Monday, October 21, 2019

မစိုးရိမ်ဆရာတော်ကြီး၏စိတ်ဓာတ်အကြောင်း အရှက်တရားလေး တစ်ခုကြောင့် လူမထွက်ဖြစ်ခဲ့တဲ့ စာတတ်အကျော် ထိပ်တန်း ဆရာတော်ကြီး။ ---------------------------------------------- လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်လောက်က ကမ္ဘာကျော် မစိုးရိမ်တိုက်ကြီးကို ဦးစီးပြီး သာသနာ့ထိပ်တန်း ပုဂ္ဂိုလ်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာ ဆရာတော် ဦးသူရိယ ပါ။ ပထမကျော်အောင်မြင်လို့ အင်္ဂလိပ်အရေးပိုင်က ပထမဆုံး အောင်လက်မှတ် ဆက်ကပ်ခဲ့တာလည်း ဆရာတော် ဦးသူရိယပါ။ အရမ်းခက်ခဲတဲ့ သကျသီဟစာမေးပွဲကြီးရဲ့ စာသင်တန်းကို ရဟန်းဝါ မရမီမှာ ပထမဆုံး အောင်မြင်ခဲ့တာလည်း ဆရာတော် ဦးသူရိယပါ။ ဥရောပ ဗုဒ္ဓဘာသာအသင်းကြီးရဲ့ တောင်းပန်မှုကြောင့် ပါဠိအဘိဓာန်ကြီး တည်းဖြတ် ထုတ်ဝေဖို့ရာ စီစဉ်တော့ လယ်တီဆရာတော်ကြီး အထူး အားကိုးခဲ့တာကလည်း စာတတ်အကျော် ဆရာတော် ဦးသူရိယပါ။ မြန်မာပြည်ရဲ့ ပထမဆုံး တိပိဋကဓရ ဖြစ်တော်မူတဲ့ မင်းကွန်းဆရာတော်ကြီးကို စစ်အတွင်းမှာ ပဋ္ဌာန်းစာဝါ ချပေးခဲ့တာလည်း ဆရာတော် ဦးသူရိယပါ။ ကျမ်းအိပ်ခေါ်တဲ့ နိကာယ်ကျမ်းတွေကို စာသင်သားများ သင်ယူလာစေဖို့အတွက် နိကာယ်စာမေးပွဲကို ပထမဆုံး ကျင်းပနိုင်အောင် စီမံပေးတာကလည်း ဆရာတော် ဦးသူရိယပါ။ ရှေးမြန်မာမင်းများ လက်ထက်မှ စ၍ ပထမပြန်စာမေးပွဲ တစ်ခုတည်းကိုသာ အစဉ်တစိုက် ကျင်းပလာရာကနေ ဓမ္မာစရိယတန်းကို ထည့်သွင်းပြီး ကျင်းပပေးဖို့ အဆိုတင်သွင်းပြီး စည်းမျဉ်းနဲ့ ပြဋ္ဌာန်းကျမ်းစာ စသည်တို့ကို ပထမဆုံး စီမံပေးခဲ့တာလည်း ဆရာတော် ဦးသူရိယပါ။ ဆဋ္ဌသင်္ဂါယနာ တင်နေတဲ့ကာလအတွင်း ဥက္ကဋ္ဌဖြစ်တဲ့ ညောင်ရမ်းဆရာတော် ပျံတော်မူသွားလို့ ဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း အရွေးချယ်ခံရတာလည်း ဆရာတော် ဦးသူရိယပါ။ လွတ်လပ်ရေး ရပြီးနောက် ကိုယ့်မင်းကိုယ့်ချင်း လက်ထက်မှာ အလွန် အရှိန်အဝါကြီးတဲ့ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ပထမဦးဆုံးနဲ့ တစ်ပါးတည်း ဆပ်ကပ်ခံရတာလည်း ဆရာတော် ဦးသူရိယပါ။ အလွန်ခက်ခဲတဲ့ အဘိဓမ္မာ အရကောက်ကျမ်းတွေကို နောက်ဆုံး တည်းဖြတ် သုတ်သင်ကာ အာစရိယဝါဒကို ဖော်ထုတ်ပြီး အရကောက်သစ်ကျမ်းတွေကို ပြုစုနိုင်ခဲ့တာလည်း ဆရာတော် ဦးသူရိယပါ။ ပါဠိတက္ကသိုလ်ခေတ်မှာ အစိုးရက စာသင်တိုက်တွေကို ထောက်ပံ့ကြေးပေးတော့ ခေတ်မီမီ သန့်ရှင်းရေးဝန်ထမ်း ခန့်ထားချင်တဲ့ စာချဆရာတော်တွေကို "သန့်ရှင်းရေးဝန်ထမ်း ခန့်မယ်ဆို ကိုယ့်ကို ခန့်လေ တစ်လ ဘယ်လောက် ပေးမလဲ"ဟု မေးကာ ဘုရားရှင် ချမှတ်ခဲ့တဲ့ သေနာသနဝတ်ကို မဖောက်ဖျက်ဘဲ ကိုယ်တိုင် ဖြည့်ကျင့်ကြရန် ဆုံးမတော်မူခဲ့တာလည်း ဆရာတော် ဦးသူရိယပါ။ ပင်မ မစိုးရိမ်တိုက်ကြီးရဲ့ အဓိပတိအဖြစ်ကနေ နှုတ်ထွက်ပြီး အေးအေးလူလူ အနားယူဖို့အတွက် ကျောင်းမြေနေရာ ရှာ။ နေရာရတော့ ကျောင်းဆောင်လေး ဆောက်ပြီး နေထိုင်ရာကနေ တဖြည်းဖြည်းနဲ့ ကျောင်းနဲ့ သံဃာများလာလို့ တိုက်ဟောင်းက စာချဆရာတော်တွေကို ခေါ်ပြီး စာချခိုင်းရာကနေ မစိုးရိမ်တိုက်သစ်ဆိုပြီး နောက်ထပ် စာသင်တိုက်ကြီးတစ်ခု ထပ်မံ ပေါ်ပေါက်လာတဲ့အထိ အရှိန်အဝါ ကြီးခဲ့တာလည်း ဆရာတော် ဦးသူရိယပါ။ အရှိန်အဝါ ကြီးပေမယ့် သကျသီဟအသင်းကြီးရဲ့ ဆွမ်းကပ်တစ်ခုမှာ နောက်ကျနေလို့ သံဃာတွေရဲ့ ဘိတ်ဆုံး စားပွဲမှာထိုင်ပြီး ဆွမ်းဘုဉ်းပေးကာ အသင်းလူကြီးတွေအပေါ် ငြူစူနေတဲ့ တပည့်ကို ဆိုဆုံးမပြီး ထပြန်သွားခဲ့တာလည်း ဆရာတော် ဦးသူရိယပါ။ တိုက်တာ သံဃာ့ပရိသတ် လာဘ်လာဘနဲ့ ဂုဏ်အရှိန်အဝါကို စွဲလန်းမှု မရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် ခါချနိုင်ခဲ့တာလည်း ဆရာတော် ဦးသူရိယပါ။ အထက်ပါ အချက်တွေအပြင် ပြောလို့တောင် မဆုံးနိုင်တဲ့ ဂုဏ်အရှိန်အဝါတွေ အလွန် များပြားလှတဲ့ ဆရာတော် ဦးသူရိယဟာ ငယ်စဉ်အခါ မန္တလေးမှာ နေတုန်းက ဆွမ်းနဲ့ ရောစားဖို့ရာ ဟင်းမရတဲ့အတွက် မြို့ဝန်အိမ်က အစည်းလိုက်လောင်းတဲ့ ချဉ်ပေါင်ရွက်စိမ်းကို ဆားနဲ့ မြှုပ်စားကာ စာပေတွေကို သင်ယူခဲ့ရတာပါ။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ လျှောက်ထားမှုကြောင့် သံဃာတွေကို သြဝါဒပေးတော့ "အခုခေတ်သံဃာများ စားပါလေ့ နှမ်းဖတ်ချဉ် စားပါလေ့ ပဲပြုတ်" ဆိုပြီး နှမ်းဖတ်ချဉ်နဲ့ ပဲပြုတ်ကို ဟင်းကောင်းအဖြစ် မိန့်ကြားတော်မူသွားခဲ့ပါတယ်။ ဆရာတော် ဦးသူရိယဟာ စာတတ်အကျော် ရဟန်းတော် ဖြစ်နေပေမယ့် အများသူငါလိုဘဲ ငယ်ငယ်တုန်းက နှလုံးသား ရေးရာကို စိတ်ဝင်စားမိခဲ့ဖူးပါတယ်။ ရွာက မိန်းကလေး တစ်ယောက်ကို တိတ်တိတ် စွဲလမ်းနေမိခဲ့တယ်လို့ ဆိုပါတယ်။ တိတ်တခိုး စွဲလမ်းနေတဲ့အတွက် လူထွက်ဖို့အထိ စီစဉ် ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမယ့် မထင်မှတ်တဲ့ ဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ဆရာတော် ဦးသူရိယကို ရဟန်းခံပေးထားတာက သားသမီး မထွန်းကားတဲ့ မန္တလေးက သူဌေးဇနီးမောင်နှံ နှစ်ယောက်ပါ။ သားသမီး မထွန်းကားတဲ့ အတွက် လက်တို လက်တောင်း ခိုင်းဖို့ မိန်းမဘက်ကတော်တဲ့ တူမ တစ်ယောက်ကို အိမ်မှာ ခေါ်ထားပါတယ်တဲ့။ အနေကြာလာတော့ ခင်ပွန်းဖြစ်သူနဲ့ တူမဖြစ်သူတို့ ငြိကြပြီး ခိုးပြေးတယ်လို့ ဆိုပါတယ်။ နောက်တော့ လင်မယား ကွာရှင်းကြပြီး အမွေခွဲတဲ့အခါ ယောက်ျားဘက်က မှားတဲ့အတွက် အနည်းအကျဉ်းသာ ရပြီး မ်ိန်းမဖြစ်သူက မှန်တဲ့အတွက် အတော်များများ ရပါတယ်တဲ့။ ဆရာတော် ဦးသူရိယရဲ့ ရဟန်းအမကြီးဟာ မိမိအတွက် ရရှိထားတဲ့ အိမ်အပါအဝင် စည်းစိမ်ဥစ္စာ အားလုံးကို မသေခင်မှာ စာချုပ် စာတမ်းနှင့်တကွ ဆရာတော် ဦးသူရိယအတွက် လွှဲအပ်ခဲ့ပါတယ်တဲ့။ ဒီလို လွှဲအပ်ခဲ့တာကို ဆရာတော် ဦးသူရိယဟာ လုံးဝ မသိခဲ့ပါဘူး။ အိမ်ကိစ္စအတွက် စည်ပင်က ဆင့်ခေါ်တဲ့ အခါကြမှ ရဟန်းအမကြီးက စည်းစိမ်အားလုံးကို လွှဲအပ်ခဲ့မှန်း သိရပါတော့တယ်တဲ့။ ဒီအကြောင်းကို သိရတော့ ဆရာတော် ဦးသူရိယဟာ လူထွက်မယ့်အကြံကို လုံးဝ စွန့်လွှတ်လိုက်ပါတော့တယ်တဲ့။ အကြောင်းကတော့ - " ဦးသူရိယကြီးတို့ လူထွက်နိုင်တာပေါ့ကွာ ရဟန်းအမကြီးက အမွေတွေ ပေးခဲ့တာ နည်းတာမှ မဟုတ်ဘဲ" လို့ အများတကာက ပြောဆိုကြမှာကို မခံချင်လို့ပါတဲ့။ ဒီနေရာမှာ ဆရာတော်ရဲ့ စိတ်ဓာတ်ဟာ လေးစားစရာ ကောင်းသလို ပြတ်သားလှတဲ့ ရဟန်းအမကြီးရဲ့ စိတ်ဓာတ်ဟာလည်း ချီးကျူးစရာ ကောင်းပါတယ်။ ရဟန်းအမကြီးသာ စည်းစိမ် ဥစ္စာတွေကို မလွှဲအပ်ခဲ့ဘူးဆိုရင် ဆရာတော် ဦးသူရိယ အနေနဲ့ လူထွက်ဖြစ်မှာ ကျိန်းသေပါတယ်။ အခုလို အများပြောမှာကို ရှက်ကြောက်စိတ် ဝင်သွားပြီး လူမထွက်ဖြစ်တော့တဲ့ အတွက် နောင်တစ်ချိန်ရောက်တော့ သာသနာအတွက်သာမက မြန်မာနိုင်ငံအတွက်ပါ ဂုဏ်တင့်စေတဲ့ ကျမ်းတတ်အကျော် ဆရာတော် တစ်ပါးအဖြစ် ပေါ်ထွက်လာစေခဲ့ပါတယ်။ လူမထွက်ဖြစ်တော့တဲ့ အကြောင်းတရားထဲမှာ ဒီလို အကြောင်းတရားကတော့ အတော်လေးကို ရှားတယ်လို့ ပြောရပါလိမ့်မယ်။ ဆရာတော်ဟာ နောက်ပိုင်းမှာတော့ စာချတဲ့ အလုပ်ထဲမှာဘဲ စိတ်နှစ်ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်ကြာမြင့်စွာ ဆောင်ရွက်ရင်း သက်တော် ကိုးဆယ့်ခြောက်နှစ်မှာ တစ်ဘဝ ဇာတ်သိမ်း၍ ချုပ်ငြိမ်းတော်မူခဲ့ပါတယ်။ ဆရာတော် မရှိတော့ပေမယ့် ဆရာတော် ဦးစီးပြီး ရေးဆွဲထားတဲ့ မစိုးရိမ် စာသင်တိုက်ကြီးရဲ့ စာသင်နည်းနှင့် စည်းကမ်းဟာ အခုချိန်ထိ ခေတ်မီနေပြီး စည်းလုံးမှု ရှိခြင်း စာသင်နည်းစနစ် ကောင်းမွန်ခြင်း ခွဲခြားမှု မရှိခြင်း အောင်မြင်ချက် မြင့်မားခြင်း အတန်းစုံ စာချပုဂ္ဂိုလ် အလုံအလောက်ရှိခြင်း စာချဆရာတော် အားလုံးဟာလည်း သကျသီဟစာမေးပွဲအောင် ပုဂ္ဂိုလ်များသာဖြစ်ခြင်း စတာတွေကြောင့် စာသင်သားသံဃာ နှစ်ထောင့်လေးရာကျော် ပညာသင်ကြားနေတဲ့ ကမ္ဘာကျော် စာသင်တိုက်ကြီးအဖြစ် ယနေ့အထိ ရပ်တည်နေတုန်းပါဘဲ။ မြန်မာပြည်ရဲ့ မြို့တိုင်း ရွာတိုင်း အနှံ့မှာ သီတင်းသုံး နေထိုင်ကြတဲ့ သံဃာတွေကို မေးကြည့်ရင် မစိုးရိမ် စာသင်သားက အများဆုံး ဖြစ်နေပါလိမ့်မယ်။ မြန်မာနိုင်ငံ အရပ်ရပ်က စာသင်သားတွေ အစုံရှိနေတဲ့အတွက် တိုင်းရင်းသား သံဃတက္ကသိုလ်လို့တောင် ခေါ်ဆိုလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို စာသင်တိုက်မျိုးဟာ မစိုးရိမ်တိုက် တစ်ခုတည်းသာ ရှိပါတယ်။ ဒီလိုစာသင်တိုက်ကြီး ဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့သူကတော့ အရှက်တရားလေး တစ်ခုကြောင့် လူမထွက်ဖြစ်ခဲ့တဲ့ ကျမ်းတတ်အကျော် မစိုးရိမ်ဆရာတော် ဦးသူရိယာဘိဝံသဘဲ ဖြစ်ပါကြောင်း နှောင်းလူတို့ သိနိုင်စေဖို့ ဆရာတော့်အကြောင်းကို အနည်းငယ်တင်ပြရင်း ဆရာတော်၏ဂုဏ်ကို ရိုသေစွာ အာရုံပြုကာ ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။ ပန်ကြားချက်။ မိမိသည် မစိုးရိမ် စာသင်သား မဟုတ်ပါ။ ဆရာတော်ကို ကြည်ညိုသဖြင့်သာ ရေးသားခြင်း ဖြစ်ပါသည်။ ထိုသို့ ရေးသားရာ၌ အများသိလွယ်စေရန် ဆရာတော် ဦးသူရိယ ဟု သုံးနှုံးခြင်းကို ဗွေမယူကြရန် ပန်ကြားအပ်ပါသည်။ အမှန်တစ်ကယ် အသုံးပြူရမည်မှာ ဆရာတော် ဘဒ္ဒန္တ သူရိယာဘိဝံသ အဘိဓဇမဟာရဋ္ဌဂုရု ဆဋ္ဌသင်္ဂိတိ ဥက္ကဋ္ဌ စသည်ဖြင့် သုံးနှုံးရမည် ဖြစ်ပါသည်။ ယနေ့ခေတ် လူငယ်များပင် ထား၍ မိမိတို့ပင် မမှီလိုက်သော ဆရာတော်အကြောင်းကို ရေးသားရာ၌ လိုအပ်ချက်များအပြင် အမှားအယွင်းလည်း အနည်းအငယ် ရှိနိုင်ပါသည်။ အကျယ်တဝင့် သိလိုပါက မစိုးရိမ် အနှစ် ၁၀၀ ပြည့် စာအုပ်ကို ရှာဖတ်ကြရန် လမ်းညွှန်ပါသည်။ မိမိလည်း ဖတ်ဖူးရုံသာ ရှိပါသည် စာအုပ်မရှိပါ။ ရောင်းမည့်သူများရှိပါက ရရှိလိုပါသည်။ ဦးနန္ဒိမာ မြစ်ကြီးနားမြို့ အရှကျတရားလေး တဈခုကွောငျ့ လူမထှကျဖွဈခဲ့တဲ့ စာတတျအကြောျ ထိပျတနျး ဆရာတောျကွီး။ ---------------------------------------------- လှနျခဲ့သော နှဈပေါငျး တဈရာကြောျလောကျက ကမ်ဘာကြောျ မစိုးရိမျတိုကျကွီးကို ဦးစီးပွီး သာသနာ့ထိပျတနျး ပုဂ်ဂိုလျတှကေို မှေးထုတျပေးနိုငျခဲ့တာ ဆရာတောျ ဦးသူရိယ ပါ။ ပထမကြောျအောငျမွငျလို့ အငျ်ဂလိပျအရေးပိုငျက ပထမဆုံး အောငျလကျမှတျ ဆကျကပျခဲ့တာလညျး ဆရာတောျ ဦးသူရိယပါ။ အရမျးခကျခဲတဲ့ သကသြီဟစာမေးပှဲကွီးရဲ့ စာသငျတနျးကို ရဟနျးဝါ မရမီမှာ ပထမဆုံး အောငျမွငျခဲ့တာလညျး ဆရာတောျ ဦးသူရိယပါ။ ဥရောပ ဗုဒ်ဓဘာသာအသငျးကွီးရဲ့ တောငျးပနျမှုကွောငျ့ ပါဠိအဘိဓာနျကွီး တညျးဖွတျ ထုတျဝဖေို့ရာ စီစဉျတော့ လယျတီဆရာတောျကွီး အထူး အားကိုးခဲ့တာကလညျး စာတတျအကြောျ ဆရာတောျ ဦးသူရိယပါ။ မွနျမာပွညျရဲ့ ပထမဆုံး တိပိဋကဓရ ဖွဈတောျမူတဲ့ မငျးကှနျးဆရာတောျကွီးကို စဈအတှငျးမှာ ပဋ်ဌာနျးစာဝါ ခပြေးခဲ့တာလညျး ဆရာတောျ ဦးသူရိယပါ။ ကမြျးအိပျခေါျတဲ့ နိကာယျကမြျးတှကေို စာသငျသားမြား သငျယူလာစဖေို့အတှကျ နိကာယျစာမေးပှဲကို ပထမဆုံး ကငြျးပနိုငျအောငျ စီမံပေးတာကလညျး ဆရာတောျ ဦးသူရိယပါ။ ရှေးမွနျမာမငျးမြား လကျထကျမှ စ၍ ပထမပွနျစာမေးပှဲ တဈခုတညျးကိုသာ အစဉျတစိုကျ ကငြျးပလာရာကနေ ဓမ်မာစရိယတနျးကို ထညျ့သှငျးပွီး ကငြျးပပေးဖို့ အဆိုတငျသှငျးပွီး စညျးမဉြျးနဲ့ ပွဋ်ဌာနျးကမြျးစာ စသညျတို့ကို ပထမဆုံး စီမံပေးခဲ့တာလညျး ဆရာတောျ ဦးသူရိယပါ။ ဆဋ်ဌသငျ်ဂါယနာ တငျနတေဲ့ကာလအတှငျး ဥက်ကဋ်ဌဖွဈတဲ့ ညောငျရမျးဆရာတောျ ပြံတောျမူသှားလို့ ဥက်ကဋ်ဌအဖွဈ တညီတညှတျတညျး အရှေးခယြျခံရတာလညျး ဆရာတောျ ဦးသူရိယပါ။ လှတျလပျရေး ရပွီးနောကျ ကိုယျ့မငျးကိုယျ့ခငြျး လကျထကျမှာ အလှနျ အရှိနျအဝါကွီးတဲ့ အဘိဓဇမဟာရဋ်ဌဂုရု ဘှဲ့တံဆိပျတောျကို ပထမဦးဆုံးနဲ့ တဈပါးတညျး ဆပျကပျခံရတာလညျး ဆရာတောျ ဦးသူရိယပါ။ အလှနျခကျခဲတဲ့ အဘိဓမ်မာ အရကောကျကမြျးတှကေို နောကျဆုံး တညျးဖွတျ သုတျသငျကာ အာစရိယဝါဒကို ဖောျထုတျပွီး အရကောကျသဈကမြျးတှကေို ပွုစုနိုငျခဲ့တာလညျး ဆရာတောျ ဦးသူရိယပါ။ ပါဠိတက်ကသိုလျခတျေမှာ အစိုးရက စာသငျတိုကျတှကေို ထောကျပံ့ကွေးပေးတော့ ခတျေမီမီ သနျ့ရှငျးရေးဝနျထမျး ခနျ့ထားခငြျတဲ့ စာခဆြရာတောျတှကေို "သနျ့ရှငျးရေးဝနျထမျး ခနျ့မယျဆို ကိုယျ့ကို ခနျ့လေ တဈလ ဘယျလောကျ ပေးမလဲ"ဟု မေးကာ ဘုရားရှငျ ခမြှတျခဲ့တဲ့ သနောသနဝတျကို မဖောကျဖကြျဘဲ ကိုယျတိုငျ ဖွညျ့ကငြျ့ကွရနျ ဆုံးမတောျမူခဲ့တာလညျး ဆရာတောျ ဦးသူရိယပါ။ ပငျမ မစိုးရိမျတိုကျကွီးရဲ့ အဓိပတိအဖွဈကနေ နှုတျထှကျပွီး အေးအေးလူလူ အနားယူဖို့အတှကျ ကြောငျးမွနေရော ရှာ။ နရောရတော့ ကြောငျးဆောငျလေး ဆောကျပွီး နထေိုငျရာကနေ တဖွညျးဖွညျးနဲ့ ကြောငျးနဲ့ သံဃာမြားလာလို့ တိုကျဟောငျးက စာခဆြရာတောျတှကေို ခေါျပွီး စာခခြိုငျးရာကနေ မစိုးရိမျတိုကျသဈဆိုပွီး နောကျထပျ စာသငျတိုကျကွီးတဈခု ထပျမံ ပေါျပေါကျလာတဲ့အထိ အရှိနျအဝါ ကွီးခဲ့တာလညျး ဆရာတောျ ဦးသူရိယပါ။ အရှိနျအဝါ ကွီးပမေယျ့ သကသြီဟအသငျးကွီးရဲ့ ဆှမျးကပျတဈခုမှာ နောကျကနြလေို့ သံဃာတှရေဲ့ ဘိတျဆုံး စားပှဲမှာထိုငျပွီး ဆှမျးဘုဉျးပေးကာ အသငျးလူကွီးတှအေပေါျ ငွူစူနတေဲ့ တပညျ့ကို ဆိုဆုံးမပွီး ထပွနျသှားခဲ့တာလညျး ဆရာတောျ ဦးသူရိယပါ။ တိုကျတာ သံဃာ့ပရိသတျ လာဘျလာဘနဲ့ ဂုဏျအရှိနျအဝါကို စှဲလနျးမှု မရှိဘဲ လှတျလှတျကြှတျကြှတျ ခါခနြိုငျခဲ့တာလညျး ဆရာတောျ ဦးသူရိယပါ။ အထကျပါ အခကြျတှအေပွငျ ပွောလို့တောငျ မဆုံးနိုငျတဲ့ ဂုဏျအရှိနျအဝါတှေ အလှနျ မြားပွားလှတဲ့ ဆရာတောျ ဦးသူရိယဟာ ငယျစဉျအခါ မန်တလေးမှာ နတေုနျးက ဆှမျးနဲ့ ရောစားဖို့ရာ ဟငျးမရတဲ့အတှကျ မွို့ဝနျအိမျက အစညျးလိုကျလောငျးတဲ့ ခဉြျပေါငျရှကျစိမျးကို ဆားနဲ့ မွှုပျစားကာ စာပတှေကေို သငျယူခဲ့ရတာပါ။ မဟာဂန်ဓာရုံဆရာတောျ အရှငျဇနကာဘိဝံသရဲ့ လြှောကျထားမှုကွောငျ့ သံဃာတှကေို သွဝါဒပေးတော့ "အခုခတျေသံဃာမြား စားပါလေ့ နှမျးဖတျခဉြျ စားပါလေ့ ပဲပွုတျ" ဆိုပွီး နှမျးဖတျခဉြျနဲ့ ပဲပွုတျကို ဟငျးကောငျးအဖွဈ မိနျ့ကွားတောျမူသှားခဲ့ပါတယျ။ ဆရာတောျ ဦးသူရိယဟာ စာတတျအကြောျ ရဟနျးတောျ ဖွဈနပေမေယျ့ အမြားသူငါလိုဘဲ ငယျငယျတုနျးက နှလုံးသား ရေးရာကို စိတျဝငျစားမိခဲ့ဖူးပါတယျ။ ရှာက မိနျးကလေး တဈယောကျကို တိတျတိတျ စှဲလမျးနမေိခဲ့တယျလို့ ဆိုပါတယျ။ တိတျတခိုး စှဲလမျးနတေဲ့အတှကျ လူထှကျဖို့အထိ စီစဉျ ဆုံးဖွတျထားပွီးသားပါ။ ဒါပမေယျ့ မထငျမှတျတဲ့ ဇာတျလမျးက ဖွဈပေါျလာခဲ့ပါတော့တယျ။ ဆရာတောျ ဦးသူရိယကို ရဟနျးခံပေးထားတာက သားသမီး မထှနျးကားတဲ့ မန်တလေးက သူဌေးဇနီးမောငျနှံ နှဈယောကျပါ။ သားသမီး မထှနျးကားတဲ့ အတှကျ လကျတို လကျတောငျး ခိုငျးဖို့ မိနျးမဘကျကတောျတဲ့ တူမ တဈယောကျကို အိမျမှာ ခေါျထားပါတယျတဲ့။ အနကွောလာတော့ ခငျပှနျးဖွဈသူနဲ့ တူမဖွဈသူတို့ ငွိကွပွီး ခိုးပွေးတယျလို့ ဆိုပါတယျ။ နောကျတော့ လငျမယား ကှာရှငျးကွပွီး အမှခှေဲတဲ့အခါ ယောကျြားဘကျက မှားတဲ့အတှကျ အနညျးအကဉြျးသာ ရပွီး မျိနျးမဖွဈသူက မှနျတဲ့အတှကျ အတောျမြားမြား ရပါတယျတဲ့။ ဆရာတောျ ဦးသူရိယရဲ့ ရဟနျးအမကွီးဟာ မိမိအတှကျ ရရှိထားတဲ့ အိမျအပါအဝငျ စညျးစိမျဥစ်စာ အားလုံးကို မသခေငျမှာ စာခြုပျ စာတမျးနှငျ့တကှ ဆရာတောျ ဦးသူရိယအတှကျ လှှဲအပျခဲ့ပါတယျတဲ့။ ဒီလို လှှဲအပျခဲ့တာကို ဆရာတောျ ဦးသူရိယဟာ လုံးဝ မသိခဲ့ပါဘူး။ အိမျကိစ်စအတှကျ စညျပငျက ဆငျ့ခေါျတဲ့ အခါကွမှ ရဟနျးအမကွီးက စညျးစိမျအားလုံးကို လှှဲအပျခဲ့မှနျး သိရပါတော့တယျတဲ့။ ဒီအကွောငျးကို သိရတော့ ဆရာတောျ ဦးသူရိယဟာ လူထှကျမယျ့အကွံကို လုံးဝ စှနျ့လှှတျလိုကျပါတော့တယျတဲ့။ အကွောငျးကတော့ - " ဦးသူရိယကွီးတို့ လူထှကျနိုငျတာပေါ့ကှာ ရဟနျးအမကွီးက အမှတှေေ ပေးခဲ့တာ နညျးတာမှ မဟုတျဘဲ" လို့ အမြားတကာက ပွောဆိုကွမှာကို မခံခငြျလို့ပါတဲ့။ ဒီနရောမှာ ဆရာတောျရဲ့ စိတျဓာတျဟာ လေးစားစရာ ကောငျးသလို ပွတျသားလှတဲ့ ရဟနျးအမကွီးရဲ့ စိတျဓာတျဟာလညျး ခြီးကြူးစရာ ကောငျးပါတယျ။ ရဟနျးအမကွီးသာ စညျးစိမျ ဥစ်စာတှကေို မလှှဲအပျခဲ့ဘူးဆိုရငျ ဆရာတောျ ဦးသူရိယ အနနေဲ့ လူထှကျဖွဈမှာ ကြိနျးသပေါတယျ။ အခုလို အမြားပွောမှာကို ရှကျကွောကျစိတျ ဝငျသှားပွီး လူမထှကျဖွဈတော့တဲ့ အတှကျ နောငျတဈခြိနျရောကျတော့ သာသနာအတှကျသာမက မွနျမာနိုငျငံအတှကျပါ ဂုဏျတငျ့စတေဲ့ ကမြျးတတျအကြောျ ဆရာတောျ တဈပါးအဖွဈ ပေါျထှကျလာစခေဲ့ပါတယျ။ လူမထှကျဖွဈတော့တဲ့ အကွောငျးတရားထဲမှာ ဒီလို အကွောငျးတရားကတော့ အတောျလေးကို ရှားတယျလို့ ပွောရပါလိမျ့မယျ။ ဆရာတောျဟာ နောကျပိုငျးမှာတော့ စာခတြဲ့ အလုပျထဲမှာဘဲ စိတျနှဈကာ သာသနာရေးဆိုငျရာ ကိစ်စရပျမြားကို အခြိနျကွာမွငျ့စှာ ဆောငျရှကျရငျး သကျတောျ ကိုးဆယျ့ခွောကျနှဈမှာ တဈဘဝ ဇာတျသိမျး၍ ခြုပျငွိမျးတောျမူခဲ့ပါတယျ။ ဆရာတောျ မရှိတော့ပမေယျ့ ဆရာတောျ ဦးစီးပွီး ရေးဆှဲထားတဲ့ မစိုးရိမျ စာသငျတိုကျကွီးရဲ့ စာသငျနညျးနှငျ့ စညျးကမျးဟာ အခုခြိနျထိ ခတျေမီနပွေီး စညျးလုံးမှု ရှိခွငျး စာသငျနညျးစနဈ ကောငျးမှနျခွငျး ခှဲခွားမှု မရှိခွငျး အောငျမွငျခကြျ မွငျ့မားခွငျး အတနျးစုံ စာခပြုဂ်ဂိုလျ အလုံအလောကျရှိခွငျး စာခဆြရာတောျ အားလုံးဟာလညျး သကသြီဟစာမေးပှဲအောငျ ပုဂ်ဂိုလျမြားသာဖွဈခွငျး စတာတှကွေောငျ့ စာသငျသားသံဃာ နှဈထောငျ့လေးရာကြောျ ပညာသငျကွားနတေဲ့ ကမ်ဘာကြောျ စာသငျတိုကျကွီးအဖွဈ ယနေ့အထိ ရပျတညျနတေုနျးပါဘဲ။ မွနျမာပွညျရဲ့ မွို့တိုငျး ရှာတိုငျး အနှံ့မှာ သီတငျးသုံး နထေိုငျကွတဲ့ သံဃာတှကေို မေးကွညျ့ရငျ မစိုးရိမျ စာသငျသားက အမြားဆုံး ဖွဈနပေါလိမျ့မယျ။ မွနျမာနိုငျငံ အရပျရပျက စာသငျသားတှေ အစုံရှိနတေဲ့အတှကျ တိုငျးရငျးသား သံဃတက်ကသိုလျလို့တောငျ ခေါျဆိုလို့ ရပါတယျ။ မွနျမာနိုငျငံမှာ ဒီလို စာသငျတိုကျမြိုးဟာ မစိုးရိမျတိုကျ တဈခုတညျးသာ ရှိပါတယျ။ ဒီလိုစာသငျတိုကျကွီး ဖွဈပေါျလာအောငျ ကွိုးပမျးခဲ့သူကတော့ အရှကျတရားလေး တဈခုကွောငျ့ လူမထှကျဖွဈခဲ့တဲ့ ကမြျးတတျအကြောျ မစိုးရိမျဆရာတောျ ဦးသူရိယာဘိဝံသဘဲ ဖွဈပါကွောငျး နှောငျးလူတို့ သိနိုငျစဖေို့ ဆရာတောျ့အကွောငျးကို အနညျးငယျတငျပွရငျး ဆရာတောျ၏ဂုဏျကို ရိုသစှော အာရုံပွုကာ ဤဆောငျးပါးကို အဆုံးသတျလိုကျပါတယျ။ ပနျကွားခကြျ။ မိမိသညျ မစိုးရိမျ စာသငျသား မဟုတျပါ။ ဆရာတောျကို ကွညျညိုသဖွငျ့သာ ရေးသားခွငျး ဖွဈပါသညျ။ ထိုသို့ ရေးသားရာ၌ အမြားသိလှယျစရေနျ ဆရာတောျ ဦးသူရိယ ဟု သုံးနှုံးခွငျးကို ဗှမေယူကွရနျ ပနျကွားအပျပါသညျ။ အမှနျတဈကယျ အသုံးပွူရမညျမှာ ဆရာတောျ ဘဒ်ဒန်တ သူရိယာဘိဝံသ အဘိဓဇမဟာရဋ်ဌဂုရု ဆဋ်ဌသငျ်ဂိတိ ဥက်ကဋ်ဌ စသညျဖွငျ့ သုံးနှုံးရမညျ ဖွဈပါသညျ။ ယနေ့ခတျေ လူငယျမြားပငျ ထား၍ မိမိတို့ပငျ မမှီလိုကျသော ဆရာတောျအကွောငျးကို ရေးသားရာ၌ လိုအပျခကြျမြားအပွငျ အမှားအယှငျးလညျး အနညျးအငယျ ရှိနိုငျပါသညျ။ အကယြျတဝငျ့ သိလိုပါက မစိုးရိမျ အနှဈ ၁၀၀ ပွညျ့ စာအုပျကို ရှာဖတျကွရနျ လမျးညှှနျပါသညျ။ မိမိလညျး ဖတျဖူးရုံသာ ရှိပါသညျ စာအုပျမရှိပါ။ ရောငျးမညျ့သူမြားရှိပါက ရရှိလိုပါသညျ။ ဦးနန်ဒိမာ မွဈကွီးနားမွို့


via အလင်းရောင် ဓမ္မ https://ift.tt/33T4ttT