အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, July 26, 2019
ပုတီးစိတ်တဲ့အခါ တစ်နေကုန်ဖြစ်ခဲ့တာတွေ အတွေးထဲပေါ်နေလို့ပုတီးပေါ်စိတ်မရောက်ပဲ ဒေါသတွေထွက်နေသောအခါ ဘာလုပ်ရမလဲ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဓမ္မအမေးအဖြေ 👩 မေး။ ။ ဘုန်းဘုန်းဘုရား တပည့်တော် ကိုးန၀င်းစိပ်နေတာပါ ဘုရား။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ ပုတီးစိပ်ဖို့ မျက်လုံးမှိတ်လိုက်တာနဲ့ တစ်နေကုန်ဖြစ်ထားတဲ့ အတွေးတွေက စိတ်ထဲဝင်ပြီးတော့ ပုတီးပေါ်အရမ်းအာရုံစိုက်လို့ မရဘူးဘုရား။ အဲတော့ ပုတီးစိပ်ပြီးသွားရင် အပတ်ရေအများကြီးစိပ်ပြီးသွားရင် အေးချမ်းရမယ့်အစား လူက အော် ဒါလေးတောင် အာရုံမစိုက်နိုင်ပါလားဆိုပြီးတော့ ကိုယ့်ဟာကိုယ်အပြစ်တင်မိတယ် ဘုရား။ ပုတီးစိပ်ရတာလည်း ကုသိုလ်မရဘဲ ကိုယ့်အာရုံကိုပဲ စိတ်တိုနေမိတယ် ဘုရား။ အဲဒါ ဘယ်လိုလုပ်ရမလဲ ဘုရား။ စိတ်ဘယ်လို ထားရမလဲ ဘုရား။ 💡 ဖြေ။ ။ ★ ပုတီးစိပ်တာနဲ့ ပတ်သတ်ပြီးတော့ တစ်နေရာ နှစ်နေရာ ဘုန်းဘုန်းအကျယ်ကြီး ဖြေထားတာ ရှိတယ်။ ဒါလေးကို အကျဉ်းချုပ်ပြီးတော့ဖြေမယ်။ သမီးတို့က တက္ကသိုလ်ကျောင်းသူတွေဆိုတော့ အချိန်လေးနည်းနည်းလေး ယူပြီးတော့ ၁၅-မိနစ် မိနစ်-၂၀ နာရီဝက်လောက်ယူပြီးတော့ ကိုယ်ပုတီးစိပ်တဲ့ စာလုံးရဲ့ ဂုဏ်တော်ရဲ့အဓိပ္ပါယ် နားလည်အောင်လုပ်။ ★ နားလည်ပြီးတော့ ကိုယ့်ရဲ့ နေ့စဉ်ဘ၀နဲ့ ဆက်စပ်နိုင်အောင် connect လုပ်နိုင်အောင် apply လုပ်နိုင်အောင် ဥပမာ ဘုန်းဘုန်းက အရဟံ ကိုစိပ်တယ်ဆိုရင် အရဟံစိပ်တယ်။ အရဟံ က Negative ဖြစ်တဲ့ဟာတွေကို အကုန်လုံး ဖယ်ရှားပစ်တာ။ ★ Negative ဖြစ်တဲ့ Emotion တွေ အတွေးတွေ မရှိတော့ဘူး။ လောဘ ဒေါသ မောဟ မရှိတော့ဘူး။ အဲဒါကြောင့်မို့လို့ Facebook ပေါ်မှာ လူတွေဆဲနေကြတယ်၊ လမ်းပေါ်မှာလည်းပဲ လူတွေ အဲလိုပဲ တစ်ယောက်နဲ့တစ်ယောက် မကြည်တဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ဟာတွေ အဲဒါတွေ အော် ဒါတွေက Negative တွေနဲ့ ပြည့်နေတဲ့ဟာတွေ။ ★ အဲဒါမျိုးကို ကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်ရှိတယ် ဗုဒ္ဓမြတ်စွာဘုရား ရဟန္တာပုဂ္ဂိုလ်တွေ။ ★ ကိုယ်ကလည်း နေ့စဉ်ဘ၀ထဲမှာ ဘယ်နေရာ ဘယ်နေရာမှာဖြင့် နည်းနည်းစိတ်ခုမိတယ်၊ ဘယ်နေရာမှာ stress ဖြစ်မိတယ်၊ ဘယ်နေရာမှာကျတော့ frustrated တခါတည်း စိတ်တိုမိတယ် ကြောက်စိတ်ဝင်မိတယ်။ အဲဒါကြောင့် အဲ့ကြောက်စိတ်ကို ပြန်တွေးပြီးတော့ ဗုဒ္ဓတွေမှာ ရဟန္တာတွေမှာ မထေရ်မြတ်တွေမှာ အဲဒီကြောက်စိတ် မရှိတော့ဘူး၊ အဲဒီ ဒေါသလည်း မရှိတော့ဘူး။ ★ ကရုဏာနဲ့ပဲ ကြည့်တယ် အရဟံ… အရဟံ…. အရဟံ ဆိုပြီးတော့ နေ့စဉ်အတွေ့အကြုံ ကိုယ်က integrate လုပ်ပေးတာဖြစ်တယ် ဒီထဲမှာ ထည့်ပေးတာဖြစ်တယ်။ သီးခြားစီ မဖြစ်တော့ဘူး။ ★ သမ္မာသမ္ဗုဒ္ဓေါ - ဗုဒ္ဓက ကရုဏာလည်းရှိတယ် မဟာပညာလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ ဒုက္ခအကြောင်း စဉ်းစားတဲ့နေရာမှာ ပြဿနာအကြောင်း စဉ်းစားတဲ့နေရာမှာ အရမ်း resilience ကောင်းတယ်။ လက်လျှော့ချင်တဲ့စိတ်တွေ လျစ်လျူရှုချင်တဲ့စိတ်တွေ မရှိဘူး။ ★ သူ့ဒုက္ခနဲ့ တခြားသူတွေရဲ့ဒုက္ခ၊ သားတော်ရာဟုလာရဲ့ ဒုက္ခနဲ့ သူ့ကိုဖျက်စီးဖို့ ကြိုးစားတဲ့ ဒေ၀ဒတ်ရဲ့ ဒုက္ခ အတူတူပဲ ထားနိုင်တယ်။ အော် ဒုက္ခအကြောင်း တကယ့်ကိုနားလည်တဲ့ ဗုဒ္ဓပါလား သမ္မာသမ္ဗုဒ္ဓေါ … သမ္မာသမ္ဗုဒ္ဓေါ … သမ္မာသမ္ဗုဒ္ဓေါ။ ★ အဲလိုလုပ်ထားရင် ကိုယ့်နေစဉ်ဘ၀ထဲမှာ ဖြစ်တဲ့ဟာ ဥပမာ ကိုယ်က နောင်တတွေကို တခါတခါ အကြောင်းရှိတယ် တခါတခါ အကြောင်းမရှိဘဲနဲ့ အကျင့်ပါလို့ ဖြစ်တယ်။ ငါတို့က နောင်တတွေဖြစ်သေးတယ်။ ဗုဒ္ဓက နောင်တတွေ မရှိတော့ဘူး။ အဲဒါမျိုး အရဟံ လုပ်နိုင်တယ် သမ္မာသမ္ဗုဒ္ဓေါ လုပ်နိုင်တယ်။ ★ ကိုယ်က ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ educate လုပ်တဲ့နေရာမှာ limit ရှိတယ်။ ဗုဒ္ဓကတော့ သူ့မှာ learning capacity limit မရှိဘူး။ သင်ပေးနိုင်တဲ့ capacity ကလည်း limit မရှိဘူး။ လက်ခံနိုင်တဲ့သူကပဲ limit ရှိတယ်။ အနုတ္တရော ပုရိသဒမ္မသာရထိ။ ★ ၀ိဇ္ဇာစရဏသမ္ပန္နော ဆိုရင်လည်း theory နဲ့ practice တခါတည်း integrate ဖြစ်တယ် go together ဖြစ်တယ်။ အဲဒါမျိုးတွေပေါ့ စာကျက်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ အတွေးနားလည်အောင် အဲလို လေ့လာထားရင် တစ်နေ့နည်းနည်း လေ့လာထားပြီးတော့ လုပ်မယ်ဆိုရင် ဂုဏ်တော်စိပ်တာလေ သူက အကုန်လုံးကို ခြုံငုံမိတယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ 🙏🙏🙏 သူသူငါငါ လျှော့တွက်ကြတဲ့ ကရုဏာစွမ်းရည် The underestimated value of compassion (၁၁.၇.၂၀၁၉) ( မန္တလေးနည်းပညာတက္ကသိုလ်) တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ Photo credit #MTU © April
via အလင်းရောင် ဓမ္မ https://ift.tt/2Gs7M1G
Newer Post
Older Post
Home