Friday, July 26, 2019

🌼 ဘဝမှာ အခက်အခဲတွေနဲ့ တွေ့တဲ့အခါ ● သူများဝေဖန်ခံရတဲ့အခါ၊ ● အလုပ်အကိုင် အဆင်မပြေတဲ့အခါ၊ ● တစ်ယောက်နဲ့တစ်ယောက်အိမ်မှာ စကားပြောတာ အဆင်မပြေတဲ့အခါ၊ ● သူငယ်ချင်း အချင်းချင်း စကားပြောတာ အဆင်မပြေတဲ့အခါ၊ ● အလုပ်ခွင်ထဲမှာ အလုပ်လုပ်တဲ့သူချင်း၊ ဌာနတွင်းချင်း အဆင်မပြေတဲ့အခါ၊ ● အဲ့ဒီလိုအခါမျိုးမှာ စိတ်ဒဏ်ရာဒဏ်ချက်တွေအများကြီး မကျန်ရစ်အောင်၊ (ဖြစ်ပြီးတော့ မကျန်ရစ်အောင်၊ ဖြစ်တာကတော့ပုထုဇဉ်ဆိုတော့ ဖြစ်မှာ) ● ဖြစ်ပေမယ့် ဒီနေ့စိတ်ဒဏ်ရာဒဏ်ချက်၊ နက်ဖန်အထိ ပါမသွားအောင်၊ ● ပါသွားရင်လည်း နက်ဖန်အထိ တိုးမလာဘဲနဲ့ ဒီနေ့ထက်ပိုပြီးတော့ နည်းသွားအောင် ဘယ်လိုလုပ်မှာတုန်း?? ဒါလေး ဒီနေ့ည နှလုံးသွင်းတာပြောပြမယ်။ 💦 စိတ်ဒဏ်ရာဒဏ်ချက်ဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တဲ့ ဒဏ်ရာဒဏ်ချက်နဲ့ အလားတူတယ်။ 💧 ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်ဖြစ်ရင် ဆေးထည့်ရတယ်။ အရက်ပျံနဲ့ အနာကို ဆေးပစ်ရတယ်။ ဆေးတွေနဲ့ ဆေးပစ်ရတယ်။ ဆေးထည့်ရတယ်။ လိုအပ်ရင် ပတ်တီးစည်းရတယ်။ လိုအပ်ရင် ပိုးသတ်ဆေးသောက်ရတယ်။ လိုအပ်ရင် ပိုးသတ်ဆေးထိုးရတယ်။ လိုအပ်တယ်ဆိုရင် လူအများနဲ့ ဝေးတဲ့နေရာမှာ တစ်ယောက်တည်း၊ ဥပမာ ဆေးရုံမှာနေပြီးတော့ ကိုယ့်ရဲ့ ရုပ်ခန္ဓာကိုယ်မှာဖြစ်တဲ့ အနာကျက်အောင်၊ အနာပျောက်ကင်းအောင်လုပ်ရတယ်။ 💢 ဒီအတိုင်းပါပဲ နေ့စဉ်နေ့စဉ် အိမ်မှာနေရင်းနဲ့၊ အလုပ်သွားရင်းနဲ့ ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ်နေ့စဉ် စိတ်မထားတတ်ဘူးဆိုရင် အသွားမတော် တစ်လှမ်းဆိုတာမျိုး၊ အတွေးမတော်ဘူးဆိုရင် တစ်ချက်၊ အသွားမတော် တစ်လှမ်း ချော်လဲတတ်တယ်။ အသက်အန္တရာယ်အထိ ဖြစ်စေတတ်တယ်။ 💥 ဒီအတိုင်းပါပဲ အတွေးမတော်၊ စိတ်သဘောထား တစ်ချက်လောက် ချွတ်ချော်လိုက်တာနဲ့ ဘဝမှာ ချော်လဲသလို စိတ်သဘောထားတွေနဲ့ ပြန်ပြီးတော့ နလန်မထူနိုင်ဘူး။ 🌟 ကောင်းတာနဲ့ တွေ့လည်းပဲ ကောင်းတာ မမြင်တော့ဘူး။ ဆိုးတာနည်းနည်းတွေ့ရင် များများမြင်တယ်။ အဲ့ဒီလိုမျိုး ဖြစ်တတ်တယ်။ 💧 လိုရင်းတိုကျဉ်းပြောရရင် ဘဝနေတတ်အောင်ဆိုရင် ဘဝမှာ သေတတ်အောင် လေ့ကျင့်ထားရတယ်။ စိတ်ကို လေ့ကျင့်ထားရတယ်။ 💢 နေတတ်တာနဲ့ သေတတ်တာ ဒီနှစ်ခုက ခွဲခြားလို့ မရဘူး။ မနေတတ်တဲ့သူ ဒီပုဂ္ဂိုလ် မသေတတ်ဘူး။ ● အရိယာပုဂ္ဂိုလ်တွေနဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေနဲ့ ဘာကွာတုန်းဆိုတော့ ● အရိယာပုဂ္ဂိုလ်တွေက သေတတ်တယ်။ သေတတ်တော့ နေတတ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ● မသေတတ်ဘူးဆိုရင် မနေတတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ● မနေတတ်ဘူးဆိုရင် မသေတတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လည်းရတယ်။ ဒါ့ကြောင့် မရဏသတိအကြောင်း အချိန်ပေး လေးဆယ့်ငါးမိနစ်၊ မိနစ်ငါးဆယ် နှလုံးသွင်းဖို့ရည်မှန်းထားပါတယ်။ 💢အောက်စဖိုဒ့်ဆရာတော်💢 ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ


via အလင်းရောင် ဓမ္မ https://ift.tt/2MfUxFe