Tuesday, January 14, 2020

ကုသိုလ်နဲ့နိုးထပါ

via အလင်းရောင် ဓမ္မ https://ift.tt/35V3QAm

❄အတိုဆုံးတရားနှင့်အားထုတ်ပုံ❄ ➖➖➖➖➖➖➖➖➖ 🚥မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ တရားအားထုတ်နည်းတွေထဲမှာ အတိုဆုံးဟောကြားထားတဲ့ တရားအားထုတ်ပုံကို တင်ပြပါရစေ..။ 🔸မိဘဖြစ်သူတွေက အသက်ကလေးရလာလို့၊ ကျန်းမာရေးက ချို့တဲ့လာပြီး၊ တဖြည်းဖြည်းရောဂါ က ကိုင်ကိုင်လာလို့မျှော်လင့်စရာ မရှိတော့ဘူးဆိုတဲ့ အခြေအနေရောက်တဲ့အခါကျတော့ ငယ်ငယ်တုန်းက မိဘဆိုဆုံးမ နားမထောင်တဲ့သူတောင်မှ ၊ မိဘရဲ့အသက်ထွက်ခါနီး နောက်ဆုံးအချိန်ကလေးမှာ ပြောခဲ့တဲ့စကားလေးကို အများအားဖြင့် ပြန်ပြန်ပြီး သတိရနေတတ်ကြပါတယ်။ ရိုရိုသေသေ လိုက်နာတတ်ကြပါတယ်။ 🔹မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း မိမိရဲ့တပည့်သားတွေကို သနားတော်မူလွန်းလို့ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးအချိန်လေးမှာ ဒီစကားကို မှာကြားတော်မူခဲ့ပါတယ်။ ဘာကို မှာခဲ့သလဲဆိုတော့..... " ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္မာဒေထ "..တဲ့။ 🔸ဘိက္ခဝေ- ရဟန်းတို့၊ 🔸ဟန္ဒ- ဟောဒီမှာ၊ 🔸ဣဒါနိ- ယခုအခါလကာလ၌၊ 🔸ဝေါ- သင်တို့အား၊ 🔸အဟံ- ငါသည်၊ 🔸အာမန္တေယာမိ- နောက်ဆုံးစကားဖြင့် မှာကြားခဲ့ပေအံ့..။ သင်္ခါရ- ပြုလုပ်ခြင်းဆိုတဲ့ " သင်္ခါရ" တရားတို့ဟာ " ဝယဓမ္မာ" ပျက်စီးခြင်းဆိုတဲ့ သဘောရှိပါတယ်။ "သင်္ခါရ" တရားတွေဟာ ပျက်တတ်တဲ့ တရားတွေချည်းပါပဲ၊ ဘာမှ အားကိုးစရာ မရှိပါဘူး..တဲ့။ 🔹အဲဒီစကားဟာ အင်မတန် မှ လေးနက်လွန်းပါတယ်။အမှုမဲ့၊ အမှတ်မဲ့ ခပ်ပေါ့ပေါ့ လူတွေကတော့၊ ဒါကလေးဟာ ဘာမှမဟုတ်သလို ထင်ကြပေလိမ့်မယ်။ အမှန်ကတော့... ဒီစကားဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ 🔸သင်္ခါရ တရားတွေက တစ်ပျက်ထဲပျက်နေတာ..တဲ့၊ ထင်တဲ့ အတိုင်း တည်မြဲနေတာ မဟုတ်ပါဘူး။ ငယ်ငယ်လေးကတည်းက စပြီး စိတ်ကလည်း ဒီစိတ်ထဲပဲ တည်မြဲနေတယ်၊ ငါလို့ပဲ ဒီလို ထင်နေကြပါတယ်။ 🔹ရုပ်ခန္ဓာကိုယ်ကြီးကလည်း ငယ်ငယ်က ကလေးဘဝရုပ်ကိုပဲ တဖြည်းဖြည်းကြီးပြင်းပြီးတော့ လာနေတယ်၊ ဒီကိုယ်ကောင်ကြီးမြဲနေတယ်၊ ငါပဲ လို့ ဒီလိုထင်နေကြပါတယ်။ အဲဒါဟာ.. 🔸မသိသေးလို့ အမှန်ကို မမြင်သေးလို့ပါ၊ မိမိတို့အဲဒီလို ထင်တဲ့အတိုင်းမဟုတ်ပါဘူး။ ရုပ်၊ နာမ်၊ သင်္ခါရ တရားတွေက ခဏမစဲ ပျက်ပျက်နေတာပဲ...တဲ့၊ ဒါ့ကြောင့် ဘာမှ အားကိုးစရာမရှိဘူး၊ ဘယ်အချိန်မဆို ပျက်ဆီးပြီးသေသွားနိုင်ပါတယ်။ ဒီအသက် ဒီခန္ဓာကိုယ် ကို နောက်အကြာကြီးနေရအုံးမှာပဲ လို့ထင်နေတတ်ကြတယ်။ တကယ်လည်း ထင်နေကြတဲ့ သူတွေချည်းပဲ ဖြစ်ပါတယ်။ အဲဒီလို ထင်နေတဲ့ အတိုင်းတွေဟာ တစ်ခုမှ မဟုတ်ပါဘူး။ သင်္ခါတရားတွေဆိုတာ ခဏမစဲ ပျက်နေတဲ့ တရားတွေချည်းပါပဲ..တဲ့။ 🔹အဲဒါတွေကို သိထားရမယ် လို့ဒီအဓိပ္ပါယ်ကို နားလည်စေလိုတဲ့အတွက် " သင်္ခါရ- ဆိုင်ရာ၊ ဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစု ညီညွတ်ပြီး ပြုပြင်ပေးမှ ဖြစ်ပေါ်နိုင်ကြတဲ့ ရုပ်၊ နာမ် တရားတို့ဟာ "ဝယဓမ္မာ"- ပျက်ခြင်းသဘောရှိကုန်၏.. လို့ဆိုပါတယ်။ 🔸မပျက်ပဲ တည်နေတာရယ်လို့မရှိပါဘူး။ ဒါကြောင့် အားကိုးစရာမရှိပါဘူးလို့ဆိုလိုတာပါ။ 🔹ဒီလိုအားကိုးစရာ မရှိတော့ ဘာကို အားကိုးရမှာတုန်းဆိုရင်... အားကိုးစရာ မရှိတဲ့ ဒီသင်္ခါရ တရားတွေက လွတ်မြောက်ပြီးတော့ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို အားကိုးရပါမယ်။ နိဗ္ဗာန်ကို အားကိုးပြီးတော့ နိဗ္ဗာန်ရောက်စေနိုင်တဲ့တရားကို ကျင့်ရ အားထုတ်ကြရပါမယ်။ 🔸ဘယ်လို ကျင့်ရ အားထုတ်ရမှာလည်း ဆိုရင် အားထုတ်ပုံ တိုတိုကလေး ဟောကြားထားခဲ့ပါတယ်။ 🔹" အပ္ပမာဒေန၊ သမ္မာဒေထ " တဲ့ အပ္ပမာဒေန- မမေ့တဲ့ အသိတရားနဲ့ သမ္မာဒေထ- ပြီးစီးပြည့်စုံအောင် အားထုတ်ရစ်ကြပေတော့..တဲ့။ " မမေ့တဲ့ သတိတရား" နဲ့ပြီးပြည့်စုံအောင် အားထုတ်ရစ်ကြပေတော့ လို့မြတ်စွာဘုရား က မှာကြားခဲ့ပါတယ်။ 🔹အဲဒါဟာ မြတ်စွာဘုရားရဲ့နောက်ဆုံးစကား နဲ့အတိုဆုံးတရား ပါပဲ။ အဲဒီအတိုဆုံးတရားရဲ့အဓိကဖြစ်တဲ့ "သတိ" ဆိုတဲ့ အသိတရားကို လက်ကိုင်ထားပြီး တရားအားထုတ်ကြဖို့လိုပါတယ်။ ဓမ္မမိတ်ဆွေတို့သည်လည်း အခုလို အတိုဆုံးတရားကနေ ရရှိလာတဲ့ "သတိ " ဆိုတဲ့ တရားကိုလက်ကိုင်ထားပြီး ကျင့်ကြံကျိုးကုတ် အားထုတ်ပြီး၊ အတိုဆုံးတရားက ရရှိတဲ့"သတိ " ဆိုတဲ့ တရားတဲ့ ကျင့်ကြံပြီး အမြန်ဆုံး အရိယာသူတော်စင်များ ဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။ 🌟" အပ္ပမာဒေန သမ္မာဒေထ "🌟 ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူလေ့ရှိတဲ့ " အရိယာဝါသ" တရားတော်မှ ကောက်နှုတ်ပါသည်။ Crd🔸 by Original uploder 💠သာယာချမ်းမြေ့ကြပါစေ💠 🌟သစ္စာနီ🌟 PS🔴 🔸သဗ္ဗေ အလုံးစုံသော သခါင်္ရ တရားတို့သည် ဝယဓမ္မာ ချုပ်ပျောက်ခြင်း သဘောသာလျှင် ရှိချေ၏။ယင်းသို့ချုပ်ပျောက်ခြင်း သဘောသာလျှင်ရှိကြကုန်သော ရုပ်နာမ်သဘောတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်အောင် သတိဖြင့် မမေ့မလျော့အားထုတ်ခြင်းသည်သာ မဖြစ်မပျက်ရာ ဖြစ်ပျက်တို့မှသုဉ်းဆိတ်ရာ အသင်္ခတ နိဗ္ဗာန်ကို တွေ့မြင်နိုင်၏ဟူလို။ 🔹ထို့ထက်အကျဉ်းကား သတိပဌာန်တစ်ခုခုဖြင့် ဖြစ်ပျက်သဘောတို့ကို ရှုမှတ်သော် ဖြစ်ပျက်တို့ ချုပ်ရာ ငြိမ်းရာကားနိရောဓသစ္စာဖြစ်၏။ 🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹 **သစ္စာနီ** ထံမှ ကူးယူမျှဝေ ပူဇော်ပါသည်။

via အလင်းရောင် ဓမ္မ https://ift.tt/30jPBUA

အပါယ်တံခါး ပိတ်ချင်ရင်..... °°°°°°°°°°°°°°°°°°°°°°°°°° •အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ ? •အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ ? •ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ ? ဒီနေရာမှာ စဉ်းစားရမယ်။ကုသိုလ်ကောင်းမှုလုပ်ပြီး အပါယ်က လွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား? ဆိုပါစို့ ဒါနကောင်းမှုလုပ်တယ်၊ သီလဆောက်တည်တယ်၊ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်။ သို့သော် သောတပန်ဆိုတဲ့ အဆင့်မရောက်ဘူး။ အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလား လို့ပြောရင်လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။ သို့သော် guarantee တော့မရှိဘူး။ "အပဋ္ဌာန် ပါဋ္ဌိတော်"မှာဆိုရင်... အမျိုးကောင်းသားတစ်ယောက်ဟာ.. ဘုရားတစ်ဆူကို ပန်းပွင့်လေး တစ်ပွင့် လှူလိုက်တာနဲ့ (၉၁)ကမ္ဘာအပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့ အဲဒီပန်းလှူတဲ့ ကုသိုလ်ကိုအကြောင်းပြုပြီး ရဟန္တာ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်။ ဒါက guarantee ရှိလားဆိုတော့ guarantee ရှိလို့ပြောတာ မဟုတ်ဘူး။ အပါယ်တံခါးတော့ ပွင့်နေတယ်။ ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။ တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့ လား?။ အေး တံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။ သို့သော် တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။ ကုသိုလ် ကောင်းမှုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သာမာန်ကုသိုလ်တွေနဲ့အပါယ်တံခါး ပိတ်တယ်လို့ ပြောလို့မရဘူး။အာမခံချက် မရှိဘူး။ သို့သော် အပါယ်ကိုကျမှာလားလို့ မေးရင် ကျချင်မှကျမယ်ပေါ့။ ဘယ်သူက ဆွဲတင်တုန်းဆိုရင် ကုသိုလ်ကံတွေက ဆွဲတင်ပေးနေမှာ။ဒါလည်း အင်မတန်အခြေအနေ ကောင်းနေမှ။ အခြေအနေ မကောင်းရင် မရဘူး။ ကဲ ခုနက ပန်းလေးတစ်ပွင့် လှူတာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘူးဆိုတာ ဒီပန်းလေး တစ်ပွင့်ဆိုတဲ့ ကုသိုလ်ကောင်းမှု ကနေပြီးတော့ ကယ်သွားတာလားဆိုတော့ ဒီလိုတွက်လို့မရဘူး။ ဘယ်လိုယူရမတုန်းဆိုရင် ဘုရားကို ရည်စူးပြီးတော့ ပန်းလေးတစ်ပွင့် လှူတာကို အကြောင်းပြုပြီးတော့ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့ခါကုသိုလ်တွေဆက် လုပ်တယ်။ နောက်ဘဝလည်း ကုသိုလ်တွေ ဆက်ဆက်လုပ်တယ်။ ကုသိုလ်တွေ ဆက်ဆက်လုပ်သွားလို့ အပါယ်မကျတာ။ ဒီဘဝမှာ ပန်းလေးတစ်ပွင့်လှူထားတယ်။ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။ မေ့မေ့လျော့လျော့ နေပြီးတော့ အကုသိုလ်တွေ လုပ်မယ်ဆိုရင် ငရဲကျမှာပဲလေ။ ပန်းလေးတစ်ပွင့် လှူတာနဲ့.. ဒီကုသိုလ်ကနေကယ်သွားတယ် ဆိုတာက ဒီကုသိုလ်ရဲ့စွမ်းရည် သတ္တိကို ဖော်ပြတဲ့ အနေနဲ့ ဟောတာနော်။ တကယ် အဓိပ္ပါယ်ယူရမှာကပန်းလေး တစ်ပွင့် လှူလိုက်လို့ ကောင်းတဲ့ဘုံဘဝရောက်သွားတယ်။ အဲဒီ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါ ကုသိုလ်တွေ ဆက်ပြီးလုပ်တယ်။ လုပ်သည့်အတွက်ကြောင့် ကောင်းတဲ့ဘုံက ကောင်းတဲ့ဘုံကို ရောက်ပြီးတော့ နောက်ဆုံးမှာ ဘုရားနဲ့တွေ့လို့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာပဲ။ ဟောဒီလို အဓိပ္ပါယ်မျိုးကို ဆိုလိုတယ်။ ဒါကြောင့်မို့ ကုသိုလ်ကံတွေဆိုတာအားကိုးထိုက် ပါတယ်။ အားမကိုးထိုက်ဘူး မဟုတ်ဘူး။ သို့သော် အပါယ်တံခါး ပိတ်သလား လို့ မေးရင်တော့ အပါယ်တံခါးပိတ်တယ် ဆိုတာ နိဗ္ဗာန် တံခါးဖွင့်နိုင်မှ အပါယ်တံခါး ပိတ်တယ်လို့ ဒီလိုမှတ်ရမယ်။ ကဲ ဒါဖြင့် နိဗ္ဗာန် တံခါးကို ဘာနဲ့ ဖွင့်မလဲ။ နိဗ္ဗာန်တံခါး ဖွင့်ချင်တယ် ဆိုလိုရှိရင်တော့။ ဝိပဿ နာနဲ့ပဲ ဖွင့်လို့ရတယ်။ နိဗ္ဗာန်တံခါးဟာ ဝိပဿ နာနဲ့ပဲ သွားရမယ်။ ဝိပဿနာကျင့်စဉ် မကျင့်ဘဲနဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာ လောကမှာ မရှိဘူးတဲ့။ ကျေးဇူးတော်ရှင် ပါမောက္ခဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/30or4xU

အရှင်သာရိပုတ္တရာ အဆဲခံရသောအခါ ...................................................... (၁) အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်နေ့သောအခါ သူ့မိခင်ကြီး နေထိုင်ရာ ရွာသို့ ဆွမ်းခံရောက်သွားသည်။ မယ်တော်ကြီး အိမ်ရှေ့ရောက်သောအခါ ဆွမ်းရပ်လိုက်သည်။ မယ်တော်ကြီးသည် မထေရ်မြတ်ကြီးကို တွေ့သည်နှင့် “သူများ စားကြွင်းစားကျန် စားတဲ့ သာရိပုတ္တရာ … အခု စားကြွင်းပုန်းရည်ဟင်း မရလို့ သူတစ်ပါးတွေက ယောက်ချိုဖျားလေးနဲ့ မွှေထားတဲ့ ပုန်းရည်ဟင်းစားဖို့ စည်းစိမ်တွေစွန့်ပြီး ရဟန်းဝတ်သွားတာလား … သင်ဟာလေ တကယ့်ကို ပျက်စီးနေတဲ့သူပဲ”စသည်ဖြင့် ဆဲရေးပြစ်တင်လေသည်။ နောက်ပါ ရဟန်းများကိုလည်း “သင်တို့က ငါ့သားကို ခိုင်းစရာအလုပ်အကျွေးအဖြစ် ခိုင်းထားကြတယ်ပေါ့လေ … ရော့ ရော့ … စားကြ … စားကြ … အားရအောင် စားကြ”စသည်ဖြင့် ဆဲရေးပြစ်တင်ပြန်လေသည်။ မထေရ်မြတ်ကြီးသည် ရိုင်းစိုင်းစွာ ဆက်ဆံပြောဆိုနေသော မယ်တော်ကြီးကို ဘာစကားမ ျှ ပြန်မပြောဘဲ တိတ်ဆိတ်စွာဖြင့် ကျောင်းသို့ ပြန်လာခဲ့သည်။ ကျောင်းရောက်သောအခါ အရှင်ရာဟုလာသည် မြတ်စွာဘုရားကို ဆွမ်းဘုဉ်းပေးရန် ပင့်လေ ျှာက်သည်။ ထိုအခါ မြတ်စွာဘုရားက အရှင်ရာဟုလာနှင့် အပြန်အလှန် စကားပြောကြသည်။ “ဒီနေ့ ဘယ်ကို ဆွမ်းခံကြွသလဲ” “ဆရာအရှင်ရဲ့ မယ်တော်ကြီးရွာဘက်ကို ကြွဖြစ်ပါတယ်ဘုရား” “သူ့မယ်တော်ကြီးက အရှင့်ဆရာကို ဘာတွေများ ပြောလိုက်သေးလဲ” “မယ်တော်ကြီးက ဒေါသတွေ ထွက်နေခဲ့တယ်ဘုရား … ဒေါသထွက်နေပြီး အမျိုးမျိုး ဆဲရေးပြစ်တင်တယ်ဘုရား” “အဲဒီတော့ အရှင့်ဆရာ သာရိပုတ္တရာက ဘာတွေများ ပြန်ပြောသေးလဲ” “ဆရာက သူ့မယ်တော်ကြီးကို စကားတစ်လုံးမှ ပြန်မပြောဘူးဘုရား” (၂) ညနေပိုင်း ရဟန်းတော်များ တရားနာကြရန် စုဝေးမိကြသောအခါ မနက်ပိုင်းက အရှင်သာရိပုတ္တရာနှင့်မယ်တော်ကြီးတို့၏အဖြစ်အပျက်ကိုသာ ဆွေးနွေးပြောဆိုဖြစ်ကြသည်။ “ဒီလောက် မခံသာအောင် ဆဲရေးတာကို သည်းခံနိုင်လိုက်တာ၊ ဘာစကားမှ ပြန်မပြောဘဲ နေနိုင်လိုက်တာ”ဟု ချီးမွမ်းနေကြလေသည်။ ဓမ္မသဘင်သို့ မြတ်စွာဘုရားရှင် ကြွရောက်လာသောအခါ “ချစ်သားတို့ … ရဟန္တာဆိုတာ အမျက်ဒေါသထွက်ခြင်း မရှိတော့ဘူး”စသည်ဖြင့် ရှင်းလင်းဟောကြားတော်မူခဲ့လေသည်။ (၃) ဤဇာတ်လမ်းလေးကို ဖတ်မိသောအခါ ဆဲရေးပြစ်တင်မှုများကြားတွင် တိတ်ဆိတ်စွာ ငြိမ်းချမ်းစွာ တည်ငြိမ်စွာ အေးချမ်းစွာ မေတ္တာဖြင့် တုန့်ပြန်နေသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကို မျက်စိထဲ မြင်ယောင်ကာ အကြည်ညိုပွားနေမိပါသည်။ Cred

via အလင်းရောင် ဓမ္မ https://ift.tt/3a4D6Rf

မကောင်းသူကို အနိုင်ယူနည်း 🌼🌼🌼🌺🌼🌼🌼 အသာဓုံ သာဓုနာ ဇိနေ တဲ့ လောကလူတွေဟာ လူတိုင်းအကောင်းချည့်လုပ်တာ မဟုတ်ဘူး။ မကောင်းတာလည်း လုပ်ကြတယ်။ ကိုယ့်အပေါ်မကောင်းဘူး၊ သူအပေါ်မကောင်းဘူး၊ ဒီလူကဖြင့် သူ့အမေအပေါ်မကောင်းဘူး၊ သူ့အဖေအပေါ်မကောင်းဘူး၊ ညီအစ်ကိုမောင်နှမတွေအပေါ် မကောင်းဘူး၊ မိတ်ဆွေသင်္ဂဟတွေအပေါ်မှာ မကောင်းဘူး။ အဲ့ဒီမကောင်းတာတွေလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က ကောင်းတာလုပ်ပြီးတော့ နေရမယ်။ သူမကောင်းတာလုပ်တာမျိုးကို လိုက်ပြီးမတုရဘူး။ မကောင်းတာကို မကောင်းတာနဲ့ မတုံ့ပြန်ရဘူး။ မကောင်းတာကို ကိုယ်ကကောင်းတာနဲ့ တုံ့ပြန်ရတယ်။ အဲ့ဒီတော့ မကောင်းတာကို ကိုယ်ကမကောင်းတာနဲ့ တုံ့ပြန်မယ်ဆိုရင် ကိုယ်ကအနိုင်မရဘူး။ ကိုယ်ပဲရှုံးတယ်။ အေး မကောင်းတာကို ကောင်းတာနဲ့တုံ့ပြန်မယ်ဆိုရင် ကိုယ်ကအနိုင်ရတယ်လို့ပြောတာ။ မြတ်စွာဘုရားက မကောင်းသူကို မိမိကိုယ်တိုင်က သူ့အပေါ်မှာ ကောင်းခြင်းအားဖြင့် ကိုယ်ကအနိုင်ယူပါတဲ့။ အေး မကောင်းတဲ့ပုဂ္ဂိုလ်ကို ကိုယ်ကကောင်းလိုက်သဖြင့် အနိုင်ယူတယ်ဆိုတာကို ကြည့်။ မြတ်စွာဘုရားရှင်ဟာ ဒေဝဒတ်နဲ့ဆက်ဆံတဲ့အခါမှာ အမြဲကောင်းတယ်။ ဒေဝဒတ်ကသာ ဘုရားအပေါ်အမြဲတမ်းမကောင်းတာ။ သံသရာအစကတည်းက မြတ်စွာဘုရားအပေါ် ကောင်းခဲ့တယ်လို့မရှိဘူး။ အမြဲတမ်း ဒုက္ခပေးနေတာ။ ဘုရားဖြစ်တဲ့ဘဝမှာလည်း ဘုရားအပေါ်ကောင်းတာ မရှိဘူးနော်။ အဲ့ဒီလို အမြဲတမ်းမကောင်းပေမယ့်လို့ မြတ်စွာဘုရားက ဒေဝဒတ်အပေါ် အမြဲတမ်းကောင်းတာပဲ။ ကြည့်လေ။ ဒေဝဒတ် သာသနာဘောင်ဝင်တယ်ဆိုရင် သင်္ကန်းဝတ်ပေးတယ်။ တရားဓမ္မတွေ ဟောပေးတယ်။ သမထကျင့်စဉ်တွေ ဟောပေးတယ်။ မြတ်စွာဘုရားထံမှသင်ကြားပြီးတော့ ဒေဝဒတ်ဟာ ဈာန်အဘိဉာဉ်တွေရသည်အထိအောင်မြင်သွားတယ်။ ဘုရားက ဒေဝဒတ်အပေါ်ကောင်းတယ်၊ ဆုံးမစရာရှိရင်ဆုံးမတယ်။ ဒေဝဒတ်မကောင်းတာကို မြတ်စွာဘုရားက ကောင်းတဲ့နည်းနဲ့ပဲ ဆက်ဆံတယ်။ အဲ့ဒီတော့ ကြည့်လိုက်မယ်ဆိုရင် ဒေဝဒတ်သာသနာဘောင် ဝင်လာတဲ့ အချိန်ကစပြီး တဖြည်းဖြည်းနဲ့ မြတ်စွာဘုရားကို ဒုက္ခပေးလာလိုက်တာ၊ ဘုရားက သက်တော် ၇၂နှစ်အရွယ် အကြီးအကျယ် ဒုက္ခပေးတာ။ ဘယ်လောက်ထိအောင် ဒုက္ခပေးသလဲဆိုရင် အဇာတသတ်နဲ့ပေါင်းပြီး လက်ဖြောင့်လေးသည်တော် လူသတ်သမားတွေ စေလွှတ်တယ်။ ဘုရားကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်နော်။ မအောင်မြင်ခဲ့ဘူး။ နောက်တစ်ခါ နာဠာဂီရိဆင်ကြီးကို အရက်တွေမူးနေအောင် တိုက်ပြီး ဘုရားကြွလာတဲ့လမ်းမှာ လွှတ်တယ်။ ဆင်ထိုးသတ်ခံရအောင်လည်းလုပ်တယ်။ ဒါလည်းမအောင်မြင်ခဲ့ဘူး။ နောက်ဆုံး ဒီလိုလုပ်ရပ်တွေ မအောင်မြင်တဲ့အခါသူကိုယ်တိုင် ဝိဇ္ဈကုဋ်တောင်စောင်းကနေ ကျောင်မောင်းဆင်ပြီး မြတ်စွာဘုရား စင်္ကြန်လျှောက်နေတဲ့အချိန် ကျောက်တုံးကို လှိမ့်ချတာ၊ တခါတည်း လက်စသတ်အောင် သေကြောင်းကြံတယ်။ အဲ့ဒီအချိန်မှာ အပေါ်ကလှိမ့်ဆင်းလာတဲ့ ကျောက်တုံးက အလွန်ကြီးမားတဲ့ ကျေက်တုံးတစ်တုံးကို ဝင်တိုက်မိပြီး ကျောက်ဖတ်ကလေးတစ်ခု မြတ်စွာဘုရားရဲ့ ခြေမတော်ကိုသွားမှန်တယ်။ အဲ့ဒီအချိန်မှာ မြတ်စွာဘုရားဟာ ကာယိကဒုက္ခ - နာကျင်တဲ့ဆင်းရဲ့ဒုက္ခကို ခံစားရတယ်။ လမ်းမလျှောက်နိုင်ဘူး။ သံဃာတော်အရှင်မြတ်တွေက ရောက်လာကြတယ်၊ ထမ်းစင်နဲ့ထမ်းပြီး ဇီဝကရဲ့ သရက်ဥယျာဉ်ကျောင်းကို ပင့်ခေါ်သွားရတယ်။ အဲ့ဒီအခြေအနေမျိုးရောက်အောင် ဒေဝဒတ်ဟာ မြတ်စွာဘုရားအပေါ် ဆိုးခဲ့တာ။ သို့သော် မြတ်စွာဘုရားက ဒေဝဒတ်အပေါ် အမြဲတမ်း ကောင်းနေတာပဲ။ ဆုံးမစရာရှိရင် ဆုံးမတယ်။ သတိပေးစရာရှိရင် သတိပေးတယ်။ နောက်ဆုံးကျတော့ ဒေဝဒတ်ဟာ သူ့ရဲ့မှားတွေကို သိလာတယ်။ မြတ်စွာဘုရားရဲ့ကောင်းတာတွေကို အာရုံပြုပြီး ငါကသာဆိုးတာ ဘုရားက ငါ့အပေါ် အင်မတန်ကောင်းတယ်။ နောက်ဆုံး ဒေဝဒတ်ကြီးဟာ မကျန်းမမာဖြစ်လာတယ်။ ဘယ်အခါမှ မကျန်းမမာဖြစ်လာလဲဆိုတော့ သံဃာသင်းခွဲပြီး ရဟန်း၅၀၀ ခေါ်တယ်သွားတယ်။ ခေါ်သွားတဲ့အခါ မြတ်စွာဘုရားက ဒီလိုဓမ္မနဲ့မကျွမ်းကျင်တဲ့ ကိုယ်တော်လေးတွေ ဒုက္ခရောက်လိမ့်မယ်။ သာရိပုတ္တရာနဲ့ မောဂ္ဂလာန်တို့ လိုက်သွားပြီး ဒီကိုယ်တော်လေးတွေကို ဖျောင့်ဖျနားချပြီးပြန်ခေါ်လာကြလို့ လွှတ်လိုက်တယ်။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂလာန်တို့ ကြွလာတဲ့အခါမှာ ဒေဝဒတ်ကဝမ်းသာတယ်။ ကြည့် ငါ့လမ်းစဉ်မှန်လို့ဂေါတမဘုရားရဲ့ တပည့်ကြီးနှစ်ပါးတောင် ငါ့နောက်လိုက်လာပြီလို့။ အဲ့ဒီလိုထင်ပြီး ရှင်သာရိပုတ္တရာကို လက်ယာရံကထားတယ်။ ရှင်မောဂလာန်ကို လက်ဝဲရံကထားပြီးတော့ သံဃာတွေကို သူကတရားဟောတယ်။ ဒေဝဒတ် အနားယူအိပ်စက်နေတဲ့အချိန် ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့က တရားဟောကြတယ်။ ဟိုကိုယ်တော်လေးတွေ အမှန်တရားသိပြီးဝနောက်ဆုံးမှာ တရားထူးတရားမြတ်ရကြတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေအားလုံးကို ပြန်ခေါ်လာခဲ့ကြတယ်။ ဒေဝဒတ်တစ်ဦးထဲ ကျန်ရစ်တယ်။ အဲ့ဒီအချိန်ကျမှ သူဟာ စိတ်နှလုံးပူလောင်သွားတယ်။ သူ့မှာနောက်လိုက်နောက်ပါမရှိတော့ဘူး။ စိတ်နှလုံးပူလောင်သည့်အတွက် နှလုံးထဲက သွေးတွေဟာလျှံပြီး သွေးအန်တဲ့အနေအထားထိ ရောက်သွားတယ်။ အဲ့ဒီလို သွေးအံပြီး မမာမကျန်းဖြစ်တဲ့အခါ သူစဉ်းစားတယ်။ အော် မြတ်စွာဘုရားက ငါ့အပေါ်သိပ်ကောင်းတယ် လုပ်ခဲ့သမျှ ငါ့ကအဆိုးတွေချည်းလုပ်ခဲ့တာလို့ နောင်တရလာတယ်။ မြတ်စွာဘုရားကို ဝန်ချတောင်းပန်ချင်တယ်၊ နောက်ဆုံး တွေ့ချင်ပါတယ်ဆိုပြီးတော့ အတင်းအကြပ်ပို့ခိုင်းလို့ မြတ်စွာဘုရားသီတင်းသုံးတဲ့ ဇေတဝန်ကျောင်းကို ထမ်းစင်ကြီးနဲ့ထမ်းပြီး သူ့ကိုခေါ်လာခဲ့ရတယ်။ နောက်ဆုံးဇေတဝန်ကျောင်းကြီးနားက ဇေတဝန်ရေကန်ကြီးအနီးအနားမှာ ထမ်းစင်ကိုချပြီး ခဏအပန်းဖြေဖို့ ခြေထောက်ကိုအချ မြေကြီးပေါ် နင်းလိုက်တဲ့အချိန်မှာ မြေကြီးကျွံပြီးတော့ ဒေဝဒတ်ဟာ မြေမြိုသွားတာ။ ဘာဖြစ်လို့လဲဆိုတော့ သူလုပ်ထားတဲ့လုပ်ရပ်တွေနဲ့ မြတ်စွာဘုရားနဲ့ ပြန်တွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ သို့သော် သူဟာအဲ့ဒီအချိန်မှာ မိုက်မှားမိတဲ့ နောင်တကိုတော့ သူရထားပြီ၊ သူဆိုးပေမယ့်မယ် ဘုရားက စိတ်မဆိုးဘူးဆိုတာကို သူသိတယ်။ ကဲဒီအဖြစ်အပျက်ကိုကြည့်။ ပထမပိုင်းမှာ ဒေဝဒတ်က အနိုင်ရနေသလိုရှိတယ်။ ဘုရားကို ဒုက္ခအမျိုးမျိုးပေးနေခဲ့တယ်။ မြတ်စွာဘုရားက အကောင်းနဲ့သာ တုံ့ပြန်တယ်။ အဆိုးနဲ့မတုံ့ပြန်ဘူး။ ဒါကြောင့်မို့ လောကအမြင်နဲ့ ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက ရှုံးနေသလိုရှိတယ်။ သို့သော် နောက်ဆုံးမှာ အနိုင်ရလိုက်တာက မြတ်စွာဘုရား၊ ရှုံးသွားတာက ဒေဝဒတ်နော်။ နောက်ဆုံးမှာ ဒေဝဒတ်ဟာ သံသရာမှာ ဘယ်လောက်ထိ ရှုံးသွားသလဲဆိုရင် လက်ရှိဘဝမှာ မြေမျိုခြင်းဖြင့် အသက်ဆုံးရတယ်။ အဝီစိငရဲမှာ မြတ်စွာဘုရားကို စော်ကားခဲ့တဲ့ပြစ်ဒဏ်တွေကို ခံနေရတာ၊ တစ်ကမ္ဘာပတ်လုံး။ ဘဒ္ဒကမ္ဘာကုန်ဆုံးသည်အထိအောင် ငရဲမှာ ခံရမှာဖြစ်တယ်။ အဲဒါကြောင့်မို့ ဒေဝဒတ်ဟာ တကယ်ရှုံးသွားတဲ့ ပုဂိုလ်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက မကောင်းတဲ့ပုဂ္ဂိုလ်ကို မကောင်းတာနဲ့ မတုံ့ပြန်နဲ့။ ကောင်းတာနဲ့ပဲတုံ့ပြန်ပြီး အနိုင်ယူပါလို့ ဒီလိုဟောတာနော်။ ...................................... ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ #အရှင်နန္ဒမာလာဘိဝံသ Credit :.............🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2u1FQyb

"လောကရဲ့အလှတရား" 💙💙💙💙💙💙💙💙 ဗုဒ္ဓတရားတော်သည် လွန်စွာ နက်နဲသိမ်မွေ့မြင့်မားရကား နေ့စဉ်အသက်မွေး၀မ်း ကျောင်း လုပ်ကိုင်စားသောက်နေ ထိုင်ကြရသည့် လောကလူသား မိန်းမ၊ ယောက်ျား များအတွက်မူ ဗုဒ္ဓကျင့်စဉ်ကို အလုံးစုံ လိုက်နာ ကျင့်သုံးနိုင်ကြမည်မဟုတ်ပါ။ ဗုဒ္ဓဝါဒီ အစစ် အမှန်တစ်ဦးဖြစ်လိုပါက လောကမှဖယ်ခွာ၍ ကျောင်းကန်ဘုရား ဆိတ်ငြိမ်ရာ အရပ်များသို့ ‘တောထွက်’ ကြရပေလိမ့်မည်ဟု အချို့ပုဂ္ဂိုလ်များက ထင်မှတ်နေကြပေသည်။ ဤကား ၀မ်းနည်းဖွယ်ရာ အထင်အမှတ် လွဲမှားနေခြင်းပင်ဖြစ်ပေသည်။ ဗုဒ္ဓဟောကြားတော်မူထားသည့် တရားတော်များကို ကောင်းစွာ နားမလည်သေး သောကြောင့် ထိုသို့ လွဲမှားမှတ်ယူနေကြကြောင်း ထင်မိပါသည်။ ဗုဒ္ဓတရားတော်သည် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသည့် ရဟန်းသံဃာတော်များ အတွက်သာ မဟုတ်ဘဲ။ အိမ်ရာတည်ထောင် နေထိုင်ကြသည့် သာမန် လောကလူသား မိန်းမ၊ယောက်ျားများ အတွက်လည်းဖြစ်ပေသည်။ ဗုဒ္ဓဝါဒတို့ ကျင့်သုံးရာလမ်းစဉ်ဖြစ်သော မဂ္ဂင်(၈)ပါး တရားတော်မြတ်သည် ဂုဏ်ထူးဝိသေသ အဆင့်အတန်း လုံး၀ခွဲခြားခြင်းမရှိဘဲ ခပ်သိမ်းသော ပုဂ္ဂိုလ်အပေါင်းတို့ အကျိုးစီးပွားအတွက် ဖြစ်ပါသည်။ ကမ္ဘာလောကကြီး တစ်ခုလုံး သာယာအေးချမ်းအောင်လည်း ဗုဒ္ဓဘုရားရှင်၏ တရားတော်များ အတိုင်းတည်ဆောက်နိုင်ပါသည်။ အထူးတလည် ကျင့်ကြံပွားများစရာ မလိုပါဘူး။ မိမိတို့သိတဲ့ အတိုင်းသာလိုက်ကျင့်ဖို့လိုတာပါ။ လူတိုင်းထို အသိရှိပြီး ကျင့်ကြမည်ဆိုပါက အားလုံးအမုန်းမရှိဘဲ သာယာဖွယ် ဖြစ်ပါလိမ့်မည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာ ဝေဠုဒွါရ ပုဏ္ဏားတို့ရွာသို့ ရောက်တော်မူပါသည်။ ထိုအခါရွာသူရွာသားတို့က မြတ်စွာဘုရားရှိရာသို့ လှူဖွယ်၊ ပူဇော်ဖွယ် ၀တ္ထုတို့ဖြင့် လာရောက်ကြပါသည်။ ထိုသို့ လူအများလာရောက် ကြသောအခါ အလ္လာပ၊ သလ္လာပ စကားများပြောကြပြီး ထိုရွာမှအကြီးအကဲ ပုဏ္ဏားကြီးက မြတ်စွာဘုရားအား လျှောက်ထားပါသည်။ ဘယ်လို လျှောက်သလဲဆို တော့.. “မြတ်စွာဘုရား တပည့်တော်တို့ အိမ်ရာတည်ထောင်၍ နေကြသောသူတို့သည် အရှင်ဘုရားတို့လို ဆွမ်းခံစားတာ မဟုတ်တော့ ရွှေ၊ ငွေကိုလည်း မစွန့်နိုင်ပါ။ သားမယား တို့ကိုလည်း မစွန့်နိုင်ပါ။ အ၀တ်ကောင်းကိုလည်း ၀တ်ချင်ပါသည်၊ အစားကောင်းကိုလည်း စားချင်ပါသည်။ ပန်းကိုလည်း ပန်လိုပါသည်။ သနပ်ခါးကိုလည်း လိမ်းလိုပါသည်။ ပွဲကိုလည်းကြည့်လိုပါသည်။ တောတောင် ကိုလည်းမထွက်နိုင်ပါ။ သေတဲ့အခါ အပါယ်လေးပါးသို့လည်း မကျလိုပါ။ နတ်ပြည်သို့ ရောက်လိုပါသည်။ သို့အတွက် မြတ်စွာဘုရားသည် တပည့်တော်တို့အား တောလည်းမထွက်ရ၊ သားမယားကို သာယာလျှက်၊ ရွှေ၊ ငွေ ကိုလည်း သာယာလျက်၊ အစားကောင်းကိုလည်း စားကာ၊ အ၀တ်ကောင်းကို၀တ်လျက်၊ ပန်းကိုလည်းပန်ကာ၊ သနပ်ခါးလိမ်းလျက်၊ ပွဲလည်းကြည့်ကာ၊ အပါယ်လေးပါးသို့ မကျဘဲ နတ်ပြည်သို့ ရောက်တဲ့တရားကို ဟောတော်မူပါဘုရားတဲ့” ဒီတရားတောင်းဟာ အိမ်ယာတည်ထောင်နေသော လူတွေအားလုံးနှင့် အင်မတန်သင့်တော်သော တရားတောင်းပါ။ အဲဒီတရားတောင်းတော့ မြတ်စွာဘုရားက ဘယ်လိုမိန့်တော်မူသလဲဆိုတော့.. “ပုဏ္ဏားတောင်းတဲ့ အတိုင်းဖြစ်ပါစေမယ်၊ ရွှေ၊ ငွေကိုလည်း မစွန့်ရပါဘူး။ တော လည်းမထွက်ရပါဘူး။ အ၀တ်ကောင်းလည်း ၀တ်ရပါမယ်။ အစားကောင်းလည်း စားရပါမယ်။ သနပ်ခါးလည်း လိမ်းရပါတယ်။ ပန်းလည်းပန်ရပါတယ်။ ပွဲလည်းကြည့် ရပါတယ်။ သေတဲ့အခါ အပါယ်လေးပါးကိုလည်း မရောက်စေရပါဘူး၊ နတ်ပြည်ကို လည်း ရောက်ရပါစေမယ်။ သို့သော် ငါဘုရားပြောတဲ့ အတိုင်းလိုက်နာကျင့်ကြံရပါမယ်” လို့ မိန့်တော်မူပါသည်။ ပုဏ္ဏားက “ဒီလိုဆို ကျင့်ကြံပါမယ်ဘုရား အကျင့်လမ်းစဉ်ကိုသာ ဟောတော်မူပါတဲ့” “ဒီတော့ မြတ်စွာဘုရားက အကျင့်လမ်းစဉ်ကို ဘယ်လိုဟောသလဲဆိုတော့..” (၁) “ငါ့ကို သတ်လျှင် ငါမခံချင်သလို သူများကို ငါကသတ်လျှင် သူများက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက်ငါသည် သူတစ်ပါးအား သတ်ဖြတ်ခြင်းမှ ရှောင်ကျဉ်ပါအံ့ဟု ကျင့်ရမယ်”။ (၂) “ငါ့ဥစ္စာကိုခိုးလျှင် ငါမခံချင်သလို၊ သူတစ်ပါးဥစ္စာကို ငါကခိုးလျှင်လည်း သူတစ်ပါးက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါအံ့ဟု ကျင့်ရမယ်”။ (၃) “ငါ့သားမယားကို သူတစ်ပါးက မှားယွင်းလျှင် ငါမခံချင်သလို သူတစ်ပါးသား မယားကို ငါမှားယွင်းလျှင် သူတစ်ပါးက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးသားမယားကို မှားယွင်းခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။ (၄) “ငါ့ကို သူတစ်ပါးက လိမ်ပြောလျှင် မကြိုက်သလို သူတစ်ပါးကို လိမ်လျှင်လည်း သူတစ်ပါးက ဘယ်ကြိုက်ပါ့မလဲ။ သို့အတွက် ငါသည် မုသားပြောဆိုခြင်းမှ ရှောက်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။ (၅) “ငါသည် သူတစ်ပါးသောက်စားမူးယစ်တာကို မြင်လျှင် မကြည်ညိုသလို၊ ငါသောက်စားမူးယစ်လျှင်လည်း သူတစ်ပါးက ဘယ်ကြည်ညိုပါ့မလဲ၊ သို့အတွက် ငါသည်သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။ ငါးပါးသီလမြဲအောင် ကျင့်ရမည်ဟု ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးမှာ စစ်ပွဲတွေ၊ တိုက်ခိုက်မှုတွေဖြစ်နေခြင်းမှာ လူသတ်တာ အကုသိုလ်ဖြစ်ကြောင်းကို လူတိုင်းမသိ၍၊ သိသော်လည်း မကျင့်သောကြောင့်ဖြစ်ပါသည်။ ထို့နောက် သူတပါးပစ္စည်း၊ နယ်မြေလိုချင်တဲ့ လောဘတွေ၊ သူတပါးကို သေစေလိုတဲ့ ဒေါသတွေကြောင့် လောကကြီးမှာ ယနေ့ထိ ငြိမ်းချမ်းမှုတွေ နေရာတိုင်း မရနိုင်သေးတာပါ။ အဒိန္နာဒါနာကံမှာ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း၊ မတော်မတရားယူခြင်း၊ အလေးခိုးခြင်း၊ ဓားမြတိုက်ခြင်း အားလုံးကိုထည့်တွက်ရပါမည်။ ထိုအမှု့များ လုပ်ပါက အကုသိုလ်ကံ ဖြစ်သည်ဟုသိပြီး လိုက်ကျင့်ကြပါက လောကမှာ သူခိုးများရှိမည် မဟုတ်တော့ပါ။ မိမိတို့ ပစ္စည်းကိုသာ အသုံးပြု၍ သူတပါးထံမှ လိုချင်သော လောဘတရားလည်း အလိုလိုပယ်သတ်နိုင်ပါလိမ့်မည်။ မိမိနှင့် မောင်နှမသားချင်း စာနာကာ သူတပါး သားသမီးအပေါ် ကျူးလွန်ခြင်းအမှု ကာမသုမိစ္ဆာစာရကံကို လူတိုင်းစောင့်ထိန်းကြမည်ဆိုပါက မလိုလားအပ်သော အမှုခင်းများလည်း ဖြစ်မည်မဟုတ်ပေ။ “နှမချင်း စာနာထောက်ထားပါ” “သားသမီးချင်း ကိုယ်ချင်းစားပါ” ဟူသော မြန်မာတို့၏ ယဉ်ကျေးမှု စကားဖြင့်ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည်မဟုတ်ပါ။ ထိုသို့စောင့်ထိန်း ခြင်းကြောင့် လူသားအားလုံး အိမ်ထောင်ရေးပြဿနာ၊ ကိုယ်ကျင့်တရားဖောက်ပြားမှုများ မဖြစ်တော့ဘဲ သာယာမှုရစေနိုင်ပါသည်။ မုသားစကားဆိုရာတွင် လိမ်ပြောခြင်း၊ ကြမ်းတမ်းစွာဆဲဆိုပြောခြင်း၊ ကုန်းချောစကားပြောခြင်း၊ အကျိုးမရှိသောအပိန်ဖျင်း စကားများပြောခြင်း တို့ကိုပါမှတ်ယူ စောင့်ထိန်းကြရပါမည်။ စီဘောက်မှာ ဆဲဆိုပြောနေခြင်းများ၊ သူတပါးတွေကို ကုန်းချောသောစာများကို တွေ့ရပါက မည်သို့ခံစားရသည်ကို စာဖတ်သူများသိကြမှာပါ။ တရားသိပြီးစောင့်ထိန်းကြပါက ထိုကဲ့သို့ သေးငယ်သော အမှုမှစ၍ ကျူးလွန် ကြမှာမဟုတ်ပါ။ သေရည်အရက်သောက်ပါက မူးယစ်ပြီး ဆုံးဖြစ်ချက်များ မှန်ကန်စွာမချနိုင်တော့ပါ။ မိမိသောက်လိုက်ခြင်းကြောင့် ပတ်၀န်းကျင်လည်း ထိခိုက်ရပါသည်။ အရက်၊ ဆေးခြောက်၊ ဘီယာ၊ မူးယစ်ဆေး၊ ထန်းရည် အားလုံးကို ပါမှတ်ယူ ရှောင်ကြဉ်ရပါမည်။ မူးယစ်သောက်စားပြီးပါက နောက်ထပ် မကောင်းမှုများဆက်လုပ်ချင်တဲ့ စိတ်ကဖြစ်လာတက်ပါသည်။ အရက်မူးခြင်းကြောင့်ဖြစ်သော အမှုခင်းများ အားလုံးလည်းဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့်ဘုရားရှင်ဟောကြားခဲ့သော တရားများသည် မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ ဆင်းရဲအပေါင်းမှ လွတ်မြောက်စေခြင်း အပြင် လောကအတွင်း သတ္တဝါအားလုံး နေနည်းများ ကိုလည်း လမ်းညွှန်ပြထားခဲ့ပေသည်။ လောကရဲ့အလှတရားကို သီလပန်းဖြင့် ဆင်မြန်းမှသာ တင့်တယ်လှပနိုင်ပါမည်။ အရှင်သုမနသာရ(ဖြူး) 🙏🙏🙏🙏🙏🙏🙏 ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ #ရွှေဖြူလေး

via အလင်းရောင် ဓမ္မ https://ift.tt/2Nnom6o

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/36SzpvV

Monday, January 13, 2020

ကိုယျဟာပုထုဇဥျလား

via အလင်းရောင် ဓမ္မ https://ift.tt/2NCeTZd

အရွယ်တွေ လွန်ကာ အိုမင်းလာ 🙏🙏🙏🙏🙏🙏🙏🙏 ရက်တွေ , လတွေ , နှစ်တွေကုန်လို့ အိုမင်းလာတာနဲ့ အမျှ ခန္ဓာရဲ့ တန်ဖိုးကလည်း ကျကျလာလိုက်တာ အိုမင်းမစွမ်းကို ဖြစ်လာကြပြီ … စွမ်းဆောင်နိုင်မှုတွေ ကိုယ်စွမ်း ဉာဏ်စွမ်းအား အစွမ်းတွေ လျော့နည်းလာလို့ ဘာမှ မစွမ်းနိုင်ကြတော့ဘူး … တန်ဖိုးကျဆင်းလာပြီ ဖြစ်တဲ့ ဒီ ခန္ဓာကနေ ဘာတွေယူနိုင်ကြသလဲ ? ကိုယ်လိုချင်တာတွေ အချိန်မီ ယူနိုင်ရင်တော့ ရကြလိမ့်မယ် … ဥစ္စာ ရှာတဲ့သူက ဥစ္စာ ရမယ် … စီးပွား ရှာတဲ့သူက စီးပွား ဖြစ်မယ် … ပညာ ရှာတဲ့သူက ပညာ ရမယ် … ကုသိုလ် ရှာတဲ့သူက ကုသိုလ် ရကြပါလိမ့်မယ် … #ဓမ္မဒူတ_ဒေါက်တာ_အရှင်ပညိဿရ Credit , Original Uploader ဒဿန​-အောင်​လံ. ပြန်​လည်​မျှ​ဝေပါသည်​ ။

via အလင်းရောင် ဓမ္မ https://ift.tt/2tUfWwx

မေတ္တာနှင့် တဏှာ •••••••••••••••••• လောကမှာ တစ်ခါတစ်ရံ “တဏှာ” က မေတ္တာဟန်ဆောင်ပြီး လူကို လှည့်စားတတ်တယ်။ “ မေတ္တာနှင့် တဏှာ” က မခွဲခြားတတ်ရင် အသွင်အပြင် တူသလို ထင်ရပေမယ့် အရည်အသွေးကတော့ အလွန်ကွဲပြားပါတယ်။ မေတ္တာစစ်က ပေးပဲပေးချင်တယ်။ မျှော်လင့်ချက် မထားတတ်ဘူး။ တဏှာက နည်းနည်းပေးပြီး များများပြန်လိုချင်တတ်တယ်။ မေတ္တာစစ်က ယှဉ်ပြိုင်လာရင် အရှုံးပေး လိုက်တယ်။ ဘယ်တော့မှ အနိုင်မယူဘူး။ တဏှာက အမြဲအနိုင်ရနေမှ ကျေနပ်တယ်။ ရှုံးနိမ့်သွားရင်တောင် ပြန်ပြီး ကလဲ့စားချေ တတ်တယ်။ မေတ္တာက အပြစ်တစ်စုံတစ်ရာတွေ့ရင် တည်တည်ငြိမ်ငြိမ်နဲ့ ခွင့်လွှတ်နိုင်ဖို့ပဲ ကြိုးစားတယ်။ တဏှာက အပြစ်တစ်စုံ တစ်ရာတွေ့ရင် ယောက်ယက်ခတ်ပြီး ပြဿနာရှာဖို့ ပုံကြီးချဲ့ဖို့ပဲ စဉ်းစားတတ်တယ်။ မေတ္တာစစ်က စျေးရောင်းသလို အရှုံးအမြတ် မတွက်တတ်ဘူး။ တဏှာက တစ်ခုရင်းရင် နှစ်ခုလိုချင်တယ်။ ရှုံးတယ်ထင်ရင် လှည့်မကြည့်တတ်ဘူး။ အနှစ်ချုပ်လိုက်တော့… မေတ္တာက အေးချမ်းပြီး အနှောင်အဖွဲ့ ကင်းတယ်။ တဏှာက ပူလောင်ပြီး နှောင်ကြိုးတန်းလန်းနဲ့ပေါ့။ အားလုံးပဲ့ မင်္ဂလာပါ 🙏🙏🙏 အရှင်တေဇာနန္ဒ 🙏🙏🙏 စေတနာပန်းခင်းဆရာတော်🙏🙏🙏 အဘိဓမ္မာသီးသန့်ဆွေးနွေးခြင်းပေ့မှကူးယူဖော်ပြပါသည်။🙏🙏 🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏 🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏

via အလင်းရောင် ဓမ္မ https://ift.tt/2t3cvDK

"အမှိုက်ပုံကြားမှာ ပတ္တမြားရှာ" ⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️ မြတ်စွာဘုရားရှင် လက်ထက်တုန်းက ဗိမ္ဗိသာရမင်းကြီးရဲ့ သမီးတော် စုန္ဒီမင်းသမီးဟာ ရုပ်အဆင်းချောမောလှပပြီး ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံပါတယ်။ အနန္တောအနန္တငါးကို အလွန်ရ်ိုသေကိုင်းရှိုင်းပြီး သဒ္ဓါတရားနဲ့လည်း ပြည့်စုံတဲ့အပြင် သူ့မှာထူးခြားတဲ့ ရှေးဘုန်းရှေးကံ ဆုတောင်းကြောင့် ယခုဘဝမှာ အခြံအရံအမျိုးသမီးငါးရာ၊ မြင်းဖြူ နှစ်စီးကတဲ့ တန်ဆာဆင်ထားတဲ့ ရထားငါးရာ၊ အဲဒိအခြံရံကို ရရှိပါတယ်။ တစ်နေ့သောအခါမှာ စုန္ဒီမင်းသမီးဟာ မြတ်စွာဘုရားရှင်နှင့်တကွ သံဃာငါးရာကို ပင့်ဖိတ်ပြီး ဆွမ်းဆပ်ကပ်လှူဒါန်းပါတယ်။ အဲဒိဆွမ်းကပ်ပွဲမှာ မြတ်စွာဘုရားက----- "သာရာဒါယေစ ကာယဿ ဝရာဒါယေစ ပဏ္ဍိတော"။ ဆိုပြီး တရားစတင်ဟောကြားပါတယ်။ အဓိပ္ပာယ်ကတော့----- ချစ်သမီးစုန္ဒီ၊ အသ်ိလိမ္မာ ဉာဏ်ပညာရှိတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးသည် မိမိရဲ့ အိုနာသေရေး ဒုက္ခဘေးကြီးမှ ကင်းဝေးရာအမှန် မြတ်နိဗ္ဗာန်ကို လျင်မြန်စောစွာ ရချင်ရောက်ချင်တယ်ဆိုခဲ့ရင်၊ အမှိုက်ပုံကြီးထဲက နေပြီးတော့ ပတ္တမြားကို ထုတ်ယူတတ်ရတယ်။ သေလျှင်ပစ်ခဲ့ရမည့် အနှစ်မဲ့ပစ္စည်းပုံကြီးထဲက ကိုယ်နောက်ပါမည့် အနှစ်ရိက္ခာထုပ်ကို ထုတ်ယူတတ်ရတယ်....တဲ့။ ဟောဒါ စုန္ဒီမင်းသမီးကို ဆုံးမသွားတဲ့ အဆုံးအမ၊ အမှိုက်ပုံကြားက ပတ္တမြားထုတ်ယူတတ်ရမယ် ဆိုတာ မိမိတို့ရဲ့ ခန္ဓာကိုယ်ကြီးကို အမှိုက်ပုံကြီးလို့ ဘုရားကဟောပါတယ်။ အမိူက်ဆိုတာ ဘယ်လိုသဘောရှိတုန်းဆိုတော့ စွန့်ပစ်ခံရတာ အမှိုက်ပဲ၊ အိမ်မှာရှိတဲ့ အမှိုက်သရိုက်တွေကို ကျုံးပြီးတော့ ဟိုနားသွာစွန့်၊ ဒီနားသွားစွန့်၊ စွန့်ပစ်တာပါပဲ။ အဲဒိလိုပဲ...မိမိတို့ရဲ့ ခန္ဓာကိုယ်ကြီးကို တင့်တယ်လှပတယ်လို့ ထင်နေပေမယ့်လဲ ဒီခန္နာကိုယ်ကြီးကို နောက်ဆုံးမှာ သုဿ န်ကိုသွားပြီး စွန်ပစ်ရမှာပါ။ ခန္ဓာကိုယ်ကြီးဟာ အစွန်ပစ်ခံပစ္စည်းကြီးပါပဲ။ အခုသက်ရှိထင်ရှား ရှိနေတုန်းလဲ ကြည့်ပါဦး --- ဒီခန္ဓာကိုယ်ကြီးက ထွက်သမျှစွန့်နေရတာ။ ကျင်ကြီးအဖြစ်၊ ကျင်ငယ်အဖြစ်၊ တံတွေးအဖြစ်၊ နှပ်အဖြစ်နဲ့ စွန့်နေရတာ။ လက်သည်းခြေသည်းတွေ ဖြတ်ပြီးတော့စွန့်။ ဒီခန္ဓာကိုယ်မှာရှိတဲ့(၃၂)ကောဋ္ဌာသဟာ စွန့်စရာတွေချည်းပါပဲ။ ဒါကြောင့် ဒီခန္ဓာကိုယ်ကြီးဟာ စွန့်ပစ်စရာတွေ စုပေါင်းနေလို့ အမှိုက်ပုံကြီးနဲ့ တူတယ်တဲ့။ ဒီတော့ အမှိုက်ပုံနဲ့တူတဲ့ ခန္ဓာကိုယ်ကြီးထဲကနေ ပတ္တမြားကို ထုတ်ယူရမယ်။ ပတ္တမြားဆိုတာ ကုသိုလ်ကောင်းမှု့ပါပဲ။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရကြောင်းဖြစ်တဲ့ ဒါနကောင်းမှု့၊ သီလကောင်းမှု့၊ ဘာဝနာကောင်းမှု့ဆိုတာက ပတ္တမြားပဲ...တဲ့။ ဒီခန္ဓာကိုယ်ကြီးက သေရင်ပစ်ရမယ့် အနှစ်မဲ့ခန္ဓာကိုယ်ကြီးပါ။ သေရင်ပစ်ရမယ့် အနှစ်မဲ့ခန္ဓာကိုယ်ကြီးကနေပြီးတော့ ကိုယ့်ကို အို,နာ,သေ လွတ်ရာ နိဗ္ဗာန်ကိုရောက်အောင် ပို့ပေးမယ့် အနှစ်ကိုထုတ်ယူရမယ်.....ချစ်သမီး---တဲ့။ မြတ်စွာဘုရားကဟောတော်မူခဲ့တာပါ။ ဒါကြောင့် ဓမ္မမိတ်ဆွေအပေါင်းတို့ကလဲ သေရင်ပစ်ရမယ့် အနှစ်မဲ့ခန္ဓာကိုယ်ကြီးထဲကနေ ပတ္တမြားနဲ့တူတဲ့ ကုသိုလ်ကောင်းမှု့အနှစ်ကို ထုတ်ယူနိုင်ကြပါစေလို့ ဆုတောင်းလျှက်--------- 🙏🙏🙏အပ်ပမာဒနေ သမ်ပာဒထေ🙏🙏 Credit. ဥူးသောဘန

via အလင်းရောင် ဓမ္မ https://ift.tt/2tPRvjR

အမျိုးသမီးတွေက ယုတ်ညံ့သတဲ့လား *************************** မေး - အရှင်ဘုရား ၊ အမျိုးသမီးတွေဟာ အိပ်ပျော်နေတဲ့ ခွေးထီးကိုတောင် ကျော်,ခွ,မသွားကောင်းလောက်တဲ့အထိ ယုတ်ညံ့တယ်လို့ ပြောကြတယ်ဘုရား ။ အဲဒါ…တပည့်တော် သိချင်လို့ ။ ဘုရားဟော ဟုတ်,မဟုတ် ဖြေကြားပေးပါဦးဘုရား ။ ဖြေ - အင်း……ခက်တော့ ခက်နေပြီ ။ ဒကာ ဘယ်ကကြားလာတာလဲ ။ အချို့လူကြီးတွေပြောတာကို ကြားတာ မဟုတ်လား ။ (မှန်ဘ ဘုရား) ဦးဇင်းတို့ ဘုရားဟော တရားတွေဟာ ပိဋကတ် အားဖြင့်(၃)ပုံ ။ နိကာယ်အားဖြင့်(၅)ရပ် ။ ဓမ္မခန္ဓာအားဖြင့်(၈၄၀၀၀)ထောင် ရှိပါတယ် ။ ထိုတရားတော်တွေ အားလုံးထဲမှာ မြတ်စွာဘုရားက အမျိုးသမီးတွေကို ယုတ်ညံ့ ပါတယ်လို့ ဘယ်နေရာမှာမှ မဟောပါဘူး ။ မြတ်စွာဘုရားကိုယ်တိုင်ကလည်း သူတစ် ပါးအား ရှုတ်ချပြောဆိုခြင်းကို လုံးဝ မနှစ်သက် ဘူး ။ အားပေးအားမြှောက်လည်း လုံးဝ မလုပ် ဘူး ။ မြတ်စွာဘုရား ပြောတာကတော့ ဒီလို ရှိတယ်……………………… သုကရံ သာဓုနာ သာဓုံ ၊ သာဓုံ ပါပနေ ဒုက်ကရံ ။ ပါပံ ပါပနေ သုကရံ ၊ ပါပ မရိယဟေိ ဒုက်ကရံ ။ သုကရာနိ အသာဓုနိ ၊ အတ္တနော အဟိတာနိ စ ။ ယဉ္စေ ဟိတဉ္စ သာဓုဉ္စ ၊ တံ ဝေ ပရမဒုက္ကရံ ။ (ဓမ္မပဒပါဠိတော် အတ္တဝဂ်) အဓိပ္ပါယ်ကတော့………သူတော်ကောင်းတွေဟာ ကောင်းမှုကို ပြုရတာ လွယ်ကူသလောက် သူယုတ်မာတွေဟာ ကောင်းမှုကို မပြုလုပ်နိုင်ဘူး ။ လူတော်လူမြတ်မှန်ရင် ကောင်းမှုကို လုပ်နိုင် ရမယ် ။ ကောင်းမှုကို မလုပ်ဘူးဆိုရင်တော့ လူတော်လူမြတ်လို့ မဆိုနိုင်ဘူး ။ ဒါကြောင့်……လူတစ်ယောက်ကို အယုတ် အမြတ် သိရအောင် တိုင်းတာတဲ့အခါ ယောင်္ကျား , မိန်းမ ပညတ်တွေနဲ့ မတိုင်းရဘူး ကောင်းမှုလုပ်ခြင်း မလုပ်ခြင်းနဲ့ဘဲ တိုင်းရတယ် ။ ယောင်္ကျားဖြစ်ပြီး လောကကောင်းကျိုး အများ ကောင်းကျိုး မလုပ်ရင်တော့ ယောင်္ကျားယုတ်ဖြစ် သလို ၊ မိန်းမဆိုရင်တော့ မိန်းမယုတ်ဖြစ်တယ် ဆိုတာ ဒကာ မှတ်ထားပါ ။ (မှန်ပါ ဘုရား) အမျိုးသမီးတွေဟာ အိပ်နေတဲ့ ခွေးထီကိုတောင် ကျော်,ခွ မသွားကောင်းဘူးဆိုတဲ ဒကာရဲ့စကား ကို စစ်တမ်းထုတ်ကြည့်ပါဦး ။ လူဖြစ်ရတာ ဘာကြောင့်လဲ(ကုသိုလ်ကြောင့်ပါ ဘုရား) ခွေးဆိုတာ တိရစ္ဆာန်နော်(မှန်ပါ ဘုရား) တိရစ္ဆာန် ဖြစ်တာကရော ဘာကြောင့်လဲ(အကုသိုလ်ကြောင့် ပါ ဘုရား) အကုသိုကံကြောင် ဖြစ်လာတဲ့ ခွေး တိရစ္ဆာန်အပေါ်ကို ကုသိုလ်ကံကြောင့် ဖြစ်လာတဲ့ လူမိန်းမက ကျော်,ခွ မသွားကောင်းဘူးဆိုတဲ့ စကားဟာ သဘာဝယုတ္တိ ရှိပါရဲ့လား ။ ဒါကို အလွန်စဉ်းစားဖို့ လိုအပ်ပါတယ် ဒကာ ။ (မှန်ပါ တပည့်တော် နားလည်ပါပြီ ဘုရား) အတယ်တော့……ဒီစကားတွေဟာ အမျိုးသမီတွေကို ချိုးနှိမ်ပြီးပြောတဲ့စကားပါ ၊ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘုရားလည်းမဟော သဘာဝလည်းမကျတဲ့ အပြောအဆို အယူအဆတွေကို လက်ခံ ယုံကြည် နေမယ်ဆိုရင်တော့ ထိုလူဟာ တကယ့် ဗုဒ္ဓဘာသာ ဝင် စစ်စစ်မဟုတ်တော့ပါဘူး ။ အမည်ခံ ဗုဒ္ဓဘာသာ ဝင်သာ ဖြစ်ပါလိမ့်မယ် ဒကာ ။ (မှန်ပါ ဘုရား ၊ နောက်ကို တပည့်တော် သတိနဲ့ ဆင်ခြင်ပါ့မယ် ဘုရား ။ အခုလို ရှင်းပြပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ဘုရား) credit.မူရင်း

via အလင်းရောင် ဓမ္မ https://ift.tt/2uJUFGb

သမိုင်း ၃-မျိုး လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကို ရေးနေကြတယ်။ အဲဒီလိုရေးတဲ့အခါ ဘယ်လိုသမိုင်းမျိုးရေးမလဲ၊ စဉ်းစားရမယ်။ သမိုင်းသုံးမျိုး ရှိတယ်။ ဒေ၀ဒတ်သမိုင်း၊ အဂုင်္လိမာလသမိုင်း၊ ကဿ ပသမိုင်း။ #ဒေ၀ဒတ်သမိုင်းဟာ အစလဲ မကောင်း၊ အဆုံးလဲ မကောင်းပါ။ #အင်္ဂုလမာလသမိုင်းကျတော့ အစတော့ မကောင်းဘူး။ သို့သော် အဆုံးကောင်းတယ်။ #အရှင်ကဿ ပသမိုင်းကျတော့ အစလဲ ကောင်းတယ်၊ အဆုံးလဲ ကောင်းတယ်။ ကိုယ့်ကိုယ်ကို မေးပါ၊ ဘာသမိုင်း ရေးနေတာလဲလို့။ ကိုယ့်ကိုယ်ကို မေးတယ်ဆိုတာ ကိုယ်ကိုယ်ကို ဆန်းစစ် စစ်ဆေးနေတာပဲ။ အဲ့ဒါမှ သမထ သမာဓိတက်မယ်. ဒါကို စိတ်မှန်ကြည့်တယ်လို့ ခေါ်တယ်။ မှန်ဆိုတာ ဖြစ်စဉ် အမှန်ကို ဖော်ပြတယ်လေ။ ကိုယ်ပြုံးတဲ့အခါ မှန်က ပြုံးပြပေမဲ့ ကိုယ်ငိုတဲ့အခါ သူက ပြုံးမပြဘူး မဟုတ်လား။ ---------------------------------------- ``အရှင်ဒေ၀ဒတ်သမိုင်း´´ဒေ၀ဒတ်သမိုင်းကို ကြည့်လိုက်ပါ။ အဇာတသတ်ကို မြှောက်ထိုးပင့်ကော်လုပ်ပြီး မင်းဆရာဖြစ်အောင် လုပ်တယ်။ မင်းဆရာ ဖြစ်လာပြီဆိုတော့ မြတ်စွာဘုရားကို အမျိုးမျိုး နှောက်ယှက်တယ်။ သာမန်လူတွေ မလုပ်ရဲတဲ့ ပြစ်မှုကြီးတွေကို လက်ရဲဇက်ရဲ လုပ်တယ်။ သူဟာ နောက်ဆုံးတော့ သေချင်းဆိုးနဲ့ သေရတာပဲ။ သေပြီးတော့လဲ ငရဲကျတယ်။ တကယ်တော့ “လူဖြစ်လာခြင်းသည် ကောင်းတာတွေ လုပ်ဖို့ပါပဲ”တဲ့။ ဆုပ်ကပ် ဒီခေတ် အတ္တရှေ့တန်းတင်တဲ့လူတွေ များသထက်များ ကိုယ်ကျိုးရှာလာတဲ့ ခေတ်ပေါ့ ဥပမာ ဘင်္လာဒင်လိုလူတစ်ဦးကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက် ကိုယ်စိတ် ဆင်းရဲကြရတယ်.. ကလေးတုန်းကလဲ ဆိုး၊ အိမ်ထောင်ကျတော့လဲ ဆိုး၊ အသက်ကြီးတော့လဲ ဆိုးတာပဲ။ ကိုယ့်အတွက်လဲ ဘာမှ မလုပ်နိုင်၊ မိသားစုအတွက်လည်း ဘာမှ မလုပ်။ ပတ်ဝန်းကျင်ကိုလည်း လူလူချင်း လှည့်ပတ်လိမ်ညာ မသာမာနည်းနဲ့မျိုးးစုံ ဒုက္ခပေးကြ တယ် စိတ်ဓါတ်ကအစ မကောင်း ဖြူစင်မှု ဝေးစွ ကောင်းတာဆိုလို့ တစ်ကွက်မှမရှိ ဘာတစ်ခုမှ လုပ်မသွားဘူးတဲ့။ သံပုရာသီးများလို ကြီးလေချဉ်လေ။ ဒီလိုလူစားမျိုး လူလာဖြစ်တာ အကုသိုလ်မျိုးစေ့လာချ သလို ကိုယ့်ဒုက္ခကိုယ် လာရှာကြတာပါ. သေတော့လည်း မြေကြီးလက်ခတ်မလွဲ ငရဲခံရမယ့် လူဖြစ်ရှုံး လူတိရစ္ဆာန် လူ့ငနွား တွေလို့ ခေါ်ပါတယ်။ သူများအကျိုးမပြုနိုင်ရင်နေ ဒုက္ခမပေးဖို့ပါ.. ဒါပေမယ့် လူ့လောကကြီးမှာလဲ အဲဒီလိုပုဂ္ဂိုလ်တွေ တစ်ခဏစံ မိုက်သူတွေ အများကြီး ရှိပါတယ်။ ဒီလို လူစားမျိုးဟာ ဒေ၀ဒတ်သမိုင်း ရေးနေသူများပါပဲ။ လာချင်းမကောင်းသလို အပြန်လမ်းလည်း မလှပါဘူး ------------------------------------------------ ``အရှင်အဂုင်္လိမာလသမိုင်း´´ အင်္ဂုလိမာလကျတော့ အစပိုင်းကတော့ မကောင်းဘူး၊ ဆရာမှားတော့ ငယ်ငယ်က လူဆိုးလူမိုက်ကြီးပေါ့ ဖြတ်လိုက်တဲ့ လက်ညှိုးတွေ လည်ပင်းမှာ ပန်းကုံးလိုသီပြီ သွေးညှီနံ့တွေနဲ့ လူသတ်တဲ့ အဆိုးဆုံးကြီးပေါ့. ဒါပေမဲ့ မသိလို့ သူမိုက်ပေမယ့် သူ့သမိုင်း အဆုံးပိုင်းကျတော့ ကောင်းတယ်။ အရှင်မြတ်သည် မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ သတိသံဝေဂရပြီး တရားကျင့်တော်မူလို့ ရဟန္တာဖြစ်သွားတယ်။ အရှင်မြတ်ရဲ့ ဘဝနေ၀ချိန်မှာ ဓမ္မနဲ့ လှလှပပ နိဂုံး ချုပ်သွားတယ်။ ----------------------------------------- လောကကြီးမှာလဲ အဲဒီလိုပုဂ္ဂိုလ်တွေ ရှိပါတယ်။ ငယ်ငယ်တုံးကတော့ ဆိုးတယ်။ အသက်အရွယ် ရလာတော့ သံဝေဂတွေ ရလာပြီး ဘုရားနဲ့တရားနဲ့ ဒီလိုဖြစ်လာတယ်။ ဂေါပကလူကြီးတစ်ယောက်၊ “ငယ်ငယ်တုန်းက မိုးလင်းကနေ မိုးချုပ်အထိ သောက်တယ်၊ အသတ်အဖြတ်ကလဲ ဝါသနာပါတယ်ဘုရား၊ ဒီတော့ အကုသိုလ်မှန်ရင် မလုပ်ဘူးတာ မရှိသလောက်ပါပဲ”တဲ့။ နောက်ကျတော့ စဉ်းစားတယ်။ “ငါ အသက်ကြီးလာပြီ၊ မဟုတ်သေးဘူး၊ ပြင်ဦးမှဘဲ”ဆိုပြီး အသောက်အစားတွေ မလုပ်တော့ဘူး။ စီးပွားရေးကိုပဲ ဇောက်ချပြီး လုပ်တယ်။ အလုပ်တွေ အောင်မြင်လာတယ်။ အဲဒီနောက် တရားတွေနာတယ်။ ကျောင်းတွေ ဆောက်၊ ကျောင်းဒါယကာဖြစ်၊ ရိပ်သာတွေမှာ တရားစခန်းတွေ ၀င်တယ်။ အခုတော့ သူကိုယ်တိုင်က ရိပ်သာ အကျိုးဆောင်ကြီး ဖြစ်နေပါပြီ။ ဒါကြောင့် မှားတာက မဆိုးသေးဘူး၊ မှားမှန်းမသိတာက ဆိုးတာတဲ့။ မသိလို့ မိုက်တာက လူမိုက် သိရက်မိုက်တာက လူယုတ်မာပါ. အဲဒါ အဂုင်္လိမာလ သမိုင်း ရေးနေတာပဲ။ “လူတော်လူကောင်း”ပါပဲ။ --------------------------------------------- ``အရှင်ကဿ ပသမိုင်း´´ အရှင်ကဿ ပကတော့ လူ့ဘ၀တုံးကလည်း လူတော်။ ရဟန်းဘ၀ ရောက်တော့လဲ ဧတဒဂ်ဘွဲ့ရ မထေရ်မြတ်တစ်ပါး။ ငယ်ငယ်တုန်းကလဲ တော်တယ်။ အသက်အရွယ်ကြီးတော့လဲ ပြောစရာမလိုလောက်အောင် တော်တယ်။ အစလဲ ကောင်း၊ အဆုံးလဲကောင်းတယ်။ မြတ်စွာဘုရားက အရှင်ကဿ ပနဲ့ တွေ့တော့ သင်္ကန်းချင်းလဲတော်မူတယ်။ ဘာ့ကြောင့်လဲဆိုတော့ နောင် အနာဂတ်မှာ သာသနာမှာ အားကိုးရမည့် တပည့်ကြီး ဖြစ်လို့ သင်္ကန်းချင်းလဲတော်မူတာတဲ့။ မြတ်စွာဘုရားကလဲ အဲသလောက်ထိ အားကိုးတော် မူတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီးနောက် သာသနာတော်ကြီးကို စောင့်ရှောက်တော်မူခဲ့တယ်။ ဒါကြောင့် ``အရှင်မဟာကဿ ပသမိုင်း´´ ကတော့ အလှပဆုံးသမိုင်းပါပဲ။ လူ့လောကကြီးမှာလဲ အဲဒီလိုပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ငယ်ငယ်ကလဲ တော်တယ်။ မိဘစကား ဆရာ့စကား နားထောင်တယ်။ အိမ်ထောင်ကျတော့လဲ မိသားစုတာ၀န်ကျေတယ်။ ဆွေရေးမျိုးရေး ရပ်ရေးရွာရေး အကုန်လုပ်တယ်။ သူ့ ပတ်၀န်းကျင်မှာ သူနိုင်သလောက် လုပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဘ၀နိဂုံးချုပ်သွားတယ်။ ဘ၀တစ်လျှောက်လုံးဟာ ရွှေရောင်တောက်ပ နေတာ။ ဒါကတော့ အရှင်ကဿ ပသမိုင်းပါ။ အရှင်ကဿ ပသမိုင်းရေးနိုင်ဖို့ကတော့ မလွယ်လှပါဘူး။ ဒါပေမဲ့ အဂုင်္လိမာလသမိုင်းရေးနိုင်အောင်တော့ ကြိုးစားသင့်တယ်။ ပုထုဇဉ်မှန်သမျှ အပြစ် မကင်းပါဘူး။ အဲဒီအပြစ်ကိုတော့ အပြစ်မှန်း သိဖို့ လိုတယ်။ အပြစ်မှန်းသိရင် တဖြေးဖြေးနဲ့ ပြင်ရမယ်။ ဘယ်သူမှ မွေးကထဲက ရဟန္တာဖြစ်လာတာ မဟုတ်ပါဘူး။ ``ပျက်အစဉ် ပြင်ခဏ´´ဆိုတဲ့အတိုင်း အတိတ်က အမှားတွေကို ပြည်ဖုံးကားချပြီး ကိုယ့်ဘ၀ကိုယ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်ရမယ်လေ။ ဒါဆိုရင် ဘဝနေ၀င်ချိန်မှာ ရွှေရောင်နေ့ရက်များ ဖြစ်လ ာပြီး လှလှပပ နိဂုံးချုပ်ရပါလိမ့်မယ်။ #သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/2tUe8mW