အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, September 5, 2019
ဦးနှောက်ကိုရော စိတ်ကိုရော အနားယူဖို့ ၅-မိနစ်တရားထိုင်မယ် 🧘♂️🧘♀️ ▬▬▬▬▬▬▬▬▬▬▬▬ ဒေါသကြောင့် အပ်နဲ့ထွှင်းရမှာ ပုဆိန်နဲ့ပေါက် - အပိုင်း(၆) ★ အခု တရားထိုင်တာ ၅-မိနစ်လောက်ပဲ ထိုင်တယ်။ ၅-မိနစ်ဆို အချိန်မရှိဘူး ပြောလို့မရဘူး။ အတန်းပြီးရင် သစ်ပင်အောက်မှာ ထိုင်လို့ရတယ် စာကြည့်တိုက်ထဲမှာ ထိုင်လို့ရယ် ကိုယ့်အခန်းထဲမှာ ထိုင်လို့ရတယ်။ နေရာတိုင်းမှာ ထိုင်လို့ရတယ် ၅-မိနစ်ပဲ။ 🔺 Rumination သတိမပါဘဲနဲ့ အတိတ်အကြောင်းကိုစမြုံ့ ပြန်ခြင်း သို့မဟုတ် ဒေါသကြောင့် Negative အကြောင်းတွေးတဲ့ဟာက ဆက်ဆံရေးကိုလည်း ပျက်စေတယ်။ ★ Negative အကြောင်းတွေပဲတွေးတာ ဘုန်းဘုန်းပြောနေကျ ဥပမာနဲ့ဆိုရင်တော့ ၀ံပုလွေအနက်နဲ့အဖြူ ၀ံပုလွေအနက်ကိုပဲ အစာကျွေးနေတာ Negative အကြောင်းတွေးတော့ အဖြူအကြောင်း မစဉ်းစားတော့ဘူး။ ★ ဒါကြောင့် တစ်နေ့တစ်နေ့မှာ အလုပ်ပြီးလို့ အိမ်ပြန်ရောက်သွားပြီဆိုရင် ဒီနေ့ ၀ံပုလွေအနက်နဲ့ ၀ံပုလွေအဖြူ ဘယ်အကောင်ကို အစာပိုကျွေးတုန်း။ ကိုယ့်ဟာကိုယ် ပြန်ပြီးတော့ ဆန်းစစ်ရမယ်။ ★ Negative အတွေးတွေပဲ သိပ်များသွားတယ်ဆိုရင် ကိုယ့်ဟာကိုယ်ပြန်ပြီးတော့ #သနားလိုက်ပါ။ အဲ့ဒါ neutralize လုပ်လိုက်တာတဲ့ အဲ့ဒီ ၀ံပုလွေအနက်ရဲ့ဆိုးကျိုးကို neutralize ပျယ်သွားအောင် လုပ်လိုက်တာ။ ★ အခုပြောနေတာ သဘောတရားတွေနော် နည်းနည်းလက်တွေ့လုပ်ကြည့်မယ်။ ၅-မိနစ် တရားထိုင်မယ်။ ၅-မိနစ်တရားထိုင်တဲ့အခါ ဘယ်လိုထိုင်မှာတုန်းဆို ၀င်လေထွက်လေကို ကြည့်မယ်။ 🧘♂️ ၀င်လေထွက်လေ ရှူရှိုက်တဲ့အခါမှာ ၀င်လေထွက်လေကို ၁ ၂ ၃ ရေတွက်ပါ၊ ထွက်လေကိုလည်း ၁ ၂ ၃ ရေတွက်လိုက်ပါ။ ၀င်လေရှူရှိုက်တဲ့အခါမှာ ငြင်ငြင်သာသာလေး ရှူရှိုက်ပါ။ ★ နောက် ၀င်လေထွက်လေ ရှူရှိုက်တဲ့အခါမှာ ၀င်လေထွက်လေကိုကြည့်တဲ့အခါမှာ ကိုယ်က ဘာလုပ်နေတာတုန်း? ဘာ exercise လေ့ကျင့်ခန်း လုပ်နေတာတုန်း? ★ Functions - လုပ်ဆောင်ချက်နှစ်ခုကို coordinate - ညှိပေးခြင်းကို လုပ်ပေးနေတယ်။ ၀င်လေထွက်လေက ခန္ဓာကိုယ်ကို အောက်ဆီဂျင်ပေးနေတယ်။ ဒါက Physiological Function ခန္ဓာကိုယ်အလုပ်။ ★ သူ့ကို အာရုံစိုက်ထားတာ သတိပေးထားတာ attention ပေးတယ်ခေါ်တယ်။ ဒီ attention ပေးတာကျတော့ Psychological Function စိတ်ပိုင်းဆိုင်ရာအလုပ်။ ★ Physiological function နဲ့ Psychological function ဒီနှစ်ခုကို တွဲထားတယ်။ ၀င်လေထွက်လေ တစ်ချက်ရှူရင် အဲ့ဒီ ကိစ္စနှစ်ခုစလုံး ဖြစ်သွားပြီ။ အင်အားတွေ အများကြီး မသုံးရဘူး။ တချို့ဆို attention ပေးဖို့အတွက် အရမ်းကို အားစိုက်ရတယ်။ ★ ဘာဖြစ်လို့တုန်း ခန္ဓာကိုယ်ကလည်းပဲ resting state ဆိုတာ အနားယူနိုင်တဲ့ အနေအထားမှာ မရှိဘူး။ ခန္ဓာကိုယ်က ဒေါသရဲ့ impact - အကျိုးသက်ရောက်မှုနဲ့ ဒေါသရဲ့ chemical - ဓါတုဗေဒ တွေပေါ့ အဲ့ဒီ chemical တွေက ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့အခါက အင်အားတွေ အများကြီး သုံးတယ်။ ★ ဦးနှောက်ကလည်း အင်အားတွေ အများကြီးသုံးတယ်။ ဦးနှောက်က ဘုန်းဘုန်းတို့ ခန္ဓာကိုယ်ရဲ့ အလေးချိန် ၂% ပဲ ရှိပါတယ်။ ဒါပေမဲ့ အင်အား ၂၅% သုံးတယ်။ ဒီဦးနှောက်က အနားမယူထားဘူးဆိုရင် ရှိသမျှ အင်းအား ခဏလေးနဲ့ ကုန်တယ်။ ★ ဒါကြောင့်မို့လို့ ဦးနှောက်ကိုရော စိတ်ကိုရော resting အနားယူတာ ၅-မိနစ်အတွင်းမှာ အနားယူနိုင်တယ်။ 🧘♀️၀င်လေ ကျကျနနရှူလိုက် ၁ ၂ ၃ ရေလိုက်။ 🧘♀️ထွက်လေ ကျကျနနရှူလိုက် ၁ ၂ ၃ ရေလိုက်။ ★ ပြီးပြီဆိုရင် စိတ်က ဒီတိုင်းမနေဘူး။ ၅-မိနစ်တောင် မနေဘူး။ ဟိုတွေး ဒီတွေး တွေးတတ်တယ်။ 🧘♀️အဲ့လို တွေးတဲ့စိတ်ကို လိုက်ပီးတော့ သိလိုက်ပါ။ ✖️မကောင်းဘူးဆိုပြီးတော့ သွားမဝေဖန်နဲ့ Judge မလုပ်နဲ့။ မကောင်းဘူးဆိုပြီးတော့ မပြောနဲ့။ 🧘♂️ တွေးနေတယ်… တွေးနေတယ်… 🧘♂️ အော်တိုစိတ်ဖြစ်နေတယ်… အော်တိုစိတ်ဖြစ်နေတယ်… ★ အဲလို သုံးကြိမ်လောက် လေးကြိမ်လောက် သူ့ကို #Register လုပ်လိုက်ပါ လက်ခံလိုက်ပါ။ ပထမဆုံး register လုပ်လိုက်။ Register လုပ်တယ်ဆိုတာ လက်ခံတယ် recognize လုပ်တာ register လုပ်လိုက်တာ။ ★ ပြီးရင် အဲ့ဒီ တွေးနေတဲ့စိတ်ကို #Release လုပ်လိုက် လွတ်လိုက်။ ★ ပြီးရင် #Return ဆိုတာ ထွက်လေ၀င်လေဆီ ပြန်သွားပါ။ 🔺 R သုံးလုံး 3Rs Register, Release and Return. 🍃 Register က လက်ခံလိုက်တာ။ အသိအမှတ် ပြုလိုက်တာ။ 🍃 Release က အဲ့ဒီတွေးတဲ့စိတ်ကို အလိုအလျောက်တွေးတဲ့စိတ်ကို လွတ်လိုက်တာ။ လွတ်တတ်အောင် စိတ်ကို training လေ့ကျင့်ခန်း လုပ်ပေးရတယ်။ မလုပ်ပေးရင် စိတ်က အဲ့နားမှာပဲ နေနေရော။ 🍃 ပြီးရင် Return က ဘယ်ပြန်သွားမှာတုန်း? ၀င်လေထွက်လေဆိုတဲ့ အိမ်ဆီ ပြန်သွားမယ်။ ★ စိတ်က ဒေါသဖြစ်တယ်ဆိုရင် ဒါ ဒေါသပဲ ဒီဟာ ဒေါသ။ အဲ့ ဒေါသထဲမှာ ငါ မထည့်နဲ့နော်။ 🧘♂️ဒါ ဒေါသပဲ ဒါ ဒေါသပဲ…. 🧘♂️ ဒါ ဒေါသလို့ခေါ်တယ်။ ဒါ ဒေါသလို့ခေါ်တယ်။ ★ အဲ့လို သုံးကြိမ်လေးကြိမ် သူ့ကို Register လုပ်လိုက် လက်ခံလိုက် Accept လုပ်လိုက်။ လက်ခံပြီးရင် သူ့ကိုလွတ်ပြီးတော့ ၀င်လေထွက်လေဆီ ပြန်သွားပါ။ မဟုတ်ရင်လည်း စိတ်ကို တခြားအာရုံဆီ ပြောင်းလိုက်ပါ။ 🧘♂️ ၅-မိနစ်တရားထိုင်မယ်။ ခန္ဓာကိုယ် Relax လုပ်ထားပါ လျော့ထားပါ ခပ်တင်းတင်းမထားနဲ့။ သက်သက်သာသာထိုင်ပါ။ (တရားရှုမှတ်နေပါ)..... ၅-မိနစ်ပြည့်ပါပြီ။ ★ ဒီလို ၀င်လေထွက်လေမှာ စိတ်ကို ထားပြီးတော့ Attention training - အာရုံစူးစိုက်မှု လေ့ကျင့်ယူခြင်း ခေါ်တယ်။ Attention training လုပ်နိုင်တယ်ဆိုရင် ဒေါသကို ဦးတည်စေတဲ့ Emotion တွေကို သူ သတိပြုမိတယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ 🙏🙏🙏 (ဒေါသကြောင့်အပ်နဲ့ထွှင်းရမှာ ပုဆိန်နဲ့ပေါက် Anger makes A Mountain out of a Molehill (၅.၇.၂၀၁၉ ရတနာပုံတက္ကသိုလ်) တရားတော်မှ ရေးသားပူဇော်ပါသည်။) Photo credit #JaoMuTai
via အလင်းရောင် ဓမ္မ https://ift.tt/2Ly1oYG
Newer Post
Older Post
Home