အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, July 24, 2019
ကိုယ့်ဘဝ ကိုယ်ထုဆစ်ပါ ❤❤💛💛❤💙💙 # အသိဉာဏ် မတူတဲ့သူနဲ့ပြိုင်ပြီး ကိုယ့်အသိကို တန်းလိုက်မညှိနဲ့။ သူမသိတာ သူ့အတိုင်းအတာပဲ၊ ကိုယ်အရိုင်းမပါဖို့ဘဲ ကိုယ်ကြိုးစားရမယ်။ # စေတနာ မရှိသူနဲ့ပြိုင်ပြီး ကိုယ့်စေတနာကို အရောင်မဆိုးမိစေနဲ့။ စေတနာဆိုတာ လူတိုင်းမှာ မရှိနိုင်ဘူး၊ ကိုယ့်စေတနာ ကွက်မသွားဖို့ဘဲ ကိုယ်ထိန်းရမယ်။ # နားလည်မှု မရှိသူနဲ့ပြိုင်ပြီး အားငယ်မှုတွေ မဝင်မိစေနဲ့။ သူနားမလည်တာ သူ့အကြောင်း၊ ကိုယ်အမှားမဝယ်မိဖို့ဘဲ ကိုယ်ပြောင်းရမယ်။ # ကျေးဇူးမသိတတ်သူနဲ့ပြိုင်ပြီး ကျေူဇူးတရားတွေ လိုက်ဖော်မနေနဲ့။ သူကျေးဇူးကန်းတာ သူ့အပိုင်း၊ ကိုယ်သမိုင်း မရိုင်းဖို့ဘဲ ကိုယ်သတိပြုရမယ်။ # အာဃာတကြီးသူနဲ့ပြိုင်ပြီး ကိုယ့်စိတ်မှာ အနာတရ မဖြစ်မိစေနဲ့။ သူအမုန်းမပြေတာ သူ့ကိစ္စ၊ ကိုသင်ပုန်းချေနိုင်ဖို့ပဲ ကိုယ်ကြိုးစားရမယ်။ # အရင်းစစ်တော့ ကိုယ့်ဘဝ ကိုယ်ထုဆစ်ဖို့ပဲလေ။ လူ့ဘဝဆိုတာ သတိမကပ်ရင် အပြစ်တွေချည်းပဲ မဟုတ်လား။ သတိရှိရင် အနှစ်ရှိတယ်။ သတိမရှိရင် အပြစ်ငြိမယ်။ မထိတထိ ကလိတာတွေနောက် လိုက်မခံစားနဲ့။ အကြံအမှားမဖက်ဖို့ နဲ့ မာန်တရားမစွက်ဖို့ အမှန်တရားမပျက်ဖို့ဘဲ ကြိုးစားရမှာပေါ့။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ #Credit
via အလင်းရောင် ဓမ္မ https://ift.tt/30WIyjF
Newer Post
Older Post
Home