Monday, September 2, 2019

1..တကိုယ်ကောင်းဆန်တဲ့ ပထမဆုံး စကားလုံးက " ငါ " ဆိုတာပါ။ ရှောင်ကြဉ်ပါ။ 2..ကျေနပ်စရာကောင်းတဲ့ ၂ ခုမြောက် စကားလုံးက "ငါတို့" ဆိုတာပါ။ အသုံးပြုပါ။ 3..အဆိပ်အပြင်းဆုံး ၃ ခုမြောက် စကားလုံးက "မာနတရား"ပါ။ သတ်ပစ်ပါ။ 4..လူတွေ အသုံးအများဆုံး ၄ ခုမြောက်စကားလုံးက "အချစ်"ပါ။ တန်ဖိုးထားပါ။ 5..ကျေနပ်စရာ အကောင်းဆုံး ၅ ခုမြောက် စကားလုံးက "အပြုံး"ပါ။ထိန်းသိမ်းပါ။ 6..အမြန်ဆုံး ပျံ့နှံ့ကူးစက်နိုင်တဲ့ ၆ ခုမြောက် စကားလုံးက "ကောလဟာလ"ပါ။ လျစ်လျူရှုပါ။ 7..အခက်ခဲဆုံး ၇ ခုမြောက် စကားလုံးက "အောင်မြင်မှု"ပါ။ ဆွတ်ခူးပါ။ 8..အန္တရာယ် အရှိဆုံး ၈ ခုမြောက်စကားလုံးက "မနာလိုခြင်း"ပါ။ ဝေးဝေးနေပါ။ 9..အစွမ်းထက်ဆုံး ၉ ခုမြောက် စကားလုံးက "အသိဥာဏ်ဗဟုသုတ"ပါ။ ရယူပါ။ 10..မရှိမဖြစ် အရေးကြီးဆုံး ၁၀ ခုမြောက် စကားလုံးက "ယုံကြည်မှု"ပါ။ မြတ်နိုးပါ။ Credit TZWin


via အလင်းရောင် ဓမ္မ https://ift.tt/2NHDaxw