Saturday, July 13, 2019

မိနစ်​တိုင်းမှာ တစ်​စုံတစ်​​ယောက်​ဟာ ဒီကမ္ဘာ​လောကကြီးကို​ ကျောခိုင်းပြီး ထွက်​ခွာသွားတယ်​။ ကျွန်​​တော်​တို့ အားလုံးဟာ အဲဒါကိုမသိဘဲနဲ့ တန်းစီပြီး​ စောင့်​ဆိုင်း​နေကြတယ်​။ ကျွန်​​တော်တို့​ရှေ့မှာ လူဘယ်​နှ​စ်ေ​ယာက်​ တန်းစီ​​စောင့်​​နေသလဲ ကျွန်​​တော်​တို့ ဘယ်​​တော့မှ မသိဘူး။ ကျွန်​​တော်​တို့ အ​နောက်​ဘက်​ကိုပြန်​သွားပြီး တန်းစီလို့လည်းမရဘူး။ ​ရှေ့ကို​ကျော်​ပြီး တန်းစီလို့လည်းမရဘူး။ ​မတန်းစီဘဲ​ ​ရှောင်​ထွက်​သွားလို့လည်းမရဘူး။ အဲဒီ​တော့ တန်းစီ​စောင့်​​နေရတုန်းမှာ အခိုက်​အတန့်​တိုင်းကို တန်​ဖိုးရှိ​အောင်​​နေပါ။ ဦးစား​ပေး​တွေ သတ်​မှတ်​ပါ။ လုပ်​သင့်​တာ​​​တွေလုပ်​ဖို့ အချိန်​​ပေးပါ။ ကိုယ်​ရရှိပိုင်​ဆိုင်​ထားတဲ့ လက်​​ဆောင်​​တွေကို သိ​အောင်​လုပ်​ပါ။ ​သေး​သေးမွှားမွှား​တွေကို ကြီးကြီးမားမားဖြစ်​​အောင်​လုပ်​ပါ။ ကိုယ့်​​ကြောင့်​တစ်​စုံတစ်​​ယောက်​ ပြုံးသွား​ပါ​စေ။ အ​​ပြောင်းအလဲလုပ်​ပါ။ ​ ​မေတ္တာထားပါ။ ချစ်​ချစ်​ခင်​ခင်​​နေပါ။ သင့်​နားကလူ​တွေကို သင်​ချစ်​​ကြောင်း​ပြောပါ။ ဝမ်းနည်းပူ​ဆွေးစရာ​တွေ မရှိ​အောင်​လုပ်​ပါ။ သင့်​အလှည့်​​ရောက်​ရင်​ သင်​ အသင့်​ဖြစ်​​နေပါ​စေ...။ ​Joe Becigneul Translate by ဖြိုးဝေ (မဟာဝိဇ္ဇာ) 💥💥💥 #LaWarSo


via အလင်းရောင် ဓမ္မ https://ift.tt/30uTpBd