အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, July 12, 2019
ဘယ်အရာမှ မသေချာဘူး 🌷🌷🌷🌷🌷🌷🌷 " မနက်ဖန်တော့ ငါ မသေသေးပါဘူး၊ နောက်လတော့ မ သေသေးပါဘူး၊ နောက်နှစ်တော့ မသေသေးပါဘူး"။ မသေဘူးထင်လို့မို့ နောက်နှစ်အတွက်, ဟို နောက်နှစ်အတွက် စီမံကိန်းတွေ အများကြီးစွဲထားတာ။ ဒါလည်း ဦးပဉ္စင်းတို့လည်း ဒီအတိုင်းပါပဲ။ မနက်ဖြန် နေရမယ်,သေရမယ် မသိဘူး ဆိုတာက တွေးလိုက်တဲ့အခါသာ "သြော် မဟုတ်ပါလား"လို့ စဉ်းစားတာ။ မတွေးတဲ့အချိန်မှာတော့ အနာဂါတ်ကို သေချာပေါက် တွက်ထားတာ၊ အဲဒီအနာဂါတ်ကို သေချာပေါက် တွက်ထားခြင်းသည် ပစ္စုပ္ပန်မှာ လောလောဆယ်လုပ်ရမယ့် အလုပ်ကို လုပ်ဖြစ်ဖို့အတွက် သူက အများကြီး အားပျော့သွားစေတယ်။ဟုတ်လား။ အခု ဒီနေ့ လုပ်ရမယ့် အလုပ်ကို ဒီနေ့ လုပ်လိုက်ပါ။ နောက်အနာဂါတ်ဆိုတာ မသေချာဘူး။ မနက်ဖြန်တောင် မသေချာဘူး။ မသေချာဘူးဆိုတာကလည်း အမှန်တော့ အမှန်ပါပဲ။ ဘာလို့ဆိုတော့ ဒီနေ့လို သေသွားတဲ့ ပုဂ္ဂိုလ်တွေဟာ မနေ့တုန်းကလိုမျိုးက "ငါ မနက်ဖြန် သေမယ်"လို့ မသိဘဲနဲ့ သေကြရတာ များပါတယ်။ ဟုတ်တယ် မဟုတ်လား။ ဘယ်သူမှ မျှော်လင့်ထားတာ ဖြစ်တာ မဟုတ်ဘူး။ မမျှော်လင့်တာတွေချည်းပဲ ဖြစ်ဖြစ်နေကြတာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက အခုလုပ်ရမယ့် အလုပ်ကို အခုပဲ လုပ်လိုက်ပါ။ မနက်ဖြန်ဆိုတာ မသေချာဘူး။ ဘာဖြစ်လို့လဲဆိုတော့တဲ့- န ဟိ နော သင်္ဂရံ တေန၊မဟာသေနေန မစ္စုနာ၊ များစွာသောစစ်သည်ရှိတဲ့ သေခြင်းတရားနဲ့ အချိန်းအချက် သေချာပေါက် ဘယ်သူမှ လုပ်ထားတာ မရှိဘူးတဲ့။ သစ္စာရွှေစည်ဆရာတော် သတိနှင့်ပျော်၊ စိတ်ကိုစောင့်၊ လွတ်အောင်ရုန်း တရားတော်မှ ကူးယူ ပူဇော်သည်။ Mp3ဖြင့် တရားတော်ကို နာယူလိုပါက ပေးထားသော Linkကို နှိပ်ပါ⏩⏩⏩ https://ift.tt/2G73Ove credit : သစ္စာရွှေစည်စာကြည့်တိုက် Page 3 Luxury Salon Coimbatore
via အလင်းရောင် ဓမ္မ https://ift.tt/2XJM1jL
Newer Post
Older Post
Home