အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, September 7, 2019
ပူလောင်မှုတွေ မဖြစ်ချင်တော့တဲ့ အခါ စွဲလမ်းစရာတွေ နည်းအောင် နေပါ ငိုကြွေးမှုတွေ မဖြစ်ချင်တော့တဲ့ အခါ သံယောဇဉ်တွေ ပြတ်အောင် ဖြတ်ပါ ဒေါသတွေ မဖြစ်ချင်တော့တဲ့ အခါ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ အမုန်းတွေ မထားချင်တော့တဲ့ အခါ ဥပေက္ခာ ပြုနိုင်အောင် လုပ်ပါ နာကျင်မှုတွေ နည်းချင်တဲ့ အခါ အစွန်းရောက်အောင် မချစ်မိအောင် သင်ယူပါ။ ခွဲခွာခြင်းတွေ မရှိချင်တဲ့ အခါ နီးစပ်အောင် မကြိုးစားပါနဲ့ တစ်ခြားသူရဲ့ အမှားကို အပြစ်တင်တဲ့ အခါ ကိုယ်ကိုယ်တိုင် မှန်နေရဲ့လား အရင်ကြည့်ပါ ကိုယ့်စိတ်ကို ဒုက္ခ ပေးနိုင်တာ ကိုယ်ကိုယ်တိုင်ပါ တစ်ခြားသူကြောင့် ဖြစ်လာမယ့် သောကတွေကိုလည်း ကိုယ်စိတ်က လက်မခံရင် ပှုလောင်မှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူးဖြစ်မလာဖို့ အတွက်လည်း ကိုယ့်စိတ်ကို အမြဲတမ်း ပြင်ဆင်ထားရမယ် လူ့ဘဝမှာ သောကတွေနဲ့တော့ ကင်းလွတ်တဲ့သူ မရှိပါဘူး နည်းနိုင်သမျှ နည်းအောင်တော့ ကြိုးစားနေထိုင်လို့ ရပါတယ်။ Credit
via အလင်းရောင် ဓမ္မ https://ift.tt/2MYLBFj
Newer Post
Older Post
Home