Thursday, December 19, 2019

"ဘုရားတောင် မျက်နှာလွဲရမဲ့သူ" *********************** ဗုဒ္ဓရဲ့ တရားတော်တွေကိုပြန်လည်ဖြန့်ဝေတဲ့အခါ အာသာငမ်းငမ်း လိုချင်သူတွေရှိသလို ဖာသိဖာသာတွေလည်း ရှိတယ် မုန်းတီးတဲ့သူတွေရှိသလို ရန်လိုတဲ့သူတွေလည်း တွေ့ရတယ် တရားကို အာသာငမ်းငမ်းလိုချင်သူတွေထဲမှာ ကိုယ့်ညီအကိုမောင်နှမတွေနဲ့ ကိုယ်နဲ့ပါတ်သတ်တဲ့သူတွေ တယောက်မှ မပါတော့ သံဝေဂရမိတယ် သြော် - - - ဘုရားရဲ့ ယောက်ဖတော်သူ ဒေဝဒတ် မြေမြိုပြီး အရှင်သာရိပုတြာရဲ့ မယ်တော်ကြီး မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာ ဒါ့ကြောင့်ထင်တယ် တရားမှာညီအကိုမောင်နှမမရှိဘူး အနီးဆုံးသူတွေကတရားနဲ့ဝေးပြီး အဝေးဆုံးသူတွေကတရားလိုချင်သူတွေ ဖြစ်တတ်တာပါပဲ..,သံဝေဂ ရစရာကောင်းပါတယ် ဓမ်မဟဝရေက်ခတိ ဓမ်မစာရိ ံ တဲ့ တရားဆောင်တဲ့သူကို တရားကပြန်စောင့်ရှောက်တယ် တဲ့ ♥ဆွေမျိုးနဲ့မဆိုင်ဘူး ♥မိဘနဲ့မဆိုင်ဘူး ♥ညီအကိုမောင်နှမနဲ့မဆိုင်ဘူး ♥အပေါင်းအသင်းနဲ့မဆိုင်ဘူး တရားဆိုတာကျင့်သုံး သူကိုသာ ချမ်းသာစေတာပါ အားကိုး မမှားကြပါစေနဲ့ ဦးမြင့်ခိုင်


via အလင်းရောင် ဓမ္မ https://ift.tt/2sFcfdw