အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, September 3, 2019
🏮 သတိထားပါ။ 🏮 ~ လာဘ်လာဘတွေ ပေါများလာရင်သတိထားပါ။ ~ အောင်မြင်မှုတွေ ရရှိလာရင် သတိထားပါ။ ~ အခြံအရံတွေ ပေါများလာရင် သတိထားပါ။ ~ လူချစ်လူခင် ပေါများလာရင် သတိထားပါ။ * လောကမှာ ဆိုးတဲ့လောကဓံထက် ကောင်းတဲ့လောကဓံကို လူတွေက ခံနိုင်ရည်အား ပိုနည်းတတ်ကြပါတယ်။ * ~ ကောင်းတဲ့လောကဓံဆိုတာ ဓားသွားထက်က ပြားရည်လိုပဲ။ သတိသာမရှိရင် သိပ်ကြောက်စရာကောင်းပါတယ်။ ကောင်းတဲ့လောကဓံတွေနဲ့ တွေ့ကြုံလာတဲ့အခါ - ကျေးဇူးတွေ ကန်းလာတတ်ကြတယ်။ - တော်လိုက်တဲ့ ' ငါ ' ဆိုပြီး မာန်မာနတွေ တက်လာတတ်ကြတယ်။ - ကိုယ့်ကိလေသာရဲ့ အပြစ်ကိုမမြင်တော့ဘဲ အာရုံတွေ နောက်လိုက်ပြီးပဲ နစ်မြှုပ်သာယာ နေတတ်ကြတယ်။ - ရရှိထားတဲ့အရာတွေကို မဆုံးရှုံးရအောင် ထိန်းသိမ်းရင်းနဲ့ပဲ လုံးပန်းပြီး သေဆုံးသွားတတ်ကြတယ်။ ** သာမာန်လူတွေက အငမ်းမရ လိုချင်နေကြတဲ့ ချမ်းသာမှုအတုတွေကို သူတော်ကောင်းတွေက ချမ်းသာလို့မထင်ကြဘဲ လောဘ၊ ဒေါသ၊ မောဟ ချုပ်ငြိမ်းခြင်း ချမ်းသာအစစ်ကိုသာ အလိုရှိကြပါတယ်။ ** ဆရာလေးခေမာရံသီ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့ အလင်းရောင်ဓမ္မဒါန
via အလင်းရောင် ဓမ္မ https://ift.tt/30QG07m
Newer Post
Older Post
Home