Monday, January 13, 2020

သမိုင်း ၃-မျိုး လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကို ရေးနေကြတယ်။ အဲဒီလိုရေးတဲ့အခါ ဘယ်လိုသမိုင်းမျိုးရေးမလဲ၊ စဉ်းစားရမယ်။ သမိုင်းသုံးမျိုး ရှိတယ်။ ဒေ၀ဒတ်သမိုင်း၊ အဂုင်္လိမာလသမိုင်း၊ ကဿ ပသမိုင်း။ #ဒေ၀ဒတ်သမိုင်းဟာ အစလဲ မကောင်း၊ အဆုံးလဲ မကောင်းပါ။ #အင်္ဂုလမာလသမိုင်းကျတော့ အစတော့ မကောင်းဘူး။ သို့သော် အဆုံးကောင်းတယ်။ #အရှင်ကဿ ပသမိုင်းကျတော့ အစလဲ ကောင်းတယ်၊ အဆုံးလဲ ကောင်းတယ်။ ကိုယ့်ကိုယ်ကို မေးပါ၊ ဘာသမိုင်း ရေးနေတာလဲလို့။ ကိုယ့်ကိုယ်ကို မေးတယ်ဆိုတာ ကိုယ်ကိုယ်ကို ဆန်းစစ် စစ်ဆေးနေတာပဲ။ အဲ့ဒါမှ သမထ သမာဓိတက်မယ်. ဒါကို စိတ်မှန်ကြည့်တယ်လို့ ခေါ်တယ်။ မှန်ဆိုတာ ဖြစ်စဉ် အမှန်ကို ဖော်ပြတယ်လေ။ ကိုယ်ပြုံးတဲ့အခါ မှန်က ပြုံးပြပေမဲ့ ကိုယ်ငိုတဲ့အခါ သူက ပြုံးမပြဘူး မဟုတ်လား။ ---------------------------------------- ``အရှင်ဒေ၀ဒတ်သမိုင်း´´ဒေ၀ဒတ်သမိုင်းကို ကြည့်လိုက်ပါ။ အဇာတသတ်ကို မြှောက်ထိုးပင့်ကော်လုပ်ပြီး မင်းဆရာဖြစ်အောင် လုပ်တယ်။ မင်းဆရာ ဖြစ်လာပြီဆိုတော့ မြတ်စွာဘုရားကို အမျိုးမျိုး နှောက်ယှက်တယ်။ သာမန်လူတွေ မလုပ်ရဲတဲ့ ပြစ်မှုကြီးတွေကို လက်ရဲဇက်ရဲ လုပ်တယ်။ သူဟာ နောက်ဆုံးတော့ သေချင်းဆိုးနဲ့ သေရတာပဲ။ သေပြီးတော့လဲ ငရဲကျတယ်။ တကယ်တော့ “လူဖြစ်လာခြင်းသည် ကောင်းတာတွေ လုပ်ဖို့ပါပဲ”တဲ့။ ဆုပ်ကပ် ဒီခေတ် အတ္တရှေ့တန်းတင်တဲ့လူတွေ များသထက်များ ကိုယ်ကျိုးရှာလာတဲ့ ခေတ်ပေါ့ ဥပမာ ဘင်္လာဒင်လိုလူတစ်ဦးကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက် ကိုယ်စိတ် ဆင်းရဲကြရတယ်.. ကလေးတုန်းကလဲ ဆိုး၊ အိမ်ထောင်ကျတော့လဲ ဆိုး၊ အသက်ကြီးတော့လဲ ဆိုးတာပဲ။ ကိုယ့်အတွက်လဲ ဘာမှ မလုပ်နိုင်၊ မိသားစုအတွက်လည်း ဘာမှ မလုပ်။ ပတ်ဝန်းကျင်ကိုလည်း လူလူချင်း လှည့်ပတ်လိမ်ညာ မသာမာနည်းနဲ့မျိုးးစုံ ဒုက္ခပေးကြ တယ် စိတ်ဓါတ်ကအစ မကောင်း ဖြူစင်မှု ဝေးစွ ကောင်းတာဆိုလို့ တစ်ကွက်မှမရှိ ဘာတစ်ခုမှ လုပ်မသွားဘူးတဲ့။ သံပုရာသီးများလို ကြီးလေချဉ်လေ။ ဒီလိုလူစားမျိုး လူလာဖြစ်တာ အကုသိုလ်မျိုးစေ့လာချ သလို ကိုယ့်ဒုက္ခကိုယ် လာရှာကြတာပါ. သေတော့လည်း မြေကြီးလက်ခတ်မလွဲ ငရဲခံရမယ့် လူဖြစ်ရှုံး လူတိရစ္ဆာန် လူ့ငနွား တွေလို့ ခေါ်ပါတယ်။ သူများအကျိုးမပြုနိုင်ရင်နေ ဒုက္ခမပေးဖို့ပါ.. ဒါပေမယ့် လူ့လောကကြီးမှာလဲ အဲဒီလိုပုဂ္ဂိုလ်တွေ တစ်ခဏစံ မိုက်သူတွေ အများကြီး ရှိပါတယ်။ ဒီလို လူစားမျိုးဟာ ဒေ၀ဒတ်သမိုင်း ရေးနေသူများပါပဲ။ လာချင်းမကောင်းသလို အပြန်လမ်းလည်း မလှပါဘူး ------------------------------------------------ ``အရှင်အဂုင်္လိမာလသမိုင်း´´ အင်္ဂုလိမာလကျတော့ အစပိုင်းကတော့ မကောင်းဘူး၊ ဆရာမှားတော့ ငယ်ငယ်က လူဆိုးလူမိုက်ကြီးပေါ့ ဖြတ်လိုက်တဲ့ လက်ညှိုးတွေ လည်ပင်းမှာ ပန်းကုံးလိုသီပြီ သွေးညှီနံ့တွေနဲ့ လူသတ်တဲ့ အဆိုးဆုံးကြီးပေါ့. ဒါပေမဲ့ မသိလို့ သူမိုက်ပေမယ့် သူ့သမိုင်း အဆုံးပိုင်းကျတော့ ကောင်းတယ်။ အရှင်မြတ်သည် မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ သတိသံဝေဂရပြီး တရားကျင့်တော်မူလို့ ရဟန္တာဖြစ်သွားတယ်။ အရှင်မြတ်ရဲ့ ဘဝနေ၀ချိန်မှာ ဓမ္မနဲ့ လှလှပပ နိဂုံး ချုပ်သွားတယ်။ ----------------------------------------- လောကကြီးမှာလဲ အဲဒီလိုပုဂ္ဂိုလ်တွေ ရှိပါတယ်။ ငယ်ငယ်တုံးကတော့ ဆိုးတယ်။ အသက်အရွယ် ရလာတော့ သံဝေဂတွေ ရလာပြီး ဘုရားနဲ့တရားနဲ့ ဒီလိုဖြစ်လာတယ်။ ဂေါပကလူကြီးတစ်ယောက်၊ “ငယ်ငယ်တုန်းက မိုးလင်းကနေ မိုးချုပ်အထိ သောက်တယ်၊ အသတ်အဖြတ်ကလဲ ဝါသနာပါတယ်ဘုရား၊ ဒီတော့ အကုသိုလ်မှန်ရင် မလုပ်ဘူးတာ မရှိသလောက်ပါပဲ”တဲ့။ နောက်ကျတော့ စဉ်းစားတယ်။ “ငါ အသက်ကြီးလာပြီ၊ မဟုတ်သေးဘူး၊ ပြင်ဦးမှဘဲ”ဆိုပြီး အသောက်အစားတွေ မလုပ်တော့ဘူး။ စီးပွားရေးကိုပဲ ဇောက်ချပြီး လုပ်တယ်။ အလုပ်တွေ အောင်မြင်လာတယ်။ အဲဒီနောက် တရားတွေနာတယ်။ ကျောင်းတွေ ဆောက်၊ ကျောင်းဒါယကာဖြစ်၊ ရိပ်သာတွေမှာ တရားစခန်းတွေ ၀င်တယ်။ အခုတော့ သူကိုယ်တိုင်က ရိပ်သာ အကျိုးဆောင်ကြီး ဖြစ်နေပါပြီ။ ဒါကြောင့် မှားတာက မဆိုးသေးဘူး၊ မှားမှန်းမသိတာက ဆိုးတာတဲ့။ မသိလို့ မိုက်တာက လူမိုက် သိရက်မိုက်တာက လူယုတ်မာပါ. အဲဒါ အဂုင်္လိမာလ သမိုင်း ရေးနေတာပဲ။ “လူတော်လူကောင်း”ပါပဲ။ --------------------------------------------- ``အရှင်ကဿ ပသမိုင်း´´ အရှင်ကဿ ပကတော့ လူ့ဘ၀တုံးကလည်း လူတော်။ ရဟန်းဘ၀ ရောက်တော့လဲ ဧတဒဂ်ဘွဲ့ရ မထေရ်မြတ်တစ်ပါး။ ငယ်ငယ်တုန်းကလဲ တော်တယ်။ အသက်အရွယ်ကြီးတော့လဲ ပြောစရာမလိုလောက်အောင် တော်တယ်။ အစလဲ ကောင်း၊ အဆုံးလဲကောင်းတယ်။ မြတ်စွာဘုရားက အရှင်ကဿ ပနဲ့ တွေ့တော့ သင်္ကန်းချင်းလဲတော်မူတယ်။ ဘာ့ကြောင့်လဲဆိုတော့ နောင် အနာဂတ်မှာ သာသနာမှာ အားကိုးရမည့် တပည့်ကြီး ဖြစ်လို့ သင်္ကန်းချင်းလဲတော်မူတာတဲ့။ မြတ်စွာဘုရားကလဲ အဲသလောက်ထိ အားကိုးတော် မူတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီးနောက် သာသနာတော်ကြီးကို စောင့်ရှောက်တော်မူခဲ့တယ်။ ဒါကြောင့် ``အရှင်မဟာကဿ ပသမိုင်း´´ ကတော့ အလှပဆုံးသမိုင်းပါပဲ။ လူ့လောကကြီးမှာလဲ အဲဒီလိုပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ငယ်ငယ်ကလဲ တော်တယ်။ မိဘစကား ဆရာ့စကား နားထောင်တယ်။ အိမ်ထောင်ကျတော့လဲ မိသားစုတာ၀န်ကျေတယ်။ ဆွေရေးမျိုးရေး ရပ်ရေးရွာရေး အကုန်လုပ်တယ်။ သူ့ ပတ်၀န်းကျင်မှာ သူနိုင်သလောက် လုပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဘ၀နိဂုံးချုပ်သွားတယ်။ ဘ၀တစ်လျှောက်လုံးဟာ ရွှေရောင်တောက်ပ နေတာ။ ဒါကတော့ အရှင်ကဿ ပသမိုင်းပါ။ အရှင်ကဿ ပသမိုင်းရေးနိုင်ဖို့ကတော့ မလွယ်လှပါဘူး။ ဒါပေမဲ့ အဂုင်္လိမာလသမိုင်းရေးနိုင်အောင်တော့ ကြိုးစားသင့်တယ်။ ပုထုဇဉ်မှန်သမျှ အပြစ် မကင်းပါဘူး။ အဲဒီအပြစ်ကိုတော့ အပြစ်မှန်း သိဖို့ လိုတယ်။ အပြစ်မှန်းသိရင် တဖြေးဖြေးနဲ့ ပြင်ရမယ်။ ဘယ်သူမှ မွေးကထဲက ရဟန္တာဖြစ်လာတာ မဟုတ်ပါဘူး။ ``ပျက်အစဉ် ပြင်ခဏ´´ဆိုတဲ့အတိုင်း အတိတ်က အမှားတွေကို ပြည်ဖုံးကားချပြီး ကိုယ့်ဘ၀ကိုယ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်ရမယ်လေ။ ဒါဆိုရင် ဘဝနေ၀င်ချိန်မှာ ရွှေရောင်နေ့ရက်များ ဖြစ်လ ာပြီး လှလှပပ နိဂုံးချုပ်ရပါလိမ့်မယ်။ #သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/2tUe8mW

#အကောင်းဆုံးအရသာ။ ============ “လောကမှာ လူတွေကြုံတွေ့နေရတဲ့ ရသတွေထဲမှာ ဘယ်ရသ အကောင်းဆုံးလဲ၊ ဘယ်အရသာဟာ အကောင်းဆုံးလဲ?” ဆိုတဲ့ မေးခွန်းတစ်ခု မေးလာပါတယ်။ မေးတဲ့အခါမှာ မြတ်စွာဘုရားက ဒီမေးခွန်းကိုဖြေပေးလိုက်တာကတော့ “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ” တဲ့။ သဗ္ဗရသံ - ခံစားရတဲ့ အရာသာမှန်သမျှကို၊ ဓမ္မရသော-ဓမ္မနဲ့ ပတ်သက်တဲ့ အရသာကသာလျှင်၊ ဇိနာတိ- အနိုင်ရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျန်တဲ့ ရသတွေရဲ့နောက်ကွယ်မှာ ရှုတ်ထွေးမှုတွေ၊ ပူလောင်မှုတွေ အများကြီး ပါလာတယ်။ ငြိမ်းချမ်းမှုဆိုတာ မရှိပါ၊ သနားတဲ့အချိန်မှာလည်း ရင်နာတာပါပဲ၊ ရီလာလို့ ရှိရင်လည်း ကြာတော့ မောလာတာပါပဲ။ ခုနက ရသတွေဟာ သေချာကြည့်မယ် ဆိုလို့ရှိရင် အဆုံးထိအောင်မကောင်းပါ၊ ကြာရှည်လည်း မကောင်းပါ။ တရားကို အာရုံပြုပြီး၊ တရားနဲ့ ပတ်သက်ပြီး သဘာ၀ တရားလေးတွေစဉ်းစားလို့ စိတ်ထဲ မှာကြည်နူးလာပါတယ်။ ကမ္မဋ္ဌာန်းထိုင်လိုက်ရလို့ သမာဓိစွမ်းအားတွေ ကောင်းလာလို့ စိတ်ထဲမှာ ကြည်နူးလာပါတယ်၊ သင်္ခါရတရားတွေ ချုပ်ငြိမ်းသွားပြီး နိဗ္ဗာန်အငြိမ်းဓာတ် ကြီးကို အာရုံပြုရလို့ စိတ်ထဲမှာ ချုပ်ငြိမ်းချမ်းသွားပါတယ်၊ အဲဒီရသမှာ အရှုတ်အထွေး တစ်ခုမှမပါ ပါ၊ ဘယ်လိုမှ အားရတင်းတိမ်ခြင်းမရှိနိုင်တဲ့ အမြဲတမ်းပဲ ခံစားချင်တဲ့ ဒီလို ဓမ္မရသမျိုးကသာလျှင် ကျန်တဲ့ ရသတွေအားလုံးကို သိမ်းချုပ်ပြီးတော့ အနိုင်ရပါတယ်ဆို တော့ ဓမ္မရသဟာ အကောင်းဆုံးလို့ ဒီလိုပြောတာပါ။ ဓမ္မရသဆိုတာကျတော့ တကယ့်ကို မဂ်ဖိုလ်နိဗ္ဗာန်အဆင့် ရောက်သွားပြီဆိုတဲ့အခါ လုံး၀ ငြိမ်းချမ်းသွားပါတယ်။ ပဋာစာရီတို့ကြည့်၊ သောကအပူမီးတွေနဲ့ ရူးသွားတဲ့အဆင့်၊ သောကုမ္မတ္တကဆိုတဲ့ အရူးဘဝရောက်သွားတဲ့ အချိန်ထိအောင် သတိလက်လွတ်ဖြစ်သွား ပါတယ်၊ ဓမ္မရသနဲ့ တွေ့လိုက်တဲ့အခါ ကျတော့ ပဋာစာရီဟာ အရူးပျောက်ပြီးတော့ ထာ၀ ရငြိမ်းတဲ့ အငြိမ်းဓာတ်ကို တွေ့သွားပါတယ်။ ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက သောကရောက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း သောက ပြေပျောက်သွားကြပါတယ်။ ဒါ ဓမ္မရသပဲ။ ဒီကနေ့ခေတ်မှာလည်း မိမိတို့ စွမ်းအားသတ္တိရှိ သလောက် တရားဓမ္မကို နှလုံးသွင်းကြလို့ သောကတွေကို ကျော်လွှားနိုင်ကြပါတယ်။ မြတ် စွာဘုရား ကိုယ်တိုင်ကလည်း ရင်ထဲက အပူတွေကို ဖယ်ရှားပစ်နိုင်တဲ့တရားဟာ ဒီတရားပဲ လို့ မိန့်တော်မူပါတယ်။ ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ဓမ္မမိတ်ဆွေ အပေါင်းတို့ဟာလည်း ခံစားရသည့် ရသ အားလုံးထဲတွင် "ဓမ္မရသော" တရားရသ အသိပညာပေးခြင်းက အမြတ်ဆုံး၊ အသာဆုံး ဟု နား လည်သဘောပေါက်ကြပြီး နိဗ္ဗာန်ချမ်းသာကို မျှော်မှန်းလျက် ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေ ကုန်သတည်း။ ။ {ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်နေ့ မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ်၌ ဒေါက်တာ အရှင်နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော “ ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ } (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဦးသိန်းဝေ။ https://ift.tt/2pf2n7k http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

via အလင်းရောင် ဓမ္မ https://ift.tt/2Nk2RDu

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2QNpKBy

Sunday, January 12, 2020

❝ ကံလမ်း နဲ့ ဥာဏ်လမ်း ကွာခြားပုံ ❞ ~~~~~~~~~~~~~~~~~~ ❋ အုန်းပင်ပေါ်က အုန်းသီးပေါ်မှာ ငှက်လည်း နားနေတယ် အိမ်မြောင်လည်းနားနေတယ်။ ❋ အုန်းသီးလည်း ကြွေရော ငှက်က အတောင်ပံခတ် ပျံပြီး နောက်တစ်ကိုင်းပေါ် နားနိုင်တယ်။ ❋ အိမ်မြောင်ကတော့ အုန်းသီးနဲ့အတူ ပါသွားပြီး အောက်ကိုပြုတ်ကျသေရသလိုပဲ ••• ❋ ဒါနနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွေရှိတယ်။ သီလနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွေရှိတယ်။ ဝိပဿနာနဲ့ ရောက်တဲ့ အရိယာနတ်တွေရှိတယ်။ ❋ သက်တမ်းကုန်တော့ ဒါန သီလနဲ့ လာတဲ့နတ်တွေက အပါယ်ပြန်ကျကုန်တယ်။ ကံလမ်းကိုး။ ❋ သောတာပန် အရိယာနတ်တွေကတော့ အောက်ကို မလာတော့ဘူး။ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်ကြတယ်။ ဥာဏ်လမ်းကွဲ့။ အနိမ့်ဆုံး သောတာပန် ဖြစ်ရင်ကို လောကမှာ နေပျော်သေပျော်ပြီ။ ပေါ့ပေါ့လေးနဲ့တော့ မရဘူး။ ဝေဒနာ ကျေးဇူးရှင်, ခန္ဓာနဲ့ရင်းမှရတယ်။ ❋ တရားက အင်မတန် ချမ်းသာတာ။ တရားချမ်းသာထက် ချမ်းသာတာ လောကမှာ မရှိဘူး။ အင်မတန်အဖိုးတန်တဲ့ လူ့ဘဝကို ရနေကြတာနော်, လူတွေမသိကြလို့ မကျင့်ကြတာ။ သေခါနီးမှ နောင်တရကြတယ်။ အင်မတန် သနားစရာကောင်းတယ်။ 【ပြည် ဝိဇ္ဇောဒယ(သဲအင်း)ဆရာတော်ဘုရား】 (မေတ္တာဖြင့်မျှဝေပါသည်) Credit - တရား April Thin

via အလင်းရောင် ဓမ္မ https://ift.tt/36LcqTv

လောကကြီးက ကြီးကျယ်တယ် ဘာတွေ ကြီးကျယ်နေတုန်းဆိုရင် လောဘတွေကြီးကျယ်နေတယ် ဒေါသတွေ ကြီးကျယ်နေတယ်။ မာန်မာနတွေနဲ့ တစ်ယောက်ကိုတစ်ယောက် မနာလို ဝန်တိုတဲ့ ဣသာ မစ္ဆရိယတွေ ကြီးကျယ်နေတယ်။ လောကကြီး ဘာဖြစ်ဖြစ် ကမ္ဘာကြီးဘာဖြစ်ဖြစ် ကိုယ်ဘာမှ မဖြစ်စေနဲ့ ကောင်းအောင် နေလိုက်စမ်းပါ။ မသင့်လျော်တဲ့ နည်းလမ်းတွေနဲ့ တချို့ပေါလျှံနေကြတာကို အားမကျဘူးလားလို့မေးရင် ပုထုဇဉ်မို့ ခင်မင်မက်မောတတ်တဲ့ လောဘမကုန်သေးတော့ အားမကျပါဘူး လို့တော့ မပြောဝံ့ပါဘူး။ ဒါပေမယ့် သတိရှိလိုက်တာနဲ့ ဥာဏ်ကလေး ကွက်ခနဲ သဒ္ဓါလေး ဒက်ခနဲ ပေါ်လာတာနဲ့ တပြိုင်နက် ဒါတွေဟာ သေစာတွေ လို့ တန်းမြင်မိတော့တာပဲ။ ဒီနေ့ခေတ်မှာ သစ်ပေ့ ဆန်းပေ့ ဆိုတာ တွေဟာ တကယ်တော့ ဘာမှ သစ်တာ ဆန်းတာ မဟုတ်လှပါဘူး။ မိုးအောက် မြေပြင်ပေါ်မှာ မြင်ဘူးပြီးသားတွေချည်း ပါပဲ အာရုံတွေဆိုတာက ကြာသွားရင် ရိုးသွား အီသွား တတ်တာကြောင့် မရိုးရ မအီရလေအောင် ကြံဖန် စီမံနေကြတာတွေပါ လောကမှာ ဘာမှာ သစ်တာ ဆန်းတာ မရှိပါဘူး ။ အစားကောင်း အဝတ်ကောင်း အနေကောင်းတိုင်း ချမ်းသာတာ မဟုတ်ဘူး တဏှာ လောဘ ဒေါသ နည်းရင် ချမ်းသာတာပါပဲ ဒါနနဲ့ သီလမှာ ဒါနက ငွေကုန်တယ် သီလက ငွေမကုန်ဘူး အကျိုးရတော့ သီလက အကျိုးပိုရတယ် ။ ဒါပေမယ့် လူတွေက ငွေကုန်တဲ့ အလုပ်ကို ပို အားသန်ကြတယ် ဂုဏ်တော်ပွားပါ မေတ္တာပွားပါ ဆိုတော့ ပျင်းကြတယ် ငြင်းကြတယ် အတွက် လွဲကြရှာတယ်။ ဘဝပါရမီဆိုတာ ဖြည့်ဆည်းဖို့ မလွယ်ဘူး အများက ဝိုင်းဖြည့်ကြပေမယ့် ကိုယ့်အစွမ်း ရှိသလောက်သာ ကိုယ့်ဝေစု ရပါမယ် သူတစ်ပါးရဲ့ လှေကွဲကို ဖာထေးပေးနိုင်ပါလျက် ကိုယ့်လှေကျမှ မဖာနိုင်ရင် ရေလယ်မှာ နစ်ရလိမ့်မယ် ပေးတာရလို့ဖြစ်တဲ့ ပီတိထက် ရအောင် ပေးလိုက်ရတဲ့ ပီတိက ပိုတာရှည်ခံပါတယ်။ လောကမှာ အပျော်အပါး အမော်အကြွားတွေ ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့ မေ့လျော့နေတတ်ကြတယ်။ ဒါနကို မေ့တယ် သီလကို မေ့တယ် ဘာဝနာကို မေ့တယ် ကိုယ်ကသာ ကုသိုလ်ကောင်းမှုတွေကို မေ့နေတာနော် ကိုယ့်ကို မမေ့တဲ့သူကတော့ ကိုယ့်ကို အမြဲစောင့်ကြည့်နေတယ် အဲ့ဒါက သေမင်းပဲ။ 【မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး】 Credit : အဘိဓမ္မာသီးသန့်ဆွေးနွေးခြင်းပေ့မှကူးယူဖော်ပြပါသည်။

via အလင်းရောင် ဓမ္မ https://ift.tt/2NkOVsP

မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2NmmDOO

လောကဓံရင်ဆိုင်နည်း ❇❇❇❇❇❇❇ ကိုယ်လုပ်ရမှာက ... စိတ်ဓာတ်ကြံ့ခိုင်အောင်ထားဖို့ပဲ။ မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်လောကဓမ္မသုတ္တန်မှာ စိတ်ဓာတ်ကြံ့ခိုင်အောင်ထားနည်း ပေးထားတယ်။ “လာဘ”လောကဓံနဲ့ ကြုံလာတယ်ဆိုပါစို့။ ငါလိုချင်တာတော့ ရလာပြီ၊ ရလာတဲ့ဟာသည် ထာဝရလား တစ်ခဏလား စဉ်းစားကြည့်လိုက်ပါတဲ့။ လောကမှာ ထာဝရဆိုတာ တစ်ခုမျှမရှိဘူး။ ၁) အနိစ္စ - မြဲတဲ့သဘောမရှိဘူး။ ၂) ဝိပရိဏာမဓမ္မ - ရခြင်းကနေ မရခြင်းအဖြစ် ပြောင်းသွားနိုင်သေးတယ်။ ၃) အညထာဘာဝ - တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သေးတယ်။ ဒီလိုတွေးပေးပါတဲ့။ မရဘူးဆိုရင်လည်း၊ “အလာဘ ́လောကဓံနဲ့ ကြုံလာရင်လည်း ဒီလိုပဲ စဉ်းစားပါတဲ့။ မရဘူးဆိုတာလည်း တစ်ခဏပဲ။ အခြေအနေပေးလာရင် ရမှာပေါ့။ မရသေးခင်မှာ ရှိတာနဲ့ ငါရောင့်ရဲရမယ်။ ထပ်ပြီးတော့ ကြိုးစားရမယ်။ မရဘူးဆိုတာလည်း နိစ္စ ထာဝရ မဟုတ်ဘူး၊ အနိစ္စ တစ်ခဏမျှသာ ဖြစ်တယ်။ မမြဲတဲ့သဘော၊ တစ်ချိန်ကျ ပြောင်းလဲလာဦးမှာပဲ။ ဒီလို ကိုယ့်စိတ်ကိုယ် ထိန်းရတယ်။ နောက်တစ်ခု စဉ်းစားနည်းလည်း ပေးထားတယ်။ လာဘဆိုတဲ့ လောကဓံနဲ့ ကြုံလာတယ်။ အောင်မြင်ကြီးပွားလာတယ် ဆိုပါစို့။ အောင်မြင်ကြီးပွားမှုကို ဝမ်းသာပြီးတော့ ငါ မာန်မာနတွေ တက်ကြွနေမယ်ဆိုရင် ဘေးကလည်း အမြင်ကတ်လာနိုင်တယ်။ ငါ့ဘာသာငါလည်း အကျိုးရှိတာလုပ်ရမယ်ဆိုတဲ့ အသိဉာဏ်လည်း ဖြစ်တော့မှာ မဟုတ်ဘူး။ ဒါတွေဟာ အထင်ကြီးစရာမဟုတ်ဘူး။ ရလာတုန်းခဏမှာ ငါ ဘာကိုအကျိုးရှိအောင်လုပ်မလဲဆိုပြီး အကျိုးရှိမယ့်အရာတစ်ခုခုကို စဉ်းစားဆင်ခြင်ပြီး အကျိုးရှိအောင် လုပ်သင့်တယ်။ မရလာဘူးဆိုလို့ရှိရင်လည်း မရလာတာကြီး ကို စိတ်ပျက်နေတာ အဖြေတစ်ခုမဟုတ်ဘူး။ စိတ်ပျက်နေလို့လည်း ရလာမှာမဟုတ်ဘူး။ ငါ ရနိုင်တဲ့အခြေအနေမရှိသေးလို့ မရတာ၊ ဘယ်ဘက်က ငါ့မှာချို့ယွင်းနေသလဲဆိုပြီး ကိုယ့်ချို့ယွင်းချက်ကို အဖြေရှာပြီးတော့ ရအောင် ကြိုးစားရမယ်။ ဒါ မှန်ကန်တဲ့နည်းလမ်းတစ်ခုပဲ။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ #Posted_by_Words_of_Buddha [ လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား တရားတော် ]

via အလင်းရောင် ဓမ္မ https://ift.tt/35Hz5yN

ဥပုသ်တစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း ==================== အဲဒီဘ၀တုန်းက ပဒုမုတ္တရဘုရားလက်ထက်မှာ သူက ကျွန်မ။ အဲဒီမြို့တော်က သူဌေးအိမ်မှာ သူက ကျွန်မ။ နေ့တိုင်းတော့ဖြင့် သူဌေးကလည်း မနက်လင်းမှမလင်းသေးဘူး၊ ငွေရစရာရှိတာ ဘယ်မှာ ဘယ်လောက်ရမယ်၊ ညာမှာ ဘယ်လောက်ရမယ်၊ ဘာက ဘယ်လိုနဲ့၊ အဲဒီနေ့ကျတော့ ဆိတ်လို့။ မနက် ၅ နာရီလောက်တည်းက ဥပုသ်ယူထားမှာကိုး ။ သူဌေးကတော်ကလည်း နေ့တိုင်းတော့ဖြင့် ဟိုသားမကောင်းဘူး၊ ဒီသားမကောင်းဘူး။ ဟိုဟာ ၀ယ်လာတာ ဘယ့်နှယ်။ ဒီအသားကြီးက မလတ်ဘူးနဲ့၊ အဲဒီနေ့ကျ တိတ်လို့၊ ရှိတာလေးနဲ့ ချက်တယ်။ သူဌေးသမီးကလည်း နေ့တိုင်းဆိုရင်တော့ ဘယ်အ၀တ် ၀တ်ရမှ၊ ညာအ၀တ် ၀တ်ရမှ၊ ဘယ်အဆင်မှနဲ့၊ အဲဒီနေ့ ဘာမှမပြောဘူး။ သူဌေးသားကလည်း နေ့တိုင်းဆိုရင်တော့ ပိုက်ဆံ ဘယ်လောက်ပေးမှ၊ ဘာက ဘယ်လောက် ပေးမှနဲ့။ အဲဒါတောင် အဲဒီနေ့ ဘာမှမပြောဘူး။ အဲဒါနဲ့ ဘုရားကျောင်းသွားကြတယ်။ ကျွန်မလေး ကျန်နေရစ်တယ်။ ကျွန်မလေ ကျွန်အလုပ်လုပ်ရတာ။ မစောင့်နိုင်ဘူး။ သို့သော် သူကတွေးတယ်။ နေ့တိုင်း သူဌေးကြီးက ငွေစကား ကြေးစကား သိပ်ပြောတာ၊ ဒီကနေ့ ငွေစကား ကြေးစကား မပြောဘဲနဲ့ဆိတ်ဆိတ်နေတာ သူတို့ဥပုသ်က ငွေထက်လည်း သာလိမ့်မယ် ထင်တယ်။ တွေးတာနော်။ နေ့တိုင်း သူဌေးကတော်ကြီးက ဘယ်အသားက ဘယ်လို၊ ဘယ်ဟာက ဘယ်နှယ်နဲ့ ဒီကနေ့ ဘာမှမပြောရင် သူတို့ဥပုသ်က ဟင်းထက်လည်း ကောင်းမယ်နဲ့တူတယ်။ သူဌေးသားလည်း နေ့တိုင်း သုံးဖို့ဖြုန်းဖို့ဘာဘယ်လောက်ရမှ၊ ညာဘယ်လောက်ရမှနဲ့ ဒီကနေ့ ဘာမှ မပြောရင် သူတို့ဥပုသ်က အပျော်အပါးထက်လည်း ကောင်းတယ်နဲ့တူတယ်။ နေ့တိုင်းတော့ သူဌေးသမီးက ဘယ်လို အဆင်လေး ၀တ်ရမှ၊ ညာလို အဆင်လေး ၀တ်ရမှနဲ့ ဒီကနေ့ဘာမှမပြောတော့ သူတို့ဥပုသ်က အ၀တ်အစားထက်လည်း ကောင်းမယ်ထင်တယ်။ ကျွန်မ ဒီလောက်သိမှာပေါ့။ ဒါထက်ပို မသိပါဘူး၊ ခင်ဗျားတို့လောက် ဗဟုသုတ မရှိပါဘူး။ အဲတော့ သူတို့သူဌေးတွေတောင် ဒီစည်းစိမ်ဥစ္စာ စွန့်သေးတာ၊ ငါလည်း ငါစားရမယ့် အစာကို မစားတော့ဘူး။ ဒီကနေ့အတွက် ဥပုသ်စောင့်တာ ဘယ်လိုမှန်းမှ သူမသိတာ။ သူ့ရဲ့ အဓိဋ္ဌာန်ကတော့ သူဌေးကြီး မိသားစု နေသလို နေမယ်တဲ့။ အဲဒါ သူ ဥပုသ်ယူလိုက်တာ။ ဒီကနေ့ အတွက်တော့ သူဌေးကြီးမိသားစု နေသလို နေမယ်၊ ဒါပဲ။ အဲတော့ သူဌေးကြီးတွေက ဘယ်ချိန်စားတယ် သူမသိတော့ သူ့ဖို့ချန်ထားခဲ့တာလေးလည်း မစားဖြစ်ဘူး။ သို့သော် ကျွန် ဗျ။ လုပ်ရတာပဲ၊ လျှော်ချိန်လျှော်၊ ဆေးချိန်ဆေး၊ ရှိသမျှအကုန် သူလုပ်ရတယ်။ ညနေ ဘုရားကျောင်းကနေ အဲဒီသူဌေးမိသားစု ပြန်လာတယ်။ ကြည့်လိုက်တော့ ထမင်းတွေ ဟင်းတွေကလည်း ဒီတိုင်းပဲ၊ "နင် မစားသေးဘူးလား ဘာလို့မစားတာတုန်း"ဆိုတော့ "အရှင်တို့သူဌေးမိသားစု ဘယ်ချိန်စားတယ်မသိလို့ကျမ စောင့်နေတာ"တဲ့။ "မဟုတ်ဘူး၊ တို့က မနက် မွန်းမတည့်ခင်စားတာ အဲဒီ အချိန်စားရတယ်"ဆိုတော့ ဒီလိုဆို "ကျမလည်း ဒီိချိန်မစားတော့ဘူး"တဲ့။ ပင်တော့ ပင်ပန်းနေပြီနော်။ ကျွန် နော်..ကျွန့် အလုပ်တွေ လုပ်ရတယ်။ ပင်ပန်းတော့ ခံနိုင်မလားဗျ။ ညနေကျတော့ လုပ်ရင်းလုပ်ရင်းနဲ့ မျက်လုံးတွေ ပြာလာရော။ သွားတော့ ဟပ်ထိုးဟပ်ထိုးဖြစ်၊ အဲတော့ သူဌေးကြီးက လှမ်းမြင်တယ်။ "နင်ဘာဖြစ်တာလဲ"ဆိုတော့ "မူးလို့မော်လို့ပါ"၊ "ဒီလိုဆို စတုမဓူ စားလိုက်"လို့ပြောတယ်။ အဲတော့ ကျွန်မ ကမေးတယ်၊ "သူဌေးကြီးတို့စားပါသလား၊" "တို့ဥပုသ်ရတယ်၊ မစားဘူး" ဆိုတော့ "ဒီလိုဆို ကျမ လည်း မစားဘူး"တဲ့။ ဘယ့်နှယ်တုန်း၊ ကျွန်မ ဥပုသ်နော်။ သူဌေးကြီးတို့နေသလို နေပါ့မယ်လို့ယူထားတဲ့ ဥပုသ်ကိုး။ အဲတော့ သူဌေးကြီးက "ဒီလိုဆို သမီး အလုပ်မလုပ်နဲ့တော့ အနားယူတော့"လို့ အဲဒီနေ့ညနေကို ကျွန်အလုပ်တွေကို ပယ်လိုက်တယ်။ သို့သော် ဝေဒနာပြင်းထန်တဲ့အတွက် ညမှာ သေတာပါပဲ။ ညသေတော့ ဒီဥပုသ်နဲ့သေတဲ့အတွက် နတ်လမ်း တန်းသွားတာပဲ။ နတ်ပြည်မှာ နတ်သမီး သွားဖြစ်တယ်။ ဒီဥပုသ်စိတ်နဲ့အာရုံလုံအောင်ထိန်းလိုက်တာနော်။ စတုမဓူ စားပါဆိုတာတောင် စားသလား၊ ထမင်းစားပါဆိုတာတောင် စားသလား၊ မစားဘူးနော်။ ဒါ သူတတ်နိုင်တာ သူစောင့်တာနော်။ အဲဒါနဲ့နတ်ပြည်ရောက်သွားတာ၊ အဲဒီကနေ လူနဲ့နတ်ပဲ သူဖြစ်ခဲ့ဖူးတာပဲ။ ခုနောက်ဆုံးဘ၀မှာ တို့ဘုရားလက်ထက်မှာ အဲဒီ ဥပုသ် တစ်ကြိမ်သာ စောင့်ခဲ့ဖူးတဲ့ စေတနာရဲ့ အရှိန်ကြောင့် ဒီမှာ ရဟန္တာမ လာဖြစ်တယ်။ ဧကုပေါသထ ဘိက္ခုနီမ ဆိုပြီး ကျော်ကြားတယ်။ (ထေရီပါဒါန်) တစ်ကြိမ်ပဲ ဥပုသ်စောင့်ခဲ့ဖူးတာနော်၊ အဲဒါနဲ့သူ ဒီမှာ ရဟန္တာမ လာဖြစ်တာ။ အာရုံနောက် စိတ်မလိုက်ဘဲ တစ်ကြိမ်တည်းပဲ စောင့်ခဲ့ဖူးတယ်။ တို့ဘယ်နှခါ ရှိပြီလဲ ဥပုသ်စောင့်တာ၊ တို့ လိုသေးတယ်နော်။ ဥပုသ်က အာရုံလုံအောင် စောင့်တာ၊ စိတ်နဲ့ဆိုင်တယ်။ သီလက ကိုယ်နဲ့နှုတ်နဲ့ဆိုင်တယ်။ အဲတော့ ကိုယ်ရယ်နှုတ်ရယ် စိတ်ရယ်မှာ စိတ်သည် ခေါင်မဟုတ်လားကွဲ့။ သတိလေးနဲ့အာရုံလုံအောင် စောင့်တာ ဥပုသ်စောင့်တာ။ အဲလို ဥပုသ် များများ မဟုတ်ဘူး ၊ တစ်ရက်ပဲ ယူပါ။ နိဗ္ဗာန်ထိအောင် တာ၀န်ယူတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီး (သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်း တရားတော်မှ) မေတ္တာဖြင့် အနှိုင်းမဲ့ အရိပ် MS

via အလင်းရောင် ဓမ္မ https://ift.tt/2R5fHXg

"သေခါနီး ဝေဒနာ ခံစားရပုံ" 🙏🙏🙏🙏🙏🙏🙏🙏 သေတယ်ဆိုတာ အခုအကောင်းကြီးမြင်နေလို့ အကောင်းမတွက်နဲ့။ အကောင်းကြီးနဲ့တွက်ရင်တော့ မှားလိမ့်မယ်။ သေခါနီး ပုဂ္ဂိုလ်တစ်ယောက်ကို ယပ်တောင်သွားမခတ်နဲ့၊ ဓားနဲ့ခွဲသလိုပဲ ။ စကားသွား မပြောနဲ့နားကို စူးနဲ့ထိုးသလိုပဲ။ ဒါ ဦးဇင်း မှတ်တမ်းတွေလည်း ရှိပါတယ်။ သေခါနီးအခါကျတော့ သေတဲ့ ပုဂ္ဂိုလ် ဘယ်လိုခံစားရသလဲဆိုရင် သေတယ်ဆိုတာ သီတတေဇော၊ ဥဏှတေဇော အပြန်အလှန် မဖလှယ် တော့တာကို ခေါ်တာ။ ဘယ်ရောဂါနဲ့ဘယ်လိုပဲသေသေ ဓာတ်လေးပါး ပြိုကွဲမှ သေလို့ရတယ်။ ဓာတ်လေးပါး ပြိုကွဲဖို့က အပူအအေး မဖလှယ်တော့တာကို ဆိုလိုတာ။ ခုထွန်းထားတဲ့ မီးဟာ ပူတလှည့် အေးတလှည့် ၊ တစ်ကြိမ်ပူပြီးရင် တစ်ကြိမ်အေးတာ၊ တောက်လျှောက်သာ ပူသွားရင် လောင်သွားမှာပေါ့။ ပူတလှည့် အေးတလှည့် ပတ်နေတာ။ ခင်ဗျားတို့ကျုပ်တို့ရုပ်တွေလည်း ပူတလှည့် အေးတလှည့် မရှိဘူးလား။ ပူတလှည့် အေးတလှည့် ၊ တင်းတလှည့် တောင့်တလှည့်၊ ထုံတလှည့် ကျင်တလှည့်၊ တွန်းတလှည့် ကန်တလှည့် ၊ ယိုတလှည့် ဖွဲ့တလှည့်၊ အဲလို အပြန်အလှန်ဖြစ်နေမှ ဓာတ်လေးပါး မျှတတယ်ခေါ်တယ်။ အဲဒီ ဓာတ်လေးပါးမှာ ဓာတ်သုံးပါးကို ဦးဆောင်တာက တေဇောဓာတ် က ဦးဆောင်တယ်။ သေခါနီးလူ သွားကြည့်ရင် ဘာတွေ့လဲ၊ သွေးသွားစမ်းကြည့်ရင် ဒီပုဂ္ဂိုလ် သွေးဆုတ်ပြီ ဆိုရင် သေပြီပေါ့။ သွေးဆိုတာက တေဇောဓာတ်၊ အပူဓာတ်လို့ခေါ်တယ်၊ သွေးမလျှောက်တဲ့ နေရာ အေးတာပဲ။ အဲတော့ သေပြီဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပူပြီးရင် အေး၊ အေးပြီးရင် မပူတော့ဘဲနဲ့ အပူဓာတ်ဖြစ်တဲ့ သွေးတွေဟာ ခန္ဓာ ကိုယ်ရဲ့ခြေဖျား လက်ဖျား ခေါင်းဖျားကနေ တဖြည်းဖြည်းနဲ့ဗဟိုချက် နှလုံးကို လာစုခဲပါတယ်။ အပူခဲတာ တချို့မသေခင် အရေပြားတွေ လောင်မနေဘူးလား။ မသေသေးဘူး၊ လောင်နေတာ၊ အပြင်ကမီးနဲ့ခန္ဓာက မီးနဲ့အတူတူပဲ။ အခုယောဂီတို့က အပူအအေး ဖလှယ်မျှတနေလို့။ တချို့အပူချိန် ၁၀၄ လောက်ဆို ကယောင်ကတမ်း ငန်းဖမ်းမလာဘူးလား။ အဲဒါ အပူ၊ မသေသေးဘူး။ အဲလောက် အဟုန်ရှိတဲ့ အပူတွေဟာခေါင်းဖျား ခြေဖျား လက်ဖျားကနေ စုလာပြီးတော့ နှလုံးအိမ်ရောက်ရော။ နှလုံးအိမ်ကို အပူတွေ စုခဲတော့ နှလုံးက ဘာဖြစ်သွားလဲ၊ ကျွတ်ကျွတ်ဆူအောင် လောင်မြိုက်တော့တာပေါ့။ ရေနွေးအိုးကို မီးများများထိုးသလို ဆူပွတ်မလာဘူးလား။ သေခါနီးပြီဆိုတဲ့သူဟာ ဓာတ်လေးပါး ပြိုကွဲဖို့ရာ အပူတေဇောက နှလုံးအိမ်ကို စုတော့ မီးတွေ ခဲလာတယ်။ ကဲ ခင်ဗျားတို့စိတ်ကလေး ရေနွေးအိုးတည်သလို အထိုးခံရပြီ ဆိုရင် ဘယ်နှယ့်နေမလဲ။ ချမ်းသာပါ့မလား၊ အဲဒါက ဥဏှတဇော။ နှလုံးအိမ်ထဲကို မီးခဲနဲ့ထိုးသလို ခံရပါပြီ။ ပေါ့ပေါ့လျှော့လျှော့နဲ့တော့ မတွက်ကြနဲ့။ အကောင်းဘက်နဲ့မတွက်ကြနဲ့။ သေခါနီးတော့ အားရှိသေးလား။ အာဟာရတွေ ပြတ်ပြီ။ ခင်ဗျားတို့ထမင်း မစားဘဲ နှစ်ရက်နေကြည့်စမ်း။ အာဟာရအကုန်ပြတ်တော့ အားအင်တွေ အကုန် ကုန်ခမ်းနေတဲ့ ရောဂါ၊ အားအင်တွေ ပြတ်တောက် နေတော့ တော်လှန်နိုင်သေးလား၊ ရေလည်း မသောက်နိုင်တော့ဘူး၊ ထမင်းလည်း မစားနိုင်တော့ အားအင်တွေ ကုန်ခမ်း ရက်စက်တဲ့ ရောဂါကလည်း ပြင်းထန်တဲ့အချိန်၊ အဲဒီလို တွက်ရမှာ ဒီလို အကောင်းကြီးတွေ ရှိမယ်များ မတွက်နဲ့။ အဲတော့မှ အပူနှုတ်လိုက်တော့ အအေးကျန်တယ်တဲ့။ ပူတာနဲ့အေးတာ ဘယ်ဟာက ပြင်းထန်လဲ။ ပူတာက ပြင်းထန်တယ်ဆိုရင် ရေခဲတိုက်ထဲ သွားနေကြည့်ပါလား။ အေးတာရော ချမ်းသာရဲ့လား။ ဒီဆောင်းတွင်း အေးလိုက်တာကွာ` အရိုးကွဲမတက်ဘဲ လို့မပြောဘူးလား။ အေး မှတ်ထား၊ သေခါနီး အရိုးကွဲတာပဲ။ ဥဏှတေဇော အပူက နှလုံးအိမ်စုပြီးတော့ အပြင်မှာ သီတတေဇော အအေးဓာတ် မကျန်ဘူးလား။ အရိုးတွေကို ပလာယာနဲ့ညှပ်နဲ ့တူပေါ်တင်ပြီး တစ်ချောင်းချင်း ခွဲနေသလို။ ဦးဇင်းက ခံစားပြီး ပြောတာ။ ဒီစိတ်ရဲ့ပါဝါ အပူအအေးကို ဒီစိတ်နဲ့ပြောင်းလွဲကြည့်တာ။ ပြောင်းလဲကြည့်တဲ့အခါကျတော့ စိတ်ရဲ့ပါဝါ ဇီးရိုးထိ ကိုယ့်ဘာသာ ချကြည့်တဲ့အခါကျတော့ ချက်ချင်း ရှိန်းဆို တခါတည်း အပူဓာတ်တွေ နှလုံးအိမ်မှာ စုပြီးတော့ အပြင်မှာ အေးတာ။ ဘယ်လောက်ထိလဲဆိုရင် ဆက်ပြီးတော့ ချရင် သေများသေတော့မယ်။ အရိုးတွေက ခွပ်ကနဲ ခွပ်ကနဲ ကျွတ်ကနဲ အဲလို ခံစားနေရတယ်။ ဒါ ကိုယ့်ဘာသာကိုယ် စိတ်နဲ့တရားနဲ့လုပ်ကြည့်တာ။ သီတတေဇော အအေးဓာတ်ရဲ့သဘောကလည်း အရိုးတွေ အက်ကွဲမတက် ခံစားရတယ်။ ဒီနှလုံးအိမ်မှာလည်း အပူဓာတ်က တဝုန်းဝုန်းဆူအောင် ခံစားရတယ်။ တခါ နားထဲကပါ တဝူးဝူးနဲ့ကြားနေရတယ်။ နှလုံးသွေးတွေ ဆူပွက်တာ။ ဆက်သာ လုပ်ရင် သေသွားမလား အောက့်မေ့ရတယ်။ အဲဒီတော့မှ သီတတေဇောနဲ့ဥဏှတေဇော မဖလှယ်တော့မှ ကျန်တဲ့ ဓာတ်တွေက ပြိုကွဲသွားတော့၊ တွန်းတာနဲ့ကန်တာ မလျှော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ ၊ တောင့်တင်းပြီး ပြတ်ထွက်မသွားဘူးလား။ သေခါနီးတော့ တွန်းတာကလည်း ဆက်တွန်းတော့မယ်၊ ကန်တာကလည်း ဆက်ကန်တော့မယ်ဆိုတော့ ဟောဒီခန္ဓာကိုယ်ကြီးကို အ၀တ်ရေညှစ်သလို လိန်ညှစ်နေသလိုပဲ ၊ တွန်းတဲ့ ဝါယောကလည်း ဆက်တွန်း နေသလို ကန်တဲ့ ဝါယောကလည်း ဆက်ကန်နေတော့မယ်ဆိုရင် လိန်ညှစ်မလာဘူးလား။ သေတဲ့သူ သွားစမ်းရင် တောင့်တောင့်ကြီး ဖြစ်မနေဘူးလား။ အဲဒါ အညှစ်ခံထားရတာ။ အဲဒီလို လိန်ညှစ်မတက် ပြတ်ထွက်မတတ် ခံစားရသလို၊ အဲဒိလိုညှစ်တော့အထဲထဲမှာရှိတဲ့ ရေတွေက ထွက်မလာဘူးလား။ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးဟာ ခင်ဗျားတို့ကြည့်တော့ ဇီးကင်းလောက် ရှိတယ်၊ ဟိုမှာတော့ မချိမဆန့်ခံစားနေရတယ်။ ချွေးတစ်ပေါက် ထွက်လာတာဟာ သံချောင်းတုံးတုံးကြီးနဲ့အသားတွေကြားထဲက ဖြတ်ထွက်လာသလို ခံစားရတယ်။ ချွေးပေါက်တစ်ပေါက် အပြင်ရောက်လာဖို့ဟာ အသားတွေကို အမျှင် အမျှင် ဖြတ်ထွက်လာရတယ်။ အဲလိုထွက်လာတော့ မခံနိုင်ဘူး။ တစ်ဖက်ကလည်း လိန်ညှစ်နေတယ်၊ တစ်ဖက်ကလည်း နှလုံးကို သွေးပွက်ပွက်ဆူအောင် ပူနေတယ်။ အရိုးတွေက ကွဲမတက်လည်း ဖြစ်နေ တယ်၊ အသားထဲက ဆူးနဲ့ထိုးသလိုလည်း ချွေးတွေ ထွက်နေတယ်။ ချွေးက တစ်ပေါက်တည်းလား၊ ပြည့်နှက်နေလား၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး သံချောင်းတွေနဲ့ထိုးနေသလိုပဲ။ အဲဒီက ချွေးပေါက်တစ်ပေါက် က စီးလာတယ်ဆိုတာက အသားကို တုတ်နဲ့ တဖြည်းဖြည်းချင်း ခြစ်ချနေသလို ခံစားရတယ်။ သဘောပေါက်ပြီလား။ အဲဒီသေဘေးနဲ့ကြုံလာရင် ချမ်းသာဖို့လိုပါသည်။ သူဋ္ဌေးကြီး မဖြစ်ရင် နေပါစေ ၊ အသေတတ်ဖို့လိုပါသည်။ အာဏာရှိကြီး နာမည်ကျော်ကြီး မဖြစ်ရင်နေပါစေ ၊ အသေတတ်ဖို့လိုပါသည်။ တရားစခန်းမှာ ဘာလာယူတာလဲ၊ အသေတတ်မယ့် ပညာလာယူတာ။ သေတယ်ဆိုတာ ဟောဒီရုပ်ကြီး ပြင်းထန်စွာ နှိပ်စက်တာ။ ပြင်းထန်စွာ နှိပ်စက်တဲ့အခါမှာ ဆောက်တည်ရာ မရအောင် ဖြစ်နေတဲ့ စိတ်ကလေးက ချုပ်ငြိမ်းပြီးတော့ ချမ်းသာစွာ သေနိုင်ဖို့ တရား လိုတယ်။ (အောင်လံဆရာတော်ကြီး အရှင်စန္ဒိမာ ဟောကြားသော နိဒါန်းတရား တရားတော်မှ) Photo-တိုက်ခွဲ(၃၂)သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ မေတ္တာဖြင့် _/\_ _/\_ _/\_ Credit to Lwin Oo Ko

via အလင်းရောင် ဓမ္မ https://ift.tt/3a50mP1

- တရားရှိ, မရှိ ဘယ်လို သိမလဲ? 💢💢💢💢💢💢💢💢💢 မိမိကိုယ်ကို မိမိ တရားရှိ, မရှိ ဆိုတာ ဘယ်သူ့ကိုမှ မေးကြည့်နေဖို့ မလိုပါဘူး။ မိမိ အတွင်းစိတ်မှာ လောဘ, ဒေါသ, မောဟတွေ လျော့ပါးသွားပြီလား? ကင်းငြိမ်းသွားပြီလား။ အစွဲအလန်းတွေ လျော့နည်းသွားပြီလား။ ပြုသင့်တာကိုပဲ ပြုတယ်, ပြောသင့်တာကိုပဲ ပြောတယ်, တွေးသင့်တာကိုပဲ တွေးတယ်, အရာရာ ဉာဏ်က ဦးစီးသွားပြီလား။ အချိန်တိုင်းမှာ သတိက ဦးဆောင်သွားပြီဆိုရင် ကိလေသာတွေ နည်းသွားပြီ။ ဘယ်သူ့ကိုမှ အပြစ်မတင်တော့သလို မိမိကိုယ်ကိုလည်း အပြစ်မတင်တော့ဘူး။ တစ်ဖက်သားကို မနာလို, ဝန်တိုတာတွေလည်း လျော့ပါးသွားတော့တယ်။ အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်ရတာပဲ။ သူ့သဘော သူဆောင်တာပဲ။ အစိုးမရ, အနှစ်အသားမရှိလို့ ပိုင်ပိုင်နိုင်နိုင်, လေးလေးနက်နက် အပေါ်ယံသိ မဟုတ်ဘဲ ဉာဏ်နဲ့ ထိုးထွင်းသိသွားရင် တရားရှိတယ်လို့ ဆိုနိုင်ပါတယ်။ ..................................... ဒေါက်တာရွှေထွန်း ### Credit #အရှင်ဥဇ္ဇယ

via အလင်းရောင် ဓမ္မ https://ift.tt/30d4sjw

🌿 သူတော်ကောင်းကို ပေါင်းပါ 🌿 ကိုယ်က သူတော်ကောင်းနဲ့ ပေါင်းလိုက်တဲ့အလုပ်ကို လုပ်လိုက်မိဖို့ပဲ လိုတယ်။ အဲဒါဆိုရင် သူ့ဆီကနေပြီးတော့မှ သူ သိတဲ့အသိ စကားအနေနဲ့ ထွက်မလာနိုင်ဘူးလား။ ထွက်လာနိုင်တယ်။ ကြားရမယ်နော်။ ဟုတ်တယ်။ ဒါက အလွန်မှန်တယ်။ စီးပွားရေးသမားနဲ့ ပေါင်းရင် စီးပွားရေးစကား ကြားရမှာနော်။ နိူင်ငံရေးသမားနဲ့ ပေါင်းရင် နိူင်ငံရေးစကားပဲ ကြားရမှာ။ ဒါပဲလေ။ ဟုတ်တယ်မဟုတ်လား။ ဒါပဲလေ၊လူတွေက သူတို့စိတ်ထဲရှိတာ သူတို့ ပြောနေကြတာလေ။ ကိုယ်လည်းပဲ ဒီအတိုင်းပဲနော်။ အဲတော့ သူ့စိတ်ထဲမှာ ဘာတွေ ရှိလဲဆိုတာ ကိုယ် စိတ်ဝင်စားဖို့ လိုတယ်။ သူ့စိတ်ထဲမှာ မြင့်မြတ်တာတွေ ရှိတယ်ဆိုရင် အဲဒီလူက မြင့်မြတ်တဲ့စကားတွေ ထွက်လာမှာ။ အဲလိုဆိုရင် ကိုယ်က မြင့်မြတ်တာတွေ ကြားရမှာ။ ဒါကြောင့် မြတ်စွာဘုရားက သူတော်ကောင်းကို ပေါင်းပါ။ အဲဒါဆိုရင် သင်ဟာ သူတော်ကောင်းတရားကို နာရလိမ့်မယ် ကြားရလိမ့်မယ်တဲ့။ သူတော်ကောင်းတရားကို နာရပြီ၊ ကြားရပြီဆိုရင် သူဟာ သူတော်ကောင်း အကျင့်ကို ကျင့်သုံးလိမ့်မယ်တဲ့။ ဟုတ်တယ်၊ အခု ဒါယကာ ဒါယိကာမတို့ ဦးဇင်းတို့ ထိုက်သလောက် ဒီမြင့်မြတ်တဲ့ အကျင့်လေးကို ကျင့်ဖြစ်တယ်ဆိုတာ နားထောင်ထားရတဲ့ ကြားထားရတဲ့။ အဲဒီကြားမူရဲ့ အဲဒီကြားထားတာလေးတွေရဲ့ အစွမ်းပဲ တကယ်တန်းက ။ ကိုယ့်ဟာကိုယ် တစ်ချို့က သိပ်ပြီးတော့ ထင်နေကြတာ ရှိတယ်နော်။ "ငါ သဘာဝကျကျ တွေးတတ်လို့ ငါ သဘာဝကျလို့ ငါ ဒီအလုပ်ကို လုပ်ဖြစ်နေတာ"လို့ ထင်တာ ဟုတ်လား။ အဲဒီ ငါဆိုတာကြီးက သဘာဝကျကျ ဘာဖြစ်လို့ တွေးတတ်တာတုန်း။ ကြားထားလို့ တွေးတတ်တာနော်။ ကိုယ့်ခေါင်းထဲမှာ သဘာဝကျတဲ့ ဒေသနာလေးတွေ ထည့်ခဲ့ဘူးလို့၊ ကြားခဲ့ဘူးလို့၊ ဖတ်ခဲ့ဘူးလို့ အဲဒါလေးတွေကို အခြေခံပြီးတော့ အတွေးကောင်းလေးတွေ ဖြစ်ရတာ။ အဲဒီ အတွေးလေးတွေက တွန်းလို့၊ နိူးဆော်လို့ ဒီမြင့်မြတ်တဲ့ အလုပ်ကလေးကို လုပ်ဖြစ်တာ။ သူ့ဟာသူ အကြောင်းအကျိုး စပ်ဆက်ပြီးတော့ နားလည်ဖို့ လိုတယ်နော်။ သူတော်ကောင်းကို ပေါင်းမှ သူတော်ကောင်းကို ပေါင်းရင် သူတော်ကောင်းတရားကို သင် နာရပါလိမ့်မယ်တဲ့။ သူတော်ကောင်းတရားကို နာရလို့ရှိရင် သင်ဟာ သူတော်ကောင်း အကျင့်ကို ကျင့်ရပါလိမ့်မယ်တဲ့။ မှန်ကန်တဲ့အတွေးကို ပရိသတ်တို့က ကြားထဲမှာ ဖြည့်ပြီးတော့ နားလည်တတ်ဖို့ လိုတယ် ဟုတ်လား။ မှန်ကန်တဲ့စကားကို ကြားရမှ မှန်ကန်တဲ့ အတွေးတွေ တွေးဖြစ်မှာ။ ဆုံးဖြတ်ချက်လေးတွေက ချတာလေးတွေ မှန်မှ။ ဒါကြောင့် ပရိသတ်အပေါင်းသူတော်ကောင်းတို့ ကိုယ်တွေးသလို ကိုယ်ဆုံးဖြတ်သလို လူတွေဟာ လုပ်နေကြတာ။ အဲတော့ ကိုယ်တွေးတာ၊ ကိုယ်ဆုံးဖြတ်တာ ဘာတွေကို အခြေခံပြီးတော့၊ဘာတွေကို အခြေခံပြီးတော့ တွေးတာလဲ၊ ဘယ်အတွေးတွေကို အခြေခံပြီးတော့ ဆုံးဖြတ်တာလဲ။ သူတော်ကောင်းတရားကို ကြားခဲ့နာခဲ့ရတဲ့ ဒီအတွေ့အကြုံ ဟုတ်လား။ ဒီကြားမူတွေကို အခြေခံပြီးတော့ပဲ တွေးကြရတာ။ ဒီအတွေးတွေကို အခြေခံပြီးတော့ပဲ ဆုံးဖြတ်ကြရတာ။ အဲဒီဆုံးဖြတ်ချက်တွေအတိုင်း ဒါယကာ ဒါယိကာမတို့ ဦးဇင်းတို့တစ်တွေက လှုပ်ရှားနေကြတာပေါ့နော်။ အဲတော့ ကိုယ် လှုပ်ရှားတဲ့အတိုင်း ရောက်သွားမှာပဲ။ ကိုယ် လုပ်တဲ့အတိုင်း ဖြစ်မှာပဲ။ 🌷🌷🌷သစ္စာရွှေစည်ဆရာတော်🌷🌷🌷 မာဂဏ္ဍီသုတ္တန်တရားတော်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။ 🌩️🌩️🌩️🌩️🌩️🌩️🌩️🌩️🌩️🌩️🌩️🌩️🌩️🌩️🌩️🌩️

via အလင်းရောင် ဓမ္မ https://ift.tt/2tMnSzL

ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်လိုက်မယ်ဆိုရင် ဘာတွေသိလာနိုင်တုန်း? မြတ်စွာဘုရားက တရား ၃ -မျိုး, ကိုယ့်စိတ်ထဲမှာ ဖြစ်တတ်တဲ့ အချက် ၃- မျိုးကို ဟောထားတယ်။ နံပတ်တစ် က ခံစားချက်ဝေဒနာ။ လောက လူတွေမှာ ခံစားချက်ဟာ အဓိကကျတယ်။ ခံစားချက်ပေါ်မှာ မူတည်ပြီးတော့ လူတွေက လှုပ်ရှားနေကြတယ်။ ခံစားချက်လို့ ဆိုတဲ့နေရာမှာ ပျော်ရွှင်ချမ်းမြေ့ခြင်း ခံစားမှု၊ ဝမ်းနည်းကြေကွဲမှုခံစားမှု။ နောက်တစ်ခုကတော့… ဝမ်းနည်းတာလည်းမဟုတ်ဘူး၊ ဝမ်းသာတာလည်း မဟုတ်ဘူး၊ 'အဒုက္ခမသုခ'လို့ ဆိုတဲ့ ခံစားမှု။ အဲဒီခံစားချက်ကတော့ မထင်ရှားတဲ့ ခံစားချက်ပဲ။ အဲဒီ ခံစားချက်တွေကို မိမိသန္တာန်မှာ ဖြစ်တာကိုလည်း ထင်ထင်ရှားရှားသိတယ်။ ဖြစ်လာပြီးသည့်နောက် မိမိသန္တာန်မှာ တည်နေတာကိုလည်း ထင်ထင်ရှားရှား သိတယ်။ ပျက်သွားတာကိုလည်း ထင်ထင်ရှားရှား သိတယ်။ ခံစားချက်နဲ့ ပတ်သက်ပြီး သတိသမ်ပဇညတရားကို အရှိန်မြှင့်လိုက်တဲ့ အခါမှာ ဝိပဿနာဉာဏ်နဲ့ ထင်ထင်ရှားရှားကြီး သိသွားတယ်။ နောက်တစ်ခုက - အာရုံနဲ့ တွေ့တိုင်း တွေ့တိုင်း မှတ်တမ်းတင်တတ်တဲ့ သညာ။ အဲဒီ သညာတရားပေါ်လာတာကိုလည်းပဲ ထင်ထင်ရှားရှားသိတယ်။ သညာ တရားရဲ့လုပ်ဆောင်မှုတွေကိုလည်းပဲ ထင်ထင်ရှားရှား သိတယ်။ ချုပ်ငြိမ်းသွားတာကိုလည်းပဲ ထင်ထင်ရှားရှား သိတယ်။ နောက်တစ်ခုက - ဘုန်းကြီးတို့ တစ်တွေမှာ စိတ်ကလေးပေါ်လာတာနဲ့ တစ်ပြိုင်နက် ဟိုတွေး ဒီတွေး တွေးတတ်တဲ့ အတွေးလေးတွေ ရှိတယ်ပေါ့။ အဲဒီအတွေးကို ဝိတက်လို့ ခေါ်တယ်။ ကြံစည်ခြင်း စိတ်ကူးခြင်းလို့ ခေါ်တယ်။ အဲဒီ ကြံစည်ခြင်း စိတ်ကူးခြင်းဆိုတဲ့ အတွေးနဲ့ပတ်သက်ပြီး ပေါ်လာတာကိုလည်း သိလိုက်တယ်။ ပျောက်သွားတာကိုလည်း သိလိုက်တယ်။ ထင်ရှားရှိစဉ် ဆောင်ရွက်နေတာကိုလည်း သိလိုက်တယ်။ ဒီလို ကိုယ့်သန္တာန်မှာ သဘာဝတရားတွေရဲ့ ဖြစ်လာမှု ပျက်စီးသွားမှုတွေကို ထင်ထင်ရှားရှား သိလာပြီဆိုရင် ဒါအဆင့်မြင့်တဲ့… ဝိပဿနာဉာဏ်လို့ ခေါ်တယ်။ အဲဒီ ဝိပဿနာဉာဏ် ရှိလာပြီဆိုရင် လောဘတွေ ဒေါသတွေ မောဟတွေကို ပိုပြီး ဝေးဝေးလံလံရောက်သွားအောင် တွန်းထုတ် ဖယ်ရှားပစ်နိုင်တဲ့ စွမ်းရည် သတ္တိတွေ ရလာတယ်။ ဝိပဿနာဉာဏ်ရင့်သန် သွားပြီဆိုတဲ့အခါ အဲဒီ ဝိပဿနာဉာဏ် အရှိန်အဟုန် ကြီးမားလာတာနဲ့ တစ်ပြိုင်နက် သူက အကျိုးတစ်ခုကို ဖြစ်ပေါ်စေတယ်။ ဝိပဿနာကျင့်လိုက်လို့ နောက်ဆုံးရလာတဲ့ အသိဉာဏ်က ဘာတုန်းဆိုလို့ ရှိရင်… သင်္ခါရတရားတွေရဲ့ သဘာဝကို ဆင်ခြင်စဉ်းစားရင်းက နေပြီး သင်္ခါရ သဘာဝတွေအားလုံး နောက်ဆုံးပိတ် ချုပ်သွားတဲ့နေရာကို မြင်နိုင်ခြင်းဖြစ်တယ်။ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနက လောဘဆိုတာ အမြစ်ပါပြုတ်သွားတယ်၊ ဒေါသဆိုတာလည်း အမြစ်ပါပြုတ်သွားတယ်၊ မောဟ ဆိုတာလည်း အမြစ်ပါပြုတ်သွားတယ်၊ နောက်ထပ် မလာနိုင်တော့ဘူး။ အဲဒါကိုပဲ ဝိပဿနာ အရှိန်မြှင့်လို့ ရလာတဲ့ မဂ်စိတ်ပေါ်တာ လို့ ပြောတာနော်။ အဲဒီလို မဂ်စိတ် ပေါ်လာပြီးတဲ့နောက်မှာ လောဘ ဒေါသ မောဟတွေရဲ့အပူတွေကို ထပ်ပြီး ငြိမ်းပေးတဲ့ ဖိုလ်စိတ်ပေါ်တယ်။ သင်္ခါရတွေရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်သန္တာန်မှာရှိတဲ့ အဆိုးတရားတွေဟာ လုံးဝအမြစ်ပါမကျန် ပျောက်သွားတယ်။ အသိပညာကို အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ် အဆင့်ရောက်အောင် မြှင့်တင်ပေးလိုက်နိုင်ပြီဆိုရင် ကိုယ့်ရဲ့ စိတ်နှလုံးထဲမှာ ပူလောင်ညစ်နွမ်းစေတက်တဲ့ သောကတွေ ဒေါမနဿတွေ အားလုံးကို ဖယ်ရှားပစ်နိုင်တယ်။ တကယ့်ကို ငြိမ်းတဲ့ အငြိမ်းဓာတ်နဲ့ ချမ်းမြေ့တဲ့ဘဝမှာ နေနိုင်တယ်လို့ မြတ်စွာဘုရားက ဟောထားခြင်း ဖြစ်ပါတယ်။ "သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း" လို့ဆိုတဲ့… မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဒီတရားတော်ကို နာယူမှတ်သားပြီးတဲ့အခါမှာ - တို့တစ်တွေ ဘဝမှာ … ဘာတွေလုပ်ရမယ် ဆိုတာ ကိုယ်စီကိုယ်စီ မှတ်သားလေ့လာပြီး ဘဝရဲ့ ငြိမ်းချမ်းမှုကို ရလိုသူတိုင်း ဒီလမ်းစဉ်အတိုင်း လေ့ကျင့်ခြင်းဖြင့် ဘဝရဲ့ ငြိမ်းချမ်းမှုကို ရမှာပဲလို့ ဧကန်ယုံကြည်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ဒေါတ်တာအရှင်နန္ဒမာလာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/3a24Kyo

"ဇောခုနစ်ကြိမ် အကျိုးပေးပုံ ကပ်ကျော်တရားတော်" (ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး) အားလုံးသော ဒကာ,ဒကာမတွေ မိမိတို့၏ ဝိပဿနာအလုပ်လုပ်ဖို့ရာ ဘုန်းကြီးများကလည်း တိုက်တွန်းတယ်။ ပစ္စုပ္ပန် သံသရာနှစ်ဖြာအကျိုးကို များစေနိုင်တယ်လို့ မှတ်ရမယ်။ အဲတော့ကို ဝိပဿနာတစ်ခါရှုလျင် ဒီဘက် ကနေပြီး ဒကာ, ဒကာမတွေက ကိုယ့်စိတ်ကလေး တစ်ခုထားတာပေါ့, လောဘစိတ်ဖြစ်ဖြစ်, ဒေါသစိတ် ဖြစ်ဖြစ်, မောဟစိတ်ဖြစ်ဖြစ်, ဝိစိကိစ္ဆာစိတ်ဖြစ်ဖြစ်, ပျံ့လွင်တဲ့စိတ်ဖြစ်ဖြစ်ထားတာပေါ့။ ဦးလှဘူးတို့, ဒကာသိုက်တို့နော် .....(မှန်လှပါဘုရား)။ ဒါလေးဟာ ဖြစ်ပြီးပျက်တာပဲလို့ဆိုတာသည် မဂ္ဂင်က သိတာပဲ, မဂ္ဂင်ကသိတော့ ဘယ်နှစ်ခါသိသတုန်းဆိုတာ ဒကာသိုက်တို့ ဦးလှဘူးတို့က မေးဖို့လိုတယ်။ မဂ္ဂင်ကဘယ်နှစ်ခါသိတုန်းလို့ မေးလို့ရှိရင်ဖြင့် ပထမ တစ်နံပါတ် တစ်ခါသိတယ်။ သိပြီး တစ်နံပါတ် စိတ်ကလေး ချုပ်တာပဲ.....(မှန်လှပါဘုရား) ။ နောက် နှစ်နံပါတ်နဲ့ သိပြန်တယ် (မှန်လှပါဘုရား)။ ကောင်းပြီ ဒါဖြင့် နောက်ခုနစ်နံပါတ်နဲ့ သိပြန်တယ်။ ဒါဖြင့် ခုနစ်ခါသိတာပေါ့။ ခုနစ်ခါသိတယ်လို့ မှတ်ကြရမယ်။ အဲဒီတော့ ဒကာဒကာမတွေ ဖြစ်ပျက်ကို တစ်ခါ ရှုလိုက်လို့ရှိရင် သိတဲ့စိတ် ခုနစ်ကြိမ်ဖြစ်တယ်လို့မှတ်ပါ။ သိတဲ့စိတ် ဘယ်နှစ်ကြိမ်ပါလိမ့် ...(ခုနှစ်ကြိမ်ပါဘုရား)။ ခုနစ်ကြိမ်ဖြစ်တယ်လို့မှတ်ထားရမယ်။ ဒါဖြင့် ကျုပ်တို့ ဘယ်စိတ်ရှုရှု ဇောခုနစ်ကြိမ်ဖြစ်တယ်လို့ ဦးလှဘူးတို့ ဒကာသိုက်တို့ မှတ်ရလိမ့်မယ်... (မှန်လှပါဘုရား)။ ဘယ်အခါရှုရှု ဘယ်နှစ်ကြိမ်ဖြစ်ပါလိမ့်... (ခုနစ်ကြိမ် ဖြစ်ပါတယ်ဘုရား)။ ခုနစ်ကြိမ်ဖြစ်တယ်ဆိုတာ မှတ်ထားပါ။ သဘောကျပလား ...(ကျပါတယ်ဘုရား) ကောင်းပြီ ဒါဖြင့် သြော် ... ဒို့ ဝိပဿနာရှုတဲ့အခါကျတော့ ဝိပဿနာ မဂ်ဇောဟာ ခုနစ်ခါတောင်ဖြစ်ပါကလားလို့ ကိုယ့်စိတ်ထဲက မှတ်ထားရမယ် ... (မှန်လှပါဘုရား) တစ်ခါရှုရင် ဘယ်နှစ်ခါ ဖြစ်သတုန်း ...( ခုနစ် ခ ါဖြစ်ပါတယ်ဘုရား)။ အဲဒီတော့ ခုနစ်ခါဖြစ်တာကို ဒကာဒကာမတွေက သိထားတော့မှ ... သြော် ဒို့ တစ်ခါ ဖြစ်ပျက်ကလေး တစ်ခါရှုလိုက်ရင် ဇောခုနစ်ကြိမ် တောင် ဖြစ်တယ်ဆိုတဲ့ဥစ္စာကို ဒကာဒကာမတွေက မှတ်ထားရမယ် ... (မှန်လှပါဘုရား)။ အကျိုးပေးကို ရှင်းပြမယ် ... (မှန်လှပါဘုရား)။ ပထမ ဒီစိတ်ကလေး ဒီထဲမှာလဲ မဂ္ဂင်ငါးပါးပါတာပဲ ... (မှန်လှပါဘုရား) စေတနာလည်းပါတာပဲ ... (မှန်လှပါဘုရား) မဂ္ဂင်ငါးပါးလည်းပါတယ် , စေတနာတွေလည်း ပါတယ် , ဒီထဲမှာပါတဲ့ စေတနာက ဒီဘဝအကျိုးပေးရမယ်လို့မှတ်ပါ ... (မှန်လှပါဘုရား) သဘောကျပလား ... ကျပါပြီဘုရား။ ဒီဘဝ အကျိုး ပေးရမယ်လို့ ဒကာဒကာမတွေ မှတ်ထားစမ်းပါ။ ဒီဘဝ ဘယ်အချိန်ကစ အကျိုးပေးမှာတုန်းလို့ မေးလို့ရှိရင်ဖြင့် ခုချိန်ကစပြီး ခုနစ်ရက်အတွင်း သို့မဟုတ်ရင် ခုနစ်လအတွင်း သို့မဟုတ်လို့ရှိရင် ခုနစ်နှစ်အတွင်း ... (မှန်လှပါဘုရား) ဒီထဲပါတဲ့ မဂ္ဂင်ကအကျိုးပေးမယ်။ မဂ္ဂင်ဆိုသောကြောင့် ကောင်းကျိုးသာပေးလိမ့်မယ်လို့ ဒကာဒကာမတွေ ကမှတ်ထားပါ ... (မှန်လှပါဘုရား)။ ဒါဖြင့် ဒီအလုပ်သည် လျင်လျင်မြန်မြန်အကျိုးပေး တဲ့ အလုပ်ပေါ့ဗျာ ... (မှန်လှပါဘုရား) ရှင်းကြပလား။ ဒါဖြင့် ဒိဌဓမ္မအကျိုးပေးတာ ပထမဇောပဲ , ဝိပဿနာရှုတဲ့ ပထမဇောဟာ ဒိဌဓမ္မအကျိုးပေး တယ်လို့ ဒကာဒကာမတွေကမှတ်ထားပါ။ အဲ ဒိဌဓမ္မ ဆိုတာ ဘယ်လိုပါလိမ့်မတုန်းဆိုတော့ ယခုရှုတဲ့အချိန် ကစပြီး ခုနစ်ရက်အတွင်း ဒီအကျိုးမပေးသေးလျင် ခုနစ်လအတွင်း ... ဒီခုနစ်လမှအကျိုးမပေးသေးလျင် ... (ခုနစ်နှစ်အတွင်းပါဘုရား)။ အဲဒါ သူ့စွမ်းရည်သတ္တိရှိတယ် ... (မှန်လှပါဘုရား) ပထမဇောထဲပါတဲ့ မဂ္ဂင်၏အကျိုးပေးပုံကို ကန့်သတ် လိုက်တဲ့ရက် သဘောကျပလား ... (သဘောကျပါတယ်ဘုရား)။ ဒါကြောင့် ဒီဒကာဒကာမတွေ ဖြစ်ပျက်ရှုပါ ရှုပါ ဆိုတဲ့ဥစ္စာ ဒီပထမဇောများများပေါ်အောင်လို့ခိုင်းတာ ... (မှန်လှပါဘုရား)။ ဒီပထမဇောများများပေါ်အောင် ခိုင်းနေတယ်လို့ ဦးလှဘူးမှတ်ရမယ် ... (မှန်လှပါဘုရား)။ ဒါဖြင့် ဒီပထမဇောကို ဆရာဘုန်းကြီးက ဘယ်နှယ့်ကြောင့် ပေါ်စေချင်ပါလိမ့်မလဲလို့မေးတော့ ဒီပထမဇောက ဝိပဿနာပထမဇောလဲဖြစ် ကုသိုလ် တကာ ကုသိုလ်ထဲမှာလည်း အမြတ်ဆုံး ပထမဇောလဲ ဖြစ်တယ် , ဒါနကုသိုလ် ပထမဇောထက်လဲ သူက မြတ်တယ် , သီလကုသိုလ်ပထမဇောထက်ကော (သူကမြတ်ပါတယ်ဘုရား) , သမထကုသိုလ် ပထမဇောထက်ကော (သူကမြတ်ပါတယ်ဘုရား)။ ကောင်းပြီ ဒါဖြင့် ဝိပဿနာပထမဇောက မြတ်တယ်လို့ ဆိုတာသိတော့ အကျိုးပေးက သူအသာဆုံးပေါ့ဗျာ ... (မှန်လှပါဘုရား) , သဘောပါကြလား ... ဒါဖြင့် ဝိပဿနာ ကြပ်ကြပ်ရှုကြ , ကြပ်ကြပ်ရှုကြ ဆိုတော့ ဒီဇောဟာ အရင်ဆုံးပေါ်တဲ့ဇောပဲ ဖြစ်ပျက် အရင်ဆုံးမြင်တဲ့ဇောပဲ ... သဘောကျပလား (ကျပါတယ်ဘုရား)။ အဲဒီတော့ကို အကျိုးပေးရာကာလဆိုတော့ ပထမဇောက ဒကာဒကာမတွေကို အကြောင်း တိုက်ဆိုင်လို့ ကပ်တွေ အန္တရာယ်တွေ တွေ့မယ်ကြံ အုံးတော့ သူကအကျိုးပေးပြစ်လိုက်တယ် ... (မှန်လှပါဘုရား)။ သူကပထမဇောက အကျိုးပေးနေ တော့ ကောင်းကျိုးပေးနေတော့ ဟိုဟာတွေက မလာနိုင်တော့ဘူး ... (မှန်လှပါဘုရား) သဘောကျပြီလား ... (ကျပါပြီဘုရား)။ ဒါဖြင့် ပထမဇောသည် ဒကာဒကာမတွေအား ပစ္စုပ္ပန်အကြောင်းတိုက်ဆိုင်လို့ ပေါ်လာမဲ့ကပ်မျိုးကိုလဲ ပထမဇောကအကျိုးပေးလိုက်တဲ့အတွက် ကာကွယ်ရေး ရတယ် ... မှန်လှပါဘုရား (သဘောကျပြီလား) (ကျပါပြီဘုရား)။ ဒါဖြင့် ပထမဇောလုပ်ထိုက် မလုပ်ထိုက် ... (လုပ်ထိုက်ပါတယ်ဘုရား)။ ပထမဇောကိုဖြင့် ကြိုးစားပြီးဂရုစိုက်ပါ။ ပထမဇောလာလို့ရှိရင်လဲ အလယ်ဇောငါးခုရော (လာမှာပါဘုရား) လာမှာပဲ။ မလာပါနဲ့ဆိုလို့ရော ရရဲ့လား .. (မရပါဘုရား)။ သို့သော်လဲ အလယ်ဇော ငါးခုကတော့ နောက်မှအကျိုးပေးမယ်။ သတ္တမဇော ကတော့ ကံထိုက်တဲ့အတွက် ဒုတိယဘဝ အကျိုးပေး မယ် , အလယ်ဇောငါးချက်ကတော့ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် သူအကျိုးပေးမယ် ... (မှန်လှပါဘုရား)။ ကိုင်း ., ပထမဇောကလည်း ယခုဘဝ , ဟောဒီ သတ္တမဇောက ဒုတိယဘဝ အကျိုးပေးတယ်။ အလယ်ဇောက တတိယမှစ၍ နိဗ္ဗာန်မရမချင်း လူသွားရာအရိပ်ပါနေတယ်လို့မှတ်ပါ ... (မှန်လှပါဘုရား)။ ဒါဖြင့် ဝိပဿနာ တစ်ခါရှုလိုက်တယ်ဆိုရင် ခုနစ်ကြိမ်ဖြစ်တော့ ကျေးဇူးမများတာရယ်လို့ ပါသေးသလား (မပါပါဘုရား)။ ဒီဘဝအတွက်က ပထမဇော (မှန်လှပါဘုရား)။ နောက်ဘဝအတွက်က ဒီသတ္တမဇော , နောက်ဘဝ အတွက်က (သတ္တမဇောပါဘုရား)။ အလယ်ဇော ငါးချက်က တတိယဘဝကစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် သူတို့ အကျိုးပေးလိမ့်မယ် .. ရှင်းပြီလား။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး ဟောကြား ဆုံးမတော်မူသော "ဇောခုနစ်ကြိမ်အကျိုးပေးပုံ ကပ်ကျော်တရားတော်"စာအုပ်မှ ကူးယူ ထုတ်နုတ်ပူဇော်ပါသည်။ အပြည့်အစုံကို အောက်ပါ link တွင်ဖတ်ရှုနိုင်ပါသည်။ downlod link - https://ift.tt/35L8eBO #credit - :::::dhammadownload.com

via အလင်းရောင် ဓမ္မ https://ift.tt/2TcyDWN