Monday, September 2, 2019

ပဋိသန္ဓေမနေတော့သူ 🙏🙏🙏🙏🙏🙏 #မိလိန္ဒမင်ကြီး_အမေး #အရှင်နာဂသိန်_အဖြေ မိလိန္ဒမင်း ။ ။ အရှင်​ဘုရား​သေပြီးတဲ့သူ ​တွေဟာ ​နောင်​တစ်​ဖန်​ ပဋိသ​န္ဓေ မ​နေတဲ့သူများရှိပါသလား ? အရှင်​နာဂသိန်​ ။ ။ ပဋိသ​န္ဓေ ​နေတဲ့သူ သူလည်းရှိတယ်​၊ မ​နေတဲ့သူလည်းရှိတယ်​။ မိလိန္ဒမင်း ။ ။ ဘယ်​သူ​တွေကတစ်​ဖန်​ ပဋိသ​န္ဓေ​နေပြီး ဘယ်​သူ​တွေက ပဋိသ​န္ဓေ မ​နေရ​တော့ပါသလဲဘု ရား? အရှင်​နာဂသိန်​ ။ ။ မင်းမြတ်​.....ကိ​လေသာ ရှိသူ​တွေမှာ တစ်​ဖန်​ ပဋိ သ​န္ဓေ​နေ၍ ကိ​လေသာမရှိသူ​တွေမှာ ​နောက်​ထပ်​ ပဋိသ​န္ဓေမ​နေ​တော့ဘူး မင်း မြတ်​ ။ မိလိန္ဒမင်း ။ ။ အရှင်​ဘုရား​ကော ပဋိသ​န္ဓေ ​နေရဦးမှာလားဘုရား? အရှင်​နာဂသိန်​ ။ ။ မင်းမြတ်​.....ငါ့မှာ ဥပါဒါန်​ဆိုတဲ့ စွဲလမ်းမှု ရှိရင်​ ပဋိသ​န္ဓေ ​နေရဦးမယ်​ ၊ စွဲလမ်းမှုမရှိရင်​​တော့ မ​နေရ​တော့ဘူး ။ မိလိန္ဒမင်း ။ ။ အရှင်​ဘုရား......ပဋိသ​န္ဓေ မ ​နေရတဲ့ သူများသည်​ မှန်​မှန်​ကန်​ကန်​ နှလုံးသွင်းတတ်​လို့ ပဋိသ​န္ဓေ မ​နေရတာ မဟုတ်​ပါလားဘုရား? အရှင်​နာဂသိန်​ ။ ။ မင်းမြတ်​.....နှလုံးသွင်း မှန်​လို့ဖြစ်​​စေ ဥာဏ်​ပညာ ​ကြောင့်​ဖြစ်​​စေ သဒ္ဓါ စတဲ့ ကုသိုလ်​တရားတို့​ကြောင့်​ဖြစ်​​စေ ပဋိသ​န္ဓေ မ​နေရခြင်းဖြစ်​တယ်​ ။ မိလိန္ဒမင်း ။ ။ အရှင်​ဘုရား.....နှလုံးသွင်းမှန်​ တာနဲ့ အသိဥာဏ်​ ပညာ ဟာ အတူတူပဲမဟုတ်​ပါလား ဘုရား? အရှင်​နာဂသိန်​ ။ ။ မင်းမြတ်​....နှလုံးသွင်း မှန်​တာနဲ့ အသိဥာဏ်​ ပညာဟာ တခြားစီဖြစ်​တယ်​ ၊ မင်းမြတ်​ အမှန်​​တော့ ဆိတ်​ သိုး ကျွဲ နွား စတဲ့တိရစ္ဆာန်​ သတ္တဝါ ​တွေမှာလည်း နှလုံးသွင်းမှန်​မှု ဆိုတာရှိတာပဲ ၊ သို့​သော်​ အဲဒီ တိရစ္ဆာန်​ ​တွေမှာအသိဥာဏ်​ ပညာ ​တော့မရှိ​ပေဘူး ။ မိလိန္ဒမင်း ။ ။ အရှင်​ဘုရား...... နှလုံးသွင်း မှန်​ခြင်းဆိုတဲ့ သ​ဘောလက္ခ ဏာ ကဘယ်​လိုပါလဲ ၊ ဥာဏ်​ပညာရဲ့ သ ​ဘောလက္ခဏာကဘယ်​လိုပါလဲ ဘုရား? အရှင်​နာဂသိန်​ ။ ။ မင်းမြတ်​ နှလုံးသွင်းမှန်​ တယ်​ဆိုတာက စုရုံးတဲ့သ​ဘောလက္ခဏာရှိတယ်​၊ ပညာဆိုတာက ပိုင်းဖြတ်​တဲ့ သ​ဘောလက္ခဏာရှိတယ်​ ။ မိလိန္ဒမင်း ။ ။ ပိုပြီးသိသာထင်​ရှား​လေ ​အောင်​ ဥပမာ​ဆောင်​၍ ပြ ​တော်​မူပါဘုရား. အရှင်​နာဂသိန်​ ။ ။ မင်းမြတ်​....​ကောက်​ ရိတ်​တဲ့သူ​တွေ မြင်​ဖူးတယ်​ မဟုတ်​လား၊ အဲဒီ​ကောက်​ရိတ်​သမား​တွေ ဟာ​ကောက်​ပင်​ကိုဘယ်​လိုရိတ်​ပါသလဲ? မိလိန္ဒမင်း ။ ။ အရှင်​ဘုရား.... ဘယ်​လက်​ က​ကောက်​ပင်​​တွေကိုစုရုံးဆုပ်​ ကိုင်​ပြီး ညာလက်​က တံစဉ်​နဲ့ တစ်​ခါတည်းဖြတ်​ချလိုက်​ပါတယ်​ဘုရား ။ အရှင်​နာဂသိန်​ ။ ။ မင်းမြတ်​.... အဲ့ဒီအတူပဲ​ ​ပေါ့ ​ကောက်​ရိတ်​သမား ဟာ ဘယ်​လက်​နဲ့ ​ကောက်​ပင်​ကို စုရုံး ဆုပ်​ကိုင်​ပြီး ညာလက်​က တံစဉ်​နဲ့တိခနဲ ဖြတ်​ချလိုက်​သလို ကမ္မဋ္ဌာန်းအားထုတ်​တဲ့ ပုဂ္ဂိုလ်​​တွေဟာလည်း နှလုံးသွင်းမှုနဲ့ စိတ်​ ကိုဖမ်းထားလိုက်​ပြီး ဥာဏ်​ပညာနဲ့ ကိ​လေသာကို တိခနဲ​နေ​အောင်​ ဖြတ်​ချလိုက်​တယ်​ ၊ ဒါ​ကြောင့်​ နှလုံးသွင်းမှုဆိုတာ စု ရုံးခြင်းလက္ခဏာရှိပြီး ဥာဏ်​ပညာက ပိုင်းဖြတ်​ခြင်း လက္ခဏာရှိတယ်​ ။ မိလိန္ဒမင်း ။ ။ အရှင်​ဘုရား.... နှလုံးသွင်း မှုနဲ့ ဥာဏ်​ပညာမှတစ်​ပါး အခြားကုသိုလ်​​တွေ ​ကြောင့်​ဆိုတဲ့စကား မိန့်​​တော်​မူခဲ့ပါတယ်​၊ အဲဒီကုသိုလ်​​တွေ ဟာ ဘာ​တွေပါလဲဘုရား? အရှင်​နာဂသိန်​။ ။ အဲဒါ​တွေက​တော့ သဒ္ဓါ ၊ သီလ၊ ဝီရိယ၊ သတိ ၊ သမာဓိ ဆိုတဲ့တရား​တွေဖြစ်​တယ်​မင်းမြတ်​ ။ မိလိန္ဒမင်း ။ ။ အရှင်​ဘုရား...... သီလက အဘယ်​သ​ဘောလက္ခဏာ ရှိပါသလဲ? အရှင်​နာဂသိန်​ ။ ။မင်းမြတ်​....သီလဆိုတာ ကုသိုလ်​​ကောင်းမှု အားလုံး ရဲ့တည်​ရာ မှီရာဖြစ်​တယ်​၊ သီလသည်​ ဣ​နြေ္ဒ၊ ဗိုလ်​၊ ​ဗောဇ္ဈင်​ ၊ မဂ္ဂင်​ စတဲ့ ​ဗောဓိ ပက္ခိယ တရား​တွေရဲ့ တည်​ရာ မှီရာ ဖြစ်​ ရာ ဖြစ်​တယ်​၊ မင်းမြတ်​.... သီလ လုံလုံခြုံ ခြုံနဲ့ တရားအားထုတ်​တဲ့ ပုဂ္ဂုလ်​​တွေဟာ သီလကို အမှီပြုပြီး ဣ​နြေ္ဒငါးပါးတို့ကို ပွားများနိုင်​တယ်​၊ ဘယ်​အခါမှ ကုသိုလ်​ တရား​တွေ​လျော့မသွားဘူး၊ တိုးသာလာ တယ်​။ မိလိန္ဒမင်း ။ ။ဥပမာ ​ပေး​တော်​မူပါဦး ဘုရား. အရှင်​နာဂသိန်​ ။ ။ မင်းမြတ်​.... အားလုံး မျိုး​စေ့​တွေဟာ ​မြေကြီး​ပေါ် မှာစိုက်​မှ ​မြေကြီးကို အမှီပြုရမှ ကြီးပွား ထွန်းကားနိုင်​သလို တရားအားထုတ်​ ပုဂ္ဂိုလ်​​တွေဟာလဲ သီလကိုအမှီပြု သီလကို လုံ​အောင်​ထိန်းမှ တရားရနိုင်​တယ်​။ မိလိန္ဒမင်း ။ ။ ဒါ့ထက်​ ​ကောင်းတဲ့ဥပမာ မိန့်​​တော်​မူပါဦးဘုရား. အရှင်​နာဂသိန်​ ။ ။မင်းမြတ်​...မြို့ရွာကို တည်​​ဆောက်​တဲ့ ပိသု ကာများသည်​ ( ၁ ) ​ရှေးဦးစွာ ​မြေ​နေရာကိုသုတ်​သင်​ရှင်းလင်းတယ်​၊ ( ၂ ) ဆူး​ညှောင့်​ခလုတ်​ကိုဖယ်​ပြီး ​​​မြေ ညှိရတယ်​ ၊ ( ၃. ) လမ်းစသည်​ သတ်​မှတ်​ရာ ထားရတယ်​၊ ။ ပြီးမှမြို့ရွာကိုတည်​​ဆောက်ရတယ်​။ အဲဒီ ဥမာလိုပဲ နိဗ္ဗာန်​လိုလားပြီး တရားအားထုတ်​တဲ့​ယောဂီများဟာ ​ရှေးဦးစွာ သီလကိုလုံခြုံ​အောင်​ ထိန်​သိမ်းရတယ်​။ ပြီး​တော့သမာဓိ တည်​​အောင်​လုပ်​ရတယ်​ ။ ​နောက်​ ဝိပဿ နာပွားများရတယ်​။ ဝိပဿနာဥာဏ်​ရင့်​သန်​ လာတဲ့အခါ မဂ်​ ဖိုလ်​ ကိုဧကန်​ရ​တော့တာပဲ. မင်းမြတ်​...... ပညာဥာဏ်​ထက်​သန်​ပြီး သံသရာဝဋ်​မှ အလွတ်​ရုန်းလိုတဲ့ သူများ သည်​ ( ၁) သီလရှိရမယ်​၊ ( ၂ ) သမာဓိ တည်​ရမယ်​၊ (၃. ) ဝိပဿနာအားထုတ်​ရမယ်​၊ အဲဒီလိုကြိုးစား အားထုတ်​လျှင်​ အတွင်း အပ နှစ်​ဝ​သောအရှုပ်​ကို ​ဖြေရှင်း နိုင်​တယ်​လို့ ဝိသုဒ္ဓိမဂ်​ ကျမ်းမှာလာတယ်​. ​မြေကြီးဟာ သတ္တဝါတို့ရဲ့ တည်​ရာ ဖြစ်​သကဲ့သို့ သီလဟာလည်း ကုသိုလ်​တ ရားအားလုံးတို့၏ အရင်းအမြစ်​လည်းဖြစ်​တယ်​၊ မြတ်​စွာဘုရား အဆုံးအမ​တော်​ အားလုံး၏ အချက်​အခြာ တံခါးဝလည်း ဖြစ်​တယ်​လို့ သံယုတ်​မှာ​ဟော​တော်​မူထားတယ်​ ။ Credit: Kaung MyatKyaw #Via - KhinSandar Win %%%%%%%%%%%%%%%%%%%%% #ကောင်းကျိုးလိုရာပြည့်ကြပါစေ #copy


via အလင်းရောင် ဓမ္မ https://ift.tt/2ZvK28g