အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, July 8, 2019
လူသက်ကင်းသူများ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 - အမှတ်မဲ့၏ ဒါနသည် လှူရာဝယ် အသိစိတ်မကပ်တတ်။ - ကပ်သော်မှ ငါ၊ ဝတ္ထု၊ ပုဂ္ဂိုလ် တစ်ခုအပေါ်ဝယ် နားနေတတ်လှ၏။ - သို့ကြောင့် ဘုရားဝတ်ပြုစဉ် သြကာသတစ်ပုဒ်လုံး ဆုံးသည်ထိ ဘုရားရှင်ထံ စိတ်မှန်မှန် မရောက်ပြီ။ * ဆွမ်းတော်ကပ်စဉ် (အရဟတာဒိ) ဆွမ်းတော်ကပ်တစ်ပုဒ်လုံး ဆုံးသည်ထိ ဘုရားထံ စိတ်ပြည့် မရောက်ပြီ။ * သည့်အတူ သံဃာ့ဒါန ဆွမ်းလောင်းလှူရာ ဆွမ်းကျွေးရာ စသည့် ကောင်မှုစုံ အကုန် ပြုရာ၌လည်း ကိုယ်နှင့်စိတ် တစ်ထပ်တည်း မကျခြင်းများကြောင့် ကောင်းမှု စစ်စစ်ကား မဖြစ်နိုင်ပြီ။ * အမှတ်မဲ့လူသားတို့၏ ထိုတစ်နေ့တာသည် မသိမှု မောဟနှင့်တကွ ကိလေသာ လောင်းရိပ်မိနေတော့ခြင်း၊ ကောင်းလမ်းပါ၊ ဆိုးလမ်းပဲဟူ၍ သဲသဲကွဲကွဲ သိပိုင်မှု မရှိတော့ခြင်း။ ** ထိုအချက်နှစ်ချက်ကို ထောက်ဆလျက် လူစာရင်းထဲမှ ပယ်ဖျက်ရပါမည်။ လူပင်ဖြစ်လျက် လူသက်ကင်းသူများဟူ၍ ကမ္ဗည်းရေးထိုးရပါတော့မည်။ အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
via အလင်းရောင် ဓမ္မ https://ift.tt/32evEiM
Newer Post
Older Post
Home