Thursday, September 5, 2019

သူ စိတ်ဆိုးနေလား... ကိုယ်က ခွင့်လွှတ်လိုက်ပါ။ သူ ပူလောင်နေပေမယ့် ကိုယ်က မပူတော့ပါ။ သူ မှားနေသလား....သနားလိုက်ပါ။ သူ့ ခမျာ အသိကမှောင်နေရှာတာပါ။ သူ ရွဲ့ နေလား....ကိုယ်က မှန်အောင်နေလိုက်ပါ။ သူ မသိရှာဘူး။ရွဲ့သူသာလျှင် တိမ်းပါးသွားတော့ မှာ။ သူ မာနတွေ အလံလွှင့်နေသလား။ သူ မသိဘူး...သူ အောက်ကျတော့မှာ။ သူ တွန့်တိုနေလား..... ကိုယ်က ရက်ရောလိုက်ပါ။ သူ ဆင်းရဲမယ့်လမ်းစ သူ,ဖန်တီးနေတာပါ။ သူ မေတ္တာမထားနိုင်ဘူးတဲ့လား... ကိုယ်က ဉာဏ်ရှိတာဘဲ။ သူ့ နှလုံးသား လောင်ကျွမ်းနေပေမယ့် ကိုယ်က မေတ္တာခြုံလို့လုံနေတယ်။ သူ့ကို ခွင့်မလွှတ်နိုင်ဘူးလား... ကိုယ်က ဥပေက္ခာပြုလိုက်ပါ။ ကိုယ့်ကိုကိုယ် သနားတယ် မဟုတ်လား... ခွင့်လွှတ်ခြင်းကို ရယူလိုက်ပါ။ ကိုယ့်နှလုံးသားဟာ တန်ဖိုးရှိတဲ့အတွက် ကိလေသာမီးတွေ လောင်မြိုက်ဖို့ မထိုက်တန်လို့ပါ။ ဦးပုည( ဝကုန်း ) Copy from Paral lel.


via အလင်းရောင် ဓမ္မ https://ift.tt/30XCKaj