Wednesday, December 18, 2019

" စာဖတ်ကြပါစို့" ------------------ အီရန် အီရန်နိူင်ငံမှာ ၁၆ နှစ်အောက်ကလေးတစ်ယောက် ခိုးမှုပဲဖြစ်ဖြစ် လုယက်မှုပဲ ဖြစ်ဖြစ် တစ်စုံတစ်ခု အမှားကျူးလွန်မိတဲ့အခါ ပြစ်မှုဟာ အရမ်း မကြီးကျယ်ဘူးဆိုရင် ပြစ်ဒဏ် ပေးလေ့ ရှိပါတယ် ဒါကတော့ စာဖတ်ဒဏ် ပါပဲ အစိုးရက ပေးတဲ့ စာအုပ် တွေကို ပြီးအောင် ဖတ်ပြီး မိမိရဲ့ အတွေးအမြင် တွေ ထင်မြင် ယူဆချက်တွေကို တစ်ဖန်ပြန်လည် တင်ပြရသတဲ့ __________________ ရိုမေနီးယား တကယ်လို့ သင်ဟာ ရိုမေနီးယား နိူင်ငံ ကို သွားလည်တဲ့ သူဆိုရင် စာကြည့်တိုက် သို့မဟုတ် စာအုပ် ဆိုင်ထဲ ရောက်သွားသလားလို့ ထင်မှတ်မှားပြီး စကားကျယ်ကျယ် မပြောရဲ ဖြစ်နေပါလိမ့်မယ် လူတိုင်း အာရုံစိုက်ပြီး စာဖတ်နေကြလို့ပါ ပြီးတော့ ဘက်စ်ကားစီးရင်း စာအုပ် ဖတ်နေရင် ကားခ အခမဲ့ ပါတဲ့ __________________________ ဂျူးလူမျိုး တစ်ယောက်ဟာ တစ်နှစ်ကို ပျမ်းမျှ စာအုပ် ၆၄ အုပ်ဖတ်ကြပါတယ် သူတောင်းစား ကအစ စာအုပ် လက်နဲ့ မကွာတဲ့ လူမျိုး စု တွေပါ ______________________ ဂျာမနီ ဂျာမန်လူမျိုး ၅၀ %ဟာ ပုံမှန် စာအုပ် ဝယ်ဖတ်ကြပြီး ၃၀ % က နေ့တိုင်း စာဖတ်သူတွေပါ မိသားစု တစ်စုတိုင်းမှာ ပျမ်းမျှ စာအုပ် အုပ်ရေ ၃၀၀ ခန့် စုဆောင်း ထားတတ်ကြပါသတဲ့ ______________________ ဂျပန် သူတို့ ကတော့ ကားစောင့်နေရင်းပဲ ဖြစ်ဖြစ် ဘက်စ်ကားစီးရင်း ပဲဖြစ်ဖြစ် ကလေးသူငယ်တွေက အစ စာဖတ်ရင်း အချိန်ကုန်ခံလေ့ ရှိကြပါတယ် ကမ္ဘာ့ စာအုပ် ရောင်းအားအကောင်းဆုံး နဲ့ စာဖတ်အား အကောင်းဆုံး နိူင်ငံ ဆိုလည်း မမှားပါဘူး စက်မှုသိပ္ပံတွေ ထွန်းကားတဲ့ နိူင်ငံ မှာ ကမ္ဘာ့ စာဖတ်အား အကောင်းဆုံး ဆိုတဲ့ ဂုဏ် ဟာ လူတိုင်း ကို မှင်သက်စေပါတယ် နောက်ပြီး စာအုပ် စျေးနှုန်း တွေကလည်း အရမ်းမြင့်တတ်ကြပေမဲ့ စာအုပ် ဆိုင်တွေမှာ အမြဲလိုလို လူပြည့်နေတတ်ပြီး စာအုပ် ဝယ်ဖို့ တန်းစီရပ်စောင့်နေရတဲ့ လူမျိုး စုတွေပါ credit#ဆန်းလင်းအောင်


via အလင်းရောင် ဓမ္မ https://ift.tt/38SjeQC