Monday, September 2, 2019

ဘုရားလောင်းတော် မွေးဖွားပြီးချင်း စကားပြောသော ဘဝ ၃ ဘဝ။ ++++++++++++++++++++++++++ (၁)"မဟောသဓာဘဝ"မှာ မိခင်ဝမ်းမှ ဖွားမြင်သည်နှင့် တပြိုင်နက် "အမေ သားလက်ထဲက နတ်ဆေးမြစ် ကို ယူပါ" လို့ မွေးဖွားပြီးချင်း ဘုရားအလောင်း တော်စကားပြောပါတယ်။ (၂)"ဝေဿန္တရာဘဝ"မှာ မိခင်ဝမ်းမှ ဖွားမြင်သည်နှင့် တပြိုင်နက် "အမေ လှူချင်လို့ သားကို လှူဖွယ်အသ ပြာငွေပေးပါ"လို့ မွေးဖွားပြီးချင်း ဘုရားအလောင်း တော်စကားပြောပါတယ်။ (၃)"သိဒ္ဓတ္ထမင်းသားဘဝ"မှာ မိခင်းဝမ်းမှ ဖွားမြင်သည် နှင့်တပြိုင်နက် မြောက်အရပ်သို့ မျက်နှာမူ၍ ခြေ ၇-ဖဝါးလှမ်းကြွတော်မူကာ ခြေလှမ်း ၇-လှမ်းပြည့် သောအခါ ရပ်တန့်တော်မူ၍.... "အဂ္ဂေါဟမသ္မိ လောကဿ-ငါသည် လူ၊နတ်၊ဗြဟ္မာဟုဆိုအပ်သော လူသုံးပါးတို့တွင် အမြတ်ဆုံးဖြစ်တယ်။ ဇေဋ္ဌောဝမသ္မိ လောကဿ-ငါသည် လူ၊နတ်၊ဗြဟ္မာဝုဆိုအပ်သော လူသုံးပါးတို့ တွင် အကြီးအကဲဆုံးဖြစ်တယ်။ သေဋ္ဌောဟမသ္မိ လောကဿ-ငါသည် လူ၊နတ်၊ဗြဟ္မာဝုဆိုအပ်သော လူသုံးပါးတို့ တွင် အချီးမွမ်းအပ်ဆုံးဖြစ်တယ်။ အယမန္တိမာ ဇာတ-ဤယခု ပဋိသန္ဓေတည်နေရခြင်း သည်ကား ငါ့အတွက် နောက်ဆုံး ပဋိသန္ဓေတည်ရ ခြင်းဖြစ်တယ်။ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ-ယခုအခါ၌ ငါ့အတွက် တဖန် ဘဝသစ်ဖြစ်ရခြင်း မရှိတော့ပြီ.....။ဟူ၍ ဖွားမြင် တော်မူပြီးချင်း ဘုရားအလောင်းတော် စကားပြော ပါတယ်။ ။ မေတ္တာဖြင့်... အရှင်ခေမိန္ဒ 14/12/2018


via အလင်းရောင် ဓမ္မ https://ift.tt/32kASsd