အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 2, 2019
🙏🙏🙏 ရဟန်းဘဝ (၉) ဘဝ 🙏🙏🙏 . 🙏💛🙏💛🙏 💛 🙏💛🙏💛🙏 ဂေါတမမြတ်စွာ ဘုရားအလောင်းတော်သည် ဒီပင်္ကရာမြတ်စွာဘုရားမှ စ၍ ကဿပမြတ်စွာဘုရား တိုင်အောင် နှစ်ကျိပ်လေးဆူသော မြတ်စွာဘုရားများထံမှာ ဗျာဒိတ်ခံယူခဲ့သည် ဖြစ်ရာ လေးသင်္ချေနှင့် ကမ္ဘာတသိန်းတိုင် ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခဲ့ရပေသည်။ ထိုပါရမီဆယ်ပါးတို့အား ရသေ့ရဟန်း ဘဝအဖြစ် (၁၄)ဘဝသာ ရ၍ ဖြည့်ကျင့်နိုင်လေသည်။ ရသေ့ဘဝ (၅)ဘဝနှင့် ရဟန်းဘဝ(၉)ဘဝမျှသာ ရရှိရောက်ရှိခဲ့ရပါသည်။ ဤသည်ကား အနှိုင်းမဲ့ ပါရမီရှင်၏ ရခဲသောဘဝများတည်း။ ရဟန်းဘဝကို ရရှိရန်.... ရဟန်းဘဝကို ရောက်ရှိရန်.... ရဟန်းဘဝဖြင့် သက်ဆုံးတိုင်နေရန်.... အလွန် ခဲယဉ်းလှကြောင်း သိနိုင်ပေသည်။ သို့အတွက်ကြောင့် ရဟန်းဘဝကို တန်ဖိုးထားသင့်၏၊ ရဟန်း(သံဃာ)တို့ကို ရခဲတွေ့ ခဲသော ရတနာများအဖြစ် ရိုသေညွှတ်တွား ဆည်းကပ်သင့်ပါသည်။ ရလဒ်အဖြစ်ကား ကောင်းမြတ်သော .... အကျိုးများသာ မုချ ဖြစ်နိုင်ပါသည်။ ရသေ့ဘဝ(၅)ဘဝ.... ၁။ ဒီပင်္ကရာ မြတ်စွာဘုရား အထံတော်မှာ သုမေဓာ ရှင်ရသေ့အဖြစ် ရှေးဦးအစ နိယတဗျာဒိတ် ခံယူတော်မူပြီးနောက်... ၂။ နာရဒမြတ်စွာဘုရား အထံတော်မှာ ဇဋိလ အမည်ရှိသော ရှင်ရသေ့အဖြစ် ဗျာဒိတ်ခံယူခြင်း၊ ၃။ အတ္ထဒဿီ မြတ်စွာဘုရား အထံတော်မှာ သုသီမ ရှင်ရသေ့အဖြစ် ဗျာဒိတ်ခံယူခြင်း၊ ၄။ သိဒ္ဓတ္ထ မြတ်စွာဘုရား အထံတော်မှာ မင်္ဂလ ရှင်ရသေ့အဖြစ် ဗျာဒိတ်ခံယူခြင်း၊ ၅။ တိဿ မြတ်စွာဘုရား အထံတော်မှာ သုဇာတ ရှင်ရသေ့အဖြစ် ဗျာဒိတ်ခံယူခြင်း ၊ ဤသို့ ရှင်ရသေ့အဖြစ် ဘဝပေါင်း (၅)ဘဝ ဖြစ်ခဲ့ရပါသည်။ ရဟန်းဘဝ (၉) ဘဝ ၁။ ကောဏ္ဍည မြတ်စွာဘုရား အထံတော်မှာ ဝိဇိတာဝီ စကြာမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း ၊ ၂။ မင်္ဂလ မြတ်စွာဘုရား အထံတော်မှာ သုရုစိ ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်ဖြင့်ဗျာဒိတ်ခံယူခြင်း ၊ ၃။ သုမေဓ မြတ်စွာဘုရား အထံတော်မှာ ဥတ္တရ အမည်ရှိသော ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း ၊ ၄။ သုဇာတ မြတ်စွာဘုရား အထံတော်မှာ စကြာမင်း ဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း ၊ ၅။ ဖုဿ မြတ်စွာဘုရား အထံတော်မှာ ဝိဇိတာဝီ အမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း ၊ ၆။ ဝေဿဘူ မြတ်စွာဘုရား အထံတော်မှာ သုဒဿန အမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်ဗျာဒိတ်ခံယူခြင်း ၊ ၇။ ကကုသန် မြတ်စွာဘုရား အထံတော်မှာ ခေမ အမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း ၊ ၈။ ကောဏာဂုံ မြတ်စွာဘုရား အထံတော်မှာ ပဗ္ဗတ အမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း ၊ ၉။ ကဿပ မြတ်စွာဘုရား အထံတော်မှာ ဇောတိပါလ ပုဏ္ဏားလုလင်ဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း - အားဖြင့် ရဟန်းဘဝအဖြစ် ဗျာဒိတ်ခံယူခဲ့သော ဘဝပေါင်းမှာ (၉)ဘဝ ဖြစ်လေသည်။ သို့အတွက်ကြောင့် ရဟန်းသံဃာတို့အား အမြင်ကြည်အောင် ကြည့်သင့်ကြောင်း မေတ္တာရည်ဖြင့် ရေးသားလိုက်ပါသည်။ ။ Credit to original writer အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2kkJZZB
Newer Post
Older Post
Home