အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 7, 2019
" အသေလွယ်တဲ့ခေတ် " 💫💫💫💫💫💫💫💫 ဒီခေတ်က သေဖို့ အလွန်လွယ်နေတဲ့ ကာလ စားစရာတွေကလည်း အာဟာရဖြစ်တာက နည်းနည်း ရောဂါဖြစ်တာကများများ သွားစရာရှိလို့ သွားရပြန်တော့လည်း အိမ်ပြန်ရောက်ဖို့က မသေချာ ဖြစ်လိုက်ကြတဲ့ မတော်တဆ သေလိုက်ကြတဲ့ လူငယ် လူကြီး ကလေးအရွယ်မရွေး... စိတ်ချလက်ချ နေလို့ မရတော့တဲ့ အခြေအနေတွေမှာ နေဖို့ပဲ တွေးနေပြီး ပြင်ဆင်နေလို့ မဖြစ်တော့ သေဖို့လည်းတွေး သေဖို့လည်း ပြင်ဆင်ထားတော့မှ ဘဝကူးကောင်းဖို့က အဆင်ပြေမှာ ... ကံလမ်းကြောင်းပေါ် လျှောက်နေရတဲ့ သံသရာမှာ ဒါနကောင်းမှ ဘဝကောင်းကို ရနိုင်မှာ ကိုယ်ပြုထားတဲ့ ဒါနတွေက ဘယ်လိုပုံစံနဲ့သေသေ သေခါနီး အာရုံနိမိတ်တွေအဖြစ်ထင်လာပြီး ကုသိုလ်ကံလမ်းကြောင်းပေါ်တင်ပေးမယ် ကုသိုလ်ကံ ဝင်လာမှ ဘဝကောင်းကသေချာမှာ ... သီလကောင်းမှလည်း ဘဝကောင်းကို ရနိုင်မှာ ကိုယ်စောင့်ထိန်းထားခဲ့တဲ့သီလက သေခါနီးအပါယ်မကျအောင် လာကယ်မှာ... ကိုယ်နာထားတဲ့တရား ကိုယ်ကျင့်ထားတဲ့တရား ကိုယ်သိထားတဲ့တရား သေခါနီးရင် အသေမဦးခင် ဉာဏ်ကဦးပေးပြီးအပါယ်ငရဲက ဆွဲတင်ပေးမှာ... အသေလွယ်တဲ့ ဒီခေတ်မှာ ငယ်သေးတယ်ဆိုပြီး စိတ်ချလက်ချ နေလို့မရတော့ဘူးနော်... နေ့ရက်တိုင်းဟာ သေနိုင်တာမို့ နေ့ရက်တိုင်းမှာဒါန သီလ တရားဘာဝနာ အားကောင်းအောင် ကြိုးစားထားပြီး သေဖို့အတွက် ကြိုတင်ပြင်ဆင်ထားကြပါလို့ ... မစိုးရိမ်အရှင်ဗုဒ္ဓပီယ ၏တရားတော်အားမျှဝေပါသည်.... Via:Words of Buddha 💥💥💥 မေတ္တာဖြင့် La War So
via အလင်းရောင် ဓမ္မ https://ift.tt/30lV6kx
Newer Post
Older Post
Home