အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 20, 2019
🌺 တားဆီးမရသော ကံခုနစ်ပါး🌺 =================== (သေချာသိသင့်တာမို့ အစအဆုံး ဖတ်ကြည့်စေချင်) အခြားသော ကံများက တားဆီး၍ မရဘဲ သေပြီးသည်နှင့် ဧကန်မုချအကျိုးပေးမည့် ကံတွေကို ဂရုကကံလို့ ခေါ်ပါတယ်။ အဲဒီ ဂရုကကံတွေကတော့ ကုသိုလ်အရာမှာဆို မဟဂ္ဂုတ်ကုသိုလ်ကံတွေကို ဆိုလိုပါတယ်။ စျာန်ရ သူတော်ကောင်းများဟာ သေသောအခါ အပါယ်ငရဲမကျတော့ဘဲ မိမိတို့ ရသော စျာန်အားလျော်စွာ ဗြဟ္မာ့ဘုံများမှာ ဖြစ်ကြပါတယ်။ အကုသိုလ်အရာမှာတော့ (၆ )မျိုးရှိပါတယ်။ အဲဒါတွေကတော့ ပဉ္စာနန္တရိယကံ ငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိတို့ဘဲ ဖြစ်ပါတယ်။ ပဉ္စာနန္တရိယကံ ငါးပါးဆိုတာကတော့ ၁။ မိခင်အရင်းကို သတ်ခြင်း ၂။ ဖခင်အရင်းကို သတ်ခြင်း မိဘမှန်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သေစေလိုသောစိတ်ဖြင့် သတ်လျှင် အနန္တရိယကံ ထိုက်ပါတော့တယ်။ အခြားသူကို သေစေလိုသောစိတ်ဖြင့် သေနတ်ဖြင့် ပစ်လိုက်လို့ မိဘတွေကို ထိမှန်ပြီး သေရင်လည်း အနန္တရိယကံထိုက်ပါတယ်။ အကယ်၍ မိဘများက တိရိစ္ဆာန်ဖြစ်နေရင် သတ်သည့်အတွက် အနန္တရိယကံမထိုက်သော်လည်း ထိုကံနီးပါးလောက် ဆရာတော်ကြီးများက မိန့်တော်မူပါတယ်။ ယခု ခေတ်အခါမှာ အရက်မူးလို့ ကိုယ့်မိဘအရင်းကို သတ်မိတာမျိုးတွေ ရှိနေတာ သတိပြုသင့်ပါတယ်။ ၃။ ကိလေသာကင်းကွာ ရဟန္တာကို သတ်ခြင်း ရဟန္တာဖြစ်ပြီးသူကို သတ်မှ အနန္တရိယကံ ထိုက်တာမဟုတ်ပါဘူး။ ရဟန္တာမဖြစ်ခင် သတ်ပြီး ရဟန္တာဖြစ်ပြီးမှ သေရင်လည်း အနန္တရိယကံထိုက်ပါတယ်။ ၄။ သက်တော်ထင်ရှား မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုခြင်း ယခုအချိန်မှာ မြတ်စွာဘုရားသက်တော်ထင်ရှား မရှိတော့သည့်အတွက် ဘုရားကို သွေးစိမ်း တည်အောင်ပြုခြင်း ဆိုတဲ့ ကံကတော့ ယခုခေတ်မှာ မဖြစ်နိုင်တော့ပါဘူး။ ၅။ သံဃာအသင်းကွဲအောင် အားထုတ်ခြင်း ဆိုတဲ့ ကံငါးပါးဘဲ ဖြစ်ပါတယ်။ သံဃာအသင်းကွဲအောင် အားထုတ်တယ် ဆိုတာကတော့ တစ်သိမ်တည်းမှာ ကံပြုနေတဲ့ သံဃာတွေကို တစ်ဖက်နဲ့တစ်ဖက် ကွဲပြားအောင် ကြံဆောင်ပြီး မိမိရဲ့ အားထုတ်မှုကြောင်း ထိုသံဃာများက တစ်သိမ်တည်းမှာ ကံသီးခြား ခွဲပြုမယ် ဆိုရင် သံဃဘေဒကကံထိုက်ပါတော့တယ်။ ဒီကံနဲ့ ပတ်သက်လို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီး လူတွေ သာမဏေတွေ သံဃဘေဒကအပြစ်မရှိနိုင်သော်လည်း လူ သာမဏေများက သံဃာတွေ တစ်ဖက်နဲ့ တစ်ဖက် ကွဲပြားအောင် သွေးထိုးလှုံ့ဆော်မှုတွေ ပြုမယ်ဆိုရင် ထို သံဃဘေဒကကံအပြစ်နီးပါးလောက် အပြစ် ကြီးနိုင်တယ်လို့ မိန့်တော်မူပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိ ဆိုတာကတော့ နတ္ထိကဒိဋ္ဌိ - ကုသိုလ်အကုသိုလ်ဆိုတာ မရှိဘူး ကုသိုလ်အကုသိုလ်ကံရဲ့ အကျိုးဆိုတာ မရှိဘူး အဖေ အမေဆိုတာမရှိ ဘူး နောက်ဘဝဆိုတာ မရှိဘူး သေလျှင်ပြီးပြီ ဆိုတဲ့ အယူအဆမျိုး အဟေတုကဒိဋ္ဌိ - အကြောင်းတရားလည်းမရှိ၊ အကျိုးတရားလည်းမရှိဆိုတဲ့ အယူဝါဒမျိုး အကိရိယဒိဋ္ဌိ - ကောင်းမှုပြုသော်လည်း ကောင်းမှုပြုသည်မမည်၊ မကောင်းမှုပြုသော်လည်း မကောင်းမှုပြုသည်မမည်လို့ ယူဆတဲ့ အယူဝါဒမျိုး ဒီ ဒိဋ္ဌိသုံးမျိုးထဲက တစ်မျိုးမျိုးကို ဘုရားရှင်အဆူဆူတို့ ချေချွတ်သော်လည်း မကျွတ်နိုင်လောက်အောင် စွဲစွဲမြဲမြဲ လက်ခံ ကျင့်သုံးပါက နိယတမိစ္ဆာဒိဋ္ဌိမည်ပါတယ်။ တစ်နည်းအားဖြင့် ဒီ မိစ္ဆာဒိဋ္ဌိသုံးမျိုးဟာ သေပြီးသည်နောက် အပါယ်ငရဲကို သေချာပေါက် ကျရောက်စေမှာဖြစ်လို့ နိယတမိစ္ဆာဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဒီ အကုသိုလ်ကံ ခြောက်မျိုးထဲက ပဉ္စာနန္တရိယကံငါးပါးမှာ သံဃဘေဒကကံက အပြစ်အကြီးဆုံးပါ။ သို့သော် သံဃဘေဒကကံထက် အပြစ်ကြီး တာကတော့ နိယတမိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ သံဃဘေဒက ကံကြောင့် အဝီစိငရဲသို့ ကျရောက်နေသောသူဟာ ငရဲသက်မပြည့်ခင် ကမ္ဘာပျက်ရင် ငရဲမှလွတ်ပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိကံကြောင့် အပါယ်ငရဲ ကျနေသူတွေကတော့ ကမ္ဘာပျက်တာတောင် ငရဲက မလွတ်ဘဲ အခြားကမ္ဘာရှိငရဲကို ပြောင်းပြီး ငရဲဒုက္ခခံရပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိ ပုဂ္ဂိုလ်များအတွက် ငရဲသက်တမ်းသတ်မှတ်ချက်ဆိုတာ မရှိပါဘူး။ အယူကို မစွန့်မချင်း ငရဲမှာ ဒုက္ခခံရပါတယ်။ အရှင်ဝိဝေကာလင်္ကာရ (ညောင်ဦး) ကိုးကား - သင်္ဂြိုဟ်ဘာသာဋီကာ - ၃၄၁/ ၃၇၉ 🌺 တားဆီးမရေသာ ကံခုနစ္ပါး🌺 =================== (ေသခ်ာသိသင့္တာမို႔ အစအဆုံး ဖတ္ၾကည့္ေစခ်င္) အျခားေသာ ကံမ်ားက တားဆီး၍ မရဘဲ ေသၿပီးသည္ႏွင့္ ဧကန္မုခ်အက်ိဳးေပးမည့္ ကံေတြကို ဂ႐ုကကံလို႔ ေခၚပါတယ္။ အဲဒီ ဂ႐ုကကံေတြကေတာ့ ကုသိုလ္အရာမွာဆို မဟဂၢဳတ္ကုသိုလ္ကံေတြကို ဆိုလိုပါတယ္။ စ်ာန္ရ သူေတာ္ေကာင္းမ်ားဟာ ေသေသာအခါ အပါယ္ငရဲမက်ေတာ့ဘဲ မိမိတို႔ ရေသာ စ်ာန္အားေလ်ာ္စြာ ျဗဟၼာ့ဘုံမ်ားမွာ ျဖစ္ၾကပါတယ္။ အကုသိုလ္အရာမွာေတာ့ (၆ )မ်ိဳးရွိပါတယ္။ အဲဒါေတြကေတာ့ ပၪၥာနႏၱရိယကံ ငါးပါးႏွင့္ နိယတမိစ္ဆာဒိ႒ိတို႔ဘဲ ျဖစ္ပါတယ္။ ပၪၥာနႏၱရိယကံ ငါးပါးဆိုတာကေတာ့ ၁။ မိခင္အရင္းကို သတ္ျခင္း ၂။ ဖခင္အရင္းကို သတ္ျခင္း မိဘမွန္း သိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ ေသေစလိုေသာစိတ္ျဖင့္ သတ္လွ်င္ အနႏၱရိယကံ ထိုက္ပါေတာ့တယ္။ အျခားသူကို ေသေစလိုေသာစိတ္ျဖင့္ ေသနတ္ျဖင့္ ပစ္လိုက္လို႔ မိဘေတြကို ထိမွန္ၿပီး ေသရင္လည္း အနႏၱရိယကံထိုက္ပါတယ္။ အကယ္၍ မိဘမ်ားက တိရိစ္ဆာန္ျဖစ္ေနရင္ သတ္သည့္အတြက္ အနႏၱရိယကံမထိုက္ေသာ္လည္း ထိုကံနီးပါးေလာက္ ဆရာေတာ္ႀကီးမ်ားက မိန့္ေတာ္မူပါတယ္။ ယခု ေခတ္အခါမွာ အရက္မူးလို႔ ကိုယ့္မိဘအရင္းကို သတ္မိတာမ်ိဳးေတြ ရွိေနတာ သတိျပဳသင့္ပါတယ္။ ၃။ ကိေလသာကင္းကြာ ရဟႏၱာကို သတ္ျခင္း ရဟႏၱာျဖစ္ၿပီးသူကို သတ္မွ အနႏၱရိယကံ ထိုက္တာမဟုတ္ပါဘူး။ ရဟႏၱာမျဖစ္ခင္ သတ္ၿပီး ရဟႏၱာျဖစ္ၿပီးမွ ေသရင္လည္း အနႏၱရိယကံထိုက္ပါတယ္။ ၄။ သက္ေတာ္ထင္ရွား ျမတ္စြာဘုရားကို ေသြးစိမ္းတည္ေအာင္ျပဳျခင္း ယခုအခ်ိန္မွာ ျမတ္စြာဘုရားသက္ေတာ္ထင္ရွား မရွိေတာ့သည့္အတြက္ ဘုရားကို ေသြးစိမ္း တည္ေအာင္ျပဳျခင္း ဆိုတဲ့ ကံကေတာ့ ယခုေခတ္မွာ မျဖစ္နိုင္ေတာ့ပါဘူး။ ၅။ သံဃာအသင္းကြဲေအာင္ အားထုတ္ျခင္း ဆိုတဲ့ ကံငါးပါးဘဲ ျဖစ္ပါတယ္။ သံဃာအသင္းကြဲေအာင္ အားထုတ္တယ္ ဆိုတာကေတာ့ တစ္သိမ္တည္းမွာ ကံျပဳေနတဲ့ သံဃာေတြကို တစ္ဖက္နဲ႕တစ္ဖက္ ကြဲျပားေအာင္ ႀကံေဆာင္ၿပီး မိမိရဲ႕ အားထုတ္မႈေၾကာင္း ထိုသံဃာမ်ားက တစ္သိမ္တည္းမွာ ကံသီးျခား ခြဲျပဳမယ္ ဆိုရင္ သံဃေဘဒကကံထိုက္ပါေတာ့တယ္။ ဒီကံနဲ႕ ပတ္သက္လို႔ ေက်းဇူးေတာ္ရွင္ မဟာဂႏၶာ႐ုံဆရာေတာ္ႀကီး လူေတြ သာမေဏေတြ သံဃေဘဒကအျပစ္မရွိနိုင္ေသာ္လည္း လူ သာမေဏမ်ားက သံဃာေတြ တစ္ဖက္နဲ႕ တစ္ဖက္ ကြဲျပားေအာင္ ေသြးထိုးလႈံ႕ေဆာ္မႈေတြ ျပဳမယ္ဆိုရင္ ထို သံဃေဘဒကကံအျပစ္နီးပါးေလာက္ အျပစ္ ႀကီးနိုင္တယ္လို႔ မိန့္ေတာ္မူပါတယ္။ နိယတမိစ္ဆာဒိ႒ိ ဆိုတာကေတာ့ နတၳိကဒိ႒ိ - ကုသိုလ္အကုသိုလ္ဆိုတာ မရွိဘူး ကုသိုလ္အကုသိုလ္ကံရဲ႕ အက်ိဳးဆိုတာ မရွိဘူး အေဖ အေမဆိုတာမရွိ ဘူး ေနာက္ဘဝဆိုတာ မရွိဘူး ေသလွ်င္ၿပီးၿပီ ဆိုတဲ့ အယူအဆမ်ိဳး အေဟတုကဒိ႒ိ - အေၾကာင္းတရားလည္းမရွိ၊ အက်ိဳးတရားလည္းမရွိဆိုတဲ့ အယူဝါဒမ်ိဳး အကိရိယဒိ႒ိ - ေကာင္းမႈျပဳေသာ္လည္း ေကာင္းမႈျပဳသည္မမည္၊ မေကာင္းမႈျပဳေသာ္လည္း မေကာင္းမႈျပဳသည္မမည္လို႔ ယူဆတဲ့ အယူဝါဒမ်ိဳး ဒီ ဒိ႒ိသုံးမ်ိဳးထဲက တစ္မ်ိဳးမ်ိဳးကို ဘုရားရွင္အဆူဆူတို႔ ေခ်ခြၽတ္ေသာ္လည္း မကြၽတ္နိုင္ေလာက္ေအာင္ စြဲစြဲၿမဲၿမဲ လက္ခံ က်င့္သုံးပါက နိယတမိစ္ဆာဒိ႒ိမည္ပါတယ္။ တစ္နည္းအားျဖင့္ ဒီ မိစ္ဆာဒိ႒ိသုံးမ်ိဳးဟာ ေသၿပီးသည္ေနာက္ အပါယ္ငရဲကို ေသခ်ာေပါက္ က်ေရာက္ေစမွာျဖစ္လို႔ နိယတမိစ္ဆာဒိ႒ိလို႔ ေခၚပါတယ္။ ဒီ အကုသိုလ္ကံ ေျခာက္မ်ိဳးထဲက ပၪၥာနႏၱရိယကံငါးပါးမွာ သံဃေဘဒကကံက အျပစ္အႀကီးဆုံးပါ။ သို႔ေသာ္ သံဃေဘဒကကံထက္ အျပစ္ႀကီး တာကေတာ့ နိယတမိစ္ဆာဒိ႒ိျဖစ္ပါတယ္။ သံဃေဘဒက ကံေၾကာင့္ အဝီစိငရဲသို႔ က်ေရာက္ေနေသာသူဟာ ငရဲသက္မျပည့္ခင္ ကမၻာပ်က္ရင္ ငရဲမွလြတ္ပါတယ္။ နိယတမိစ္ဆာဒိ႒ိကံေၾကာင့္ အပါယ္ငရဲ က်ေနသူေတြကေတာ့ ကမၻာပ်က္တာေတာင္ ငရဲက မလြတ္ဘဲ အျခားကမၻာရွိငရဲကို ေျပာင္းၿပီး ငရဲဒုကၡခံရပါတယ္။ နိယတမိစ္ဆာဒိ႒ိ ပုဂၢိုလ္မ်ားအတြက္ ငရဲသက္တမ္းသတ္မွတ္ခ်က္ဆိုတာ မရွိပါဘူး။ အယူကို မစြန့္မခ်င္း ငရဲမွာ ဒုကၡခံရပါတယ္။ အရွင္ဝိေဝကာလကၤာရ (ေညာင္ဦး) ကိုးကား - သျဂၤိုဟ္ဘာသာဋီကာ - ၃၄၁/ ၃၇၉
via အလင္းေရာင္ ဓမၼ https://ift.tt/32vNZrl
Newer Post
Older Post
Home