အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, July 26, 2019
ဒီနေ့ကစပြီး ကိုယ့်အကြောင်းပဲတွေးပြီး ကိုယ်ကောင်းအောင်နေ။ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းနှစ်ခုကြားမှာ မရှုမလှ ကျဆုံးသွားရတာဟာလည်း သူ့အကြောင်းတွေကိုပဲ ဦးစားပေးခဲ့လို့ပါ။ ဒါကြောင့်သူများ ကိုယ့်အပေါ် အလိုမကျလို့ ပြောတဲ့စကားတွေကို မကျေမနပ် စိတ်ဝယ် မှတ်၍ မပြတ်ခါခါ အောက်မေ့ဆင်ခြင်၍ မနေပါနဲ့။ သူများ ဘာတွေလုပ်တယ် ဘာတွေမလုပ်ဘူး ဆိုတာကို အလုပ်တစ်ခုသဖွယ် အချိန်ကုန်ခံပြီး စဉ်းစား၍ မနေပါနဲ့။ တန်ဖိုးရှိတဲ့ လူ့ဘဝကိုရခိုက်မှာ မြင့်မြတ်တဲ့ အလုပ်တွေကို ငါဘယ်လောက်ထိလုပ်ပြီးပြီလဲ ငါဘယ်လောက် လုပ်ရသေးတယ်ဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်။ သင့်ဘဝမှာ သူတစ်ပါးအကြောင်း တွေးတာတွေနဲ့ အချိန်မကုန်ပါစေနဲ့။ ကိုယ့်ရဲ့အကြောင်းကိုပဲတွေးပြီး ကိုယ်ကောင်းအောင် နေကြဖို့ပါပဲ။ ကိုယ့်အကြောင်းကို မတွေးပဲ သူတစ်ပါး အကြောင်းတွေနဲ့ပဲ အချိန်ကုန်ကြလို့ ကိုယ်လုပ်ရ မယ့်အလုပ်တွေ မလုပ်ရင်တော့ လူဖြစ်ရှုံးပါပြီ။ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ 🙏🏻🙏🏻🙏🏻 #Via - Paral Lel
via အလင်းရောင် ဓမ္မ https://ift.tt/2LHzID8
Newer Post
Older Post
Home