Sunday, September 1, 2019

လောကထဲမှာ ကောင်းကင်က ကျလာနေသော မိုးရေစက်တွေလိုပဲ သတ္တဝါတွေဟာ သေဆုံးနေကြပါတယ် ။ သိန်းသန်းပေါင်းများစွာ စက္ကန့် မိနစ် နာရီ အချိန်တိုင်းမှာ သတ္တဝါတွေဟာ နေ့စဉ်သေဆုံးနေကြပါတယ် ။ လူသားတွေအတွက် စားသောက်ဖို့ နေ့စဉ်သေဆုံးပေးနေရရှာတဲ့ တိရစ္ဆာန်အပေါင်းကို မြင်ကြည့်ပေးပါ သေဆုံးဖို့ဆိုတာ ဒီနေ့လဲ ဖြစ်သွားနိုင်ပါတယ် ။ ဒါကြောင့် လူသားဘဝဖြင့် အသက်ရှင်ခွင့်ရနေတဲ့ အချိန်မှာ ကိုယ် နှုတ် စိတ် သုံးပါးဖြင့် ကုသိုလ်တရားကို အသိ သတိဖြင့် ပြုလုပ်သင့်တယ် ။ တိရစ္ဆာန်တွေဘဝရောက်နေရင်တော့လေ ကုသိုလ်မသိ အကုသိုလ်မသိ အသိမရှိကြပဲ လောဘနှင့်စားသောက် ဒေါသနှင့်ရုန်းကန် မောဟနှင့်ကာမခံစားအိပ်နေရင်းပဲ သေဆုံးကြမယ် ။ မာဃအရှင် (အညာမြေ)


via အလင်းရောင် ဓမ္မ https://ift.tt/2zFusaZ