Monday, July 8, 2019

လူသက်​ကင်းသူများ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 - အမှတ်​မဲ့၏ ဒါနသည်​ လှူရာဝယ်​ အသိစိတ်​မကပ်​တတ်​။ - ကပ်​သော်​မှ ငါ၊ ဝတ္ထု၊ ပုဂ္ဂိုလ်​ တစ်​ခုအပေါ်ဝယ်​ နားနေတတ်​လှ၏။ - သို့ကြောင့်​ ဘုရားဝတ်​ပြုစဉ်​ သြကာသတစ်​ပုဒ်​လုံး ဆုံးသည်​ထိ ဘုရားရှင်​ထံ စိတ်​မှန်​မှန်​ မရောက်​ပြီ။ * ဆွမ်းတော်​ကပ်​စဉ်​ (အရဟတာဒိ) ဆွမ်းတော်​ကပ်​တစ်​ပုဒ်​လုံး ဆုံးသည်​ထိ ဘုရားထံ စိတ်​ပြည့်​ မရောက်​ပြီ။ * သည့်​အတူ သံဃာ့ဒါန ဆွမ်းလောင်းလှူရာ ဆွမ်းကျွေးရာ စသည့်​ ကောင်​မှုစုံ အကုန်​ ပြုရာ၌လည်း ကိုယ်​နှင့်​စိတ်​ တစ်​ထပ်​တည်း မကျခြင်းများကြောင့်​ ကောင်းမှု စစ်​စစ်​ကား မဖြစ်​နိုင်​ပြီ။ * အမှတ်​မဲ့လူသားတို့၏ ထိုတစ်​နေ့တာသည်​ မသိမှု မောဟနှင့်​တကွ ကိလေသာ လောင်းရိပ်​မိနေတော့ခြင်း၊ ကောင်းလမ်းပါ၊ ဆိုးလမ်းပဲဟူ၍ သဲသဲကွဲကွဲ သိပိုင်​မှု မရှိတော့ခြင်း။ ** ထိုအချက်​နှစ်​ချက်​ကို ထောက်​ဆလျက်​ လူစာရင်းထဲမှ ပယ်​ဖျက်​ရပါမည်​။ လူပင်​ဖြစ်​လျက်​ လူသက်​ကင်းသူများဟူ၍ ကမ္ဗည်းရေးထိုးရပါတော့မည်​။ အနန္တကျေးဇူးတော်​ရှင်​ မဟာဗောဓိမြိုင်​ဆရာတော်​ဘုရားကြီး


via အလင်းရောင် ဓမ္မ https://ift.tt/32evEiM