အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, September 1, 2019
အမြင့်ဆုံး ပရဟိတ 🌷🌷🌷🌷🌷 လောက လူတွေက လူမှုရေးကိစ္စတွေ ကူညီတာတို့ ထောက်ပံ့တာတို့ ဒါတွေလောက်သာ ပရဟိတထင်နေတာ။ သာမန်ပုဂ္ဂိုလ်တစ်ယောက်က ပရဟိတ ထလုပ်တယ် ဆိုတဲ့နေရာမှာ အပေါ်ယံလောက်ပဲ ဖြစ်တယ်။ အဲဒီ ပရဟိတ တွေထက် ပိုပြီးတော့ မွန်မြတ်တဲ့ ပရဟိတ ဟာ တရားဓမ္မကို သင်ကြား ဟောပြော ဆုံးမပေးခြင်းပဲ ။ ဒီထက် တန်ဖိုးရှိတဲ့အလုပ်ကို ရွေးပါ ဆိုရင် ရွေးစရာတောင် မရှိတော့ဘူး ။ ဒါ အမြင့်ဆုံး လုပ်ငန်းတစ်ခုပဲ ။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး (လူပုဂ္ဂိုလ်များဆိုင်ရာ "ဓမ္မဒီပ"ဗုဒ္ဓစာပေသင်တန်းကျောင်း သတ္တမအကြိမ် စာအောင်ပွဲအကြို သြဝါဒခံယူပွဲမှ )
via အလင်းရောင် ဓမ္မ https://ift.tt/2ZpNBgm
Newer Post
Older Post
Home