အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, July 27, 2019
ကံ အလှည့်တော့ စောင့်ပေးပါ 🙏🙏🙏🙏🙏🙏🙏🙏 သံသရာဆိုတာ မီတာ ၁၀၀ မီတာ ၂၀၀ စသည်ဖြင့် တာတို အပြေးပြိုင်ပွဲ မဟုတ်ပါ --- မီတာ သတ်မှတ်ချက် မရှိတဲ့ တာဝေး{တာရှည် } အပြေးပြိုင်ပွဲ ဖြစ်သည် ငါက ကောင်းတာ လုပ်နေပါလျှက် ဘာလို့ မချမ်းသာတာလဲ သူက မကောင်းတာကို လုပ်နေပါလျှက် ဘာလို့ ချမ်းသာနေတာလဲ လူတိုင်း တွေးမိကြပါလိမ့်မယ် ပြောချင်တာက ကံအလှည့်တော့ စောင့်ပေးပါ ---။ သူ မကောင်းတာကို လုပ်နေပါစေ ကိုယ်က ကောင်းတာကို လုပ်နေဖို့ အရေးကြီးတယ် ဘာလို့လဲ ဆိုတော့ သံသရာ ဆိုတာ တာရှည် အပြေးပြိုင်ပွဲ ဖြစ်လို့ ရေရှည်မှာ အမောခံနိုင်ဖို့လိုတယ် ။ ဒါကြောင့် မနက်ဖန်ကိုတောင် ကြိုမမြင်နိုင်တဲ့ မိမိတို့၏ ဉာဏ်အမြင်နဲ့ ဒေသနာကို သံသယမဝင်ပဲ ကံအလှည့်တော့ စောင့်ပေးပါနော် ashinnandasiri
via အလင်းရောင် ဓမ္မ https://ift.tt/30VRTbJ
Newer Post
Older Post
Home