အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, September 7, 2019
စိတ် လူ့စိတ်ပြောင်းရင် စာရိတ္တပြောင်းသွားတယ် စာရိတ္တပြောင်းရင် အမြင်ပြောင်းသွားတယ် အမြင်ပြောင်းရင် ပတ်ဝန်းကျင်ပြောင်းသွားတယ် ပတ်ဝန်းကျင်ပြောင်းရင် ကံကောင်းမှု ပြောင်းသွားတယ် ကံကောင်းမှု ပြောင်းရင် မိမိရဲ့ ကံဇာတာပြောင်းသွားတယ် တကယ်ယုံကြည်အားထားရမှာက မိမိရဲ့စိတ်ပါ၊ ရက်ရာဇာတွေ ပြသဒါးတွေ မဟုတ်ဘူး၊ ကိုယ်မှာဆင်တဲ့ အဆောင်အယောင်တွေ၊ ပရိတ်ကြိုးတွေ၊ အထုံးအဖွဲ့တွေမဟုတ်ဘူး၊ စိတ်အတွင်းမှာသာ စိတ်ကောင်းခြင်း ၊ နူးညံ့ခြင်း ၊ ခွင့်လွှတ်ခြင်း၊ သဘောထားကြီးခြင်း၊ ကိုယ်ချင်းစာခြင်း စတဲ့ စိတ်ရဲ့ Cosmetics တွေနဲ့ အလှဆင်မယ်၊ မေတ္တာကို စိတ်ထဲကပေါက်ဖွားမယ်၊ ပတ်ဝန်းကျင်ကို စိတ်နဲ့သဟဇာတဖြစ်အောင်လုပ်မယ်။ ရှေးလူကြီးတွေက ပြောတယ် - စိတ်တစ်ချက်ကိုင်တတ်ပြီဆိုရင် ကောင်းကင်နဲ့မြေကြီးက အစနားလည်တတ်လာတယ် တဲ့...၊ စိတ်ထဲက ကုသိုလ်၊ အကုသိုလ်ကို ထိန်းနိုင်ရင် တစ်ကိုယ်ကောင်းဆန်မှုတွေ လျော့ပါးသွားတယ်။ လူအချို့ကို ကြာပန်းလို.... ဝေးဝေးက ကြည့်မှ သူ့အလှမြင်တယ်၊ လူအချို့ကို လက်ဖက်ခြောက်လို.... ကြာကြာနှပ်ထားမှ သူ့အရသာအစစ်သိတယ်၊ လူအချို့ကို လေပြည်လို... ဂရုမစိုက်သင့် မစိုက်ဘဲနေရတယ်၊ လူအချို့ကို သစ်ပင်လို မှီခိုသင့် မှီရတယ်။ အားလုံးက ရေစက်ပဲလေ.... လူ့ဘဝဆိုတာ တရားကျင့်တာ၊ မိမိရဲ့ စိတ်နှလုံးသားတစ်ခုကို ကျင့်ယူရမှာ။ စိတ်ပျော့ပျောင်းသွားပြီ... အရာရာလှပသွားပြီ။ စိတ်သန့်စင်သွားပြီ... ပတ်ဝန်းကျင်ကြည်လင်သွားပြီ။ စိတ်ပျော်ရွှင်သွားပြီ.... ဘဝကြီး ချမ်းသာသုခပြည့်သွားပြီ။ ဒီတစ်သက်မှာ ဘဝက ဘယ်အခြေအနေပဲဖြစ်ဖြစ် သူတပါးပေါ် မလွှဲချဘူး၊ ရှိသမျှ ပျော်၊ ဒေါ ၊ ညစ်၊ ပြုံး၊ မုန်း၊ အားလုံးက ကိုယ့်ကိုဖန်တီးတာ။ ဘဝဆိုတာ တိုက်ပွဲမဟုတ်ဘူး၊...... ပဲ့တင်သံ။ သင့်ရဲ့အကောင်းဆုံးကိုသူများကိုပေးကြည့်လိုက်၊ သူများရဲ့ အကောင်းဆုံးက သင့်ဆီပြန်လာတယ်။ သင်သူများကို ကူညီတာများလေလေ၊ သူများဆီက သင် အကူအညီပိုရလေလေ။ သင်က အုတ်တံတိုင်းမြင့်မြင့် ကာလေလေ၊ နောက်ဆုံး အုတ်တံတိုင်းပတ်ပတ်လည်နmဲ့ သင်တစ်ယောက်တည်း ကျန်ခဲ့ရ လေလေ။ နှိမ့်ချကျိုးနွံမှု များများနဲ့ ချီးမွမ်း ထောပနာ များများအသုံးချတတ်ရင် လူ့ဘဝမှာနေရတာ ပျော်ရွှင်မယ်.... ဟုတ်ကဲ့.. ကျနော် ဗုဒ္ဓဘာသာပါ.. CR# အိမ်ပြေ......ရီမောခြင်း
via အလင်းရောင် ဓမ္မ https://ift.tt/2UD8MWJ
Newer Post
Older Post
Home