Saturday, July 27, 2019

“မြတ်စွာဘုရားက မကျန်းမာတဲ့ပုဂ္ဂိုလ်တွေဆိုရင်” “ဒီတရား ၅-မျိုးကို နှလုံးသွင်းပါတဲ့” 🙏🏻🌷🙏🏻🌷🙏🏻(ပါချုပ်ဆရာတော်ကြီး) နံပါတ်(၁)က ဒီကိုယ်ခန္ဓာကိုယ်ကြီးဟာ မတင့်မတယ် ရွံစဖွယ်ကောင်းတယ်ဆိုတာကို မပြတ်ဆင်ခြင်ပေးပါတဲ့.. နံပါတ်(၂)က ကိုယ်စားတဲ့အစာအာဟာရတွေရဲ့ စက်ဆုပ်ဖွယ်အခြေအနေတွေကို မပြတ်ဆင်ခြင်စဉ်းစားပေးပါတဲ့.. နံပါတ်(၃)က လောကကြီးရဲ့ပျော်ရွှင်စရာကင်းမဲ့နေပုံကို ဆင်ခြင်စဉ်းစားပေးပါတဲ့.. နံပါတ်(၄)က သင်္ခါရမှန်သမျှ ဘယ်အရာမှမမြဲဘူးဆိုတဲ့ အနိစ္စသညာကို ဆင်ခြင်စဉ်းစားပေးပါတဲ့.. နံပါတ်(၅)က သေခြင်းနဲ့ပတ်သက်တဲ့ အမှတ်သညာတစ်ခု ကိုယ့်ရဲ့သေခြင်းပဲဖြစ်စေ ကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေရဲ့သေဆုံးခြင်းပဲဖြစ်စေ သေဆုံးခြင်းနဲ့ပတ်သက်ပြီး သတိ သံဝေဂ အသိဉာဏ်အမြဲတမ်းဖြစ်အောင် ဆင်ခြင်စဉ်းစားပေးပါလို့ ဟောကြားတော်မူတာဖြစ်တယ်.. ဒီနှလုံးသွင်းတရား၅-မျိုးဟာ မကျန်းမာသူတွေအတွက်အထူးလိုအပ်တဲ့ နှလုံးသွင်းတရားကမ္မဋ္ဌာန်း၅-ခုပဲ ဖြစ်တယ်လို့ ဒီလိုဆိုလိုတာ.. ခုလိုကမ္မဋ္ဌာန်း၅-မျိုးကို နှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ်ဟာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်.. မြတ်စွာဘုရားက ဘယ်လောက်ထိအောင်ဟောတုန်းဆိုလို့ရှိရင် ဒီလိုသာ မှန်မှန်ကန်ကန်နှလုံးသွင်းပြီး ဒီတရား၅-မျိုး သူ့သန္တာန်မှာ ပြည့်ပြည့်ဝဝကြီးရှိမယ်ဆိုရင် သူဟာ မသေခင်မှာ ရဟန္တာကြီးဖြစ်သွားနိုင်ပါတယ်လို့ ဟောထားတယ်.. 🙏🏻🌷<ပါချုပ်ဆရာတော်ကြီး>🌷🙏🏻 စေတနာမေတ္တာအရင်းခံဖြင့်မျှဝေပူဇော်ပါသည်💟 🌷ohmarshin🌷


via အလင်းရောင် ဓမ္မ https://ift.tt/2JWYJb2