အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, July 11, 2019
ဥပစ္ဆေဒကကံ နှင့်သေရတဲ့သူမဖြစ်ဖို့ မပြစ်မှားထိုက်တာ ရှောင်ကျင်စို့ 🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷 လူတို့သည်… တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေးဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ * အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိအဖ ကို သတ်ခဲ့ဖူး၏။ အရှင်မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။ * ဗိဗ္မိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ သံဃာတို့ ထိုင်ရာအခင်းအား ခြေမှုံ မသုတ်ဘဲနင်းခဲ့ဖူးသည်။ ဗိဗ္ဗိသာရမင်း ဘ၀၌ ထို ကံ အခွင့်ရသဖြင့် ခြေဖ၀ါးကို ဓားခွဲခံလျက် နတ်ရွာစံရလေသည်။ * သာမာဝတီ အမှူးရှိသော နန်း တွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ် ၀င်စားနေစဉ် သစ်ငုတ်ကြီး ထင်၍ မီးရှိုးရာသမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်း သိလျက်ပင် မိမိတို့ အမှုပေါ်မည်စိုး၍ ထပ်မံ မီးတိုက်ခဲ့ဖူး၏။ ထိုကံက အခွင့်ရသဖြင့် သာမာဒေဝီ ဘဝ၌ မြောက်နန်မိဖုရားမီးလောင်တိုက်သွင်းခြင်း ခံရပြီး သေကြရလေသည်။ ဤကား ရှေးဘ၀က ပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူများ ဖြစ်ကြသည်။ ယခုဘ၀မှာပင် ဂုဏ်ကြီးသူများကို အကြီးအကျယ် စော်ကားမိ၍ ထိုကံက သတ်ဖြတ်သော ၀တ္ထုများလည်း ရှိသေး၏။ *“ဒုဿီ” မည်သော မာန်နတ်သည် ကဿပဘုရားရှင်၏ လက်ယာတော်ရံ အဂ္ဂသာဝကအရှင်၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်လေသည်။ *“နန္ဒက” မည်သော နတ်ဘီလူးကား အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့်ခေါက်၏။ ကလာဗုမင်း မှာ အလောင်းတော် ခန္တီဝါဒီရသေ့ကို သေလောက်အောင် နှိပ်စက်ခိုင်း၏။ ထို နတ်ဘီလူးနှင့် ထို မင်းတို့ ထိုဘ၀၌ ပြုအပ်သောကံသည် ထိုဘ၀ မှာပင် အခွင့်ရ၍ မြေမျိုစေလိုသည်။ ထိုသို့ စသည်ဖြင့် အမိအဖ ဂုဏ်ကြီးသော ဆရာသမားတို့ကို စောကားသူတို့သည် ထိုကံအ တွက် အသက်တမ်းစေ့အောင် မနေကြရဘဲ လတ်တလော သေရတတ်လေသည်။ ဤ ဥပစ္ဆေဒကကံ(အဖြစ်ဆိုးနှင့်သေရ သောကံ)တစ်ခုခုကြောင့် သေရခြင်းကိုပင် တနည်းအားဖြင့်(“ အကာလ မရဏ = သေဖို့ရန် အချိန်မကျသေးဘဲ သေရခြင်း) ဟုခေါ်ပါသည်။ ထိုကြောင့်… "ပဉ္စာနန္ဒိယ ကံ=ကံကြီးငါးပါး" ၁။အမိသတ်သောကံ' ၂။အဖ သတ်သောကံ' ၃။ရဟန္တာသတ်သောကံ' ၄။ဘုရားရှင် သွေးစိမ်းရှင်ရှင်ထွက်အောင် ပြုသောကံ' ၅။သံဃာသင်းခွဲသောကံ' စသည့် ကံငါးပါး တတ်အားသ၍ ရှောင်ရှားနိုင်ကြပါစေ။ ။ =============== { အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကူးယူ ရေးသားပူဇော်ပါသည်။ }
via အလင်းရောင် ဓမ္မ https://ift.tt/2XGrgKI
Newer Post
Older Post
Home