Monday, July 8, 2019

တိတ်​တိတ်​​လေး 🌷🌷🌷🌷🌷 စိတ်​ညစ်​စရာ​တွေကြုံ​တွေ့လာတဲ့အခါ အရင်​လို အလိုက်​မသိ ခံစားချက်​တိုင်းကို ရင်​ဖွင့်​မပြတတ်​​တော့ဘူး တိတ်​တိတ်​​လေးပဲ​ ​နေတတ်​လာတယ်​။ အဆင်​မ​ပြေတိုင်း ဂျီမကျချင်​​တော့ဘူး ကိုယ်​ဆိုးတဲ့ဒဏ်​​တွေ မခံနိုင်​ဘဲ ထွက်​သွားမှာေ​​ကြာက်​​နေမိတယ်​။ တစ်​​ယောက်​ထဲ ​ နေသားကျ​နေပြီဖြစ်​တဲ့ကိုယ့်​အတွက်​ ​နောက်​ထပ်​ဒဏ်​ရာ​တွေ ထပ်​မလိုချင်​​တော့ဘူး။ သံ​ယောဇဉ်​ကြီးတတ်​သူအဖို့ သံ​ယောဇဉ်​ကြိုး​တွေ ပြတ်​​တောက်​သွားမှာ စိုးရိမ်​​နေမိပြန်​တယ်​။ အတ္တကြီးတယ်​ပဲဆိုဆို က​လေးဆန်​တယ်​ပဲ​ပြော​ပြော ကိုယ်​ချစ်​ခင်​ရတဲ့သူ​တွေကို မဆုံးရှုံးချင်​ဘူး။ သံ​ယောဇဉ်​ကြိုး​တွေ ခိုင်​မြဲပြီးမှပြတ်​​တောက်​သွားတာထက်​ အစထဲက မချည်​​နှောင်​ပဲ​နေလိုက်​တာ စိတ်​သက်​သာရာရ​သေးတယ်​။ ဆက်​ဆံ​ရေးညံ့ဖျင်းတာမဟုတ်​ဘူး အစွဲအလန်းကြီးတတ်​လွန်းလို့ တမင်​ကို ​ရှောင်​တိမ်းတတ်​လာတာ။ ကမ္ဘာတစ်​ခုလုံးကို ရှာ​တွေ့သွားကြတဲ့အခါ ကိုယ့်ကို အမှုန်​အမွှားအဖြစ်​နဲ့​တောင်​ သတိရကြ​တော့တာ မဟုတ်​ဘူးဆိုတာ သိပြီးတဲ့​နောက်​ တိတ်​တိတ်​​လေးပဲ ​နေတတ်​လာတယ်​။ တစ်​ခါကြုံဖူးရင်​ ​ နောက်​တစ်​ခါကြုံရမယ်​လို့ မ​တွေးသင့်​ဘူးဆိုတာ သိ​ပေမယ့်​ သံသယစိတ်​​တွေက အမြဲ​ခြောက်​လှန့်​​နေတယ်​။ ကိုယ့်​​ကြောင့်​ တစ်ခြားသူ စိတ်​အ​နှောင့်​အယှက်ဖြစ်​မှာစိုးတယ်​ ​နောက်​ကွယ်​မှာ ဝိုင်းပြီး ဟားတိုက်​​နေမှာလည်း​ကြောက်​မိတဲ့အတွက်​ အဆင်​မ​ပြေတိုင်း ရင်​ဖွင့်​မပြချင်​​တော့ဘူး။ ကိုယ့်​ကိုယ်​ကိုယ် ဒဏ်​ခတ်​တယ်​ပဲဆိုဆို တစ်​​ယောက်​ထဲပဲ တိတ်​တိတ်​​လေး​နေချင်​​တော့တယ်။ ကိုယ်​တိတ်​တိတ်​​လေး ​ နေလိုက်​တယ်​ဆိုတာလည်း ကိုယ့်​ရဲ့အဆင်​မ​ပြေမှု​တွေ မကူးစက်​​စေချင်​လို့ပါ။ ကိုယ့်​​ကြောင့်​ မ​ပျော်​ရရင်​​တောင်​ အ​နှောင့်​အယှက်​​တော့ မ​ပေးချင်​တာ ကိုယ့်​ရဲ့သစ္စာစကားပါ။ Credit Original Writer. Photo Thet Mon Myint.


via အလင်းရောင် ဓမ္မ https://ift.tt/2LGNDIx