျိုးကြီးမားပြီး ညီမျှတဲ့ ဆွမ်းနှစ်မျိုး ရှိတယ်တဲ့့။ ပထမဆွမ်းက သုဇာတာရဲ့ နို့ဆွမ်းဖြစ်တယ်။ ဘုရားရှင်ဟာ ဒုက္ကရစရိယ အကျင့်မှားကို ခြောက်နှစ်ကျင့်ပြီး မှားမှန်းသိတော့ အစားပြန်စားလို့ လမ်းမှန် ကိုကျင့်တယ်။ အဲဒီလို ပြန်ကျင့်တာမှာ သုဇာတာရဲ့ နို့ဆွမ်းကို ဘုဉ်းပေးပြီးလိုက်ရတဲ့ အတွက် အားအင်တို့ ပြန်ပြည့်လာပြီး ဘုရားအဖြစ်ကို ရောက်ရှိခဲ့တယ်။ အခု စုန္ဒမထေရ်ရဲ့ ဝက်ပျိုသားဆွမ်းကို ဘုဉ်းပေးလိုက်ရတဲ့ အတွက်ကြောင့်သာ ပါဝါပြည်ကနေ ကုသိ နာရုံကို ကြွနိုင်ဖို့ အားအင်ရခဲ့တာဖြစ်တယ်။ နို့မို့ လမ်းတောင် မလျောက်နိုင်ဘဲ ဖြစ်နေလိမ့်မယ်။ ဝမ်းတော် လားရတာက ဝဋ်ကြွေးတော် ခံရတာ ဖြစ်တယ်။ ဝဋ်ဆိုတာက ဘုရားရှင်တောင် မလွတ်ဘူး။ အတိတ်ဘ ဝတစ်ခုမှာ ဆေးသမား(ဆရာဝန်ပေါ့လေ) ဖြစ်ခဲ့တုန်းက သူဋ္ဌေးသား လူနာတစ်ယောက်ကို ကုတယ်။ လူနာက ရောဂါ ပျောက်တဲ့အခါ ပိုက်ဆံမပေးဘူး။ သူဋ္ဌေးသား ဖြစ်ရဲသားနဲ့ ကူလီကူမာလုပ်ပြီး ရောဂါမသက်သာ ဘူးဆိုပြီး ငွေမပေးချင်လို့ ညစ်တယ်။ ဒီတော့ ဆေးသမားကလည်း ဆရာဝန်တွေရဲ့ ကျင့်ဝတ်ကို မထောက် တော့ဘဲ မသိမသာနဲ့ ဝမ်းသွားဆေး ထပ်တိုက်လိုက်တယ်။ အဲတော့ သူဋ္ဌေးသား ဝမ်းလားပြီးသေကရော။ အဲဒီ အကုသိုလ်ကံကြောင့် အခုနောက်ဆုံးဘဝ ပရိနိဗ္ဗာန်စံခါနီးမှာ ပြန်ဝဋ် လည်တော့တာပေါ့။ တခြားနေရာတွေမှာ ပရိနိဗ္ဗာန်မပြုဘဲ ကုသိနာရုံကိုမှ ဘာကြောင့် ရွေးချယ်ရတာလည်း။ ကုသိနာရုံ ဆိုတာက မြို့ကြီးပြကြီးမဟုတ်ဘူး။ သာမန်မြို့ငယ်လေးမျှသာဖြစ်တယ်။ အရှင်အာနန္ဒာက ကုသိနာရုံမှာ ပရိနိဗ္ဗာန် မစံစေချင်ဘူး။ ဘုရားရှင်ဆိုတဲ့ ဂုဏ်နဲ့ညီအောင် ဗာရာဏသီတို့၊ ကောသဗ္ဗီပြည်တို့ စတဲ့ တိုင်းနိုင် ငံကြီးတွေမှာ ဘုရားရှင်ကို ကြည်ညိုတဲ့ ဘုရင်တွေ၊ သူဋ္ဌေးတွေရဲ့ ခမ်းခမ်းနားနား အပူဇော်ခံပြီး ပရိနိဗ္ဗာန်ပြု စေချင်တယ်။ မြတ်စွာဘုရားရှင် ကုသိနာရုံကို ကြွရတာက အချက်သုံးချက်ရှိတယ်။ ၁ အချက်…။ မဟာသုဒဿနသုတ်ကို ဟောခွင့်ရမှာမို့ဖြစ်တယ်။ အရှင်အာနန္ဒာက ကုသိနာရုံဟာ မြို့သိမ်မြို့ငယ်လေးပါလို့ ပြောတဲ့အခါ ဘုရားရှင်က ဒီမြို့ဟာ အရင်က ကုသာဝတီ မြို့ကြီးဖြစ်ခဲ့တယ်။ တံတိုင်းတွေ အထပ်ထပ်၊ ဥယျာဉ်ပန်းမန်တွေ၊ ရေတွင်းကန်တွေနဲ့ အင်မတန် သာယာဖွယ်ကောင်းတဲ့ မြို့ ဖြစ်ခဲ့တယ်။ ဘုရားရှင်ဟာ အဲဒီမြို့မှာ စကြာဝတေးမင်းဘဝနဲ့ စည်းစိမ်အမျိုးမျိုးခံစားခဲ့တယ် ဆိုတဲ့အကြောင်း တွေဟောတယ်။ အဲလို စည်းစိမ်ခံစား ခဲ့ရတာတွေဟောပြီးတော့မှ "ကဲ ချစ်သားအာနန္ဒာ ကြည့်စမ်း။ အခုဒါတွေ ရှိသေးရဲ့လား။ သင်္ခါရတရားဆိုတာမျိုးက ဒီသဘောရှိတယ်။ ခိုင်တယ် မြဲတယ်ဆိုတာ မရှိဘူး။ ပျက်စီးခြင်းမှာ အဆုံးသတ်တယ်” လို့ ဟောချလိုက်တယ်။ ဒီလို မဟာသုဒဿနသုတ်ကို ဟောတဲ့အခါ လူအများဟာ ဘယ်အရာမှ မမြဲပါလားလို့ သံဝေဂရပြီး ကုသိုလ်ကောင်းမှု ပြုဖြစ်ကြလိမ့်မယ်။ ၂ အချက်..။ မြတ်စွာဘုရားရဲ့ နောက်ဆုံးသာဝကဖြစ်တဲ့ သုဘဒ္ဒကို တရာဟောရမှာမို့လို့ပဲဖြစ်တယ်။ သုဘဒ္ဒက ပရိဗိုဇ်ဟာ ဘုရားရှင်ရဲ့ တရားနာရမှ သံသရာကကျွတ်လွတ်ခွင့် ရမှာဖြစ်တယ်။ မြတ်စွာဘုရားရှင် ရဲ့ ဘုရားဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကိုက သတ္တဝါတွေကို ကယ်တင်ချင်တာ ဖြစ်လေတော့ တစ်ဦးတစ်ယောက် အတွက်ပဲဖြစ်စေ သံသရာဝဋ်က ကယ်တင်ခွင့်ရမယ်ဆိုရင် ခုလို နေမကောင်းလဲ အပင်ပန်းခံပြီး ကြွတောမူရှာ တယ်။ ၃ အချက်…။ အခြားတိုင်းပြည်တွေမှာ ပရိနိဗ္ဗာန်စံရင် ကြွင်းကျန်တဲ့ ဓာတ်တော်တွေကို အတိုင်းတိုင်း အပြည်ပြည်က ဘုရင်တွေ လုကြလိမ့်မယ်။ အဲဒီအခါ ဓာတ်တော်ကို အကြောင်းပြုပြီး သတ်ကြ ဖြတ်ကြနဲ့ စစ်ပွဲတွေ ဖြစ်ကုန်မယ်။ ကုသိနာရုံမှာ ပရိနိဗ္ဗာန်ပြုတဲ့အခါမှာတော့ အဲဒီအတိုင်းတိုင်းအပြည်ပြည်က ဘုရင်တွေ ရဲ့ဆရာ ဒေါနပုဏ္ဏားရှိနေတယ်။ ဘုရင်ခေတ်မှာက မင်းညီမင်းသားတွေက ဘုရင်မဖြစ်ခင် အဋ္ဌာရသ ပညာတွေသင်ကြားဖို့ တက္ကသိုလ်ပြည် ဆိုတာမျိုး သွားသင်ကြရတာကိုး။ ဒေါနပုဏ္ဏားကြီးက အဲဒီဘုရင်တွေကို ပညာသင်ပေးခဲ့တဲ့ ဆရာဖြစ်တဲ့အတွက် ဘုရင်တွေက လေးစားကြတယ်။ ဒါကြောင့် ဒေါနပုဏ္ဏားကြီးက ဓာတ်တော်တွေကို အညီအမျှဝေပေးရင် သူတို့လက်ခံကြလိမ့်မယ်။ ဒီသုံးချက်ကြောင့် ကုသိနာရုံဆိုတဲ့ မြို့သေးသေးလေးကို အပင်ပန်းခံပြီး အကြိမ်ကြိမ်နားလို့ ကြွရတာပဲ။ ဟုတ်ပြီ။ ကုသိနာရုံကို ကြွမှ အများအတွက် အဆင်ပြေမယ်ဆိုရင် ဘုရားရှင်ဟာ တန်ခိုးရှင်ပဲ တန်ခိုးနဲ့ ကြွပါလား။ ဘာလို့ အပင်ပန်းခံပြီး လမ်းလျောက်နေသေးလဲ။ မြတ်စွာဘုရားရှင်က နေရာတကာ တန်ခိုးကို အသုံးမပြုဘူး။ ကိုယ်ကျိုးအတွက်ဆိုရင် သူကိုယ်တိုင်လည်း မသုံးသလို သူ့တပည့်သားတွေကိုလည်း သုံးဖို့ ခွင့် မပြုခဲ့ပါဘူး။ တိတ္ထိတွေနဲ့ အပြိုင် စန္ဒကူးနံ့သာ သပိတ်တစ်လုံအတွက် တန်ခိုးပြခဲ့တဲ့ ရဟန်းတော်ကို ကဲ့ရဲ့တော်မူ ခဲ့ပါတယ်။ ဟုတ်တာပေါ့။ နေရာတန်ခိုးပြနေရင် တန်ခိုးဆိုတာ ခပ်ပေါပေါအရာ ဖြစ်သွားမှာပေ့ါ။ တန်ခိုးအ စွမ်းကို မယုံတဲ့သူတွေဆိုရင် မျက်လှည့်ပြနေတာပါကွာ လို့တောင် ထင်သွားနိုင်သေးတယ်။ ပြီးတော့ မြတ်စွာဘုရားရဲ့ သာသနာမှာ မြေလျိုးမိုးပျံနိုင်တဲ့ တန်ခိုးဟာ အနှစ်အသားမှ မဟုတ်တာ။ ဉာဏ်ပညာသည် သာလျင် သာသနာရဲ့ အနှစ်ဖြစ်တယ်လေ။ သတ္တဝါတွေရဲ့ အကျိုးအတွက် လိုအပ်လာရင်တော့ မြတ်စွာ ဘုရား နဲ့ တပည့် သာဝကတွေက တန်ခိုးကို ထုတ်သုံးပါတယ်။ အခုလို ချေကျင်ကြွရခြင်းကလည်း အကြောင်း ရှိနေပြန်တယ်။ လမ်းခရီးမှာ ကုသိနာရုံကနေ ပါဝါ ပြည်ကို လာနေတဲ့ ပုက္ကုသဆိုတဲ့ မလ္လာမင်းသားနဲ့ တွေ့ရအုံးမယ်။ ပက္ကုသက ဗုဒ္ဓဘာသာ မဟုတ်ဘူး။ သာသ နာပ ကိုးကွယ်သူပေါ့။ လမ်းခရီးမှာ မြတ်စွာဘုရား ပင်ပန်းလို့ အပင်ရိပ်အောက်မှာ နားနေတာ ကို ပုက္ကုသ က မြင်ပြီး ဘုရားရှင်ကို လာဖူးတယ်။ ဘုရားရှင်ကို စကားအနည်းငယ်လျောက်လို့ အမေးအဖြေပြု တယ်။ ဘုရား ရှင်က သူ့မေးခွန်းကို ပြန်ဖြေပြီး တရားဟော လိုက်တဲ့အခါမှ ဘုရားရှင်ကို အလွန်ကြည်ညိုသွားပြီး သရဏဂုံ တည်သွားတယ်။ ဘုရားရှင်နဲ့ အရှင်အာနန္ဒာကိုလည်း သူ့ရဲ့ မွန်မြတ်တဲ့ အဝတ်ပုဆိုး လှုခွင့်ရ သွားခဲ့တယ်။ ဒီလို လူတစ်ယောက် သရဏဂုံ တည်ဖုိ့၊ ဒါန ကုသိုလ်ပြုခွင့်ရဖို့အတွက်ဆို ဘုရားရှင်က အပင်ပန်း ခံတယ်။ ကဲ စဉ်းစားကြည်စမ်း။ ဟိုး သူမေဓာ ရှင်ရသေ့ဘဝကတည်းက ကိုယ်ကျိုးစွန့်ပြီး အများအတွက် အ သက် သွေး ချွေးတွေ စတေးပြီး အပင်ပန်းခံခဲ့တာဟာ သတ္တဝါတွေကို အလွန်သနားတော် မူတဲ့ မဟာ ကရုဏာ ကြောင့်ပဲလေ။ ဒီပုဂ္ဂိုလ်မျိုးလို ဘယ်သူ အနစ်နာခံ ကရုဏာထားနိုင်မှာလဲ။ ဒါကြောင့် ဘုရားရှင်ကို အတုမရှိ ဘုရားရှင်လို့ ဆိုရတာပေါ့။ ဒီလို ဘုရားမျိုးကို ကိုးကွယ်ခွင့်ရဖို့ဆိုတာ ဘယ်လောက်ခဲ ယဉ်းလိုက်သလဲ စဉ်း စားကြည့်နော်။ ကမ္ဘာ့လူဦးရေနဲ့တွက်ကြည့်။ သရဏ်ဂုံတည်တဲ့သူ က တကယ့်နည်းနည်း လေးရယ်။ ကမ္ဘာမှာ နိုင်ငံပေါင်း များစွာရှိတာမှာမှ ထေရဝါဒ ငါးနိုင်ငံ ပဲ ရှိတယ်။ မြန်မာ၊ ထိုင်၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား တို့ဖြစ်တယ်။ အဲဒီငါးနိုင်ငံမှာမှ မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံ။ သာသနာ အပွင့်လင်း ဆုံးနိုင်ငံပဲ ဖြစ်တယ်။ ဒီလို ဒုလ္လတရားနဲ့ကြုံနေတာ ဦးဇင်းတို့ ဘယ်လောက်ကံကောင်းလိုက်သလို။ ကိုယ်ဘာသာရဲ့ တန်ဖိုးကိုခံစားမိမှ ကိုယ်ကံကောင်းတာကို သိမှာ။ နို့မို့ဆိုရင် မိရိုးဖလာ ဗုဒ္ဓဘာသာ ပဲဖြစ်နေတယ်။ ဤအိမ်သည် ဗုဒ္ဓဘာသာအိမ် ဖြစ်သည်ဆိုတဲ့ ဆိုင်းဘုတ်ဆွဲ ဗုဒ္ဓဘာသာ အဆင့်ပဲ ဖြစ်နေရင် ဦးဇင်းနဲ့ ဘုရားနဲ့ တွေ့ရတာ တန်ပါ့မလား။ ဘုရားဟာ သူ့ဘာသာတရားကျင့်တယ်၊ ဘုရားဖြစ်လာတယ်၊ နောက်ပြီး ပရိနိဗ္ဗာန်စံသွားတယ်ဆိုရင် ဦးဇင်းတို့အနေနဲ့ ဘုရားကို ကိုးကွယ်ဖို့ လိုပါ့မလား။ မလိုပါဘူး။ ဘာတရားမှ မဟောရင် ကိုးကွယ်ရကောင်းမှန်း လည်း သိမှာမဟုတ်ဘူး။ ကိုယ့်အပေါ် ဘာကျေးဇူးမှ မရှိလို့ ကိုးကွယ်ဖို့လည်း မလိုဘူး။ ဘာပူဇော်မှုမှလည်း လုပ်နေစရာ မလိုဘူးပေါ့။ အခုတော့ ဘုရားရှင်က ဦးဇင်းတို့အတွက် အနစ်နာခံ ပါရမီဖြည့်တယ်။ ဘုရားဖြစ်လာတော့လည်း နောက်ဆုံး ပရိနိဗ္ဗာန်စံသည်အထိ ဦးဇင်းတို့အတွက် တရားတွေဟောပြီး အပင်ပန်းထပ်ခံပြန်တယ်။ ဘုရား ပွင့်လာလို့ တရားဆိုတာ နာခွင့်ရတယ်။ နာခွင့်ရလို့ လက်တွေ့ ဘဝမှာ ကုသိုလ်အကုသိုလ်ဆိုတာကို ခွဲခြားသိပြီး အေးချမ်းအောင် နေတတ်လာတယ်။ အချို့ သရဏဂုံတည်တယ်၊ အချို့ အောက်အရိယာတွေ ဖြစ်တယ်။ အချို့ဆို သံသရာ ဝဋ်က အပြီးလွတ်ခဲ့ကြတယ်။ ဒါကြောင့် တရားတော်ဟာလည်း အလွန်ကျေး ဇူးများတဲ့ ရတနာလို့ ဆိုရတယ်။ ဘုရားပရိနိဗ္ဗာန် စံသွားတော့ တရားတော်တွေကို သံဃာတွေက လက်ဆင့်ကမ်း သယ်ခဲ့၊ ဟော ခဲ့ပြန်တယ်။ တရားနာရလို့သာ ဦးဇင်းတို့က ဘုရားကို ဘုရားမှန်းသိတာ မဟုတ်ဘူးလား။ ဟုတ်တယ်နော်။ ဘု ရား ရှင်လက်ထက်က ဝက္ကလိမထေရ်ဆိုတာရှိတယ်။ သူက ဘုရားရဲ့ တင့်တယ်တဲ့ ပုံကို တစိမ့်စိမ့်နဲ့ ကြည့်မဝ ရှုမဝ ဖြစ်နေတယ်။ ဘုရားနောက်က တောက်လျောက်လိုက်ပြီး ဘုရားကို အမြဲတမ်းကြည့် နေတာပဲ။ ဘာတ ရားမှ မကျင့်ဘဲ ဘုရားကိုပဲ အမြဲကြည့်နေတာ။ ဒီတော့ ဘုရားရှင်က “ဒီအပုပ်ကောင် ခန္ဓာကြီးကို ကြည့်နေလို့ ဘာထူးမှာလဲ၊ ဘုရားကိုမြင်တယ်ဆိုတာက တရားကို မြင်မှ ဖြစ်တာ။ တရားကိုမြင်မှ တရားကိုမြင်တာ၊ ဒီအ တိုင်း မျက်စိ နဲ့ ဘုရားကိုကြည့်နေရုံနဲ့ ဘုရားကိုမြင်တယ်လို့ မဆိုရဘူး” တဲ့။ ဟုတ်တယ်လေ။ အခု ဘုရားစင်ပေါ်ကရုပ်ပွားတော်ကို မျက်စိရှိတဲ့လူတိုင်း မြင်နေရတာပဲ၊ ရွှေတိဂုံတို့ ဆူးလေဘုရားတို့ဆိုရင်လည်း ဘာသာခြားကအစ လူတိုင်း မြင်နေတာပဲ မဟုတ်လား။ ဒါမျိုးမြင်တာကို ဘုရား ကိုမြင်တယ်လို့ မဆိုရဘူး။ ဘုရားဟောထားတဲ့ တရားတွေကြားနာရမှ “သြော် ကိလေသာ ကုန်စင်ပြီး အေးချမ်း နေတဲ့ မြတ်စွာဘုရားပါလား၊ လူနတ်သတ္တဝါတွေအတွက် အနစ်နာခံခဲ့တဲ့ ဘုရားပါလား” ဆိုပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို မြင်မှ ဘုရားကိုမြင်တယ်လို့ ဆိုရတယ်။ ဂုဏ်တော်ကို မြင်ဖို့ဆိုတာလည်း ဂုဏ်တော်တွေ အကြောင်း စာဖတ်ထားလို့ မြင်တာမျိုးကို ဆိုလိုတာ မဟုတ်ပြန်ဘူး။ စာကတော့ စာဖတ်တတ်တဲ့ ဘယ်သူမဆို ဖတ်ရင် သိမှာပဲလေ။ ဒါပေမယ့် စာသိပဲ ဖြစ်ပြီး ခံစားသိမဟုတ်တော့ ဗုဒ္ဓဘာသာ ဖြစ်မလာကြဘူး။ ဒါဆို ဂုဏ်တော်ကို စာသိသိနေရုံနဲ့လည်း ဘုရားကိုမြင်တယ်လို့ မဆိုရဘူး။ ဂုဏ်တော်တွေကို နက်နက်ရှိုင်းရှိုင်း ကိုယ်တိုင်ခံစားမိမှ ဘုရားကိုမြင်လိမ့်မယ်။ နက်နက်ရှိုင်းရှိုင်း ခံစားမိဖို့ကလည်း ကိုယ်တိုင် တရားအားထုတ် ခြင်းပဲ ရှိတယ်။ အမြင့်ဆုံး တရားကို မြင်ခြင်းပေါ့။ တရားဆိုတာမှာ ဒါနတရား၊ သီလတရား၊ ဘာဝနာတရား အားလုံးကို ဆိုလိုပါတယ်။ ဒီတရားကို လူတိုင်းအားထုတ် နိုင်ရဲ့လား။ ဘာသာခြားထား၊ ကိုယ့်ဗုဒ္ဓ ဘာသာ ထဲမှာတောင် တရားအားထုတ်သူက အလွန်နည်းတယ်။ ဒါကြောင့် တရားဟာလည်း ရှားပါးပြီး ကြုံရခဲတဲ့ ဒုလ္လ ဘတရား ရတနာ တရားဖြစ်တယ်။ ရှေးမထေရ်ကြီးများရဲ့ ကျေးဇူးကြောင့် ဦးဇင်းတို့ခုလို တရားတွေ သိခွင့်ရခဲ့တယ်။ ဒါကြောင့် သံဃာ တော်တွေကို ကျေးဇူးရှင်အဖြစ် ပူဇော်နေကြတာဖြစ်တယ်။ ဒီသာသနာကို သံဃာတွေကို အေးအေးလူလူ သယ်ဆောင်လာရတာမဟုတ်ဘူး။ အိန္ဒိယမှာ သာနာ အားနည်းလာပြီး သီဟိုမှာ သာသနာထွန်းကားလာစဉ်မှာ ကျေးကုလား သူပုန်ဘေးဆိုတာ ဖြစ်တယ်။ ရဟန်းတွေကို သတ်ဖြတ်တယ်။ ရဟန်းဦးခေါင်းတစ်လုံး ဖြတ်နိုင်ရင် ဆုငွေတစ်ထောင်တောင် ပေးတဲ့အထိ ဖြစ်ခဲ့တယ်။ ရဟန်းတွေ နယ်စွန်နယ်ဖျာ ပြေးခဲ့ရတယ်။ အချို့က အိန္ဒိယ ပြန်ပြေးကြတယ်။ သီဟိုမှာ ကျန်ခဲ့တဲ့ ရဟန်းတွေဟာ ဆွမ်းမစားရဘဲ အငတ်ငတ်အပြတ်ပြတ် ဖြစ်ခဲ့တယ်။ ၁၂ လောက်ကြာတယ်။ အဲဒီအချိန်မှာ ဗုဒ္ဓတရားတွေကို စာပေအဖြစ် မှတ်တမ်းမတင်ရသေးဘူး။ အစဉ်အဆက် နှုတ်တိုက်ချပြီး လက်ဆင့်ကမ်း သယ်ခဲ့တုန်းပဲ ရှိသေးတယ်။ သူပုန်ဘေးဖြစ်တော့ အစာမစားရတဲ့ ရဟန်းတော်တွေဟာ ဗိုက်ထဲ အစာမရှိလို့ ရေစိုစိုသဲပြင်မှာ ဝမ်းလျားမှောက်တဲ့သူကမှောက်၊ သဲကိုရေစွတ်ပီး ဗိုက်ပေါ်တင်တဲ့သူက တင်ပြီး ဘုရား တရား တော်တွေ မမေ့ပျောက်ရလေအောင် ရွတ်ဆိုနေကြရှာတယ်။ အာဟာရပြတ်နေတော့ အားအင်မရှိဘဲ အသံ မထွက်တထွက် ရွတ်ဆိုနေရတာမျိုး နေမှာပေါ့။ သူပုန်ဘေးငြိမ်းလို့ ဝဋ္ဋဂါမဏိမင်း နန်းတက်လာမှ ရဟန်းတွေ မြို့ပြန်ကပ်ခွင့်ရတယ်။ အဲဒီအခါမှာမှ ထွက်ပြေးသွားတဲ့ ရဟန်းတွေပြန်စုပြီး မိမိနှုတ်တက်ဆောင်ထားတဲ့ တရားနဲ့ အခြားသူ နှုတ်တက်ဆောင် ထားတဲ့တရား တူမတူ ပြန်တိုက်ဆိုင် ကြည့်ကြရတယ်။ နောက်ဒါမျိုးကြုံရင် ဘုရားဟောတရားတွေ ပျောက် သွားနိုင်တဲ့အတွက် တရားတော်တွေကို တိုက်ဆိုင်အတည်ပြုပြီး စတုတ္ထသင်္ဂါယနာတင်ကာ တရားတော်တွေကို ပေထက် အက္ခရာကို တင်ခဲ့ကြတာဖြစ်တယ်။ ပိဋကတ်တွေကို ပေထက်အက္ခရာတင်တာဟာ အဲဒီစတုတ္ထ သင်္ဂါယနာမှာမှ ဖြစ်တယ်။ သင်္ဂါယနာတင်တယ်ဆိုတာ ပိဋကတ်တွေကို စုပေါင်းရွတ်ဆို အတည်ပြုတာပဲ ဖြစ်တယ်။ ဒါကြောင့် သံဃာတွေရဲ့ ကျေးဇူးဟာကြီးမားလွန်းလို့ ဗုဒ္ဓဘာသာဝင်တွေက အမြတ်တနိုး လှူဒါန်းပူ ဇော်နေကြတာဖြစ်တယ်။ တွေးကြည့်လေ။ ခုခေတ်ကိုရင်လေးတွေကိုပဲ။ ၉ နှစ် ၁၀ နှစ်သားကိုရင်လေးတွေ။ ဒီအရွယ်ဟာ မိဘရင်ခွင်မှာ အေးအေးချမ်းချမ်း နေရမယ့်အရွယ်။ ခုတော့့ မိဘနဲ့ခွဲနေပြီး ကိုယ့်ထမင်းကို ရှာစားလို့ ဗုဒ္ဓစာပေ တွေကို သင်ယူနေကြရတယ်။ ဒီလို ကိုရင်လေးတွေက ဗုဒ္ဓစာပေကို သင်ယူတတ်မြောက်လာပြီးမှ ဆရာ တော်ကြီး တွေဖြစ်လာကြတာ။ သူတို့ကမှ ဒကာ ဒကာမတွေကို ဟောပြောခြင်း၊ နောက်နောက် တပည့်ကိုရင် တွေမွေး ထုတ်ပြီး သာသာနာကို လက်ဆင့်ကမ်းခဲ့့ကြတာ။ ဒါကြောင် သာသနာမှာ ကိုရင်လေးတွေ ကအစ တော်တော် လေးကို ကျေးဇူးရှိပါတယ်။ ဒါကြောင် သံဃာကို ရတနာ တစ်ပါးလို့ အမြတ်တနိုး တန်ဖိုထားတာပေါ့။ သံဃာဆိုတာမှာ ကိုရင်ကအ စ ဆရာတော်ကြီးအထိ အားလုံးပါတယ်။ အရှင်ပညာသီရိ(ရမ္မာကျွန်း) ဆက်ရန်....“သွကာသ ကနျတော့ခြိုး ရှငျးတမျး တရား” ဗုဒ်ဓဘာသာဝငျ မှနျသမြှ “သွကာသ” ကနျတော့ခြိုး နဲ့ ကနျတော့ဖူးကွတာခညြျးပါပဲ။ ဒါပမေယျ့ ကနျတော့ခြိုးမှာပါတဲ့ စကားလုံး အဓိပ်ပါယျတှကေို လုံးစေ့ ပတျစေ့ သိတဲ့သူတော့ ရှားတယျ။။ ဒါကွောငျ့ ဗုဒ်ဓဘာသာတှရေဲ့ အခွခေံ ယဉျကြေးမှု ဖွဈတဲ့ “သွကာသ” ကနျတော့ခြိုးအကွောငျး ပွောပွပေးပါမယျ။ ကနျတော့ခြိုးမှာ ရှိခိုးခွငျး နဲ့ ဆုတောငျးခွငျး နှဈပိုငျး ပါတယျ။ ရှိခိုးတာက အပွဈရှိနရေငျ အပွဈတှေ ကြပေါစလေို့ ရှိခိုးတောငျးပနျတာရှိသလို၊ ကုသိုလျလိုခငြျလို့ ရှိခိျုးတာလညျး ရှိတယျ။ ရှိခိုးခွငျး…။ "သွကာသ…သွကာသ….သွကာသ၊ ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ်ဗဒေါသ ခပျသိမျးသော အပွဈတို့ကို ပြောကျပါစခွေငျး အကြိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တဈကွိမျ၊ နှဈကွိမျ ၊ သုံးကွိမျ မွောကျအောငျ ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မွတျသုံးပါးတို့ကို ၊ အရို အသေ အလေး အမွတျ လကျအုပျမိုး၍ ရှိခိုးပူဇောျ ဖူးမွောျမာနျလြှော့ ကနျတော့ပါ၏ ရှငျဘုရား” ဆုတောငျးခွငျး… ကနျတော့ ရသော ကောငျးမှုကုသိုလျကံ စတေနာတို့ကွောငျ့ အပါယျလေးပါး ၊ ကပျသုံးပါး ၊ ရပျပွဈ ရှဈပါး၊ ရနျသူမြိုးငါးပါး ၊ ဝိပတ်တိတရားလေးပါး၊ ဗသြန တရားငါးပါး တို့မှ အခါ ခပျသိမျး ကငျးလှတျငွိမျးသညျ ဖွဈ၍ မဂျတရား ဖိုလျတရားနိဗ်ဗာနျ ခမြျးသာတရားတောျမွတျကို ရပါလို့၏ အရှငျဘုရား” (၁) သွကာသ သွကာသ ဆိုတာ ခှင့ျတောငျးတာ။ ခှငျ့ပွုတောျမူပါ လို့ခှငျ့တောငျးတာဖွဈတယျ။ လေးစားရတဲ့ ဆရာသမား လူကွီးမိဘမြားနဲ့ တှေ့တဲ့အခါ၊ သူတို့အခနျးထဲ ဝငျတဲ့အခါ၊ ပွနျတဲ့အခါ၊ တဈခုခု ပွောခငြျတာ ရှိတဲ့ အခါမြိုးမှာ ရိုသတေဲ့အနနေဲ့ “ခှငျ့ပွုပါခငျဗြာ” လို့ ခှငျ့တောငျးကွသလိုပဲ အခုလဲ ရိုသလေေးစားရတဲ့ ရဟနျးသံဃာ ၊ မိဘ၊ ဆရာသမား၊ တို့ကို ရှိခိုးတဲ့အခါမြိုးမှာ ဖွဈစေ၊ ရဟနျးသံဃာဆီက သီလ စသညျ တောငျးဖို့ ရှေးဦး ရှိခိုးတဲ့အခါမှာဖွဈစေ သွကာသ ရှတျဆိုပွီး ခှငျ့ပွုပါလို့ တောငျးပနျတာဖွဈတယျ။ အလေး အမွတျပွုတဲ့အနနေဲ့ သုံးကွိမျရှတျဆို ခှငျ့တောငျး တာဖွဈတယျ။ (၂) ကာယကံ ဝစီကံ မနောကံ ကာယကံ ဆိုတာ ကိုယျဖွငျ့ပွုလုပျတဲ့အမှု၊ ဝီစီကံဆိုတာက စကားဖွငျ့ ပွောဆိုတဲ့အမှု၊ မနောကံဆိုတာ က စိတျနဲ့ တှေးတောတဲ့ အမှု သုံးခုဖွဈတယျ။ (၃) သဗ်ဗဒေါသ အလုံးစုံသော အပွဈဟူသမြှ လို့ ပွောတာ။ (၄) ရတနာ မွတျသုံးပါး ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ လို့ဆိုတာမှာ ရတနာ ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘာလို့ ရတနာ လို့ သုံးရတာလဲ။ လောကမှာ တနျဖိုးရှိပွီး ရှားပါးတဲ့ ပစ်စညျးမြိုးကို ရတနာ လို့ ပွောကွတယျမလား။ စိနျ ရှှေ ငှေ ပတ်တမွား စတဲ့ ကြောကျမကြျရတနာ တှကေို ရတနာ လို့ ပွောကွတာက လှပတယျ၊ လူတှစေိတျမှာ နှဈသကျတယျ၊ ရှားပါးတယျ၊ လူတိုငျးလညျး မပိုငျဆိုငျနိုငျဘူး၊ ဒါကွောငျ့့ လူတှကေ တနျဖိုးထားပွီး ရတနာ လို့ ပွောကွတယျ။ “လေးစားမွတျနိုး၊ အဖိုးထိုကျတနျ၊ တုမဲ့ဟနျနှငျ့၊ မွငျရနျခဲကပျ၊ သူမွတျတို့သာ၊ သုံးဆောငျရာ၊ ရတနာ ဟုခေါျ” တဲ့။ " စိတ်တီကတံ မဟဂ်ဃဉ်စ ၊ အတုလံ ဒုလ်လဘဒူနံ ၊ အနောမသတ်တ ပရိဘောဂံ၊ ရတနံ တနေ ဝုစ်စတိ " စိတ်တီကတံ - စိတျ၌စှဲကပျ အလေးလညျး ပွုအပျသညျ၊ မဟဂ်ဃဉ်စ - အဖိုးမြားစှာလညျး ထိုကျတနျသညျ ၊ အတုလဉ်စ - ပွိုငျဘကျမပွု အတုလညျး မရှိ ၊ ဒုလ်လဘဒူနံ - မွငျခဲတဲ့ အရာလညျးဖွဈ၊ အနောမသတ်တ ပရိဘောဂဉ်စ - မယုတျညံ့သူ လူမှနျလူမွတျတို့သာ သုံးဆောငျရာလညျးဖွဈ ၊ တနေ - ထိုအကွောငျးမြားကွောငျ့ ၊ ရတနံ - ရတနာဟု ၊ ဝုစ်စတိ - ဆိုအပျ၏ ။ ( ခုဒ်ဒက - ဋ်ဌ ) ဘာကွောငျ့ ဘုရား တရား သံဃာ ကို ရတနာ ခေါျရသလဲ ဆိုတော့..။ ဘုရားရှငျပှငျ့တောျမူသော ကမ်ဘာမြားကို ဘုရားတဈဆူပှငျ့သောကမ်ဘာကို သာရကမ်ဘာ၊ နှဈဆူပှငျ့သော ကမ်ဘာကို မဏ်ဍကမ်ဘာ၊ သုံးဆူပှငျ့သော ကမ်ဘာကို သာရမဏ်ဍကမ်ဘာ၊ လေးဆူပှငျ့သော ကမ်ဘာကို ဝရကမ်ဘာ၊ ငါးဆူပှငျ့သော ကမ်ဘာကို ဘဒ်ဒကမ်ဘာ၊ ဟုခေါျတယျ။ ဘုရားတဈဆူမှ မပှငျ့သောကမ်ဘာကို သုညကမ်ဘာ လို့ခေါျတယျ။ အခု ဦးဇငျးတို့ နထေိုငျတဲ့ ကမ်ဘာက ဘုရားရှငျငါးဆူ ပှငျ့တောျမူမယျ့့ ဘဒ်ဒကမ်ဘာဖွဈတယျ။ အခု လေးဆူတော့ ပှငျ့တောျ မူပွီးသှားပွီ။ နောကျ အရိမတေ်တယြ မွတျစှာဘုရားတဈဆူပဲ ပှငျ့ဖို့ ကနြျတော့တယျ။ ဒါပွီးရငျ ဘုရားမပှငျ့တဲ့ သုညကမ်ဘာတှေ ပွနျဖွဈအုံးမှာ။ လကျရှိကိုးကှယျနတေဲ့ ဂေါတမမွတျစှာဘုရားရှငျက ဒီပငျ်ကရာမွတျစှာဘုရားထံမှာ သုမဓော ရှငျရ သေ့ဘဝနဲ့ ဘုရားဖွဈဖို့ ဗြာဒိတျခံခဲ့တယျ။ သုမဓော ရှငျရသေ့ ဘုရားဆုပနျပွီး ဗြာဓိတျခံတဲ့က ကမ်ဘာက ဘုရားလေးဆူပှငျ့တဲ့ ဝရကမ်ဘာ လို့ခေါျတယျ။ အဲဒီကမ်ဘာမှာ (၁) တဏှငျ်ကရာ (၂)မဓေငျ်ကရာ (၃) သရဏငျ်ကရာ ဘုရားသုံးဆူ ပှငျ့ပွီးသှားပွီ။ နောကျဆုံပှငျ့ကတာ (၄) ဒီပငျ်ကရာဖွဈတယျ။ အဲဒီကမ်ဘာ မှာ နောကျဆုံးပှငျ့တဲ့ ဒီပငျ်ကရာမွတျစှာဘုရားထံမှာ သုမဓော ရှငျရသေ့က ဗြာဒိတျခဲ့တာပဲ။ သုမဓော ရှငျရသေ့ဘဝက စလို့ ဘုရားဖွဈဖို့ ပါရမီဖွညျ့တဲ့ ကမ်ဘာပေါငျး လေးအသငျ်ခြနှေငျ့ ကမ်ဘာ တဈသိနျး ကာလအတှငျး ဘုရားပှငျ့ရာကမ်ဘာက ၁၁ ကမ်ဘာပဲ ရှိခဲ့တယျ။ အသငျ်ခြေ ဆိုတာ မရမေတှကျနိုငျ သော သငျ်ခြာအရအေတှကျလို့ ဆိုလိုတာ။ သုညအလုံး ၁၄၀ ရှိသော အရအေတှကျလို့ သတျမှတျ ကွတာလညျး ရှိတယျ။ ကမ်ဘာတဈခုရဲ့ သကျတနျးကို နှဈအရအေတှကျ နဲ့ သတျမှတျလို့ မရဘူး။ ကပျ အပိုငျးအခွားနဲ့ပဲ သတျမှတျတယျ။ ကပျ ဆိုတာက ဘုံအလိုကျ သတျမှတျထားတဲ့ သကျတနျးအပိုငျး အခွားကိုခေါျတယျ။ လူ့သကျတနျးဟာ မရမေတှကျနိုငျလောကျအောငျ ရှညျလြားတဲ့ အသငျေ်ခြယြေ တမျးကနေ တဈဖွညျးဖွညျး သကျတမျးဆုတျလာကာ ဆယျနှဈတမျးအထိ ရောကျလာတယျ။ ဆယျနှဈထကျတော့ ပိုမဆုတျတော့ဘူး။ ဆယျနှဈတမျးကနေ တဈဖနျပွနျပွီးတကျသှားလိုကျတာ မရမေတှကျနိုငျလောကျတဲ့ အသငျေ်ခြယေတြမျးကို ပွနျ ရောကျသှားတယျ။ အဲဒီလို သကျတနျးအတကျအကြ တဈစုံကို အန်တရကပျ တဈကပျလို့ ခေါျတယျ။ အဲလို ဆငျး လိုကျ တကျလိုကျနဲ့ အန်တရကပျ ၆၄ ကပျကို အသငျေ်ခြယြေ တဈကပျလို့ ခေါျတယျ။ အသငျေ်ခြယေကြပျ ၄ ကပျကိုမှ တဈကမ်ဘာလို့ ခေါျရတာ။ ဒါကွောငျ့ ကမ်ဘာ့သကျတနျးကို နှဈအရတှေကျနဲ့ တှကျလို့မရဘဲ ကပျ အရေ အတှကျနဲ့ပဲ သတျမှတျကွတယျ။ အဲဒီ ၁၁ ကမ်ဘာတှငျမှာ ဘုရား ရှငျပေါငျး ၂၇ ဆူသာပှင့ျတောျမူတယျ။ ပါရမီရငျ့လို့ ဘုရားဖွဈဖို့ ဗြာဒိတျခံပွီးဖွဈတဲ့ ဂေါတမမွတျစှာဘုရား အလောငျးတောျသညျပငျ ပှငျ့တောျမူခဲ့သော ဘုရားရှငျပေါငျး ၂၇ ဆူတှငျမှ သာသနာနဲ့ ၂၄ ကွိမျပဲ ကွုံခဲ့ရပွီး အဲဒီ၂၄ ကွိမျမှာမှ ရဟနျးဘဝ ၉ ဘဝသာ ရရှိခဲ့ပါတယျ။ အခုခတျေ နှဈကြိပျရှဈဆူ ဘုရားပှဲ ကငြျးပကွတာဟာ မွတျစှာဘုရားရှငျ ဗြာဒိတျခံတဲ့ ကမ်ဘာကစပွီး ၁၁ ကမ်ဘာအတှငျး ပှငျ့ခဲ့တဲ့ ဘုရားရှငျ ၂၇ ဆူရယျ၊ အခု ဦးဇငျးတို့ ကိုးကှယျနတေဲ့ ဂေါတမ ဘုရားရှငျရယျပေါငျးတော့ ၂၈ ဆူ ပေါ့။ ဒီဘုရားတှကေို ပူဇောျတဲ့ အနနေဲ့ နှဈကြိပျရှဈဆူ( ၂၈ဆူ) လို့ ပူဇောျကွတာပဲ။ သုမဓော သူဋ်ဌေးသားဟာ သူ့မိဘတှေ သလှေနျတော့ ဘဏ်ဌာထိနျးက ပစ်စညျးတှေ စုစောငျးထားတဲ့ ဂိုထောငျတှဖှေငျ့ပွပွီး “ဒါက အရှငျ့အမဘေကျပါတာ၊ ဒါက အရှငျ့အဖဘေကျကပါတာ၊ ဒါကနောကျတိုးပှားတာ” ဆိုပွီး ရှှငှေေဥစ်စာရတနာတှကေို ပွတော့ သူမဓော သူဋ်ဌေးသားက အံ့တှသွေတာပေါ့။ ငါ့မိဘတှဟော ရှာတော့ ရှာတတျကွတယျ။ မသုံးတတျခဲ့ကွဘူး။ ငါတော့ သုံးတတျအောငျသုံးမယျ ဆိုပွီး ရှိသမြှ ဥစ်စာတှကေို ဂိုထောငျဖှငျ့ပွီး ယူခငြျတဲ့သူယူဆိုပွီး ဖှငျ့ပေးလိုကျတယျ။ သူကတော့ သဈခေါကျဆိုး သငျ်ကနျးဝတျပွီး တော ထှကျသှားတယျ။ တရားကငြျ့တော့ စြာနျအဘိညာဉျတနျခိုးတှေ ရတယျ။ အဲဒီမွို့ကို ဒီပငျ်ကရာမွတျစှာဘုရား ကွှတောျမူ လာတော့ မွို့သူမွို့သားတှကေ လမျးတှကေိုပွငျကွတယျ။ သူမဓောရှငျရသေ့ကလညျး သူ့အတှကျ တဈနရော တောငျးပွီး ပွငျတယျ။ သုမဓောရှငျရသေ့ဟာ တနျခိုးကွီုးသူဖွဈတော့ ပွငျရခကျနတေဲ့ ခြိုငျ့ခှကျကွီးကို မွို့သူမွို့ သားတှကေ ပွငျစတေယျ။ ဒီပငျ်ကရာဘုရားကွှလာတော့ ခြိုငျ့ခှကျက မွဖေို့လို့့ မပွီးသေးဘူး။ ဘာကွောငျ့လဲ ဆို တော့ ရသေ့က တနျခိုးအစှမျးနဲ့ မဖို့ခငြျဘူး။ သူ့ရဲ့ခြှေးနဲ့ရငျးရတဲ့ ပကတိလုပျအားနဲ့ပဲ လုပျခဲ့တာကွောငျ့ အခြိနျ မီ လမျးကမပွီးဘဲ ဖွဈနတော။ ဒါကွောငျ့ မွဖေို့လို့ မပွီးသေးလို့ မညီမညာ ဖွဈနတေဲ့ နရောမှာ သူ့ကိုယျကို တံတားလိုခငျးပွီး ဘုရားရှငျကို နငျးဖွတျစတေယျ။ အဲဒီအခြိနျမှာ သုမဓောရသေ့ရဲ့စိတျမှာ ဘုရားဖွဈခငြျတဲ့ ဆန်ဒတှဟောလညျး ပွငျးပွနပွေီ။ သူ့တဈ ယောကျတညျးအတှကျဆို အခုဘဝနဲ့တငျ နိဗ်ဗာနျကိုယူလို့ရနပွေီ။ သူသာဝိပူနာ ရှုလိုကျမယျဆိုရငျ ရဟန်တာ ဖွဈနပွေီ။ ဒါပမေယျ့ သူမရှုဘူး။ ဘာဖွဈလို့လဲဆိုတော့ သူက ဘုရားဖွဈခငြျတာကိုး။ ဘုရားဖွဈခငြျတာကလညျး သူ့ကိုယျကြိုးအတှကျ မဟုတျပွနျဘူး။ ဘုရားအလောငျးသုမဓော ရှငျရသေ့ ပွောတာ နားထောငျကွညျ့။ “ပညာစှမျးအား၊ သဒ်ဓါစှမျးအား၊ ဝီရိယစှမျးအား ရှိသညျကို သိမွငျသော ယောငျ်ကြားကောငျးတဈယောကျ ဖွဈပါလကြျ သံသရာဝဋျအတှငျးမှ တဈကိုယျကောငျးကွံကာ တဈယောကျတညျး ကူးမွောကျသဖွငျ့ ငါ့အား အဘယျအကြိုးရှိအံ့နညျး။ သဗ်ဗညုတဘုရားအဖွဈကိုရောကျအောငျ ကွိုးစားအားထုတျပွီး နတျနှငျ့တကှ သတ်တဝါ ပေါငျးကို သံသရာဝဋျဆငျးရဲ ဒုက်ခပငျလယျတှငျးမှ ကယျတငျပအေံ့” တဲ့။ စဉျးစားကွညျ့နောျ ကိုယျရရှိမဲ့ လကျတဈကမျးက နိဗ်ဗာနျခမြျးသာကို စှနျ့ပွီး သတ်တဝါတှကေို ကယျ တငျခငြျလှနျးလို့ သံသရာထဲ ပွနျအလညျခံတယျ။ သံသရာထဲမှာ လညျပွီဆိုရငျ ဘုရားရှငျဟာ လူသားဖွဈတဲ့အ တှကျ လူမှုဒုက်ခတှေ ကွုံရတော့တာပဲ။ ဆငျးဆငျးရဲရဲ နခေဲ့ရတဲ့ဘဝတှရှေိခဲ့တယျ။ အသတျခံရတဲ့ ဘဝတှေ ရှိခဲ့တယျ။ ထောငျတနျးကခြဲ့တဲ့့ ဘဝတှရှေိတယျ။ တိရစ်ဆာနျ ဖွဈခဲ့တဲ့ ဘဝတှရှေိခဲ့တယျ။ ဘယျဘဝရောကျ ရောကျ ဘုရားရှငျဟာ ပါရမီကိုဒုက်ခခံပွီး ရအောငျဖွည့ျတာပဲ။ သူက သတ်တဝါတှကေို ကယျတငျခငြျတာကိုး။ အားလုံးကွားဖူးနတေဲ့ မြောကျမငျးဘဝတဈခုကိုပဲကွညျ့။ သူ့အမြိုးနှယျမြောကျတှကေို ကယျခငြျလို့ မွဈတဈဘကျကမျးကို ကူးဖို့ နှယျကွိုးရှာတော့ ကွိုးကတိုနတေယျ။ ဒါနဲ့ တိုနတေဲ့ ကွိုးနရောမှာ သူအစားဝငျပွီး သူ့ခါးမှာ နှယျကွိုးခြီလို့ ကွိုးကို ရှညျအောငျဆကျပေးလိုကျတယျ။ လထေဲမှာ တှဲလောငျးဖွဈနတေဲ့ သူ့ကိုနငျးပွီး သူ့ဆှေ မြိုးမြောကျတှေ ကူးကွတာပေါ့။ အဲမှာ ဒဝေတျမြောကျကတော့ ရိုးရိုးနငျးပွီး မကူးဘဲ သူ့ခါးပေါျကို အမွငျ့က ခုံခပြွီးမှ ကူးတယျ။ ဒီတော့ ဘုရားအလောငျးမြောကျမငျး ခါးကြိုးပွီး သတေော့ တာပေါ့။ (မဟာကပိဇာတျ - ဋ်ဌ - တတိယ) နောကျဇာတျတောျတဈခုမှာဆို ပုဏ်ဏားတဈယောကျဟာ နှားပြောကျကို ရှာရငျး တောထဲမှာ မကြျစိလညျ လမျးမှားပွီး ခြောကျထဲ ကသြှားတယျ။ ပွနျလညျး မတကျတတျတော့ဘူး။ ဒါကို ဘုရားအလောငျးမြောကျမငျး ကတှေ့တော့့ သနားတာနဲ့ ပုဏ်ဏားရဲ့ အသကျကို ကယျဖို့လုပျတယျ။ ခြောကျက အတောျမွငျ့တယျ။ ဒီတော့ မြောကျမငျးက ပုဏ်ဏားကို ကြောပိုးပွီး ခဲရာခဲဆဈ ခုနျပွီး ကုနျးပေါျ ရောကျအောငျတကျတယျ။ ကုနျးပေါျရောကျတော့ မြောကျမငျးမောပနျးနပွေီ။ လူတဈယောကျလုံးထမျးပွီး တကျလာရတာကိုး။ ဒါနဲ့ ပုဏ်ဏားပေါငျပေါျမှာ ခဏမှေးနလေိုကျတယျ။ ဒါကိုပဲ ပုဏ်ဏားက သူ့အသကျကို ကယျလာတဲ့ ကြေးဇူးကို မ ထောကျဘဲ အိမျပွနျရငျမိနျးမဆီမှာ မကြျနှာပနျးလှအောငျဆိုပွီး သူ့ပေါငျပေါျ မှိနျးနတေဲ့ မြောကျမငျးရဲ့ ဦးခေါငျး ကို ကြောကျခဲနဲ့ ထုသတျတော့တယျ။ ဘယျလောကျ မိုကျရိုငျးလိုကျသလဲနောျ။ ခေါငျးရိုကျခှဲခံလိုကျရမှ မြောကျမငျးလနျ့ဖွနျ့ပွီး သဈပငျပေါျ တကျပွေးရတော့တာပေါ့။ ခကြျခငြျးတော့ မသသေေးဘူးလေ။ ဒီလောကျထိ ကိုယျ့ကို သကွေောငျးကွံတဲ့ သူကို စိတျမနာသေးဘူး။ ပုဏ်ဏားအနနေဲ့ တောထဲက ဘယျလိုမှ ပွနျမထှကျနိုငျလောကျဘူး။ ဒါကွောငျ့ သူလမျးဆကျပွပေးမယျ။ ဒါပမေယျ့ ပုဏ်ဏားဟာ မယုံရတဲ့အတှကျ သူကသဈပငျပေါျကသှားမယျ။ သူ့ခေါငျးက ကတြဲ့ သှေးစကျတှကေို ကွညျ့ပွီး လိုကျ ခိုငျးတယျ။ ဒီလိုနဲ့ တောစပျအထိ လိုကျပို့ခဲ့သေးတယျ။ ဒီဒဏျရာနဲ့ မြောကျမငျး သဆေုံးခဲ့တယျ။ ပုဏ်ဏားလညျး ကွာကွာမခံပါဘူး။ တောစပျရောကျလို့ မြောကျမငျးမကြျကှယျပွုတာနဲ့ သူ့ကို မွမွေိုတော့တာပဲ။ (မဟာက ပိဇာတျ - ဋ်ဌ - ပဉ်စမ) မွတျစှာဘုရားအလောငျး ဖွဈတောျစဉျတှထေဲမှာ ရငျနာစရာ အဖွဈပကြျတှေ အမြားကွီးပဲ။ အခုလို ဒုက်ခခံနတောဟာ သူ့ကိုယျကြိုးအတှကျ မဟုတျပွနျဘူး။ သတ်တဝါအမြားကို ကယျတငျခငြျတယျ။ ဒီလိုကယျတငျ နိုငျဖို့ကလညျး သူကိုယျတိုငျ ဘုရားဖွဈမှ ဖွဈမယျလေ။ ဒါကွောငျ့ ဘုရားဖွဈအောငျ ပါရမီဖွညျ့ရငျး ဒုက်ခခံနေ တာပေါ့။ ပါရမီ ဖွညျ့တဲ့ ရညျရှယျခကြိုက “ပရသေံ သငျ်ဂဟတ်တမဝေ မယာ ပါရမိယော ပူရိတာ- သူတဈပါးတှကေို ခြီးမွောကျလို၍ ပါရမီ ဖွညျ့ခဲ့တာပါတဲ့။ ဟော ဘဝပေါငျးမြားစှာ ဒုက်ခခံပါရမီဖွညျ့ပွီးမှ ဘုရားဖွဈမယျ့ ဘဝမှာ ကပ်ပိလဝတျနနျးတောျမှာ မငျးသား လာဖွဈပွီ။ သူတောထှကျ တရားရှာခါနီး ဘာဖွဈလာလဲ။ သူ့သားတောျလေး ရာဟုလာ မှေးလာတယျ။ ကိုယျခငြျး စာကွညျ့ စမျး။ ကိုယျ့သှေးသားက ဖွဈတဲ့ တဈဦးတညျးသော သားဦးလေး မှေးတော့ ဖခငျတဈ ယောကျအနနေဲ့ ဘယျ လောကျခစြျရှာလိုကျမလဲ။ သူ့စိတျထဲ ခံစားခကြျဟာ သူ့သားလေးရဲ့ နာမညျမှာ လာထငျ ဟပျနတေယျ။ “င့ါကို ဖမျးစားခွငျးပွုမညျ့ ရာဟုအသူရိနျက ဖွဈပှားခဲ့လပွေီ။ အနှောငျအဖှဲ့ကွီး ဖွဈခဲ့လပွေီ” တဲ့။ ရာဟုဆိုတာက နကွေတျတဲ့ အခါ လကွတျတဲ့အခါမှာ နလေုံးပြောကျသှားအောငျ၊ လဝနျးပြောကျသှားအောငျ ကာကှယျထားတဲ့ အရာကို ဆိုလိုတယျ။ အဲဒါကိုပဲ နမေထှကျ၊ လမထှကျအောငျ ဖမျးထားတယျလို့ တငျစား ပွောတာပေါ့။ အဲဒီလိုပဲ သူ့ရဲ့သားတောျလေးက သူ့ကိုဖမျးစားတော့မယျ ဆိုပွီး ရာဟုအသူရိနျလို့ ပွောတာ။ ဘုရားအလောငျး နှုတျကထှကျတဲ့အတိုငျး အဘိုးဖွဈသူ သုဒ်ဓေါဒနမငျးကွီးက မွေးဖွဈသူကို ရာဟုလာ လို့ နာ မညျ မှညျ့လိုကျတာ ဖွဈတယျ။ ဘုရားဖွဈလာတော့လဲ တဈရကျ ၂၄ နာရီရှိတာမှာ မွတျစှာဘုရားရှငျဟာ မိုးသောကျယံမှာ ခဏပဲ အနားယူတောျမူတယျ။ ညနေ ၆နာရီကနေ ၁၀နာရီအထိကို ညညျ့ဦးယံ၊ ၁၀ နာရီကနေ ၂ နာရီအထိကို ညညျ့လယျယံ။ ၂ နာရီကနေ ၆ နာရီအထိကို မိုးသောကျယံ ဆိုပါတော့။ အဲဒီမိုးသောကျယံကို သုံးပိုငျး ပိုငျးရငျ တဈပိုငျးကို ၁နာရီနဲ့ ၂၀ မိနဈရှိမယျ။ အဲဒီမှာ အလယျတဈပိုငျးမှာပဲ ဘုရားရှငျ သတိနဲ့လြောငျးစကျတောျမူတယျ တဲ့။ စာထဲမှာတော့ နာရီနဲ့ အတိအကြ တှကျပွတာမြိုး မဟုတျဘူးပေါ့။ ဦးဇငျးတို့က ခနျ့မှနျးကွညျ့ရတာပေါ့။ ဘုရားဟာ လောကသားတို့အတှကျ အဲလောကျ အလုပျလုပျပါတယျ။ ကမ်ဘာမှာ အလုပျလုပျဆုံးပုဂ်ဂိုလျ ပေါ့။ ဒါဟာ နေ့စဉျပွုနကြေ ဗုဒ်ဓကိစ်စလို့ ခေါျတယျ။ တဈရကျတလမှေ ဒီလိုလုပျတာမဟုတျဘူး။ ပရိနိဗ်ဗာနျစံ သညျအထိကို အလုပျလုပျသှားတာ။ နောကျဆုံး ပရိနိဗ်ဗာနျ စံတယျဆိုတာကိုလညျး ကွညျ့ပါအုံး။ မွတျစှာဘုရားရှငျဟာ ပါဝါပွညျကနေ ပရိနိဗ်ဗုပွုဖို့ ကုသိုနာရုံက မလ်လာမငျးတို့ရဲ့ အငျကွငျးတောကို ကွှတယျ။ ပါဝါပွညျနဲ့ ကုသိနာရုံဟာ သုံးဝါဝုတျ ပဲဝေးတယျ။ တဈဂါဝုတျမှာ ပမြျးမှ ၂ မိုငျဆိုတော့ ၆ မိုငျခရီးဖွဈတယျ။ သာမနျ ယောကျြားတဈယောကျရဲ့ ပုံမှနျခွလှေမျးဟာ တဈနာရီမှာ ပမြျးမြှလမျးလြှောကျနှုနျးဟာ ၄ မိုငျရှိတယျ။ ၆ မိုငျခရီးဆိုတော့ ၁ နာရီ ကြောျလောကျ လြောကျရငျ ရတယျပေါ့။ ခါတိုငျးဆို ဘုရားရှငျလို ခှနျအားဗလနဲ့ ပွညျ့စုံတဲ့ မဟာပုရိသအတှကျ ဒီခရီးက အနီးကလေးရယျ။ အခုကတြော့ သိပျအဝေးကွီးမဟုတျတဲ့ အဲဒီခရီးကို ၂၅ ကွိမျနားပွီး ကွှရတယျ။ အဲဒီအခြိနျမှာ မွတျစှာဘုရားရှငျက ဝမျးတောျလားပွီး အငျအားခညြျ့နဲ့နတေယျလေ။ “ခစြျသားအာနန်ဒာ ငါဘု ရားပငျပနျး၏၊ လြောငျးတောျမူမညျ၊ နှဈထပျသငျ်ကနျးကို ခငျလော့” အကွိမျကွိမျ မိနျ့ပွီး နားရှာတယျ။ ဒါကွောငျ့ ၂၅ ကွိမျလောကျ နားပွီး ကွှနရေတာ ဖွဈတယျ။ ( လေးဝါဝုတျ တဈယူဇနာ ၊ တဈယူဇနာ ရှဈမိုငျ) အခုလို အားနညျးပွီး သှေးဝမျးသှားတာဟာ စုန်ဒရဲ့ ဝကျပြိုသားဟငျးကို စားလို့ ဝမျးတောျသှားတာ မဟုတျဘူး။ ဘုရားရှငျက အကြိုးကွီးမားပွီး ညီမြှတဲ့ ဆှမျးနှဈမြိုး ရှိတယျတဲ့့။ ပထမဆှမျးက သုဇာတာရဲ့ နို့ဆှမျးဖွဈတယျ။ ဘုရားရှငျဟာ ဒုက်ကရစရိယ အကငြျ့မှားကို ခွောကျနှဈကငြျ့ပွီး မှားမှနျးသိတော့ အစားပွနျစားလို့ လမျးမှနျ ကိုကငြျ့တယျ။ အဲဒီလို ပွနျကငြျ့တာမှာ သုဇာတာရဲ့ နို့ဆှမျးကို ဘုဉျးပေးပွီးလိုကျရတဲ့ အတှကျ အားအငျတို့ ပွနျပွညျ့လာပွီး ဘုရားအဖွဈကို ရောကျရှိခဲ့တယျ။ အခု စုန်ဒမထရျေရဲ့ ဝကျပြိုသားဆှမျးကို ဘုဉျးပေးလိုကျရတဲ့ အတှကျကွောငျ့သာ ပါဝါပွညျကနေ ကုသိ နာရုံကို ကွှနိုငျဖို့ အားအငျရခဲ့တာဖွဈတယျ။ နို့မို့ လမျးတောငျ မလြောကျနိုငျဘဲ ဖွဈနလေိမ့ျမယျ။ ဝမျးတောျ လားရတာက ဝဋျကွှေးတောျ ခံရတာ ဖွဈတယျ။ ဝဋျဆိုတာက ဘုရားရှငျတောငျ မလှတျဘူး။ အတိတျဘ ဝတဈခုမှာ ဆေးသမား(ဆရာဝနျပေါ့လေ) ဖွဈခဲ့တုနျးက သူဋ်ဌေးသား လူနာတဈယောကျကို ကုတယျ။ လူနာက ရောဂါ ပြောကျတဲ့အခါ ပိုကျဆံမပေးဘူး။ သူဋ်ဌေးသား ဖွဈရဲသားနဲ့ ကူလီကူမာလုပျပွီး ရောဂါမသကျသာ ဘူးဆိုပွီး ငှမေပေးခငြျလို့ ညဈတယျ။ ဒီတော့ ဆေးသမားကလညျး ဆရာဝနျတှရေဲ့ ကငြျ့ဝတျကို မထောကျ တော့ဘဲ မသိမသာနဲ့ ဝမျးသှားဆေး ထပျတိုကျလိုကျတယျ။ အဲတော့ သူဋ်ဌေးသား ဝမျးလားပွီးသကေရော။ အဲဒီ အကုသိုလျကံကွောငျ့ အခုနောကျဆုံးဘဝ ပရိနိဗ်ဗာနျစံခါနီးမှာ ပွနျဝဋျ လညျတော့တာပေါ့။ တခွားနရောတှမှော ပရိနိဗ်ဗာနျမပွုဘဲ ကုသိနာရုံကိုမှ ဘာကွောငျ့ ရှေးခယြျရတာလညျး။ ကုသိနာရုံ ဆိုတာက မွို့ကွီးပွကွီးမဟုတျဘူး။ သာမနျမွို့ငယျလေးမြှသာဖွဈတယျ။ အရှငျအာနန်ဒာက ကုသိနာရုံမှာ ပရိနိဗ်ဗာနျ မစံစခေငြျဘူး။ ဘုရားရှငျဆိုတဲ့ ဂုဏျနဲ့ညီအောငျ ဗာရာဏသီတို့၊ ကောသဗ်ဗီပွညျတို့ စတဲ့ တိုငျးနိုငျ ငံကွီးတှမှော ဘုရားရှငျကို ကွညျညိုတဲ့ ဘုရငျတှေ၊ သူဋ်ဌေးတှရေဲ့ ခမျးခမျးနားနား အပူဇောျခံပွီး ပရိနိဗ်ဗာနျပွု စခေငြျတယျ။ မွတျစှာဘုရားရှငျ ကုသိနာရုံကို ကွှရတာက အခကြျသုံးခကြျရှိတယျ။ ၁ အခကြျ…။ မဟာသုဒူနသုတျကို ဟောခှငျ့ရမှာမို့ဖွဈတယျ။ အရှငျအာနန်ဒာက ကုသိနာရုံဟာ မွို့သိမျမွို့ငယျလေးပါလို့ ပွောတဲ့အခါ ဘုရားရှငျက ဒီမွို့ဟာ အရငျက ကုသာဝတီ မွို့ကွီးဖွဈခဲ့တယျ။ တံတိုငျးတှေ အထပျထပျ၊ ဥယြာဉျပနျးမနျတှေ၊ ရတှေငျးကနျတှနေဲ့ အငျမတနျ သာယာဖှယျကောငျးတဲ့ မွို့ ဖွဈခဲ့တယျ။ ဘုရားရှငျဟာ အဲဒီမွို့မှာ စကွာဝတေးမငျးဘဝနဲ့ စညျးစိမျအမြိုးမြိုးခံစားခဲ့တယျ ဆိုတဲ့အကွောငျး တှဟေောတယျ။ အဲလို စညျးစိမျခံစား ခဲ့ရတာတှဟေောပွီးတော့မှ "ကဲ ခစြျသားအာနန်ဒာ ကွညျ့စမျး။ အခုဒါတှေ ရှိသေးရဲ့လား။ သငျ်ခါရတရားဆိုတာမြိုးက ဒီသဘောရှိတယျ။ ခိုငျတယျ မွဲတယျဆိုတာ မရှိဘူး။ ပကြျစီးခွငျးမှာ အဆုံးသတျတယျ” လို့ ဟောခလြိုကျတယျ။ ဒီလို မဟာသုဒူနသုတျကို ဟောတဲ့အခါ လူအမြားဟာ ဘယျအရာမှ မမွဲပါလားလို့ သံဝဂေရပွီး ကုသိုလျကောငျးမှု ပွုဖွဈကွလိမျ့မယျ။ ၂ အခကြျ..။ မွတျစှာဘုရားရဲ့ နောကျဆုံးသာဝကဖွဈတဲ့ သုဘဒ်ဒကို တရာဟောရမှာမို့လို့ပဲဖွဈတယျ။ သုဘဒ်ဒက ပရိဗိုဇျဟာ ဘုရားရှငျရဲ့ တရားနာရမှ သံသရာကကြှတျလှတျခှငျ့ ရမှာဖွဈတယျ။ မွတျစှာဘုရားရှငျ ရဲ့ ဘုရားဖွဈခငြျတဲ့ ရညျရှယျခကြျကိုက သတ်တဝါတှကေို ကယျတငျခငြျတာ ဖွဈလတေော့ တဈဦးတဈယောကျ အတှကျပဲဖွဈစေ သံသရာဝဋျက ကယျတငျခှငျ့ရမယျဆိုရငျ ခုလို နမေကောငျးလဲ အပငျပနျးခံပွီး ကွှတောမူရှာ တယျ။ ၃ အခကြျ…။ အခွားတိုငျးပွညျတှမှော ပရိနိဗ်ဗာနျစံရငျ ကွှငျးကနြျတဲ့ ဓာတျတောျတှကေို အတိုငျးတိုငျး အပွညျပွညျက ဘုရငျတှေ လုကွလိမျ့မယျ။ အဲဒီအခါ ဓာတျတောျကို အကွောငျးပွုပွီး သတျကွ ဖွတျကွနဲ့ စဈပှဲတှေ ဖွဈကုနျမယျ။ ကုသိနာရုံမှာ ပရိနိဗ်ဗာနျပွုတဲ့အခါမှာတော့ အဲဒီအတိုငျးတိုငျးအပွညျပွညျက ဘုရငျတှေ ရဲ့ဆရာ ဒေါနပုဏ်ဏားရှိနတေယျ။ ဘုရငျခတျေမှာက မငျးညီမငျးသားတှကေ ဘုရငျမဖွဈခငျ အဋ်ဌာရသ ပညာတှသေငျကွားဖို့ တက်ကသိုလျပွညျ ဆိုတာမြိုး သှားသငျကွရတာကိုး။ ဒေါနပုဏ်ဏားကွီးက အဲဒီဘုရငျတှကေို ပညာသငျပေးခဲ့တဲ့ ဆရာဖွဈတဲ့အတှကျ ဘုရငျတှကေ လေးစားကွတယျ။ ဒါကွောငျ့ ဒေါနပုဏ်ဏားကွီးက ဓာတျတောျတှကေို အညီအမြှဝပေေးရငျ သူတို့လကျခံကွလိမ့ျမယျ။ ဒီသုံးခကြျကွောငျ့ ကုသိနာရုံဆိုတဲ့ မွို့သေးသေးလေးကို အပငျပနျးခံပွီး အကွိမျကွိမျနားလို့ ကွှရတာပဲ။ ဟုတျပွီ။ ကုသိနာရုံကို ကွှမှ အမြားအတှကျ အဆငျပွမေယျဆိုရငျ ဘုရားရှငျဟာ တနျခိုးရှငျပဲ တနျခိုးနဲ့ ကွှပါလား။ ဘာလို့ အပငျပနျးခံပွီး လမျးလြောကျနသေေးလဲ။ မွတျစှာဘုရားရှငျက နရောတကာ တနျခိုးကို အသုံးမပွုဘူး။ ကိုယျကြိုးအတှကျဆိုရငျ သူကိုယျတိုငျလညျး မသုံးသလို သူ့တပညျ့သားတှကေိုလညျး သုံးဖို့ ခှငျ့ မပွုခဲ့ပါဘူး။ တိတ်ထိတှနေဲ့ အပွိုငျ စန်ဒကူးနံ့သာ သပိတျတဈလုံအတှကျ တနျခိုးပွခဲ့တဲ့ ရဟနျးတောျကို ကဲ့ရဲ့တောျမူ ခဲ့ပါတယျ။ ဟုတျတာပေါ့။ နရောတနျခိုးပွနရေငျ တနျခိုးဆိုတာ ခပျပေါပေါအရာ ဖွဈသှားမှာပေ့ါ။ တနျခိုးအ စှမျးကို မယုံတဲ့သူတှဆေိုရငျ မကြျလှညျ့ပွနတောပါကှာ လို့တောငျ ထငျသှားနိုငျသေးတယျ။ ပွီးတော့ မွတျစှာဘုရားရဲ့ သာသနာမှာ မွလြေိုးမိုးပြံနိုငျတဲ့ တနျခိုးဟာ အနှဈအသားမှ မဟုတျတာ။ ဉာဏျပညာသညျ သာလငြျ သာသနာရဲ့ အနှဈဖွဈတယျလေ။ သတ်တဝါတှရေဲ့ အကြိုးအတှကျ လိုအပျလာရငျတော့ မွတျစှာ ဘုရား နဲ့ တပညျ့ သာဝကတှကေ တနျခိုးကို ထုတျသုံးပါတယျ။ အခုလို ခြကေငြျကွှရခွငျးကလညျး အကွောငျး ရှိနပွေနျတယျ။ လမျးခရီးမှာ ကုသိနာရုံကနေ ပါဝါ ပွညျကို လာနတေဲ့ ပုက်ကုသဆိုတဲ့ မလ်လာမငျးသားနဲ့ တှေ့ရအုံးမယျ။ ပက်ကုသက ဗုဒ်ဓဘာသာ မဟုတျဘူး။ သာသ နာပ ကိုးကှယျသူပေါ့။ လမျးခရီးမှာ မွတျစှာဘုရား ပငျပနျးလို့ အပငျရိပျအောကျမှာ နားနတော ကို ပုက်ကုသ က မွငျပွီး ဘုရားရှငျကို လာဖူးတယျ။ ဘုရားရှငျကို စကားအနညျးငယျလြောကျလို့ အမေးအဖွပွေု တယျ။ ဘုရား ရှငျက သူ့မေးခှနျးကို ပွနျဖွပွေီး တရားဟော လိုကျတဲ့အခါမှ ဘုရားရှငျကို အလှနျကွညျညိုသှားပွီး သရဏဂုံ တညျသှားတယျ။ ဘုရားရှငျနဲ့ အရှငျအာနန်ဒာကိုလညျး သူ့ရဲ့ မှနျမွတျတဲ့ အဝတျပုဆိုး လှုခှငျ့ရ သှားခဲ့တယျ။ ဒီလို လူတဈယောကျ သရဏဂုံ တညျဖို့၊ ဒါန ကုသိုလျပွုခှငျ့ရဖို့အတှကျဆို ဘုရားရှငျက အပငျပနျး ခံတယျ။ ကဲ စဉျးစားကွညျစမျး။ ဟိုး သူမဓော ရှငျရသေ့ဘဝကတညျးက ကိုယျကြိုးစှနျ့ပွီး အမြားအတှကျ အ သကျ သှေး ခြှေးတှေ စတေးပွီး အပငျပနျးခံခဲ့တာဟာ သတ်တဝါတှကေို အလှနျသနားတောျ မူတဲ့ မဟာ ကရုဏာ ကွောငျ့ပဲလေ။ ဒီပုဂ်ဂိုလျမြိုးလို ဘယျသူ အနဈနာခံ ကရုဏာထားနိုငျမှာလဲ။ ဒါကွောငျ့ ဘုရားရှငျကို အတုမရှိ ဘုရားရှငျလို့ ဆိုရတာပေါ့။ ဒီလို ဘုရားမြိုးကို ကိုးကှယျခှငျ့ရဖို့ဆိုတာ ဘယျလောကျခဲ ယဉျးလိုကျသလဲ စဉျး စားကွည့ျနောျ။ ကမ်ဘာ့လူဦးရနေဲ့တှကျကွညျ့။ သရဏျဂုံတညျတဲ့သူ က တကယျ့နညျးနညျး လေးရယျ။ ကမ်ဘာမှာ နိုငျငံပေါငျး မြားစှာရှိတာမှာမှ ထရေဝါဒ ငါးနိုငျငံ ပဲ ရှိတယျ။ မွနျမာ၊ ထိုငျ၊ သီရိလငျ်ကာ၊ လာအို၊ ကမ်ဘောဒီးယား တို့ဖွဈတယျ။ အဲဒီငါးနိုငျငံမှာမှ မွနျမာနိုငျငံက ဦးဆောငျနိုငျငံ။ သာသနာ အပှငျ့လငျး ဆုံးနိုငျငံပဲ ဖွဈတယျ။ ဒီလို ဒုလ်လတရားနဲ့ကွုံနတော ဦးဇငျးတို့ ဘယျလောကျကံကောငျးလိုကျသလို။ ကိုယျဘာသာရဲ့ တနျဖိုးကိုခံစားမိမှ ကိုယျကံကောငျးတာကို သိမှာ။ နို့မို့ဆိုရငျ မိရိုးဖလာ ဗုဒ်ဓဘာသာ ပဲဖွဈနတေယျ။ ဤအိမျသညျ ဗုဒ်ဓဘာသာအိမျ ဖွဈသညျဆိုတဲ့ ဆိုငျးဘုတျဆှဲ ဗုဒ်ဓဘာသာ အဆငျ့ပဲ ဖွဈနရေငျ ဦးဇငျးနဲ့ ဘုရားနဲ့ တှေ့ရတာ တနျပါ့မလား။ ဘုရားဟာ သူ့ဘာသာတရားကငြျ့တယျ၊ ဘုရားဖွဈလာတယျ၊ နောကျပွီး ပရိနိဗ်ဗာနျစံသှားတယျဆိုရငျ ဦးဇငျးတို့အနနေဲ့ ဘုရားကို ကိုးကှယျဖို့ လိုပါ့မလား။ မလိုပါဘူး။ ဘာတရားမှ မဟောရငျ ကိုးကှယျရကောငျးမှနျး လညျး သိမှာမဟုတျဘူး။ ကိုယျ့အပေါျ ဘာကြေးဇူးမှ မရှိလို့ ကိုးကှယျဖို့လညျး မလိုဘူး။ ဘာပူဇောျမှုမှလညျး လုပျနစေရာ မလိုဘူးပေါ့။ အခုတော့ ဘုရားရှငျက ဦးဇငျးတို့အတှကျ အနဈနာခံ ပါရမီဖွညျ့တယျ။ ဘုရားဖွဈလာတော့လညျး နောကျဆုံး ပရိနိဗ်ဗာနျစံသညျအထိ ဦးဇငျးတို့အတှကျ တရားတှဟေောပွီး အပငျပနျးထပျခံပွနျတယျ။ ဘုရား ပှငျ့လာလို့ တရားဆိုတာ နာခှငျ့ရတယျ။ နာခှငျ့ရလို့ လကျတှေ့ ဘဝမှာ ကုသိုလျအကုသိုလျဆိုတာကို ခှဲခွားသိပွီး အေးခမြျးအောငျ နတေတျလာတယျ။ အခြို့ သရဏဂုံတညျတယျ၊ အခြို့ အောကျအရိယာတှေ ဖွဈတယျ။ အခြို့ဆို သံသရာ ဝဋျက အပွီးလှတျခဲ့ကွတယျ။ ဒါကွောငျ့ တရားတောျဟာလညျး အလှနျကြေး ဇူးမြားတဲ့ ရတနာလို့ ဆိုရတယျ။ ဘုရားပရိနိဗ်ဗာနျ စံသှားတော့ တရားတောျတှကေို သံဃာတှကေ လကျဆငျ့ကမျး သယျခဲ့၊ ဟော ခဲ့ပွနျတယျ။ တရားနာရလို့သာ ဦးဇငျးတို့က ဘုရားကို ဘုရားမှနျးသိတာ မဟုတျဘူးလား။ ဟုတျတယျနောျ။ ဘု ရား ရှငျလကျထကျက ဝက်ကလိမထရျေဆိုတာရှိတယျ။ သူက ဘုရားရဲ့ တငျ့တယျတဲ့ ပုံကို တစိမျ့စိမျ့နဲ့ ကွညျ့မဝ ရှုမဝ ဖွဈနတေယျ။ ဘုရားနောကျက တောကျလြောကျလိုကျပွီး ဘုရားကို အမွဲတမျးကွည့ျ နတောပဲ။ ဘာတ ရားမှ မကငြျ့ဘဲ ဘုရားကိုပဲ အမွဲကွည့ျနတော။ ဒီတော့ ဘုရားရှငျက “ဒီအပုပျကောငျ ခန်ဓာကွီးကို ကွညျ့နလေို့ ဘာထူးမှာလဲ၊ ဘုရားကိုမွငျတယျဆိုတာက တရားကို မွငျမှ ဖွဈတာ။ တရားကိုမွငျမှ တရားကိုမွငျတာ၊ ဒီအ တိုငျး မကြျစိ နဲ့ ဘုရားကိုကွညျ့နရေုံနဲ့ ဘုရားကိုမွငျတယျလို့ မဆိုရဘူး” တဲ့။ ဟုတျတယျလေ။ အခု ဘုရားစငျပေါျကရုပျပှားတောျကို မကြျစိရှိတဲ့လူတိုငျး မွငျနရေတာပဲ၊ ရှှတေိဂုံတို့ ဆူးလဘေုရားတို့ဆိုရငျလညျး ဘာသာခွားကအစ လူတိုငျး မွငျနတောပဲ မဟုတျလား။ ဒါမြိုးမွငျတာကို ဘုရား ကိုမွငျတယျလို့ မဆိုရဘူး။ ဘုရားဟောထားတဲ့ တရားတှကွေားနာရမှ “သွောျ ကိလသော ကုနျစငျပွီး အေးခမြျး နတေဲ့ မွတျစှာဘုရားပါလား၊ လူနတျသတ်တဝါတှအေတှကျ အနဈနာခံခဲ့တဲ့ ဘုရားပါလား” ဆိုပွီး ဘုရားရှငျရဲ့ ဂုဏျတောျတှကေို မွငျမှ ဘုရားကိုမွငျတယျလို့ ဆိုရတယျ။ ဂုဏျတောျကို မွငျဖို့ဆိုတာလညျး ဂုဏျတောျတှေ အကွောငျး စာဖတျထားလို့ မွငျတာမြိုးကို ဆိုလိုတာ မဟုတျပွနျဘူး။ စာကတော့ စာဖတျတတျတဲ့ ဘယျသူမဆို ဖတျရငျ သိမှာပဲလေ။ ဒါပမေယျ့ စာသိပဲ ဖွဈပွီး ခံစားသိမဟုတျတော့ ဗုဒ်ဓဘာသာ ဖွဈမလာကွဘူး။ ဒါဆို ဂုဏျတောျကို စာသိသိနရေုံနဲ့လညျး ဘုရားကိုမွငျတယျလို့ မဆိုရဘူး။ ဂုဏျတောျတှကေို နကျနကျရှိုငျးရှိုငျး ကိုယျတိုငျခံစားမိမှ ဘုရားကိုမွငျလိမျ့မယျ။ နကျနကျရှိုငျးရှိုငျး ခံစားမိဖို့ကလညျး ကိုယျတိုငျ တရားအားထုတျ ခွငျးပဲ ရှိတယျ။ အမွငျ့ဆုံး တရားကို မွငျခွငျးပေါ့။ တရားဆိုတာမှာ ဒါနတရား၊ သီလတရား၊ ဘာဝနာတရား အားလုံးကို ဆိုလိုပါတယျ။ ဒီတရားကို လူတိုငျးအားထုတျ နိုငျရဲ့လား။ ဘာသာခွားထား၊ ကိုယျ့ဗုဒ်ဓ ဘာသာ ထဲမှာတောငျ တရားအားထုတျသူက အလှနျနညျးတယျ။ ဒါကွောငျ့ တရားဟာလညျး ရှားပါးပွီး ကွုံရခဲတဲ့ ဒုလ်လ ဘတရား ရတနာ တရားဖွဈတယျ။ ရှေးမထရျေကွီးမြားရဲ့ ကြေးဇူးကွောငျ့ ဦးဇငျးတို့ခုလို တရားတှေ သိခှငျ့ရခဲ့တယျ။ ဒါကွောငျ့ သံဃာ တောျတှကေို ကြေးဇူးရှငျအဖွဈ ပူဇောျနကွေတာဖွဈတယျ။ ဒီသာသနာကို သံဃာတှကေို အေးအေးလူလူ သယျဆောငျလာရတာမဟုတျဘူး။ အိန်ဒိယမှာ သာနာ အားနညျးလာပွီး သီဟိုမှာ သာသနာထှနျးကားလာစဉျမှာ ကြေးကုလား သူပုနျဘေးဆိုတာ ဖွဈတယျ။ ရဟနျးတှကေို သတျဖွတျတယျ။ ရဟနျးဦးခေါငျးတဈလုံး ဖွတျနိုငျရငျ ဆုငှတေဈထောငျတောငျ ပေးတဲ့အထိ ဖွဈခဲ့တယျ။ ရဟနျးတှေ နယျစှနျနယျဖြာ ပွေးခဲ့ရတယျ။ အခြို့က အိန်ဒိယ ပွနျပွေးကွတယျ။ သီဟိုမှာ ကနြျခဲ့တဲ့ ရဟနျးတှဟော ဆှမျးမစားရဘဲ အငတျငတျအပွတျပွတျ ဖွဈခဲ့တယျ။ ၁၂ လောကျကွာတယျ။ အဲဒီအခြိနျမှာ ဗုဒ်ဓတရားတှကေို စာပအေဖွဈ မှတျတမျးမတငျရသေးဘူး။ အစဉျအဆကျ နှုတျတိုကျခပြွီး လကျဆငျ့ကမျး သယျခဲ့တုနျးပဲ ရှိသေးတယျ။ သူပုနျဘေးဖွဈတော့ အစာမစားရတဲ့ ရဟနျးတောျတှဟော ဗိုကျထဲ အစာမရှိလို့ ရစေိုစိုသဲပွငျမှာ ဝမျးလြားမှောကျတဲ့သူကမှောကျ၊ သဲကိုရစှေတျပီး ဗိုကျပေါျတငျတဲ့သူက တငျပွီး ဘုရား တရား တောျတှေ မမေ့ပြောကျရလအေောငျ ရှတျဆိုနကွေရှာတယျ။ အာဟာရပွတျနတေော့ အားအငျမရှိဘဲ အသံ မထှကျတထှကျ ရှတျဆိုနရေတာမြိုး နမှောပေါ့။ သူပုနျဘေးငွိမျးလို့ ဝဋ်ဋဂါမဏိမငျး နနျးတကျလာမှ ရဟနျးတှေ မွို့ပွနျကပျခှင့ျရတယျ။ အဲဒီအခါမှာမှ ထှကျပွေးသှားတဲ့ ရဟနျးတှပွေနျစုပွီး မိမိနှုတျတကျဆောငျထားတဲ့ တရားနဲ့ အခွားသူ နှုတျတကျဆောငျ ထားတဲ့တရား တူမတူ ပွနျတိုကျဆိုငျ ကွညျ့ကွရတယျ။ နောကျဒါမြိုးကွုံရငျ ဘုရားဟောတရားတှေ ပြောကျ သှားနိုငျတဲ့အတှကျ တရားတောျတှကေို တိုကျဆိုငျအတညျပွုပွီး စတုတ်ထသငျ်ဂါယနာတငျကာ တရားတောျတှကေို ပထေကျ အက်ခရာကို တငျခဲ့ကွတာဖွဈတယျ။ ပိဋကတျတှကေို ပထေကျအက်ခရာတငျတာဟာ အဲဒီစတုတ်ထ သငျ်ဂါယနာမှာမှ ဖွဈတယျ။ သငျ်ဂါယနာတငျတယျဆိုတာ ပိဋကတျတှကေို စုပေါငျးရှတျဆို အတညျပွုတာပဲ ဖွဈတယျ။ ဒါကွောငျ့ သံဃာတှရေဲ့ ကြေးဇူးဟာကွီးမားလှနျးလို့ ဗုဒ်ဓဘာသာဝငျတှကေ အမွတျတနိုး လှူဒါနျးပူ ဇောျနကွေတာဖွဈတယျ။ တှေးကွညျ့လေ။ ခုခတျေကိုရငျလေးတှကေိုပဲ။ ၉ နှဈ ၁၀ နှဈသားကိုရငျလေးတှေ။ ဒီအရှယျဟာ မိဘရငျခှငျမှာ အေးအေးခမြျးခမြျး နရေမယျ့အရှယျ။ ခုတော့့ မိဘနဲ့ခှဲနပွေီး ကိုယျ့ထမငျးကို ရှာစားလို့ ဗုဒ်ဓစာပေ တှကေို သငျယူနကွေရတယျ။ ဒီလို ကိုရငျလေးတှကေ ဗုဒ်ဓစာပကေို သငျယူတတျမွောကျလာပွီးမှ ဆရာ တောျကွီး တှဖွေဈလာကွတာ။ သူတို့ကမှ ဒကာ ဒကာမတှကေို ဟောပွောခွငျး၊ နောကျနောကျ တပညျ့ကိုရငျ တှမှေေး ထုတျပွီး သာသာနာကို လကျဆငျ့ကမျးခဲ့့ကွတာ။ ဒါကွောငျ သာသနာမှာ ကိုရငျလေးတှေ ကအစ တောျတောျ လေးကို ကြေးဇူးရှိပါတယျ။ ဒါကွောငျ သံဃာကို ရတနာ တဈပါးလို့ အမွတျတနိုး တနျဖိုထားတာပေါ့။ သံဃာဆိုတာမှာ ကိုရငျကအ စ ဆရာတောျကွီးအထိ အားလုံးပါတယျ။ အရှငျပညာသီရိ(ရမ်မာကြှနျး) ဆကျရနျ....
via အလင်းရောင် ဓမ္မ https://ift.tt/2pE3wXy
Newer Post
Older Post
Home