အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, December 17, 2019
🎄မာရ်နတ် မြေ၌ရေးခြစ်ခဲ့သော စာကြောင်း(၁၆)ကြောင်း🎄 ========================== ၁။ ငါသည် ဘုရားရှင်ကဲ့သို့ ဒါန ပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၂။ ငါသည် ဘုရားရှင်ကဲ့သို့ သီလ ပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၃။ ငါသည် ဘုရားရှင်ကဲ့သို့ နေက္ခမ္မပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၄။ ငါသည် ဘုရားရှင်ကဲ့သို့ ပညာပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၅။ ငါသည် ဘုရားရှင်ကဲ့သို့ ဝီရိယပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၆။ ငါသည် ဘုရားရှင်ကဲ့သို့ ခန္တီပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၇။ ငါသည် ဘုရားရှင်ကဲ့သို့ သစ္စာပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၈။ ငါသည် ဘုရားရှင်ကဲ့သို့ အဓိဋ္ဌာနပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၉။ ငါသည် ဘုရားရှင် ကဲ့သို့ မေတ္တာပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၁၀။ ငါသည် ဘုရားရှင် ကဲ့သို့ ဥပေက္ခာပါရမီကို မဖြည့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၁၁။ ငါသည် ဘုရားရှင်ကဲ့သို့ ဣနြ္ဒိယပရောပရိယတ္တဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၁၂။ ငါသည် ဘုရားရှင်ကဲ့သို့ အာသယာနုသယဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၁၃။ ငါသည် ဘုရားရှင်ကဲ့သို့ မဟာကရုဏာသမာပတ္တိဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၁၄။ ငါသည် ဘုရားရှင်ကဲ့သို့ ယမကပါဋိဟာရိယဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၁၅။ ငါသည် ဘုရားရှင်ကဲ့သို့ အနာဝရဏဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း၊ ၁၆။ ငါသည် ဘုရားရှင်ကဲ့သို့ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အားကြီးသော အကြောင်းဖြစ်သော ပါရမီဆယ်ပါးကို မဖြည့်ကျင့်ခဲ့သဖြင့် ဘုရားရှင်နှင့် တူစွာ မဖြစ်ခြင်း။ Crd...
via အလင်းရောင် ဓမ္မ https://ift.tt/2Sa6Ndp
Newer Post
Older Post
Home