Wednesday, July 10, 2019

အာဠာဝကလို စိတ်ထားမျိုးမွေးပါ 🌷🌷🌷🌷🌷🌷🌷🌷 အာဠာဝကဆိုတဲ့ ဘီလူးကြီး ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲပြီးတဲ့ နောက်ပိုင်းမှာ အာဠာဝက က ဘာကြေညာသလဲဆိုတော့  `လောကမှာ သူသည် နဖူးနဲ့၊ ဒူးနဲ့၊ တံတောင်နဲ့ ရှိခိုးရမယ်ဆိုလိုရှိရင် ဗုဒ္ဓ ရှင်တော်ကိုသာ ရှစ်ခိုးတော့မယ်။ အခြား ဘယ်သူ့ကိုမှ မရှိခိုးတော့ဘူး´ အာဠာဝက ဘီလူးတောင် အဲဒီစိတ်မျိုးရှိတယ်။ ခုတော့ ဘုန်းကြီးတို့ ပရိသတ်က ဘုရားရှိခိုးပြီးရင် ဟိုဘက်မှာ ဘီလူးရော၊ နတ်ရော၊ ၃၇ မင်းရော အကုန် ကုန်းပြီးတော့ ရှိခိုးနေတာ တွေ့ရတယ်။ အဲဒီလိုဆိုတော့ ဘုရားလည်းပဲ ရှိခိုးတယ်။ ဟိုဘက်လည်း ရှိခိုးတယ်။ ဘုရားနဲ့ သာသနာပ သတ္တ၀ါတွေကို တန်းတူထားရင် ဘုရားတန်ဖိုးက ကျသွားမယ်။ အဲဒါကို မသိကြတော့ ကိုယ့်သရဏဂုံကို ကိုယ်နှိမ့်ချသလို ဖြစ်သွားတယ်။ ဒါကြောင့် အာဠာဝကရဲ့ စိတ်ထားမျိုး မွေးဖို့လိုတယ်လို့ တိုက်တွန်းချင်တယ်။ သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ


via အလင်းရောင် ဓမ္မ https://ift.tt/30tgODb