အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, July 27, 2019
. #အရိယာ_ဖြစ်ဖို့လမ်းစဉ် 🙏🙏🙏🙏🙏🙏🙏🙏 အပါယ်မျိုးစေ့ဖြစ်သော ဒိဌိသည် တစ်သံသရာလုံးအမြစ်တွယ်လာခဲ့ပါတယ်။ အပါယ်လေးဘုံကို အမြဲနေအိမ်လို နေစေခဲ့တာက ဒိဌိက လက်သည်ဖြစ်ဧ။်။ ဒိဌိနဲ့ ၀ိစိကိစ္ဆာကို ပထမဆုံးမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်က အကြွင်းမရှိပါယ်သတ်ပါတယ် မဂ်ညာဏ်က အနုသယကိလေသာကို မပါယ်သတ်နိုင်မှီမှာ "၀ိပဿ နာညာဏ်" အပွားညာဏ်နဲ့ ကြိုပြီး ဒိဌိကိုဖြုတ်ထားရပါမယ် ဝိပဿ နာညာဏ် နဲ့ဒိဌိကိုဖြုတ်နိုင်ဖို့အတွက် ဒိဌိနဲ့ဝိစိကိစ္ဆာအကြောင်းကို ကြောင်းကျိုးနဲ့တကွသိတဲ့ညာဏ်ရှိဖို့လိုပါတယ် အကြောင်းအကျိုးနဲ့တကွသိဖို့ "နာမ ရူပ ပရိစ္ဆေဒညာဏ်"နဲ့ "ပစ္စယပဋိဂ္ဂဟ" ညာဏ်စဉ်တို့ကို သုတမယညာဏ်ဖြင့် သိထားဖို့လိုအပ်ပါတယ် နာမရူပ ပရိစ္ဆေဒညာဏ်ဆိုသည်မှာ ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည် "ငါ သူတစ်ပါး ယောင်္ကျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ" မဟုတ် နာမ်နှင့်ရုပ်သာ ရှိပါတကားဟု ရှင်းလင်းစွာ သိမြင်သောအသိတရားဖြစ်ဧ။်။ "ပစ္စယပဋိဂ္ဂဟ ညာဏ်"ဆိုသည်မှာ ရုပ် နာမ်တို့ဧ။်ဖြစ်ခြင်းနှင့်ပျက်ခြင်းတို့ကို အကြောင်းအကျိုးနှင့်တကွ သိမ်းဆည်း၍ သိမြင်သော သုတမယညာဏ်ပင်ဖြစ်ပါသည်။ ဤ "နာမရူပပရိစ္ဆေဒညာဏ်" နှင့် ပစ္စယပဋိဂ္ဂဟညာဏ်တို့ကို သုတမယညာဏ်ဖြင့် ကြောင်းကြိုးနှင့်တကွ သိနားလည်နိုင်ရန်အတွက် ဟုတ်တိုင်းမှန်စွာ နှလုံးသွင်းနိုင်ရန် အလွန်ပင်အရေးပါလှပါသည်။ ဤသို့ ဟုတ်တိုင်းမှန်စွာ နှလုံးသွင်းနိုင်ရေးမှာ ရုပ်နာမ် ခန္ဓာတို့ဧ။် ဖြစ် ချုပ် တရားတို့ကို ကြောင်းကျိုးနှင့်တကွ ဟောကြားပြသတော်မူသော သစ္စာလေးပါး မြတ်တရားများကို နာကြားနိုင်ရေးမှာအဓိကျလှပါပေဧ။် ။ ဤသို့သစ္စာလေးပါးတရားတော်များကို နာကြားနိုင်ရေးအတွက် တရားတော်များကို ရှင်းလင်းပြေပြစ်စွာ ဟောကြားတော်မူနိုင်သော ဆရာသူတော်ကောင်းကို ရှာဖွေဆည်းကပ်ရာဧ။် ။ ဆရာသူတော်ကောင်းထံ ဆည်းကပ်ပြီး မြတ်တရားတော်များကိုနာကြားပြီးမှ မလျော့သော ဇွဲ လုံ့လ ၀ီရိယတို့ဖြင့် မနေမနား ကြိုးစားအားထုတ်ရာဧ။် ။ သို့မှသာလျှင် သစ္စာလေးပါးမြတ်တရားကို ပဋိဝေဒညာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်သော သောတာပတ္တိမဂ်ညာဏ်ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ပြီး အရိယာစခမ်းသို့ ဖြောင့်တန်းစွာ တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း တင်ပြရေးသားအပ်ပါသည်။ * သူတော်ဆည်းကပ် * မြတ်တရားနာ * လျော်စွာနှလုံး * ကျင့်သုံးဇွဲသန် * ဤလေးတန် အမှန်မဂ်ရကြောင်း**** မိုးကုတ်ဆရာတော်ဘုရားကြီးဧ။် ညာဏ်တော်အား ထာဝရဦးထိပ်ပန်ဆင်လျှက် Credit from sayar min min (mogok) သစ္စာပန်းတို့လန်းရာမြေ
via အလင်းရောင် ဓမ္မ https://ift.tt/30SLZIe
Newer Post
Older Post
Home