Friday, September 6, 2019

သက္ကာယဒိဋ္ဌိ_ပြုတ်ပုံ ••••••••••••••••••••• အာနပါနသတိ၏ အကောင်းဆုံးအချက်မှာ "အ၀ိဇ္ဇာ"ခေါ်"မောဟ"ကို အပြီးသတ်ချေမှုန်း ပေးနိုင်သော လက်နက်ကောင်းဖြစ်ပါသည်။ ၀င်လေကို တစ်ကြိမ်သိလိုက်တိုင်း မောဟတစ်ကြိမ် ချုပ်ရပါသည်။ ထွက်လေကို တစ်ကြိမ်သိတိုင်း မောဟတစ်ကြိမ် ချုပ်ရပါသည်။ တစ်စက္ကန့်မှာ ၀င်လေထွက်လေ တစ်ကြိမ် သိလျှင် တစ်မိနစ်မှာ အကြိမ်(၆၀) သိ၍ မောဟ အကြိမ်(၆၀) ချုပ်ရပါသည်။ တစ်နေ့ မိနစ် (၃၀) အာနပါနဿတိ အားထုတ်နိုင်လျှင် မောဟအကြိမ် (၁၈၀၀) ချုပ်သွားပါပြီ။ မောဟချုပ်တိုင်း လောဘ ဒေါသပါ လိုက်ပြီးချုပ်ရပါသည်။ ထို့ကြောင့် ထွေထွေထူးထူး ရှာဖွေ ကျင့်ကြံ ရသော တရားမဟုတ်ပဲ သဘာဝတရားအပေါ်မှာသာ အခြေခံ၍ ကျင့်ရသော ဘုရားရဟန္တာအားလုံး၏ တစ်ခုတည်းသော မူလကမ္မဋ္ဌာန်းတရား ဖြစ်ပါပေသည်။ သမထနှင့်ဝိပဿနာ မကွဲသေးသော ယောဂီအသစ်များ မှတ်သားထားရန်မှာ ဝင်လေသိ ထွက်လေသိကို အကြိမ်ပေါင်း များစွာ အာရုံပြုနေခြင်းသည် သမထ၏ သဘောဖြစ်ပါ၏။ သမထကို မလုပ်ပဲနေ၍လည်း မရပါ။ ဝင်လေသိ ထွက်လေသိကို အာရုံပြုနေစဉ် မှာပင် အနာများ ပေါ်လာပါသည်။ ဥာဏ်နှင့်ဆင်ခြင်ကြည့်သောအခါ၌အနာသည် ရုပ်မှာဖြစ်နေသော်လည်း အနာပေါ်နေသည် မှာ စိတ်ထဲဖြစ်နေသည်ကို သိလာပါသည်။ ဤနည်းအားဖြင့် ယောဂီသည် အနာဖြစ်သည့် နေရာနှင့် အနာပေါ်သည့် နေရာနှစ်ခုကို ခွဲပြီး သိသွားလေသည်။ ထိုအချိန်မှာပင် နာမ်နှင့်ရုပ်ကို ခွဲပြီးကြည့် တတ်သော နာမရူပ ပရိစ္ဆေဒဉာဏ်ကို စ၍ ရလာပါသည်။ ထိုနာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ကြည့်နေချိန်မှာ မိမိစိတ်ထဲ၌ အနာကြောင့် ဝေဒနာဖြစ်နေ သော်လည်း ယခင်ကကဲ့သို့ မခံနိုင်သည့် စိတ်မပေါ်လာပဲ (၁) အနာရှိရက်နှင့် အနာပျောက်ချင်နေသောစိတ် (၂) အနာမှ မြန်မြန်လွတ်ချင်၍ အချိန်မြန်မြန် ကုန်ချင်နေသောစိတ် (၃) အချိန်ကုန်မှသာ အနာလွတ်တော့မည် ဟု တွေးနေတတ်သောစိတ်များ တရားထိုင်တိုင်း ထိုင်တိုင်း မပေါ်လာတော့ လျှင် သက္ကာယဒိဋ္ဌိ ပြုတ်သွားပါပြီဟု ပြောနိုင် ပါလိမ့်မည်။ ငါးပါးသီလပါ အသက်နှင့်ထပ်တူ မကျိုး မပေါက်အောင် ဆက်ပြီး ထိန်းသိမ်းနိုင်ပြီ ဆိုလျှင် … ယောဂီကို အပါယ်မကျနိုင်သော အရိယာ သံဃာစာရင်းဝင်သွားပြီဟု သတ်မှတ်နိုင် ပါသည်။ ဆရာတော် အရှင်ပညာဗလ Paral Lel ######################## #ကောင်းကျိုးလိုရာပြည့်ကြပါစေ


via အလင်းရောင် ဓမ္မ https://ift.tt/32wiTzd