အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, July 11, 2019
ဂုဏ်သိက္ခာရှိသူ 🗯🗯🗯🗯🗯 လူကို မြင့်မြတ်သူ တစ်ဦးဖြစ်အောင် လုပ် ဆောင်တာသည် အပြင်ပိုင်း ရုပ်သွင်မဟုတ်။ အတွင်းစိတ် သန့်ရှင်းစင်ကြယ်မှုနှင့် အတုယူ စံပြုထိုက်သောဘဝက လုပ်ဆောင်တာ ဖြစ်ပါ တယ်။ ရာထူး အာဏာ စည်းစိမ်ချမ်းသာနှင့် အမျိုး ဇာတ်အရောင်အသွေးက လူကြီးလူကောင်း ဖြစ်အောင် လုပ်ဆောင်ပေးတာ မဟုတ်ပါ။ ကိုယ်ကျင့်တရား ကောင်းမွန်မှုကသာ ကြီးကျယ်မြင့်မြတ်ပြီး ဂုဏ်ပြုခံထိုက်သူ ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ သင့်ရဲ့ ဥစ္စာဓနတွေက သင့်အိမ်ကိုသာ တန်ဆာဆင်ပေးနိုင်ပြီး သင့်ရဲ့ ကောင်းမြတ်မှုတွေက သင့်ဘဝကို တန်ဆာဆင်ပေးတယ်။ သင့်ရဲ့ အဝတ်အစား အဆင်တန်ဆာတွေက သင့်ကိုယ်ခန္ဓာကိုသာ အလှဆင်ပေးနိုင်ပြီး သင့်ရဲ့ကောင်းမွန်တဲ့ အနေထိုင် အပြုအမူက သင့်ဘဝကိုပါ အလှဆင်ပေးတယ်။ သင့်ရဲ့ အောင်မြင်ကျော်ကြားမှုက ရေတိုမှာသာ ချီးမွမ်းခံရပြီး သင့်ရဲ့ ဟီရိ သြတ္တပ္ပတရားကတော့ တစ်သက်တာ ချီးမွမ်းခံရပါတယ်။ သင့်ရဲ့ ဘွဲ့ဒီဂရီတွေဟာ နံရံပေါ်မှာသာ ဂုဏ်ဝင့်ဖွယ်ဖြစ်ပြီး သင့်ရဲ့ ပညာဉာဏ်ကတော့ ပညာရှိများ ကြားမှာလည်း ဂုဏ်တင့်ပါတယ်။ သင့်ရဲ့ ရာထူး အာဏာပါဝါတွေက အပြင်ဝန်းကျင်မှာသာ လှပပြီး သင့်ရဲ့ မြင့်မြတ်တဲ့စိတ်က သင့်အတွင်း စိတ်နှလုံးမှာလည်း လှနေပါတယ်။ သင့်ရဲ့ ပိုင်ဆိုင်မှုတွေက ပြယုဒ် သက်သက်အဖြစ်သာ ကောင်းပြီး သင့်ရဲ့ ကိုယ်ကျင့်တရားကတော့ သင့်ဘဝအတွက်ပါ ကောင်းမွန်ပါတယ်။ မြတ်ဗုဒ္ဓက ဂုဏ်သိက္ခာရှိသူဆိုတာ … မြင့်မြတ်သော သူတော်ကောင်းကို ဆိုလိုကြောင်း အတွင်းစိတ်ဓာတ်ကသာ အရေးကြီးကြောင်း အပြင်က ပြောသလောက် အရေးမကြီး ကြောင်း သတိပေးဆုံးမထားပါတယ်။ ဒေါက်တာ အရှင်ကုမုဒ (ဗောဓိတစ်ထောင်) #Via - Paral Lel >>> thank
via အလင်းရောင် ဓမ္မ https://ift.tt/2Lfe74E
Newer Post
Older Post
Home