အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, July 24, 2019
ငရဲသားတစ်ဦး၏ ရင်ဖွင့်စကားသံ (အပိုင်း-၁) ✳✳✳✳✳✳✳✳✳✳✳✳ မြတ်ဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ်အခါကဖြစ်၏။ ကောသလ္လမင်း ကြီးသည် ကာမပိုင် လင်ယောက်ျားရှိသော အမျိုး သမီးတစ်ဦးအား တပ်မက်နှစ်သက်သောစိတ်ဖြင့် အိပ်ပျော်သွားစဉ်တွင်။ လူ့ဘဝ၌ဖြစ်စဉ်က ကာမေသုမိစ္ဆာစာရအကုသိုလ် ကံကြောင့် လောကကုမ္ဘီ သံရေပူငရဲအိုး၌ ကျခံနေ ရရှာသော သူဌေးသားလေးယောက်တို့၏ ကျယ် လောင်စွာ"ဒု၊သ၊န၊သော"ဟုအော်ဟစ်လိုက်ကြသည့် အသံကို အိပ်ပျော်နေရင်း ကောသလ္လမင်းကြီးကြား လိုက်၏။ မင်းကြီးသည် ထို"ဒု၊သ၊န၊သော"ဟူသော အသံကိုကြား၍ ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ကာ မလ္လိ ကာမိဖုရားကြီး၏ လမ်းညွှန်ပေးမှုဖြင့် ဘုရားမြတ် စွာထံ သွားရောက် လျှောက်ထားမေးမြန်၏။ မြတ်ဗုဒ္ဓက"အသင်မင်းကြီး၊ ထိုအကြောင်းဖြင့် အသင်မင်းကြီးအား တစ်စုံတစ်ခုသော အန္တရာယ် မရှိ"ဟု မိန့်ကြားတော်မူပြီး၍ လောဟကုမ္ဘီ သံရည် ပူငရဲ၌ ကျခံနေရသော သူဌေးသားလေးဦးတို့၏ သံဝေဂဖြင့် အော်ဟစ်လိုက်သော"ဒု ၊သ ၊န ၊သော" ဟူသော အက္ခရာလေးလုံးတို့၏ အနက်အဓိပ္ပာယ် ကို ကောသလ္လမင်းကြီးအား ဟောကြားတော်မူ၏။ "ဒု"ဆိုသောအသံကိုအော်ဟစ်ပြီး ငရဲအိုးထဲနစ်မြုပ် သွားသော ငရဲသား၏ ရင်တွင်းစကားကို ဘုရား ရှင်ကိုယ်တော်မြတ်ကြီးသည် ဤသို့ဟောတော်မူ၏။ ဒုဇ္ဇီဝိတမဇီဝိမှ၊ ယေ သန္တေ န ဒဒမှသေ။ သန္တေသု ဒေယျဓမ္မေသု၊ ဒီပံ နာကမှ အတ္တနော။ အို.. လူ့ပြည်လူဘဝမှာရှိကြတဲ့ မိတ်ဆွေတသင်း သူငယ်ချင်းအပေါင်းတို့ ....။ လောကကုမ္ဘီ သံရည်ပူငရဲအိုးအတွင်း ကျဆင်းရောက်လာ အကြင်ငါတို့်လေးယောက်သည်။ မိမိကိုယ်ပိုင် ပိုင်ဆိုင်ထားသော ဥစ္စာပစ္စည်းအသီးသီးတို့ကို၊ အလှူခံပုဂ္ဂိုလ် များထိုထိုတို့အား နည်းနည်းလေး လောက်မျှ မပေးလှူမိခဲ့ကြကုန်။ ငါတို့လေးဦးတို့ သည် ကုသိုလ်အမှုတို့ကို မေ့လျော့ကာ အကုသိုလ် မှု မကောင်းမှုများ၌သာ လ နှစ်ရှည်ကြာ တရားမဲ့ စွာ အသက်ကိုကုန်လွန်ခဲ့ကုန်ပြီ။ ငါတို့လေးယောက် သည် ဥစ္စာပစ္စည်း လှူဒါန်ဖွယ်ရာ အဖြာဖြာတို့ရှိကြ ပါကုန်လျှက် ငါတို့၏ သံသရာရေတွင်း အစဉ်ပေါ် ထွန်း ကောင်းမှုတည်းဟူသော "ဒါနကုသိုလ်ကျွန်းကို" ငါတို့်လေးယောက် လူ့ဘဝမှာရှိခဲ့စဉ်က မပြုခဲ့မိလိုက် ကြကုန်"။ ဤသို့ဘုရားမြတ်စွာသည် ကောသလ္လမင်းကြီးအား "ဒု"အက္ခရာအသံ၏ အဓိပ္ပာယ် အပြည့်အစုံကို ဟော ကြားပေးတော်မူ၏။ ဤသူဌေးသားသည် စာဖတ်သူတို့ကို သူ့လိုမဖြစ် ရလေအောင် သတိပေး အသိပေးစရားကို ငရဲ အိုးထဲမှ အော်ဟစ်ပြောဆိုလိုက်ခြင်းဖြစ်၏။ သူသည်လူ့ဘဝရဲ့ တန်ဖိုးကို ငရဲအိုထဲရောက်မှ သိသူဟုဆိုနိုင်၏။ စာဖတ်သူများသည်လည်း လူ့ဘဝရဲ့တန်ဖိုးကို ငရဲအိုးထဲရောက်မှ သိသည့် လူများမဖြစ်အောင် သတိထားဆင်ခြင်သင့်၏။ သူသည် လူ့ဘဝမှာ ပစ္စည်းဥစ္စာများပြည့်ပြည့်စုံ စုံရှိနေပါလျှက် သံသရာခရီးအတွက် နားခိုးရာ "ဒါနတည်းဟူသောကျွန်းကို"မပြုလုပ်သွားဘူး လို့ နောင်တရ၍ သူ့ခံစားချက်ကို ငရဲအိုးထဲမှာ ရင်ခွင့်နေ၏။ စာဖတ်သူများလည်း မသေခင်မှာ ပစ္စည်းဥစ္စာများထဲမှ တတ်စွမ်းသလောက် မိမိ သံသရာခရီးအတွက်"ဒါန"ကျွန်းကို တည်ဆောက် သွားကြဖို့ရန် လိုအပ်လှပေ၏။ ။ စာဖတ်သူဓမ္မမိတ်ဆွေများအား ဤလောဟကုမ္ဘီ ငရဲအိုးထဲကျမှ လူ့ဘဝရဲ့တန်ဖိုးကိုသိ၍ နောင်တ ကြီးစွာရနေသော "ဒု"ဆိုသော အက္ခရာအသံကို အော်ဟစ်ပြီး ငရဲအိုးထဲပြန်မြုပ်သွားရရှာသည့် ငရဲသား သူဌေးသားလို အဖြစ်စေလိုပါ။ ဒါကြောင့် ဤသံဝေဝရဖွယ်ရာ ငရဲသားတစ်ဦး၏ ရင်ဖွင့်သံ ကို မြတ်ဘုရားဟောကြားတော်မူခဲ့သည့် ဒေသ နာတော်နှင့်အညီး ဓမ္မဒါနပြုလိုက်ပါသည် ။ ။ CR# ယထာဘူတခေမိန္ဒ 31/1/2019
via အလင်းရောင် ဓမ္မ https://ift.tt/2YlLGZ2
Newer Post
Older Post
Home