အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, July 24, 2019
လူ့ဘဝ လူ့ပြည်မှာ 👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦🚶🚶♀️ လူ ဘယ်လောက်ပဲလှလှ မူ မလှရင် အလကားပဲ။ အသား ဘယ်လောက်ဖြူဖြူ စိတ်ထားမဖြူရင် အလကားပဲ။ အလုပ် ဘယ်လောက်ပဲလုပ်လုပ် စေတနာမပါရင် အလကားပဲ။ အောင်မြင်မှု ဘယ်လောက်ပဲရရ မှန်ကန်မှု မရှိရင် အလကားပဲ။ ပညာ ဘယ်လောက်ပဲတတ်တတ် ကိုယ်ချင်းမစာတတ်ရင် အလကားပဲ။ ချမ်းသာ ဘယ်လောက်ပဲချမ်းသာချမ်းသာ စိတ်မချမ်းသာရင် အလကားပဲ။ ဂရုစိုက်မှု ဘယ်လောက်ပဲယုယယုယ နားလည်းမှုနဲ့သစ္စာမရှိရင် အလကားပဲ။ မေတ္တာ ဘယ်လောက်ပဲရှိရှိ ထုတ်မပြတတ်ရင် အလကားပဲ။ ပြဿ နာ ဘယ်လောက်ပဲကြီးမားကြီးမား တိမ်းရှောင်နေရင် အလကားပဲ။ ကံတရား ဘယ်လောက်ပဲကောင်းကောင်း လုံးလနဲ့ဝီရိယ မရှိရင် အလကားပဲ။ အမှန်တရား ဘယ်လောက်ပဲမှန်နေမှန်နေ ကြောက်ရွံ့နေရင် အလကားပဲ။ အင်အား ဘယ်လောက်ပဲကြီးကြီး အသုံးမချတတ်ရင် အလကားပဲ။ ကြိုးစားမှု ဘယ်လောက်ပဲကောင်းကောင်း ရိုးသားမှုမရှိရင် အလကားပဲ။ မိသားစု ဘယ်လောက်ပဲများများ စည်းလုံးမှုမရှိရင် အလကားပဲ။ ရင့်ကျက် ဘယ်လောက်ပဲရင့်ကျက်ရင့်ကျက် ဟန်ဆောင်တတ်နေရင် အလကားပဲ။ လူဘဝဆိုတာ ပြည့်စုံမှုဆိုတာတော့မရှိပါဘူး။ ဒါပေမယ့် ကိုယ့်မှာ တည်ရှိနေတဲ့ ကောင်းတဲ့အချက်လေးတွေ၊ ကောင်းတဲ့စိတ်ထားလေးတွေ၊ ကောင်းတဲ့အရည်အချင်းလေးတွေ အလကား မဖြစ်သွားအောင် ဆက်လက်ထိန်းသိမ်းထားပါ။ #Credit
via အလင်းရောင် ဓမ္မ https://ift.tt/32PAMtZ
Newer Post
Older Post
Home