Wednesday, December 18, 2019

🙏#ပဋ္ဌာန်းရွတ်ပွားရခြင်းအကျိုး…? 👏👏👏👏👏👏👏👏👏👏 ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သူတိုင်း အချိန်ပေးပြီးဖတ်စေချင်ပါတယ်" တချို့ကပဋ္ဌာန်းကိုသာရွတ်ဖတ်ကြတာ ပဋ္ဌာန်းရွတ်ဖတ်ခြင်းရဲ့အကျီုးတရားကို သိသူထက်မသိသူကများကြပါတယ်" ဒါ့ကြောင့်ဖတ်ကြည့်စေချင်ပါတယ်" 👉👉👉👉👉👉👉👉👉👉 ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း၏ အကျိုးများကို ယုတ္တိ သဘောဖြင့် ဆင်ခြင်ကြည့်ခြင်း … ပဋ္ဌာန်းရွတ်တယ် ဆိုတာ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ တို့ ကို ရွတ် ဆိုတာ ကိုဆိုလိုပါတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပဋ္ဌာန်းဒေသနာကို အရှင်သာရိပုတ္တရာ က မကျဉ်းမကျယ် ပြန် ဟောထားတဲ့ ပဋ္ဌာန်း ၅ ကျမ်းကိုတော့ မြည်သံမစဲ ပဋ္ဌာန်းပွဲ ဆိုပြီး ရွတ် ဆိုကြတာလည်းရှိပါတယ်။ ကိုယ့် တစ်နိုင်တစ်ပိုင်ကတော့ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ ကို ပဲ ရွတ်ကြပါတယ်။ အသံမှန် နဲ့ ရွတ်ရင် နာရီ ဝက်လောက် အလုပ်လုပ်ရပါတယ်။ အသံထွက်ပြီး ရွတ်ရပါတယ်။ အဓိပ္ပါယ် နားမလည်ခင်ပဋ္ဌာန်းရွတ် တဲ့အခါ …. စိတ်ထဲ မှာ ရှိနေသင့်တာက … အော် …….. မြတ်စွာဘုရား ဟောခဲ့ တဲ့ တရားကို ငါလိုက် ဆိုနေတာပါလား။ တရားဓမ္မကို ရွတ်ဖတ်ခြင်း ဖြင့် ဘုရား ကို ဓမ္မဖြင့် ငါ ပူဇော် နေတာပါလား ဆိုတဲ့ အသိ တရား (သတိတရား) နဲ့ ရွတ်ကြ ပါတယ်။ ရွတ်ဆိုနေရာမှာ လည်း အသံထွက် မမှားရအောင် ၊ တရားအစီအစဉ် မလွဲရအောင် ၊ တလေးတစား နဲ့ ရွတ်ရပါတယ်။ နေ့စဉ်မှန်မှန်ရွတ်တော့ ဘာအကျိုးရှိသလဲ ဆိုတာ ယုတ္တိ သဘောနဲ့ ဆင်ခြင် ကြည့်တော့ … (၁) နေ့စဉ် ကောင်းမှု ကုသိုလ် တစ်ခု ကို အာစိန္နကံ အားထုတ် ရာရောက်ပါတယ်။ နေ့စဉ် တစ်လ နှစ်လ လောက်ရွတ် ယုံနဲ့ မထူးခြားပေ မယ့်.. နေ့စဉ် မှန်မှန် ၁၀ နှစ် အနှစ် ၂၀ ရွတ် လာတဲ့ လူအတွက် ကျတော့ …. ကုသိုလ်တွေစုမိသလို ဖြစ်လာပါတယ်။ (၂) နေ့စဉ် မှန်မှန် နှစ်ချီ ရွတ်လာတော့ အလေ့အကျင့် ဖြစ်လာပါတယ်။ ကျင့်သားရနေတော့ အရေးအကြောင်းဆို ပါးစပ်က ပဋ္ဌာန်းဒေသနာ ကို အလိုလို ရွတ် မိလျှက်သား ဖြစ်နေတတ်ပါတယ်။ လောကဒဏ် နဲ့ မမျှော်လင့်ပဲရင်ဆိုင်ရတဲ့ အခါမှာ … ကြောက်ရွံ့ခြင်း၊ ဒေါသ ဖြစ်ခြင်း စတာတွေ ထက် …. ပဋ္ဌာန်းတရား ပေါ် အာရုံရောက်သွားပြီး၊ အကုသိုလ် ဖြစ်ရမယ့်နေရာမှာတောင် ကုသိုလ် ဖြစ်ဖြစ် နေတတ်ပါတယ်။ (၃) တစ်နေ့ တစ်ခါ ရွတ် ဆိုနေကျကို … တစ်နေ့ရွတ်ဆိုပြီးသွားတိုင်း ….. အော်… ဒီနေ့တော့ ငါ ပြုနေကျ ကုသိုလ် ကောင်းမှု တစ်ခု … တစ်နေ့စာ အောင်မြင် ပြီးမြောက်ခဲ့ပြန်ပြီ ဆိုတဲ့ … ကျေနပ်တဲ့စိတ် ၊ ဝမ်းမြောက် တဲ့ စိတ်ဟာလည်း … ကျန်တစ်နေ့တာ လုံးကို စိတ်ထဲ လမ်းဆမ်းစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။ (၄) တစ်နေ့ နာရီဝက်လောက် မပျက်တမ်း နှစ်ရှည် ရွတ်လာ တာ…. ကြာတော့လည်း ….. ရေစက်ကလေးတွေ စုလာတော့ .. ရေအိုးပြည့်သလိုပါပဲ ။ ကိုယ့် သဏ္႑န်မှာ ဓမ္မနဲ့ ပူဇော် ရတဲ့ကုသိုလ်တွေ ပြည့်နေတော့ …. ဘဝ အဆက်ဆကိက ပြုခဲ့တဲ့ အကုသိုလ်တွေ၊ယခုအ ခါ အမှတ်တမဲ့ ပြုလိုက်မိတဲ့ အကုသိုလ်တွေ ဟာ အကျိုးပေးခွင့်အလားအလာ နည်းပါးလာပြီး။ ဘဝ အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်တွေ။ ယခု ပြုလိုက်တဲ့ တခြားကုသိုလ်တွေ ဟာ တော့ အကျိုးပေးဖို့ အခွင့်သာ လာပါလိမ့်မယ်။ (၅) သေခါ နီးပြီဆိုပါစို့ ၊ မိသားစု ထဲက တစ်ယောက်ယောက်လောက်က ပဋ္ဌာန်း ရွတ်သံကလေး ပေးလိုက်တယ် ဆိုပါစို့ ။ ကိုယ်ကနှစ်ရှည် အလေ့အကျင့်ကောင်းကောင်း ရှိထားတယ် ဆိုရင် စုတိစိတ်ဖြစ်ခါနီး ကလေး မှာ ၊စိတ်က ပဋ္ဌာန်းဒေသနာကို စွဲ ပြီး သေရတော့ … အပါယ် ကျဖို့ မဖြစ်နိုင်။ သုဂတိ ဘဝ ကိုရဖို့ က သေခြာသွားပြန်ရော။ (၆) ဒီဘဝ ပဋ္ဌာန်း နှစ်ရှည် မှန်မှန် ရွတ် ထားတဲ့ ပါရမီ ကောင်း က ရှိနေတော့ ၊နောက်ဘဝ ကျပြန်တော့ ဉာဏ်ကောင်းတဲ့ သူ ဖြစ်ပါတယ်။ ဆက်ပြီး ရွတ်ရင်း ဆင်ခြင် သုံးသတ်ပြီး အကျွတ်တရားတောင်ရနိုင်ပါတယ်။ #ဓမ္မရတနာ ______________________________ ကံအကောင်းဆုံးလူသားများ 🌸🌸🌸🌸🌸🌸🌸 ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသော ဓမ္မမိတ်ဆွေများ (၁) နိမိတ်မပြလို့ (၂) မထူးခြားလို့ (၃) ကောင်းကျိုးမပေးသေးလို့ ဆိုပြီးစိတ်ပျက်အားမငယ်ကြပါနဲ့။ အမှန်တကယ်တော့ ပဋ္ဌာန်းတရားဆိုသည်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှ လေးအသချေၤနှင့်ကမ်ဘာတစ်သိန်းတို့၌ အမျိုးမျိုးသောပါရမီတို့ကို ဖြည့်ကျင့်ခဲ့ပြီး ဘုရားဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်တော်ကြီးဖြင့် ထိုးထွင်းထင်ထင်သိမြင်တော်မူခဲ့သော ပဋ္ဌာန်းတရားတော်ကြီးဖြစ်ပါသည်။ ထိုပဋ္ဌာန်းတရားတို့အား ယခုဓမ္မမိတ်ဆွေများ နာကြားကြရတယ်၊ရွတ်ဖတ်ပူဇော်ကြရပါတယ်။ ထိုကုသိုလ်ထူးသည်ပင်အနန္တဖြစ်ပါတယ်။ ထိုကဲ့သို့ နာကြားရဖို့၊ ရွတ်ဖတ်ပူဇော်ဖို့ဆိုရာတွင်---- ၁။လူဖြစ်ဖို့ရန်မလွယ်ပါ မြတ်စွာဘုရားရှင်ဟောကြားထားသည်မှာလူဖြစ်ဖို့အာတွက် သမုဒ္ဒရာထဲတွင်မျှောပါနေသော လှည်းထမ်းပိုးရဲ့အပေါက်နှင့် အနှစ်တစ်ရာမှတစ်ခါပေါ်သော လိပ်ကန်းရဲ့ဦးခေါင်းတို့စွပ်မိနိုင်ခြင်းထက်ပင်ခက်ခဲ့သည်ဟု ဟောကြားထားလေသည်။ ၂။ဘုရားသာသနာနှင့်ကြုံဖို့မလွယ်ပါ ဗုဒ္ဓမြတ်စွာဘုရားရှင်က သတ္တဝါတို့၏သံသရာအစသည်များပြားလွန်းအားကြီး၍ အစပင်မမြင်နိုင်လောက်အောင် ရှည်လျားလွန်းလှပါသည်ဟုဟောကြားထားလေသည်။ ဖြစ်လေရာဘဝများစွာတို့သာသနာနှင့်မကြုံခဲ့သော ဘဝများစွာရှိခဲ့ကြပေမည်။ ၃။ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့မလွယ်ပါ ကမ်ဘာမှာလူဦးရေသန်း၉ထောင်ကျော်ရှိပါတယ်။ ကမ်ဘာပေါ်မှာအဓိကဘာသာကြီး ၄ ခုရှိပါတယ်။ ခရစ်ယာန်၊မူစလင်၊ဟိန္ဒူ၊ ဗုဒ္ဓဘာသာ ဆိုပြီး ၄ခုထဲမှာ ဗုဒ္ဓဘာသာက သန်း(၆၀၀)ကျော်ပဲရှိပါတယ်။ ထိုထဲမှာမှ ထေရဝါဒစစ်စစ်က သန်း(၁၆၀)လောက်ပဲရှိပါတော့တယ်။ သာသနာတော်သုံးရပ်လုံးရဲ့အဓိကတာဝန်ကိုယူထားရတာက မြန်မာတစ်နိုင်ငံပဲရှိပါတယ်။ ၄။တရားဓမ္မများနာကြားရွတ်ဖတ်ရန်မလွယ်ပါ ဗုဒ္ဓဘာသာဝင်အများစုသည် ဗုဒ္ဓ၏တရားများရှိသော်လည်းမလိုက်စားကြ။ တရားတော်များ ကျင့်ကြံ၊အားထုတ်၊ရွတ်ဖတ်ချင်သော်လည်း မကျမ္မာကြ။ ကျမ္မာသော်လည်း ခန္ဓာရဲ့ချွတ်ယွင်းချက်များရှိကြပြန်ပါတယ်။ ထိုမလွယ်တာတွေများစွာကို ပိုင်ဆိုင်ထားကြသော ဓမ္မမိတ်ဆွေတို့သည် ကံအကောင်းဆုံးလူများဖြစ်နေကြပါပြီ။ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သောသူများသည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဂုဏ်တော်များ၊ တန်ခိုးတော်များ၊ ဉာဏ်တော်များကို စိတ်မှာရည်သန်လျှက် စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် ရွတ်ဖတ်ပူဇော်ကြစေချင်ပါသည်။ ထိုကဲ့သို့ရွတ်ဖတ်ပူဇော်ရခြင်းသည်ပင် ကုသိုလ်အနန္တရရှိနေကြပါပြီ။ နတ်ကောင်းနတ်မြတ်တို့ရဲ့စောင့်ရှောက်မှုကိုလည်းခံယူနေကြရပါတယ်။ ရွတ်ဖတ်ပူဇော်ပြီးချိန်၌ ငါဟာဘုရားရှင်ရဲ့ တန်ခိုးအရာလွန်ကြီးမားတဲ့ ပဋ္ဌာန်းတရားတော်ကြီးကို ရွတ်ဖတ်ပူဇော်ခဲ့ရပြီ၊ အမွန်မြတ်ဆုံးသော ကုသိုလ်ထူးကို ပြုလုပ်ခဲ့ရပြီဟု စိတ်နှလုံးရွှင်လန်းပြီး ဝမ်းသာဂုဏ်ယူလိုက်ကြပါ။ ကောင်းကျိုးပေးချိန်မတန်သေးလို့မပေးသေးတာပါ။ အထက်မှာရေးခဲ့သလိုပဲ သံသရာကြီးကရှည်လျားလွန်းတာကြောင့် အကုသိုလ်တို့သည်မည်မျှလုပ်ခဲ့သည်ဆိုတာမသိနိုင်ကြပါ။ ထိုအကုသိုလ်များကို ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရင်း ဝဋ်ကြွေးများ၊ မကောင်းသောအကုသိုလ်များ ချေဖျက်နေကြသည်ဟုမှတ်ယူကြပါ။ အနည်းငယ်မျှသောအကုသိုလ်တို့သည် ပဋ္ဌာန်းတန်ခိုးကြောင့် ပြေပျောက်ကြပါတယ်။ ကြီးမားတဲ့အကုသိုလ်တွေလည်း အနည်းငယ်မျှပေးဆပ်ရုံဖြင့် ပြေပျောက်ကြပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ ဘုရားအဖြစ်မရောက်ခင် ခြောက်နှစ်တိုင်တိုင် ဒုက္ကရစရိယာကျင့်၍ ဝဋ်ကြွေးတော်ဆပ်ခဲ့ရပါတယ်။ ဘုရားအဖြစ်ရောက်ပြန်တော့လည်း ဝဋ်ကြွေးတော်များကိုဆပ်ခဲ့ရတာပါပဲ။ ပဋ္ဌာန်းတရားတော်မြတ်ကြီးသည် ဓမ္မမိတ်ဆွေများအတွက် နိဗ္ဗာန်အထိရောက်အောင်ကျင့်ကြံအားထုတ်နိုင်သောတရားတော်ကြီးဖြစ်ပါသည်။ တန်ဖိုးအရာဖြင့်ပိုင်းဖြတ်၍မရနိုင်ပါ။ ထို့ကြောင့်🌷🌷🌷🌷🌷🌷 🍁ဝဋ်ကြွေးတွေကျေချင်ရင် 🍁အကုသိုလ်တွေပြေပျောက်ချင်ရင် 🍁နတ်ကောင်းနတ်မြတ်တို့ရဲ့အစောင့်အရှောက်ကိုခံယူချင်ရင် 🍁ကုသိုလ်အနန္တရချင်ရင် 🍁ကံအကောင်းဆုံးလူသားများဖြစ်ချင်ရင်တော့ဖြင့် အဆုံးစွန်သော မဂ် ဖိုလ် နိဗ္ဗာန်ရဲ့အထောက်ပံ့ကောင်းထိရရှိနိုင်ပြီး ကြီးမားလွန်းလှသည့်အကျိုးကျေးဇူးကြီးကိုပိုင်ဆိုင်နိုင်သော တန်ခိုးအရာလွန်ကြီးမားသော #ပဋ္ဌာန်းတရားတော်ကြီး ကို မအိုခင်၊မနာခင်၊မသေခင်အချိန်လေးမှာ- တွေ့တုံး၊ကြုံတုံး၊ဆုံတုံးအချိန်လေးမှာ - ရွတ်ဖတ်ပူဇော် ကျင့်ကြံအားထုတ်နိုင်ကြတုံးမှာ- ရွတ်ဖတ်ပူဇော် နာယူမှတ်သား သင်ယူ ကျင့်ကြံ အားထုတ် ပွားများကြပါလို့ မေတ္တာရှေ့ထား တိုက်တွန်းနိုးဆော်လိုက်ရပါတယ် ။ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ 🌷🌷🌷🌷🌷🌷🌷🌷🌷 #အီသာaccမှရေးသားပူဇော်ပါသည်။ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နေသူများအတွက် ပဋ္ဌာန်းရွတ်ဖတ်ခြင်းအကျီုးတရားများကို သိစေချင်လို့ပြန်လည်မျှဝေလိုက်ပါသည်" အရှင်ကေသရ[မေတ္တာရေစင်] 🙏#ပ႒ာန္းရြတ္ပြားရျခင္းအက်ီဳး…? 👏👏👏👏👏👏👏👏👏👏 ပ႒ာန္းရြတ္ဖတ္ပူေဇာ္သူတိုင္း အခ်ိန္ေပးျပီးဖတ္ေစခ်င္ပါတယ္" တခ်ိဳ႕ကပ႒ာန္းကိုသာရြတ္ဖတ္ၾကတာ ပ႒ာန္းရြတ္ဖတ္ျခင္းရဲ႕အက်ီဳးတရားကို သိသူထက္မသိသူကမ်ားၾကပါတယ္" ဒါ့ေၾကာင့္ဖတ္ၾကည့္ေစခ်င္ပါတယ္" 👉👉👉👉👉👉👉👉👉👉 ပ႒ာန္း မွန္မွန္ ၊ ႏွစ္ရွည္ ရြတ္ျခင္း၏ အက်ဳိးမ်ားကို ယုတၱိ သေဘာျဖင္႕ ဆင္ျခင္ၾကည္႕ျခင္း … ပ႒ာန္းရြတ္တယ္ ဆိုတာ ပ႒ာန္း ပစၥယ ဥေဒသ နဲ႔ ပစၥယ နိေဒသ တို႕ ကို ရြတ္ ဆိုတာ ကိုဆိုလိုပါတယ္။ ျမတ္စြာဘုရား ေဟာၾကားခဲ႕တဲ႕ ပ႒ာန္းေဒသနာကို အရွင္သာရိပုတၱရာ က မက်ဥ္းမက်ယ္ ျပန္ ေဟာထားတဲ႔ ပ႒ာန္း ၅ က်မ္းကိုေတာ႕ ျမည္သံမစဲ ပ႒ာန္းပြဲ ဆိုျပီး ရြတ္ ဆိုၾကတာလည္းရွိပါတယ္။ ကိုယ္႕ တစ္နိုင္တစ္ပိုင္ကေတာ႕ ပ႒ာန္း ပစၥယ ဥေဒသ နဲ႔ ပစၥယ နိေဒသ ကို ပဲ ရြတ္ၾကပါတယ္။ အသံမွန္ နဲ႔ ရြတ္ရင္ နာရီ ဝက္ေလာက္ အလုပ္လုပ္ရပါတယ္။ အသံထြက္ျပီး ရြတ္ရပါတယ္။ အဓိပၸါယ္ နားမလည္ခင္ပ႒ာန္းရြတ္ တဲ႕အခါ …. စိတ္ထဲ မွာ ရွိေနသင္႕တာက … ေအာ္ …….. ျမတ္စြာဘုရား ေဟာခဲ႔ တဲ႔ တရားကို ငါလိုက္ ဆိုေနတာပါလား။ တရားဓမၼကို ရြတ္ဖတ္ျခင္း ျဖင္႕ ဘုရား ကို ဓမၼျဖင္႕ ငါ ပူေဇာ္ ေနတာပါလား ဆိုတဲ႔ အသိ တရား (သတိတရား) နဲ႔ ရြတ္ၾက ပါတယ္။ ရြတ္ဆိုေနရာမွာ လည္း အသံထြက္ မမွားရေအာင္ ၊ တရားအစီအစဥ္ မလြဲရေအာင္ ၊ တေလးတစား နဲ႕ ရြတ္ရပါတယ္။ ေန႕စဥ္မွန္မွန္ရြတ္ေတာ႕ ဘာအက်ဳိးရွိသလဲ ဆိုတာ ယုတၱိ သေဘာနဲ႔ ဆင္ျခင္ ၾကည္႕ေတာ႕ … (၁) ေန႕စဥ္ ေကာင္းမွဳ ကုသိုလ္ တစ္ခု ကို အာစိႏၷကံ အားထုတ္ ရာေရာက္ပါတယ္။ ေန႕စဥ္ တစ္လ ႏွစ္လ ေလာက္ရြတ္ ယံုနဲ႕ မထူးျခားေပ မယ္႕.. ေန႕စဥ္ မွန္မွန္ ၁၀ ႏွစ္ အႏွစ္ ၂၀ ရြတ္ လာတဲ႔ လူအတြက္ က်ေတာ႕ …. ကုသိုလ္ေတြစုမိသလို ျဖစ္လာပါတယ္။ (၂) ေန႕စဥ္ မွန္မွန္ ႏွစ္ခ်ီ ရြတ္လာေတာ႕ အေလ႕အက်င္႕ ျဖစ္လာပါတယ္။ က်င္႕သားရေနေတာ႕ အေရးအေၾကာင္းဆို ပါးစပ္က ပ႒ာန္းေဒသနာ ကို အလိုလို ရြတ္ မိလွ်က္သား ျဖစ္ေနတတ္ပါတယ္။ ေလာကဒဏ္ နဲ႔ မေမွ်ာ္လင္႕ပဲရင္ဆိုင္ရတဲ႕ အခါမွာ … ေၾကာက္ရြံ႕ျခင္း၊ ေဒါသ ျဖစ္ျခင္း စတာေတြ ထက္ …. ပ႒ာန္းတရား ေပၚ အာရံုေရာက္သြားျပီး၊ အကုသိုလ္ ျဖစ္ရမယ္႕ေနရာမွာေတာင္ ကုသိုလ္ ျဖစ္ျဖစ္ ေနတတ္ပါတယ္။ (၃) တစ္ေန႕ တစ္ခါ ရြတ္ ဆိုေနက်ကို … တစ္ေန႕ရြတ္ဆိုျပီးသြားတိုင္း ….. ေအာ္… ဒီေန႕ေတာ႕ ငါ ျပဳေနက် ကုသိုလ္ ေကာင္းမွဳ တစ္ခု … တစ္ေန႕စာ ေအာင္ျမင္ ျပီးေျမာက္ခဲ႕ျပန္ျပီ ဆိုတဲ႔ … ေက်နပ္တဲ႔စိတ္ ၊ ဝမ္းေျမာက္ တဲ႔ စိတ္ဟာလည္း … က်န္တစ္ေန႕တာ လံုးကို စိတ္ထဲ လမ္းဆမ္းေစဖို႕ အေထာက္အကူ ျပဳနိုင္ပါတယ္။ (၄) တစ္ေန႕ နာရီဝက္ေလာက္ မပ်က္တမ္း ႏွစ္ရွည္ ရြတ္လာ တာ…. ၾကာေတာ႕လည္း ….. ေရစက္ကေလးေတြ စုလာေတာ႕ .. ေရအိုးျပည္႕သလိုပါပဲ ။ ကိုယ္႕ သ႑န္မွာ ဓမၼနဲ႕ ပူေဇာ္ ရတဲ႕ကုသိုလ္ေတြ ျပည္႕ေနေတာ႕ …. ဘဝ အဆက္ဆကိက ျပဳခဲ႔တဲ႔ အကုသိုလ္ေတြ၊ယခုအ ခါ အမွတ္တမဲ႕ ျပဳလိုက္မိတဲ႔ အကုသိုလ္ေတြ ဟာ အက်ဳိးေပးခြင္႕အလားအလာ နည္းပါးလာျပီး။ ဘဝ အဆက္ဆက္က ျပဳခဲ႕တဲ႕ ကုသိုလ္ေတြ။ ယခု ျပဳလိုက္တဲ႔ တျခားကုသိုလ္ေတြ ဟာ ေတာ႕ အက်ဳိးေပးဖို႕ အခြင္႕သာ လာပါလိမ္႕မယ္။ (၅) ေသခါ နီးျပီဆိုပါစို႕ ၊ မိသားစု ထဲက တစ္ေယာက္ေယာက္ေလာက္က ပ႒ာန္း ရြတ္သံကေလး ေပးလိုက္တယ္ ဆိုပါစို႕ ။ ကိုယ္ကႏွစ္ရွည္ အေလ႕အက်င္႕ေကာင္းေကာင္း ရွိထားတယ္ ဆိုရင္ စုတိစိတ္ျဖစ္ခါနီး ကေလး မွာ ၊စိတ္က ပ႒ာန္းေဒသနာကို စြဲ ျပီး ေသရေတာ႕ … အပါယ္ က်ဖို႕ မျဖစ္နိုင္။ သုဂတိ ဘဝ ကိုရဖို႕ က ေသျခာသြားျပန္ေရာ။ (၆) ဒီဘဝ ပ႒ာန္း ႏွစ္ရွည္ မွန္မွန္ ရြတ္ ထားတဲ႕ ပါရမီ ေကာင္း က ရွိေနေတာ႕ ၊ေနာက္ဘဝ က်ျပန္ေတာ႕ ဥာဏ္ေကာင္းတဲ႔ သူ ျဖစ္ပါတယ္။ ဆက္ျပီး ရြတ္ရင္း ဆင္ျခင္ သံုးသတ္ျပီး အကၽြတ္တရားေတာင္ရနိုင္ပါတယ္။ #ဓမၼရတနာ ______________________________ ကံအေကာင္းဆံုးလူသားမ်ား 🌸🌸🌸🌸🌸🌸🌸 ပ႒ာန္းရြတ္ဖတ္ပူေဇာ္ၾကေသာ ဓမၼမိတ္ေဆြမ်ား (၁) နိမိတ္မျပလို႔ (၂) မထူးျခားလို႔ (၃) ေကာင္းက်ဳိးမေပးေသးလို႔ ဆိုၿပီးစိတ္ပ်က္အားမငယ္ၾကပါနဲ႔။ အမွန္တကယ္ေတာ့ ပ႒ာန္းတရားဆိုသည္မွာ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးမွ ေလးအသေခ်ၤႏွင့္ကမၻာတစ္သိန္းတို႔၌ အမ်ဳိးမ်ဳိးေသာပါရမီတို႔ကို ျဖည့္က်င့္ခဲ့ၿပီး ဘုရားျဖစ္ေတာ္မူ၍ သဗၺညဳတဉာဏ္ေတာ္ႀကီးျဖင့္ ထိုးထြင္းထင္ထင္သိျမင္ေတာ္မူခဲ့ေသာ ပ႒ာန္းတရားေတာ္ႀကီးျဖစ္ပါသည္။ ထိုပ႒ာန္းတရားတို႔အား ယခုဓမၼမိတ္ေဆြမ်ား နာၾကားၾကရတယ္၊ရြတ္ဖတ္ပူေဇာ္ၾကရပါတယ္။ ထိုကုသိုလ္ထူးသည္ပင္အနႏၲျဖစ္ပါတယ္။ ထိုကဲ့သုိ႔ နာၾကားရဖုိ႔၊ ရြတ္ဖတ္ပူေဇာ္ဖုိ႔ဆိုရာတြင္---- ၁။လူျဖစ္ဖုိ႔ရန္မလြယ္ပါ ျမတ္စြာဘုရားရွင္ေဟာၾကားထားသည္မွာလူျဖစ္ဖုိ႔အာတြက္ သမုဒၵရာထဲတြင္ေမွ်ာပါေနေသာ လွည္းထမ္းပိုးရဲ႕အေပါက္ႏွင့္ အႏွစ္တစ္ရာမွတစ္ခါေပၚေသာ လိပ္ကန္းရဲ႕ဦးေခါင္းတို႔စြပ္မိႏိုင္ျခင္းထက္ပင္ခက္ခဲ့သည္ဟု ေဟာၾကားထားေလသည္။ ၂။ဘုရားသာသနာႏွင့္ႀကံဳဖုိ႔မလြယ္ပါ ဗုဒၶျမတ္စြာဘုရားရွင္က သတၱဝါတို႔၏သံသရာအစသည္မ်ားျပားလြန္းအားႀကီး၍ အစပင္မျမင္ႏိုင္ေလာက္ေအာင္ ရွည္လ်ားလြန္းလွပါသည္ဟုေဟာၾကားထားေလသည္။ ျဖစ္ေလရာဘဝမ်ားစြာတို႔သာသနာႏွင့္မႀကံဳခဲ့ေသာ ဘဝမ်ားစြာရွိခဲ့ၾကေပမည္။ ၃။ဗုဒၶဘာသာဝင္ျဖစ္ဖုိ႔မလြယ္ပါ ကမၻာမွာလူဦးေရသန္း၉ေထာင္ေက်ာ္ရွိပါတယ္။ ကမၻာေပၚမွာအဓိကဘာသာႀကီး ၄ ခုရွိပါတယ္။ ခရစ္ယာန္၊မူစလင္၊ဟိႏၵဴ၊ ဗုဒၶဘာသာ ဆိုၿပီး ၄ခုထဲမွာ ဗုဒၶဘာသာက သန္း(၆၀၀)ေက်ာ္ပဲရွိပါတယ္။ ထိုထဲမွာမွ ေထရဝါဒစစ္စစ္က သန္း(၁၆၀)ေလာက္ပဲရွိပါေတာ့တယ္။ သာသနာေတာ္သုံးရပ္လံုးရဲ႕အဓိကတာဝန္ကိုယူထားရတာက ျမန္မာတစ္ႏိုင္ငံပဲရွိပါတယ္။ ၄။တရားဓမၼမ်ားနာၾကားရြတ္ဖတ္ရန္မလြယ္ပါ ဗုဒၶဘာသာဝင္အမ်ားစုသည္ ဗုဒၶ၏တရားမ်ားရွိေသာ္လည္းမလိုက္စားၾက။ တရားေတာ္မ်ား က်င့္ႀကံ၊အားထုတ္၊ရြတ္ဖတ္ခ်င္ေသာ္လည္း မက်မၼာၾက။ က်မၼာေသာ္လည္း ခႏၶာရဲ႕ခြၽတ္ယြင္းခ်က္မ်ားရွိၾကျပန္ပါတယ္။ ထိုမလြယ္တာေတြမ်ားစြာကို ပိုင္ဆိုင္ထားၾကေသာ ဓမၼမိတ္ေဆြတို႔သည္ ကံအေကာင္းဆံုးလူမ်ားျဖစ္ေနၾကပါၿပီ။ ပ႒ာန္းရြတ္ဖတ္ပူေဇာ္ေသာသူမ်ားသည္ ဗုဒၶျမတ္စြာဘုရားရွင္၏ ဂုဏ္ေတာ္မ်ား၊ တန္ခိုးေတာ္မ်ား၊ ဉာဏ္ေတာ္မ်ားကို စိတ္မွာရည္သန္လွ်က္ ေစတနာ၊ သဒၵါတရားထက္သန္စြာျဖင့္ ရြတ္ဖတ္ပူေဇာ္ၾကေစခ်င္ပါသည္။ ထိုကဲ့သုိ႔ရြတ္ဖတ္ပူေဇာ္ရျခင္းသည္ပင္ ကုသိုလ္အနႏၲရရွိေနၾကပါၿပီ။ နတ္ေကာင္းနတ္ျမတ္တို႔ရဲ႕ေစာင့္ေရွာက္မႈကိုလည္းခံယူေနၾကရပါတယ္။ ရြတ္ဖတ္ပူေဇာ္ၿပီးခ်ိန္၌ ငါဟာဘုရားရွင္ရဲ႕ တန္ခိုးအရာလြန္ႀကီးမားတဲ့ ပ႒ာန္းတရားေတာ္ႀကီးကို ရြတ္ဖတ္ပူေဇာ္ခဲ့ရၿပီ၊ အမြန္ျမတ္ဆံုးေသာ ကုသိုလ္ထူးကို ျပဳလုပ္ခဲ့ရၿပီဟု စိတ္ႏွလံုးရႊင္လန္းၿပီး ဝမ္းသာဂုဏ္ယူလိုက္ၾကပါ။ ေကာင္းက်ဳိးေပးခ်ိန္မတန္ေသးလို႔မေပးေသးတာပါ။ အထက္မွာေရးခဲ့သလိုပဲ သံသရာႀကီးကရွည္လ်ားလြန္းတာေၾကာင့္ အကုသိုလ္တို႔သည္မည္မွ်လုပ္ခဲ့သည္ဆိုတာမသိႏိုင္ၾကပါ။ ထိုအကုသိုလ္မ်ားကို ပ႒ာန္းရြတ္ဖတ္ပူေဇာ္ရင္း ဝဋ္ေႂကြးမ်ား၊ မေကာင္းေသာအကုသိုလ္မ်ား ေခ်ဖ်က္ေနၾကသည္ဟုမွတ္ယူၾကပါ။ အနည္းငယ္မွ်ေသာအကုသိုလ္တို႔သည္ ပ႒ာန္းတန္ခိုးေၾကာင့္ ေျပေပ်ာက္ၾကပါတယ္။ ႀကီးမားတဲ့အကုသိုလ္ေတြလည္း အနည္းငယ္မွ်ေပးဆပ္႐ံုျဖင့္ ေျပေပ်ာက္ၾကပါတယ္။ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးေတာင္မွ ဘုရားအျဖစ္မေရာက္ခင္ ေျခာက္ႏွစ္တိုင္တိုင္ ဒုကၠရစရိယာက်င့္၍ ဝဋ္ေႂကြးေတာ္ဆပ္ခဲ့ရပါတယ္။ ဘုရားအျဖစ္ေရာက္ျပန္ေတာ့လည္း ဝဋ္ေႂကြးေတာ္မ်ားကိုဆပ္ခဲ့ရတာပါပဲ။ ပ႒ာန္းတရားေတာ္ျမတ္ႀကီးသည္ ဓမၼမိတ္ေဆြမ်ားအတြက္ နိဗၺာန္အထိေရာက္ေအာင္က်င့္ႀကံအားထုတ္ႏိုင္ေသာတရားေတာ္ႀကီးျဖစ္ပါသည္။ တန္ဖိုးအရာျဖင့္ပိုင္းျဖတ္၍မရႏိုင္ပါ။ ထို႔ေၾကာင့္🌷🌷🌷🌷🌷🌷 🍁ဝဋ္ေႂကြးေတြေက်ခ်င္ရင္ 🍁အကုသိုလ္ေတြေျပေပ်ာက္ခ်င္ရင္ 🍁နတ္ေကာင္းနတ္ျမတ္တို႔ရဲ႕အေစာင့္အေရွာက္ကိုခံယူခ်င္ရင္ 🍁ကုသိုလ္အနႏၲရခ်င္ရင္ 🍁ကံအေကာင္းဆံုးလူသားမ်ားျဖစ္ခ်င္ရင္ေတာ့ျဖင့္ အဆံုးစြန္ေသာ မဂ္ ဖိုလ္ နိဗၺာန္ရဲ႕အေထာက္ပံ့ေကာင္းထိရရွိႏိုင္ၿပီး ႀကီးမားလြန္းလွသည့္အက်ဳိးေက်းဇူးႀကီးကိုပိုင္ဆိုင္ႏိုင္ေသာ တန္ခိုးအရာလြန္ႀကီးမားေသာ #ပ႒ာန္းတရားေတာ္ႀကီး ကို မအိုခင္၊မနာခင္၊မေသခင္အခ်ိန္ေလးမွာ- ေတြ႕တံုး၊ႀကံဳတံုး၊ဆံုတံုးအခ်ိန္ေလးမွာ - ရြတ္ဖတ္ပူေဇာ္ က်င့္ႀကံအားထုတ္ႏိုင္ၾကတံုးမွာ- ရြတ္ဖတ္ပူေဇာ္ နာယူမွတ္သား သင္ယူ က်င့္ႀကံ အားထုတ္ ပြားမ်ားၾကပါလို႔ ေမတၱာေရွ႕ထား တိုက္တြန္းႏိုးေဆာ္လိုက္ရပါတယ္ ။ ဓမၼမိတ္ေဆြသူေတာ္ေကာင္းအေပါင္းတို႔ 🌷🌷🌷🌷🌷🌷🌷🌷🌷 #အီသာaccမွေရးသားပူေဇာ္ပါသည္။ ပ႒ာန္းရြတ္ဖတ္ပူေဇာ္ေနသူမ်ားအတြက္ ပ႒ာန္းရြတ္ဖတ္ျခင္းအက်ီဳးတရားမ်ားကို သိေစခ်င္လို႔ျပန္လည္မ်ွေဝလိုက္ပါသည္" အရွင္ေကသရ[ေမတၲာေရစင္]


via အလင္းေရာင္ ဓမၼ https://ift.tt/38RVE6y