အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, July 12, 2019
အလုပ်တွေကို တကယ် ငြီးငွေ့ရိုးမှန်လို့ရှိရင် တရားဘက်ကိုသာ ခြေစုံပစ်ပြီးတော့ ဝင်လိုက်။ အဲဒီလူသာလျှင် အလုပ် တကယ်ပြီးမယ်။ 🌷🌷🌷🌷🙏🙏🙏🌷🌷🌷🌷🌷 ဒါယကာ ဒါယိကာမတို့ ဦးပဉ္စင်းတို့တစ်တွေဟာ ရေငတ်နေတဲ့ အနေအထားမျိုးမှာပဲ ရှိနေသေးတယ်။ ရေကို ဝအောင်သောက်ရတဲ့,ချိုးရတဲ့ အနေအထားမျိုးမှာ ရှိမနေဘူး။ ဟုတ်လား။ အဲဒါ ကိုယ်က ဝအောင်သောက်ချင်တယ်, ချိုးချင်တယ်ဆိုတဲ့ အနေအထားမျိုးကို ရောက်ချင်တယ်ဆိုရင် ဒီရေကို ရအောင် တူရမယ်။ ဘယ်မှာ တူးရမှာတုန်း ကန္တာရမှာ တူးရမှာ။ လွယ်တော့မလွယ်ဘူး။ အခု ကုန်သည်တွေဟာ ရေရအောင် ဘယ်နေရာမှာ တူးသွားတာတုန်း၊ကန္တာရမှာ တူးသွားတာ။ အခု ဒါယိကာမတို့ ဦးပဉ္စင်းတို့တစ်တွေလည်း လောဘမီး,ဒေါသမီး တဟုန်းဟုန်းလောင်နေတဲ့ ဒီကန္တာရထဲမှာ ဒီငြိမ်းချမ်းမူ ရေကို ရအောင် တူးယူရမယ်။ သူသည် တန်ဖိုးအရှိဆုံး, အဖိုးတန်ဆုံး။ အဖိုးတန်ဆုံး,တန်ဖိုးအရှိဆုံးဖြစ်တဲ့အတွက်ကြောင့် ပေါ့ပေါ့တန်တန်နဲ့တော့ ရမယ်လို့တော့ မထင်နဲ့နော်။ အေး, အများကြီး ပေးရမယ်,အများကြီးစွန့်ရမယ်။ လုပ်ရမှာပဲ။ ကိုယ်ရချင်တဲ့ အရာက သိပ်ကောင်းတဲ့ အရာဖြစ်နေတာကိုး။ ဆိုလိုတာက တရားတည်းဟူသောအနှစ်သာရကို မရမချင်း ဘယ်တော့မှ မနားရဘူးဆိုတာ ခေါင်းထဲ ထည့်ထား။ ဒီ ပုံစံနဲ့ မဟုတ်ရင် ဟိုပုံစံနဲ့ လုပ်ရမယ်။ ဒီဘဝမျိုးနဲ့မဟုတ်ရင် ဟိုဘဝမျိုးနဲ့ လုပ်ရမယ်။ ဘယ်တော့မှ မနားရဘူး။ အနားရ သွားစေတဲ့, အလုပ်ပြီးသွားစေတဲ့ ကိစ္စသည် ဒီတရားကိစ္စ တစ်ခုပဲရှိတယ်။ ဒါကြောင့် ဘယ်အလုပ်မှ ကိစ္စမပြတ်ဘူး။ ဘယ်အလုပ်မှ အပြီးဆိုတာ မရှိဘူး။ အလုပ်တွေကို တကယ် ငြီးငွေ့ရိုး မှန်လို့ရှိရင် တရားဘက်ကိုသာ ခြေစုံပစ်ပြီးတော့ ဝင်လိုက်။ အဲဒီလူသာလျှင် အလုပ်တကယ်ပြီးမယ်။ ကျန်တဲ့အလုပ်သည် ဘယ်တော့မှ မပြီးနိုင်ဘူး။ ဒါကြောင့် လွတ်အောင် ရုန်းဆိုတဲ့ ကိစ္စမှာ ယုတ်ညံ့မူကနေ မြင့်မြတ်မူဆီကို ရုန်းမယ်။ ပူလောင်မူကနေ အေးချမ်းမူ ဆီကို ရုန်းမယ်။ ရှုပ်နေတာတွေထဲကနေ ရှင်းနေတဲ့နေရာကို ရုန်းမယ်။ မှောင်နေတဲ့နေရာကနေ လင်းနေတဲ့နေရာကို ရုန်းမယ်လို့ အဲသလို သဘောပေါက်ရတယ်။ အဲဒါကို မရမချင်းလည်းပဲ ဘယ်တော့မှ အလုပ်မပြီးဘူးလို့ ဒါကို ပြောချင်တာ။ ဒါကို မရမချင်းတော့ ဒီပြင်ဟာတွေ အမြဲတန်း လုပ်ပဲ၊အလုပ် ဘယ်တော့မှ မပြီးဘူး။ သစ္စာရွှေစည်ဆရာတော် သတိနှင့်ပျော်၊ စိတ်ကိုစောင့်၊ လွတ်အောင်ရုန်း တရားတော်မှ ကူးယူ ပူဇော်သည်။ Mp3ဖြင့် တရားတော်ကို နာယူလိုပါက ပေးထားသော Linkကို နှိပ်ပါ⏩⏩⏩ https://ift.tt/2G73Ove
via အလင်းရောင် ဓမ္မ https://ift.tt/2XGNrvd
Newer Post
Older Post
Home