အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, July 11, 2019
တရားစတင်အားထုတ်မည်ဆိုလျှင်... 🌷🌷🌷🌷🌷🌷🌷🌷🌷 အချို့တရားအားထုတ်လိုကြ၏။ တရားစခန်း များ၌လည်း အကြောင်းအမျိုးမျိုးကြောင့် တစ် ကြိမ်တစ်ခါမျှ ဝင်ရောက်အားထုတ်ခဲ့ဖူးခြင်းလည်း မရှိ။ သို့သော် ညအိပ်ရာဝင်ခါနီး ဘုရားဝတ်တတ် မေတ္တာပို့ အမျှဝေပြီးလျှင် တရားထိုင်လိုကြသည့် စိတ်ဆန္ဒလေးများ အချို့ဖြစ်တတ်ကြ၏။ သို့သော် ဘယ်ကစပြီး ဘယ်လိုတရားရှုမှတ်ရမည် ဟူသော နည်းစနစ်ကို မသိကြသောကြောင့် တရား အားထုတ်ချင်ပါလျှက် တရားအားမထုတ်ဖြစ်ကြ သည့် တတ်သစ်စယောဂီငယ်လေးများအတွက် တရားထိုင်ပုံထိုင်နည်း အခြေခံနည်းစနစ်အချို့ကို ဓမ္မဒါနဒါပြုလိုက်သည်။ ရှေ့ဦးစွာ...တတ်သလောက် မှတ်သလောက် ဘုရားရှိခိုးခြင်း၊ သီလခံယူခြင်း၊ မေတ္တာပို့အမျှ ဝေခြင်း၊ မိမိ၏ ခန္ဓာငါးပါးကို ဘုရားမြတ်စွာအား အပ်နှင်းလှူဒါန်းခြင်း၊ ခင်ပွန်းကြီးဆယ်ပါးတို့အပေါ် ပြစ်မှားခဲ့မိသည်ရှိသော် ထိုအပြစ်တို့ကို ဝန်ချတောင်းပန်းခြင်း-စသည် ကိစ္စတို့ကို ပြုလုပ်ဆောင်ရွက် ပြီးလျှင်....။ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ-ဟူသော ဒေသနာ တော်ဖြင့်အညီ "တင်ပလ္လင်ခွေထိုင်ပါ။ မိန်းကလေး ဆိုလျှင် မိန်းမထိုင်လေးထိုင်ပါ။ ခါးကိုဖြောင့်စွာ ထားပြီး ဦးခေါင်းကို တည့်မတ်စွာထားပါ။ ပြီးသော အခါ နှာသီးဝမှ ထွက်လေ ဝင်လေးကို သတိလေး ကပ်ပြီး ရှုမှတ်ရပါမည်။ ဘယ်လိုသတိကပ်ပြီး ရှုမှတ်ရမလဲဆိုလျှင်... ၁။ သတောဝ အဿတိ သတောဝ ပဿတိ-ဟူ သော ဒေသနာတော်အရ-"ထွက်လေ ဝင်လေ၌ သတိ လေးကို ကပ်ထားရပါမယ်"။ ၂။ ဒီဃံဝါ အဿသန္တော ဒီဃံ အဿာမီတိ ပဇာ နာတိ။ ဒီဃံဝါ ပဿသန္တော ဒီဃံ ပဿာမီတိ ပဇာနာတိ။ ရဿံဝါ အဿသန္တော ရဿံ အဿာ မီတိ ပဇာနာတိ။ ရဿံဝါ ပဿသန္တော ရဿံ ပဿာမီတိ ပဇာနာတိ-ဟူသော ဒေသနာတော်အရ- "ထွက်လေသည် ရှည်လျှင်ရှည်တယ်။တိုလျှင်တို တယ်ဟု သတိကပ်၍ ရှုမှတ်ပေးရမည်"။ ၃။ သဗ္ဗကာယပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခ တိ။ သဗ္ဗကာယပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ-ဟူသောဒေသနာတော်အရ-"နှာသီးဝမှ ထွက်လေ ဝင်လေတို့ ၏" အစ၊ အလယ်၊အဆုံး"သုံးချက်လုံးမိ အောင် သတိလေးကပ်၍ ရှုမှတ်ရမည်"။ ၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာ မီတိ သိက္ခတိ-ဟူသော ဒေသနာတော်အရ-"ကြမ်း တမ်းသော ထွက်လေ ဝင်လေတို့ကို အစဉ်အတိုင်း နုညံ့သိမ်မွေ့သွားအောင် အားထုတ်ရမည်"။ ထိုသို့အားထုတ်ဖန်ပွားလာသည့်အခါ "ထွက်လေ ဝင်လေ"လေးတွေသည် အရမ်းနုညံ့လာပြီး ထွက် လေ ဝင်လေတို့ နှာသီးဝမှ ထွက်၍ထွက်မှန်း ဝင်၍ ဝင်မှန်းမသိလောက်အောင်ဖြစ်လိမ့်မည်။ ထိုသို့ဖြစ်လာပြီဆိုလျှင် ဝိပဿနာဘက်သို့တတ်လှမ်း အားထုတ်ရန် မိမိသန္တာန်မှာ သမာဓိသာသနာကိန်းပြီ ဖြစ်၏။ ထိုအခါ ထွက်လေ ဝင်လေကို လွှတ်၍ ရုပ် ဓမ္မနာမ်ဓမ္မတို့၏ ဖောက်ပြန်မှုသဘော(ကာယာနုပဿနာ)။ ခံစားမှုသဘော(ဝေဒနာနုပဿနာ)။ သိ မှုသဘော(စိတ္တာနုပဿနာ)။ ဟဒယဝတ္ထုဝယ် မှန် အကြည်လိုပေါ်လာသည့် ဓမ္မာရုံသဘော(ဓမ္မာနုပဿ နာ) ထိုဓမ္မတို့၏ "ဖြစ်ပျက်"မှုတို့ကို သတိကပ်၍ ရှုမှတ်ရပါမည်။ ထိုသို့အားထုတ်ဖန်များလာလျှင် မိမိဉာဏ်မှာ ဝိပဿနာဉာဏ်တို့အဆင့်ဆင့်တတ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်အဆင့်ဆင့်ရရှိနိုင်ပါသည်။ ။ CR# ယထာဘူတခေမိန္ဒ 10/7/2019
via အလင်းရောင် ဓမ္မ https://ift.tt/2Sat4FW
Newer Post
Older Post
Home