Thursday, July 11, 2019

#ကုသိုလ်လုပ်ခွင့် 🌷🌷🌷🌷🌷 ကုသိုလ်လုပ်တယ် ဆိုတာ လူတိုင်း မလုပ်နိုင်ဘူး ။ ကုသိုလ်လုပ်တယ် ဆိုတာ - #ကျန်းမာပြီး #သဒ္ဓါတရားပေါ်နေတဲ့အချိန်မှာ လုပ်ထားရတယ် ။ ကျန်းတော့ ကျန်းမာပါရဲ့ ။ ဒါပေမယ့် သဒ္ဓါတရား ဖြစ်ပေါ်မလာရင် ကုသိုလ်လုပ်ခွင့် မရနိုင်ဘူး။ သဒ္ဓါတရားတော့ ဖြစ်တော့ ဖြစ်ပါရဲ့ ။ ဒါပေမယ့် ကုသိုလ်ပြုမယ့်နေရာကို မသွားနိုင် , မရောက်နိုင် ။ ရောဂါအနာ ဆိုတဲ့ ကံကြမ္မာဆိုးက လက်ဦးသွားပြန်တော့ အခက်တွေ့ရပြန်တယ် ။ ဒီလိုနဲ့ . . . သေခါနီးအချိန်ကျ နောင်တ ဆိုတဲ့ နှလုံးမသာမယာစိတ်နဲ့ မကောင်းတဲ့ဘဝကို လျှောက်လှမ်းရပါတယ် ။ " မြောက်ဦး ဆရာတော်ဘုရား ဆုံးမ သြဝါဒ " CR#ဓမ္မနှစ်သက်သူ


via အလင်းရောင် ဓမ္မ https://ift.tt/2JOG3cD