အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, July 27, 2019
သေမင်းမမြင်ရာသို့ 🌷🌷🌷🌷🌷 #ခန္ဓာရလာတာ_သေမင်းရလာတာပဲ။ အဲ့ဒီတော့ သေမင်း သေမင်းနဲ့ ဒီလို တင်စားပြီးတော့ သုံးတဲ့အခါ လူတွေက သေမင်းက အပြင်က လာတာလို့ ဒီလို အောက်မေ့ကြတယ်။ #ကိုယ်ရထားတဲ့_ခန္ဓာကြီးကိုက_သေမင်းကြီး။ 👉 ကိုယ်ရထားတဲ့ရုပ် ၊ ကိုယ်ရထားတဲ့ ဝေဒနာ၊ ကိုယ်ရထားတဲ့သညာ၊ ကိုယ်ရထားတဲ့ သင်္ခါရ ကိုယ်ရထားတဲ့ ဝိဉာဏ် ၊ ရုပ် ၊ ဝေဒနာ ၊သညာ ၊သင်္ခါ ဝိညဏ်လို့ဆိုတဲ့ #ဒီခန္ဓာငါးပါးကိုက_သေမင်းကြီးပဲ။ 🔴 ဒါကြောင့်မို့ ခန္ဓာငါးပါးရလာခြင်းသည်ပင်လျှင် #ဇရာမရဏဿ ပါတုဘာဝေါတဲ့ ... ကိုယ်ရဲ့ ဖွားဖက်တော်ကြီးပဲလေ။ သေမင်းက ကိုယ်သေမင်းနဲ့ ကိုယ်ပဲဟုတ်လား? တစ်ချို့က ပြောကြသေးတယ် … အသက်မမေးနဲ့တဲ့ သေမင်းကြားသွာမှာ စိုးလိုတဲ့ ။ ပြောသူက သေမင်း ဖြစ်နေတယ်။ 🔴 တစ်ခါတစ်လေကျတော့ ကလေးတွေပြောတယ် ။ မင်းတို့သေမင်းမြင်ဖူးလား ၊ သေမင်း သေမင်းနဲ့ ကြောက်စရာကောင်းတယ် ပြောတယ် ။ မြင်ဖူးလား ၊ မမြင်ဖူးဘူးတဲ့ ။ 🔴 အေး - သေမင်းမြင်ဖူးချင်ရင် မှန်ကလေးသာ ထောင်ကြည့်လိုက်လို့ သေမင်းက တစ်ချို့သေမင်းက သနပ်ခါးလေးတွေ လိမ်းထားတာနော်။ မိတ်ကပ်တွေနဲ့ အလှပြင်ထားတာလဲ ရှိတယ်။ အဲ့ဒီတော့ သေမင်းဆိုတာ တစ်ခြားမှ မဟုတ်ဘဲ၊ #ခန္ဓာငါးပါးဟာ_သေမင်းပဲ ။ 🔴 တရားဓမ္မ ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်နေကြတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားနေကြတုန်းဆိုတော့ သေမင်းမမြင်ရာ အရပ်ကို သွားနေကြတာ။ 🔴 သေမင်းမမြင်ရာ အရပ်ကိုရောက်သွားပြီ ဆိုတဲ့ ပုဂ္ဂိုလ်ဟာ နောက်ထပ် သေမင်းက ကိုယ့်ကို ရှာတွေ့မှာ မဟုတ်တော့ဘူး။……………။ ။ ။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏 Credit-original uploader. 🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ🙏 Share& Save & Copy.
via အလင်းရောင် ဓမ္မ https://ift.tt/2JXfjaX
Newer Post
Older Post
Home