အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 7, 2019
ကုသိုလ်ကောင်းမူ ရှိသူအား တမလွန်လောကသည် ကြောက်စရာ မဟုတ် 🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷 ပုညံ သုခံ ဇီဝိတသင်္ခယမ္ပိ--- အသက်ကုန်ခါနီး၌ ကုသိုလ်ကောင်းမူသည် ချမ်းသာ၏။ "သေခြင်းတရားကို အကောင်းဆုံး ရင်ဆိုင်နိုင်အောင် ဘယ်လိုများ ပြင်ဆင်ရမလဲ"ဟု ဆိုသူများအတွက် အကောင်းဆုံး အဖြေပင် ဖြစ်လိမ့်မည်။ နေစဉ်အခါမှာ ဘယ်လောက်ချမ်းသာချမ်းသာ "ကုသိုလ်ကောင်းမူသာ မပြုမိလျှင် သေခါနီးတွင် ဘယ်လိုမှ ချမ်းသာလိမ့်မည် မဟုတ်"။ ကောင်းမူမပြုဘဲ မကောင်းမူတို့ဖြင့်သာ ဖြစ်သလို နေလာခဲ့မည်ဆိုလျှင် သေခါနီးတွင် မိမိ၏ နေခဲ့သော ဘဝနှင့် ပတ်သတ်၍ ကျေနပ်မူ ရစရာ အကြောင်းမရှိ။ ကျေနပ်မူ မရှိဘဲ မချမ်းမသာဖြစ်ပြီး သေသွားမည်ဆိုရင်တော့ မချမ်းမသာနေရမည့် ဘဝမျိုးကိုသာ ရောက်သွားလိမ့်မည်။ ကုသိုလ်ကောင်းမူတို့ကို ပြုထားမှသာ သေခါနီး ချမ်းသာမည်။ သေခါနီး ချမ်းသာမှ ချမ်းသာသော ဘဝကို ရရှိနိုင်မည်ဖြစ်သည်။ သေခါနီး၌ ကုသိုလ်ကောင်းမူက လွဲ၍ ဘယ်အရာမှ အားကိုးရာ မဖြစ်နိုင်။ ထိုအချက်ကို အသေအချာ စဉ်းစားထားသင့်သည်။ ကုသိုလ်ကောင်းမူ ပြည့်စုံသူသည် သေမည်ကို မကြောက်,သေခြင်းကို တည်ငြိမ်းအေးချမ်းစွာ ရင်ဆိုင်နိုင်သည်။ ထို့ကြောင့် ကုသိုလ်ကောင်းမူကို ပြုနေခြင်းသည်ပင်လျှင် သေခြင်းအတွက် အကောင်းဆုံး ပြင်ဆင်နေခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့်-အသေကောင်းအောင် ကြိုးစားနေခြင်းပင် ဖြစ်သည်။ ။ အရှင်ဥတ္တမ (သစ္စာရွှေစည်ဆရာတော်) Credit/;to
via အလင်းရောင် ဓမ္မ https://ift.tt/2XSkGQv
Newer Post
Older Post
Home