အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 7, 2019
ငါမရှုံးစေရဘူး 🌷🌷🌷🌷 # ဘယ်သူမုန်းမုန်း မမုန်းမုန်း ငါပြုံးနိုင်အောင် ကြိုးစားမယ်။ # ဘယ်သူတိုက်တိုက် မတိုက်တိုက် ငါမခိုက်အောင် ကြိုးစားမယ်။ # ဘယ်သူဆဲဆဲ မဆဲဆဲ ငါမလွဲအောင် ကြိုးစားမယ်။ # ဘယ်သူမြှောက်မြှောက် မမြှောက်မြှောက် ငါမမြောက်အောင် ကြိုးစားမယ်။ # ဘယ်သူခြောက်ခြောက် မခြောက်ခြောက် ငါမကြောက်အောင် ကြိုးစားမယ်။ # သူများမုန်းတိုင်း ငါမမုန်းဘူး၊ သူများတိုက်တိုင်း ငါမမိုက်ဘူး၊ သူများဆဲတိုင်း ငါမမဲဘူး၊ သူများမြှောက်တိုင်း ငါမမြောက်ဘူး၊ သူများခြောက်တိုင်း ငါမကြောက်ဘူး။ # ငါကြောက်ရမှာ ငါ့ကိုယ်ငါပဲ။ ငါမှားရင်လည်း ငါပဲသွားမယ်။ ငါမှန်ရင်လည်း ငါစံရမယ်။ ငါလဲရင်လည်း ငါပဲကွဲမယ်။ ငါမုန်းရင်လည်း ငါပဲရှုံးမယ်။ # ငါ့ကိုယ်ငါတော့ ရှုံးလို့မဖြစ်။ ငါမနစ်အောင် အပြစ်ရှောင်မယ်။ ငါမထိအောင် သတိဆောင်မယ်။ ငါမမှားအောင် တရားဆောင်မယ်။ ငါမရှုံးအောင် အပြုံးဆောင်မယ်။ ဘယ်သူ့ကြောင့်မှ ငါမရှုံးစေရဘူး။ Credit ~မနာပ ဒါယီ အရှင်ဝိစိတ္တ __________🙏🏻🙏🏻🙏🏻________
via အလင်းရောင် ဓမ္မ https://ift.tt/2FWJD2U
Newer Post
Older Post
Home