အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, September 7, 2019
သေသူရည်မှန်းလှူဒါန်းရာ၌ သိမှတ်ဖွယ် ======================= အခါတစ်ပါး ဘုရားမြတ်စွာအား"ဇာဏုသောဏ" ပုဏ္ဏားကြီးက ဤသို့မေးလျှောက်၏။ "အရှင်ဘုရား ကွယ်လွန်သွားသူ အမိ အဘ ဆွေမျိုးများကို ရည် စူး၍ အလှူဒါနပြုလုပ်ပြီး အမျှပေးဝေလျှင် ကုသိုလ် ကောင်းမှု၏ ကောင်းကျိုးများကို ထိုကွယ်လွန်သူ များရရှိကြပါသလား"ဘုရား ဟုလျှောက်ထားရာ- ဘုရားမြတ်စွာက "ပုဏ္ဏား ဤလောက၌ မကောင်း မှုများကို ပြုလုပ်သူများတွင် သေလွန်ပြီးနောက် အ ချို့သောပုဂ္ဂိုလ်များသည် ငရဲဘုံ၌လည်းကောင်း၊ တိရစ္ဆာန်ဘုံ၌လည်းကောင်းဖြစ်ကြရ၏။ အချို့သောပုဂ္ဂိုလ်တို့သည် မကောင်းမှုများရှောင် ကြဉ်၍ ကောင်းမှုတရားများ ပြုလုပ်ခြင်းကြောင့် သေလွန်ပြီးနောက် လူ့ပြည် လူ့ဘဝ၊ နတ်ပြည် နတ် ဘဝသို့ ရောက်ကြရ၏။ ဤ"ငရဲဘဝ၊တိရစ္ဆာန်ဘဝ၊ လူ့ဘဝ၊ နတ်ဘဝများ၌" ရောက်ရှိနေသော သူတို့ထံသို့ သင်ပုဏ္ဏား ထိုသူတို့ အတွက်ရည်မှန်၍ ပြုအပ်သော ကောင်းမှုကုသိုလ် ၏ ကောင်းကျိုးများသည် မရရှိ မရောက်ရှိနိုင်ပေ။ ပုဏ္ဏားကြီး၊ ဤလောက၌ မကောင်းမှုကိုပြုလုပ်ကြ သော အချို့သောသူများသည် သေလွန်ပြီးနောက် ပြိတ္တာဘဝသို့ရောက်ကြရ၏။ ပုဏ္ဏားကြီး သေသူ ရည်မှန်းလှူဒါန်သည့် ကုသိုလ်၏ ကောင်းကျိုးများ ကို ထိုပြိတ္တာဘုံဘဝရောက်နေကြရသော ပြိတ္တာများ သာ ရရှိ ရောက်ရှိ ခံစားနိုင်ကြ၏။ ပုဏ္ဏားကြီး ပြိတ္တာဘဝ၌တည်သော ဆွေမျိုးထံသို့ ရည်မှန်လှူဒါန်သော ကောင်းမှုသည် ရောက်၏။ အကယ်၍ ရည်မှန်ပြုအပ်သော ဆွေမျိုးသည် ပြိတ္တာဘဝ၌ မရှိချေသော် ပြိတ္တာဘဝသို့ရောက်နေကြသည့် ရှေးရှေးဘဝများစွာက ဆွေမျိုးတော်စပ်ခဲ့ဘူးသော အခြားဆွေမျိုးသားခြင်းတို့သည် သင်ရည်မှန်းပြု သော ဒါနကုသိုလ်၏ ကောင်းကျိုးကို ခံစားကြရ၏။ ပုဏ္ဏားကြီး ပြိတ္တာဘဝ၌ ဘဝအဆက်ဆက်က တော်စပ်ခဲ့ကြသော ဆွေမျိုးပြိတ္တာများသည် အမြဲ ရှိနေကြ၏။ ထို့ကြောင့် သေသူရည်မှန်း လှူဒါန်းသည့် ကောင်းမှုများကို ပြုလုပ်၍ ထိုသူများအား ကုသိုလ် ၏ ကောင်းကျိုးကို အမျှပေးဝေရမည်။ အလှူကို ကိုယ်တိုင် ကိုယ်ကျပေးလှူသော သင်ပုဏ္ဏားသည် လည်း ထိုကောင်းကျိုးကို ရရှိခံစားရမှာဖြစ်၏ဟု သေသူရည်မှန်း လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ဇာဏု သောဏ ပုဏ္ဏားကြီးအား ဤသို့ဟောကြားတော် မူခဲ့၏။ ။ (ဒသကနိပါတ်) အရှင်ခေမိန္ဒ 7/9/2019
via အလင်းရောင် ဓမ္မ https://ift.tt/2ZKDRgQ
Newer Post
Older Post
Home