Monday, October 21, 2019

သိဒ္ဓတ္ထမင်းသားတောထွက်ခန်းမြင်ဖူးကြသလား၊ ဟန်းဘက်အိတ်တွေဘာတွေပါရဲ့လား၊ ပုဆိုးတွေ အပိုတွေ ပါရဲ့လား ထမင်းဟင်းတွေပါရဲ့လား၊ ဘာမှမပါဘူး မြို့ကိုသွားတာလား၊ တောကိုသွားတာလား။ တောမှာ လူ မရှိဘူး ငတ်လို့သေလိမ့်မယ်ဟေ့၊ ဘုန်းကြီးတို့သွားတာ အစုံပါတယ် ချက်စရာပြုတ်စရာတွေ၊ ဘာတွေလေ စိစစ်ဖို့မကောင်းလား။ ဘာကြောင့် ဟိုက မပါတာလဲ ‌လေ့လာဖို့မကောင်းလား။ မျက်စိ မကောင်းလို့ မမြင်ကြတာ မျက်စိကောင်းတဲ့ပုဂ္ဂိုလ်က ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီလို့ မဟောဘူးလား။ ပါရမီဆယ်ပါး အပြားသုံးဆယ်၊ စွန့်ခြင်း စရိယာ သုံးပါးလို့ မဟောဘူးလား။ ရောက်တဲ့အရပ်မှာ သူ့ထက်ငါ လှူမယ့်ပုဂ္ဂိုလ် တွေ အဆင်သင့် အကုန်လုံးပြည့်စုံနေပြီးပြီကြားလား။ ဘုန်းကြီးတို့က ဒီလို မပြည့်စုံလို့ယူရတာ၊ ဒီလိုမယူရင် ငတ်မှာ ဟိုက ပြည့်စုံပြီးပြီ ကြားရဲ့လား အဲဒါ လူတွေမမြင်ဘူး ။ တောထဲသွားတာ ဘာစားမှာလဲတဲ့ ကြားလား စိစစ်ဖို့မကောင်းလား။ ဆံပယ်ပြီးရင်တော့ ဟော နတ်ကနေပြီးတော့မှ သင်္ကန်းဘယ်ဆီကရလဲ မသိဘူး၊ သင်္ကန်းကပ်ဖို့ စောင့်နေတာ မြင်တယ်မဟုတ်လား သူ့ထက်ငါကပ်ဖို့ အဆင်သင့်ဗျ ဟိုမှာ ဒါပါရမီရှင်တွေ လေ၊ အဲလိုလေ့လာဖို့ မကောင်းလား ကဲဘုရားဖြစ်ပြီးတော့ ဆွမ်းက မုယောဆွမ်းဆိုတာ ကြားဖူးတယ် မဟုတ်လား အကြမ်းတွေအကြမ်းတွေ လူးတွေ ဆပ်တွေ ပဲတွေကွဲ့ကြားလား နန်းတော်က သုဒ္ဓေါဓနမင်းကြီး က မြင်တာပေါ့၊ ငါ့သား အိုးနပမ်းတို နဲ့ လျှောက်ပြီးတော့ ထမင်းတောင်းတာတဲ့ ကြားရဲ့လား ငါ့ကို အရှက်ခွဲ တာ သွားပင့်ချေ၊ နန်းတော်က အမတ်ကြီး အပင့်လွှတ်တာပေါ့ နန်းတော်ရောက်တော့ အကုန်သွန်ပစ်လိုက်။ အကုန်ငရဲကျမယ်တဲ့ ကြားရဲ့လား မသွန်ရဲဘူး အဲဒါလည်း ဘုန်းပေးပါတကားကွဲ့ ဘုန်းကြီးသာဆိုရင်တော့ မကြားလေဟန်ဆောင်တော့မှာ၊ သွန်ပစ်လိုက် မကြားလေဟန်ဆောင်တော့မှာ၊ မသွန်ပစ်နဲ့ အကုန် ငရဲကျ မှာတဲ့၊ နန်းတော်ကဟာလည်းဘုန်းပေးတယ် ဟိုကဟာလည်း ဘုဉ်းပေးတယ်နော် စိတ်ကိုနိုင်တာ #ကျေးဇူးတော်ရှင်မုံလယ်တောရဆရာတော်ဘုရားကြီး အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ။ ✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪ ( မကွေးတိုင်း ပခုက္ကူမြို့၊ မြို့မလမ်း၊ သာသနာ့ဗိမာန်တော်ကြီး၊ (၄-၁၁-၂၀၀၈ မှ ၅-၁၁-၂၀၀၈ ထိ) ကျင်းပသော ညတရားပွဲတွင် ၄-၁၁-၂၀၀၈ ည (၇ )နာရီတွင် ဟောကြားတော်မူ သော မယ်ပဋာအကြောင်း ဥပမာပြ ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ ဒေါ်အေးအေးဟန် စာစီပူဇော်မှုကို ဓမ္မဒါနပြုပါသည်။ #မုံလယ်ဇ ) သိဒၶတၳမင္းသားေတာထြက္ခန္းျမင္ဖူးၾကသလား၊ ဟန္းဘက္အိတ္ေတြဘာေတြပါရဲ႕လား၊ ပုဆိုးေတြ အပိုေတြ ပါရဲ႕လား ထမင္းဟင္းေတြပါရဲ႕လား၊ ဘာမွမပါဘူး ၿမိဳ႕ကိုသြားတာလား၊ ေတာကိုသြားတာလား။ ေတာမွာ လူ မရွိဘူး ငတ္လို႔ေသလိမ့္မယ္ေဟ့၊ ဘုန္းႀကီးတို႔သြားတာ အစုံပါတယ္ ခ်က္စရာျပဳတ္စရာေတြ၊ ဘာေတြေလ စိစစ္ဖို႔မေကာင္းလား။ ဘာေၾကာင့္ ဟိုက မပါတာလဲ ‌ေလ့လာဖို႔မေကာင္းလား။ မ်က္စိ မေကာင္းလို႔ မျမင္ၾကတာ မ်က္စိေကာင္းတဲ့ပုဂၢိုလ္က ဒါနပါရမီ၊ သီလပါရမီ၊ နိကၡမပါရမီလို႔ မေဟာဘူးလား။ ပါရမီဆယ္ပါး အျပားသုံးဆယ္၊ စြန႔္ျခင္း စရိယာ သုံးပါးလို႔ မေဟာဘူးလား။ ေရာက္တဲ့အရပ္မွာ သူ႕ထက္ငါ လႉမယ့္ပုဂၢိုလ္ ေတြ အဆင္သင့္ အကုန္လုံးျပည့္စုံေနၿပီးၿပီၾကားလား။ ဘုန္းႀကီးတို႔က ဒီလို မျပည့္စုံလို႔ယူရတာ၊ ဒီလိုမယူရင္ ငတ္မွာ ဟိုက ျပည့္စုံၿပီးၿပီ ၾကားရဲ႕လား အဲဒါ လူေတြမျမင္ဘူး ။ ေတာထဲသြားတာ ဘာစားမွာလဲတဲ့ ၾကားလား စိစစ္ဖို႔မေကာင္းလား။ ဆံပယ္ၿပီးရင္ေတာ့ ေဟာ နတ္ကေနၿပီးေတာ့မွ သကၤန္းဘယ္ဆီကရလဲ မသိဘူး၊ သကၤန္းကပ္ဖို႔ ေစာင့္ေနတာ ျမင္တယ္မဟုတ္လား သူ႕ထက္ငါကပ္ဖို႔ အဆင္သင့္ဗ် ဟိုမွာ ဒါပါရမီရွင္ေတြ ေလ၊ အဲလိုေလ့လာဖို႔ မေကာင္းလား ကဲဘုရားျဖစ္ၿပီးေတာ့ ဆြမ္းက မုေယာဆြမ္းဆိုတာ ၾကားဖူးတယ္ မဟုတ္လား အၾကမ္းေတြအၾကမ္းေတြ လူးေတြ ဆပ္ေတြ ပဲေတြကြဲ႕ၾကားလား နန္းေတာ္က သုေဒၶါဓနမင္းႀကီး က ျမင္တာေပါ့၊ ငါ့သား အိုးနပမ္းတို နဲ႕ ေလွ်ာက္ၿပီးေတာ့ ထမင္းေတာင္းတာတဲ့ ၾကားရဲ႕လား ငါ့ကို အရွက္ခြဲ တာ သြားပင့္ေခ်၊ နန္းေတာ္က အမတ္ႀကီး အပင့္လႊတ္တာေပါ့ နန္းေတာ္ေရာက္ေတာ့ အကုန္သြန္ပစ္လိုက္။ အကုန္ငရဲက်မယ္တဲ့ ၾကားရဲ႕လား မသြန္ရဲဘူး အဲဒါလည္း ဘုန္းေပးပါတကားကြဲ႕ ဘုန္းႀကီးသာဆိုရင္ေတာ့ မၾကားေလဟန္ေဆာင္ေတာ့မွာ၊ သြန္ပစ္လိုက္ မၾကားေလဟန္ေဆာင္ေတာ့မွာ၊ မသြန္ပစ္နဲ႕ အကုန္ ငရဲက် မွာတဲ့၊ နန္းေတာ္ကဟာလည္းဘုန္းေပးတယ္ ဟိုကဟာလည္း ဘုဥ္းေပးတယ္ေနာ္ စိတ္ကိုနိုင္တာ #ေက်းဇူးေတာ္ရွင္မုံလယ္ေတာရဆရာေတာ္ဘုရားႀကီး အဂၢမဟာကမၼ႒ာနာစရိယ ဘဒၵႏၱသံဝရ။ ✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪ ( မေကြးတိုင္း ပခုကၠဴၿမိဳ႕၊ ၿမိဳ႕မလမ္း၊ သာသနာ့ဗိမာန္ေတာ္ႀကီး၊ (၄-၁၁-၂၀၀၈ မွ ၅-၁၁-၂၀၀၈ ထိ) က်င္းပေသာ ညတရားပြဲတြင္ ၄-၁၁-၂၀၀၈ ည (၇ )နာရီတြင္ ေဟာၾကားေတာ္မူ ေသာ မယ္ပဋာအေၾကာင္း ဥပမာျပ ခႏၶာဉာဏ္ေရာက္ ဒိ႒ိျဖဳတ္ တရားေတာ္မွ ေဒၚေအးေအးဟန္ စာစီပူေဇာ္မႈကို ဓမၼဒါနျပဳပါသည္။ #မုံလယ္ဇ )


via အလင္းေရာင္ ဓမၼ https://ift.tt/33MFYOF