အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, July 22, 2019
တရားအားထုတ်ရန် အသင့်တော်ဆုံးအချိန်(၅)ပါး ၁။ ငယ်ရွယ်ပျိုမြစ် ပထမအရွယ်ဖြစ်ခြင်း။ ၂။ အနာရောဂါကင်း၍ ကျန်းမာခြင်းနှင့် ပြည့်စုံခြင်း။ ၃။ ဆွမ်းရေး ကွမ်းရေး စားသောက်ရေးများအတွက် မပူရခြင်း။ ၄။ တိုင်းသူပြည်သားတို့ စည်းလုံးညီညာ ချမ်းသာစွာရှိခြင်း။ ၅။ ရဟန်းတော်များ အငြင်းမပွားဘဲ စည်းလုံးညီညွတ်စွာရှိခြင်း။ ဤအခါများသည် တရားအားထုတ်ရန် အနှောင့်အယှက် အကင်းဆုံးအချိန် ဖြစ်လေသည်။ သို့ရာတွင် သင့်လျော်သောအချိန်ကို ကျော်လွန်ခဲ့သော်လည်း သတိတရားရသည့်အချိန်၌ တရားအားထုတ်လျှင် ပါရမီအလျောက် အကျိုးပြီးမြောက်လေသည်။ (ပဉ္စအဂုင်္တ္ထိုရ် ဒုတိယပဏ္ဍာသ နီဝရဏဝဂ် သမယသုတ်-၅၈) ဦးဓမ္မသာရ(ဆေးသဲ့တောင်)
via အလင်းရောင် ဓမ္မ https://ift.tt/2Z0QNeg
Newer Post
Older Post
Home