အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, July 24, 2019
🌜#ရှစ်ပါးသီလရဲ့တန်ဖိုး 🌛 💵💵💵💵💵💵💵💵 🌟မြတ်စွာဘုရား မိန့်ကြားတဲ့စကားနဲ့ ပြောရမယ်ဆိုရင် ဥပုသ်သီလဖြစ်တဲ့ ရှစ်ပါးသီလရဲ့တန်ဖိုးဟာ အင်မတန်မှ ကြီးမားတယ်။ 🌟ဘယ်လောက်ထိ ကြီးမားသလဲဆိုရင် ကမ္ဘာလောကမှာရှိတဲ့ စိန်ရွှေရတနာ တွေက တစ်ပုံ၊ ဥပုသ်သီလရဲ့ တန်ဖိုးက တစ်ပုံပုံတဲ့။ 🌟ကမ္ဘာလောကမှာ ရှိတဲ့ စိန်ရွှေရတနာတွေ ရဲ့ တန်ဖိုးဟာ ဥပုသ်သီလ စောင့်ထိန်းတဲ့ ကုသိုလ်ကို ၁၆ စိတ် စိတ်ပြီးတော့ တစ်စိတ် ရဲ့ တန်ဖိုးလောက်တောင် မရှိပါဘူးလို့ မြတ်စွာဘုရားက ရှင်းပြတယ်။ 🌟ဘာကြောင့် ဒီလောက်တန်တယ်လို့ ပြောရတာတုန်းဆိုရင် အဲဒီ စိန်ရွှေရတနာ တွေကို အသုံးပြုပြီး နတ်ပြည်ဆိုတာ မရောက်နိုင်ဘူး။နိဗ္ဗာန်ဆိုတာ မရောက်နိုင်ဘူး။ ဥပုသ်သီလ စောင့်သုံးခြင်းဖြင့်သာ နိဗ္ဗာန်ချမ်းသာ ထိအောင် ရောက်နိုင်တယ်။ ဒါကြောင့် တန်ဖိုးချင်းကွာတယ်လို့ ဆိုလိုတာ။ 🌟ငွေကြေးဓနတန်ဖိုးဆိုတာ ကိုယ်ပေးလိုက်တဲ့ ငွေကြေးကြောင့် ရလာတဲ့ ပစ္စည်းဥစ္စာရဲ့ တန်ကြေးလို့ ဒီလို ဆုံးဖြတ်ကြတာ။ 🌟အဲဒီတော့ ဥပုသ်သီလကို ငွေကြေးဓနလို သဘောထား အသုံးချပြီး နတ်ချမ်းသာဆိုတာ ရနိုင်တယ်။ အဲဒီထက်အဆင့်မြင့်တဲ့ နိဗ္ဗာန်ချမ်းသာ ကိုလည်း ရနိုင်တယ်။ 🌟ဒါကြောင့် ဥပုသ်သီလရဲ့ တန်ကြေးဟာ အလွန်ကြီးမားတယ်လို့ ပြောတာ။ စိန်ရွှေရတနာတွေနဲ့ နိဗ္ဗာန်ချမ်းသာကို ဝယ်လို့မရဘူး။ နတ်ချမ်းသာကို ဝယ်လို့မရဘူး။ ဒီလိုဆိုလိုတာ။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏 🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏
via အလင်းရောင် ဓမ္မ https://ift.tt/2MbdB7d
Newer Post
Older Post
Home