အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, September 6, 2019
သိမ်းပိုက်တဲ့စိတ် တွယ်တာမြတ်နိုးတဲ့စိတ် နှမျောဝန်တိုတဲ့စိတ်တွေကနေ … စွန်လွှတ်တဲ့စိတ် အများအကျိုး ဆောင်ရွက် လိုတဲ့စိတ် ဝေနိုင် မျှနိုင်တဲ့စိတ် မေတ္တာ ဂရုဏာတွေဖြစ်အောင် ပြင်ရမယ်။ ရေကတော့ မြင့်ရာက နိမ့်ရာ စီးမှာပဲ။ ဒီစိတ်ကို မပြင်ရင်တော့ ငါ့ဟာ ငါ့ဟာ။ ငါ့ဟာ ပြီးတော့ ငါ့သားသမီးဟာ ငါ့မြေးမြစ်ဟာ ငါ့အသိုင်းအ၀ိုင်းဟာ ငါကကို မထွက်နိုင်ဘူး။ အဲ့လိုဖြစ်သွားရင် နိမ့်ရာ စီးသွားတာ သေချာတယ်။ အဲ့တာ ဘ၀ပြီးလို့ နိဂုံးချုပ်လို့  ကိုယ့် သက်တမ်းကလေးကို ပြန်လဲကြည့်လိုက်ရော… သြော် ငါတစ်သက်လုံး ငါ့ဟာနဲ့ နေခဲ့ပါလားဆိုပြီးတော့ ဘာမှမြတ်နိုးစရာ ကျေနပ်စရာ မရှိပဲနဲ့  တော်တော်ကြီးကို နောင်တတရားနဲ့ ပူလောင်ရမယ်လို့ ထင်တာပဲ။ မစောင့်စည်းပဲ ဗရမ်းဗတာ နေရတဲ့ စိတ်ဟာ အဆင့်မရှိဘူး။ မမြင့်မြတ်ဘူး။ ဒါကြောင့် ကိုယ်နဲ့ နှုတ်ကို စောင့်စည်း ပြီးတော့ ချုပ်တည်းပြီးတော့ နေရတာဟာ သိပ်ကို ကောင်းတယ်ဆိုပြီး နားလည်ပြီးတော့ သီလဖြစ်ရတာ မလုပ်သင့်ဘူးလား။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆလေး နေတာများ ဥာဏ်ပညာတော်တော် တုန်းတာပဲ။ သိနိုင်ခွင့်ရှိပါလျက်နဲ့ သိနိုင်တဲ့ အသိဥာဏ် တံခါးပေါက် ပိတ်ထားတဲ့အတွက်ကြောင့် မေ့လျော့နေတယ်။ ရိုးရိုးလေး ဥပမာပြောမယ်ဆိုရင် လူတစ်ယောက် မေ့မျောနေတယ်ဆိုရင် ဘာသိလဲ။ ဘာမှမသိဘူး။ မေ့မေ့လျော့လျော့ နေရတာဟာ ယုတ်ညံ့တယ်။ မမေ့မလျော့ နေရတာဟာ မြင့်မြတ်တယ်လို့ နားလည်ပြီးတော့ မေ့လျော့ခြင်းကနေ မမေ့လျော့ခြင်း ဖြစ်အောင် ပြင်ရမယ်။။ သစ္စာရွှေစည်ဆရာတော် Khin Htet Htet Zaw acc မှ
via အလင်းရောင် ဓမ္မ https://ift.tt/2ZBHtl6
Newer Post
Older Post
Home